ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)

မင်္ဂလာပါ မစု။ ၂၀၁၀ နိုဝင်ဘာ (၁၃) ရက်နေ့ မှာ မစုလွတ်မြောက် လာတဲ့သတင်းကို ကြားသိရတဲ့အတွက် အတိုင်းမသိဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ကျွန်တော်က နိုဝင်ဘာ (၁၀) ရက်နေ့ ကတည်းက မွန်ပြည်နယ် ဆားကွင်းကိုရောက်နေတာမို့ မစုကို အပြေးအလွှား ဆီးကြိုချင်ပေမယ့် မဆီးကြိုနိုင်ခဲ့ပါဘူး။ ကိုယ်ဝန်အရင့်အမာကြီးလွယ်ထားတဲ့ သမီးကြီး သဲပိုင်ဦးကတော့ မစုကို အပြေးအလွားဆီးကြိုခဲ့ပါတယ်။ မစုကို ထောင်သောင်းချီတဲ့ မြန်မာပြည်သူလူထု ပရိသတ်ကြီးက ဝမ်းပန်းတသာ ကြိုဆိုကြတဲ့အကြောင်း ကြားသိရလို့ ကျွန်တော် အလွန်ကျေနပ်အားရဖြစ်ရပါတယ် မစု။


မစု ခင်ဗျား..........ကျွန်တော် ငါးမင်းဆွေဟာ "မျှော်လင့်ချက်တို့ မပေးစေလိုပါ" ခေါင်းစဉ်ဖြင့် ၂၀၀၅ ခုနှစ်ကစပြီး ရန်ကုန်တိုင်း(မ်) ဂျာနယ်မှာ စတင်ရေးသားပြီး သတင်းဂျာနယ်လောကသို့ ၀င်ရောက်ခဲ့ပါတယ်။ ဒီနောက်ပိုင်း ညီလေးမင်းကိုနိုင်တို့ အဖွဲ့ကို သက်ဆိုင်ရာက ခေါ်ယူဆွေးနွေးစဉ် ၂၀၀၆ နိုဝင်ဘာမှာ " ၇၅ မင်းဆွေမှ ဒေါ်စုကြည်သို့"၊ " စာရေးဆရာသည် လူမုန်းခံရ အသတ်ခံရတတ်၏"၊ " ကုန်ဈေးနှုန်းကျချင်သလား လျှပ်စစ်မီးမှန်ချင်သလား"၊ "ရာဇ၀င်လူဆိုး"၊ "ဖားမင်းဆွေ စက်ဘီးစီးနေသည် လမ်းဘေးဖုန်းကို သုံးနေသည်"၊ " ဘယ်သွားနေလဲ မင်းကိုနိုင်"၊ "အမြန်ဆုံးရုန်းထွက် လိုက်ပါတော့လား" စတဲ့ ဆောင်းပါးများကို ဆက်တိုက်ဆိုသလို ရေးခဲ့ပါတယ်။ အဲဒီအချိန်က သတင်းစာပါ ဆောင်းပါးတွေထဲမှာ မစုရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တာတွေကို ထောက်ပြဝေဖန် အကြံပြုရေးသားခဲ့ပါတယ်။


အထူးသဖြင့် ကမ္ဘာလှည့် ခရီးသည်တွေကို မြန်မာနိုင်ငံကို မလာကြပါနဲ့ဦးဆိုတဲ့ မစုရဲ့ တောင်းဆိုမှုတွေ၊ မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ် အရေးယူဖို့ မစုရဲ့ တောင်းဆိုမှုတွေကို ထောက်ပြဝေဖန်ရေးသားခဲ့ပါတယ်။ ဒါတွေကို မစုဖတ်ရမယ်လို့လည်းထင်ပါတယ်။ ကျွန်တော်ဟာ သတင်းသမား ဂျာနယ်လစ် တစ်ယောက် မဟုတ်ပါဘူး။ ပြည်သူတွေထဲက ပြည်သူ့ သတင်းသမား တယောက်ဖြစ်တယ်လို့ ပြောရင်တော့ ပြောနိုင်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဘယ်သတင်းသမားဂျာနယ်လစ် စာရေးဆရာတို့နှင့်မျှ သိကျွမ်းခင်မင် မှု မရှိခဲ့ပါဘူး။ သတင်းစာတိုက်က အယ်ဒီတာတွေကအစ ပြန်ကြားရေး ၀န်ကြီးအထိ သိကျွမ်း ခင်မင်စကားပြောဆိုမှု မရှိခဲ့ပါဘူး၊ အဲ့ဒီ့အချိန်တုန်းက ကျွန်တော်ဟာ မြန်မာပြည်သူ တစ်ယောက်အနေနဲ့ မြန်မာပြည်သူ တစ်ယောက်ရဲ့ သဘောထား ဆန္ဒတွေကို မိမိသဘောနှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခဲ့ခြင်းသာ ဖြစ်ပါတယ်။ ယခုလည်း ကျွန်တော်ရဲ့ သဘောဆန္ဒ တစ်ခုတည်းနဲ့ ဒီစာကို ရေးခြင်းဖြစ်ပါတယ် မစု။


မစုခင်ဗျား...... ကျွန်တော်ရဲ့ သတင်းဆောင်းပါးတွေထဲက ယခုနောက်ဆုံး ထွက်ခဲ့တဲ့ နိုင်ငံပိုင် သတင်းစာများပါ " မေတ္တာဖြင့် တည်ဆောက်နေသော နိုင်ငံတော်"၊ " ခွင့်လွှတ်ရင်းနဲ့ မျှော်လင့်နေပါသည်"၊ "ချစ်ခြင်းမေတ္တာကို အကြမ်းမဖက်ပါနဲ့"၊ "ချစ်ခြင်းမေတ္တာကို အကြမ်းမဖက်ပါနဲ့(၂)" တို့နှင့် မော်နီတာသတင်းဂျာနယ်ပါ " နိုင်ငံရေးသမားများအလိုရှိသည်"၊ " မေတ္တာလမ်းစဉ် မှ တစ်ပါး အခြားမရှိပါ" ဆောင်းပါး တို့ကို မစု ပြန်လည်ဖတ်ရှုနိုင်ပါရန် ရိုသေစွာ ပေးပို့လိုက်ပါတယ်။ အဲ့ဒီ့ဆောင်းပါးတွေကို သေချာစွာ ဖတ်ပြီး မစုထံမှ ဝေဖန်အကြံပြု စေချင်ပါတယ်။ ကျွန်တော်ရေးထားတဲ့ သတင်းအချက်အလက်တွေဟာ မှားယွင်းနေတယ်ဆိုရင် လူသိရှင်ကြား ဝေဖန်ထောက်ပြပေးစေချင်ပါတယ် မစု။


မစုခင်ဗျား............ မစု မြန်မာ့နိုင်ငံေ၇းထဲမှာပါဝင်ပတ်သက်ခဲ့တာ (၂၂) နှစ်ကျော် ကြာခဲ့ပါပြီ။ မစု ကြွေးကြော်ခဲ့တာက မြန်မာပြည်သူတွေ ဒီမိုကရေစီ ရရှိရေးဖြစ်ပါတယ်။ မစု လုပ်ဆောင်ကြိုးပမ်းခဲ့တာကလည်း မြန်မာပြည်သူတွေ ဒီမိုကရေစီရရှိရေးဖြစ်ပါတယ်။ သို့သော်လည်း မြန်မာပြည်သူတွေရဲ့ လိုအင် ဆန္ဒက ဒီမိုကရေစီထက် မိမိတို့ စားဝတ်နေရေး ဖူလုံချောင်လည်ဖို့၊ လူနေမှု အဆင့်မြင့်မားဖို့၊ ဒေသတွင်းနိုင်ငံများလို မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ပါတယ်။ ဒါတွေကိုကြည့်လျှင် မစုရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေနဲ့ တခြားစီဖြစ်နေတာကို ရှင်းလင်းစွာသိမြင်နိုင်ပါတယ် မစု။


မစုခင်ဗျား.......... ၁၉၉၅ အမျိုးသားညီလာခံ ကြီးကျင်းပနေချိန်မှာ ထိုစဉ်က ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး မယ်ဒလင်းအောဘရိုက် မစုထံ ရောက်လာပါတယ်။ မစုနဲ့ နှစ်ယောက် ချင်းတွေ့ဆုံခဲ့ကြပါတယ်။ ကျင်းပနေဆဲ အမျိုးသားညီလာခဲ့မှာ မြန်မာနိုင်ငံအတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဆိုတဲ့ အချက်ကို ထည့်သွင်းဆွေးနွေးနေပါတယ်။ ဤအချက်ကို အမေရိကန်အစိုးရက မလိုလားခဲ့ပါဘူး။ ဤအချက်ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ အမေရိကန်အစိုးရက ယူဆပါတယ်။ နောက်ပြီး အဲ့ဒီ့အချိန်မှာ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ထဲဝင်ခွင့် ရအောင် ကြိုးပမ်းဆောက်ရွက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ အာဆီယံ အဖွဲ့ထဲပါဝင်လာမှာကို အမေရိကန်အစိုးရက မလိုလားပါဘူး။ မြန်မာနိုင်ငံ အာဆီယံထဲ ပါဝင်လာရင် အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ အမေရိကန်အစိုးရက ယူဆပုံ့ရပါတယ်။


အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်တော်သံ အမတ်ကြီး မက်ဒလင်းအောဘရိုက် က အမျိုးသားညီလာခဲ့ကြီးပျက်ပြားသွားအောင် NLD အနေဖြင့် အမျိုးသားညီလာခံကြီးက ထွက်ခွာဖို့ မစုကို အကြံပြု ခဲ့ပုံရပါတယ်။ မယ်ဒလင်းအောဘရိုက် ပြန်သွားပြီးတာနဲ့ မစုရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ NLD ကိုယ်စားလှယ် တွေဟာ အမျိုးသားညီလာခံကြီးကနေ ထွက်ခွာခဲ့ကြပါတယ်။ အချိန်တည်းမှာပဲ မယ်ဒလင်းအောဘရိုက် နဲ့ မစုတို့ တိုင်ပင်စည်းဝါးကိုက်ထားတဲ့ အတိုင်း အမေရိကန်နှင့် အနောက်အုပ်စုတွေက မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ဖို့ မစုတောင်းဆိုခဲ့ပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေ မြန်မာနိုင်ငံကို မလာရောက်ကြဖို့ မစု ဟန့်တားခဲ့ပါတယ်။ အမေရိကန်နှင့် အနောက်နိုင်ငံတွေကလည်း မစုရဲ့ အလိုတော်ကျအတိုင်း မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ မစုရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံနှင့်လူမျိုးကို ထိခိုက်နစ်နာစေခဲ့ပါတယ်။ အဲ့ဒီ့တုန်းကသာ NLD ကိုယ်စားလှယ်များ အမျိုးသားညီလာခဲ့ကြီးက မထွက်ခွာခဲ့ပါလျှင် ခုလောက်ဆို ကျွန်တော်တို့ နိုင်ငံဟာ ယခုထက်မက အခြေတကဖွံ့ဖြိုးတိုးတက်နေပါပြီ မစု။


မစု ခင်ဗျား...... စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ "ချစ်ခြင်းမေတ္တာကို အကြမ်းမဖက်ပါနဲ့" ဆောင်းပါးနှင့် " မေတ္တာလမ်းစဉ်မှ တစ်ပါးအခြားမရှိပါ" ဆောင်းပါးတွေမှာ ကျွန်တော်အတိအတင်းရေးသားခဲ့ပါတယ်။ အီရတ်နိုင်ငံကို အမေရိကန်နှင့် အနောက်အုပ်စုတွေက စီးပွားပိတ်ဆို့ ဒဏ်ခတ်တဲ့အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်တောက်သွားပြီး အီရတ်ကလေးငယ် အများအပြား သေဆုံးခဲ့ကြရပါတယ်။ ဒါကြောင့် စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ လူသားတွေကို သေစေနိုင်တဲ့အထိဖြစ်ပေါ်စေတဲ့ အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရနိုင်ပါဘူး။


စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်တိုက်ခိုက်ခြင်း မဟုတ်ဘူးလို့ မစု ငြင်းမှာလား၊ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ တကွ လူသိရှင်ကြား မစုငြင်းနိုင်ပါတယ်။ ဒီလိုမှ မငြင်းပယ်နိုင်လျင်တော့ စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ လူသိရှင်ကြား မစု ဝန်ခံရပါလိမ့်မယ်။ ဒီလို စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဆိုတဲ့ အကြမ်းဖက်မှုကြီးဖြစ်ပေါ်အောင် အားပေးလှုံ့ဆော် တောင်းဆိုခဲ့တဲ့ မစုရဲ့ မိုက်မှားခဲ့တာတွေကို လူသိရှင်ကြား မြန်မာပြည်သူတွေကို မစု တောင်းပန်ဖို့ လိုပါလိမ့်မယ်။ အမေရိကန်နှင့် အနောက်အုပ်စုတွေရဲ့ မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ မြန်မာပြည်သူတွေကို အတိုင်းအတာတစ်ခုထိ နစ်နာစေခဲ့ပါတယ်။ သို့သော် အီရတ်နိုင်ငံမှာလို ကလေးငယ် အမြောက်အများ သေကြေတဲ့အထိတော့ ထိခိုက်နစ်နာမှု မရှိခဲ့ပါဘူး။ ဒီလိုဖြစ်ရတာကလည်း အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ လက်တွဲညီညီ ကြိုးပမ်းဆောက်ရွက်မှုတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မိတ်ဆွေကောင်းပီသမှုတွေကြောင့်ဖြစ်ပါတယ် မစု။


မစု ခင်ဗျား....... မစုလွတ်မြောက်လာလျှင် စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းကို ရုပ်သိမ်းဖို့ မစုတောင်းဆိုလိမ့်မယ်လို့ ကျွန်တော်နှင့်တကွ မြန်မာပြည်သူတွေ မျှော်လင့်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း မစုကို မျှော်လင့်တကြီး မြန်မာပြည်သူတွေက ဆီးကြိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ခဲ့တဲ့ အမေရိကန်နိုင်ငံကိုယ်တိုင်က သူတို့ရဲ့ အမှားတွေကို သိရှိလာပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ ခွင့်လွှတ်နိုင်မှုစွမ်းအား အလွန်မြင့်မားတဲ့ လူမျိုးတွေပါ။ မေတ္တာ တရားထက်သန်ကြတဲ့ လူမျိုးတွေပါ။ ဒါကြောင့်လည်း နိုင်ငံနှင့်လူမျိုးကို ထိခိုက်နစ်နာအောင်လုပ်ခဲ့တဲ့ မစု နဲ့ အမေရိကန်နိုင်ငံအပေါ် နားလည် ခွင့်လွှတ်မှု ပေးနိုင်ခဲ့ကြပါတယ်။ မစု လွတ်မြောက်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ၂၀၁၀ နိုဝင်ဘာ (၁၄) ရက်နေ့မှာ " မြန်မာပြည်သူတွေက ခိုင်မာတဲ့ အကြောင်းရပ်တွေနဲ့ Sanction (စီးပွားပိတ်ဆို့ ဒဏ်ခတ်မှု) ကို ဖျက်သိမ်းစေချင်ပါတယ်ဆိုရင် Sanction ကိုဖျက်မည်" လို့ မစု ခပ်ပြတ်ပြတ်ပြောဆိုခဲ့ပါတယ်။ ကျားကိုက်ပါတယ်ဆိုမှ နာပါတယ်လို့ ပြောရဦးမလား မစု။ အကြမ်းဖက်ဗုံးခွဲတာကို ထိခိုက်နစ်နာမှုတွေ ရှိပါတယ်လို့ ခိုင်မာတဲ့ အကြောင်းပြချက်တွေ ပေးနေရဦးမှာလား မစု။ မစုရဲ့ ပြောကြားချက်ဟာ အကြမ်းဖက်လုယက်ဓားပြတိုက်မှုကို ပြုသူတွေနဲ့ အားပေးအားမြှောက် လက်ထောက်ချသူတွေကို ဓားပြတိုက် ခံရသူတွေက ခိုင်မာတဲ့အကြောင်းပြချက်တွေနဲ့ ကျွန်တော်တို့ကို ငဲ့ညှာသနားကြပါလို့ တောင်းပန်ခိုင်းသလို ဖြစ်နေပါတယ် မစု။


မစု ခင်ဗျား...... မစုရဲ့ လုပ်ဆောင်ချက်တွေဟာ (၂၂) နှစ်ကျော်လုံးလုံး မြန်မာပြည်သူတွေကို ကောင်းကျိုးမပြုရုံတင်မက ဆိုးကျိုးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ (၂၂) နှစ်ဆိုတဲ့ အချိန်ကာလဟာ မျိုးဆက်သက်တမ်း တစ်ခုလို့ ဆိုနိုင်ပါတယ်။ ၁၉၈၉ ခုနှစ် နှစ်ဦးပိုင်းက ကျွန်တော့် ဇာတိမြို့ ကျိုက္ခမီကို မစုလာတုန်းက မစုကို တော်ဝင်သဇင်ပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ ဆီးကြိုခဲ့တဲ့ အပျိုဘော်ဝင်စ ညီမလေးမိုးသီတာမင်း ဟာ အခုအခါမှာ ကလေး (၃) ယောက် မိခင်ဖြစ်နေပြီး သူ့သမီးတောင် အပျိုဘော်ဝင်နေပါပြီ။ အဲ့ဒီ့တုန်းက ကျွန်တော့်အစ်မငယ် ဒေါ်စောမြင့်ဟာ လသားအရွယ် သမီးလေးကို ရင်ဝယ်ပိုက်ပြီး မစုကို ကြိုဆိုခဲ့ပါတယ်။ အဲ့ဒီ့လိုကြိုဆိုခဲ့တဲ့ လသားအရွယ် တူမလေး စုဝေဖြိုးမြင့်တောင် ကလေးအမေဖြစ်ခဲ့ပါပြီ။ အဲဒီ တုန်းက အသက် (၃၀) သာရှိသေးတဲ့ ကျွန်တော်ဟာလည်း ယခုအခါ အသက် (၅၀) ကျော်ခဲ့ပါပြီ။ ခုချိန်ကြမှ မစု ဘယ်လိုလုပ်ပေးလုပ်ပေး ကျွန်တော်တို့လို (၅၀) ကျော် (၆၀) ကျော် အရွယ် မြန်မာပြည်သူတွေ အတွက်တော့ နောက်ကျခဲ့ပါပြီ။ ဒါပေမယ့် မျိုးဆက်သစ်မြန်မာလူငယ်တွေ အတွက် နောက်မကျသေးပါဘူး။ ကမ္ဘာတည်သရွေ့ ရှင်သန်တည်ရှိနေမယ့် မြန်မာနိုင်ငံတော်ကြီးအတွက်လည်း နောက်မကျသေးပါဘူး။ ဟိုတုန်းက မစု မိုက်မှားခဲ့တာတွေကို သင်္ခန်းစာယူပြီး ဒီနေ့ ဒီအချိန်မှာ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မစုလုပ်ဆောင်ပေးသင့်ပါတယ်။ မစုကို မြှောက်စား အသုံးချသွားသူတွေရဲ့ စကားတွေကို ဟိုတုန်းကလို နားမထောင်ဘဲ နိုင်ငံနှင့်လူမျိုး ချမ်းသာကောင်းစားရေးအတွက် ယခုအချိန်မှာ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လုပ်ဆာင်ပေးသင့်ပါပြီ မစု။


မစု ခင်ဗျား..........ဟိုတုန်းကလို ဒီမိုကရေစီအရေးကို အကြောင်းပြပြီး ဟိုရုတ်ရုတ် ဒီရုတ်ရုတ်ဖြစ်အောင် ဟိုရှုတ်ရှုတ်ဒီရှုတ်ရှုတ်ဖြစ်အောင် မစု မလုပ်ဆောင်သင့်တော့ပါဘူး။ ဟိုတုန်းက အချိုးကို မပြောင်းလဲဘဲ မစုက ဟိုရုတ်ရုတ်ဒီရုတ်ရုတ်ဖြစ်အောင် လုပ်ဆောင်မယ်ဆိုလျှင် ကျွန်တော်တို့ နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံလို နိုင်ငံသားအချင်းအချင်း စိတ်ဝမ်းကွဲပြားပြီး နိုင်ငံနှင့်လူမျိုးကို ထိခိုက် နစ်နာမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဲ့ဒီ နိုင်ငံဟာ နိုင်ငံရေးသမားတွေ ဟိုရုတ်ရုတ် ဒီရုတ်ရုတ် လုပ်တာကြောင့် နိုင်ငံသားအချင်းအချင်း စိတ်ဝမ်းကွဲပြားပြီး ဒေါ်လာ ဘီလီယံ နဲ့ချီပြီး ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံသားတွေလည်း အသက်ဆုံးရှူံး မှုတွေ ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီ့နိုင်ငံဟာ စီးပွားရေး အင်အားတောင့်တင်းခိုင်မာတာကြောင့် အတော်အသင့်ခံနိုင်ရည်ရှိပေမယ့် စီးပွားရေးအင်းအားတောင့်တင်းခိုင်မာမှု မရှိသေးတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုဖြစ်ခဲ့ပါလျှင် နိုင်ငံနှင့်လူမျိုးများအပေါ် များစွာ ထိခိုက်နစ်နာပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးကို ဘယ်အစိုးရကမှ လက်ခံနိုင်မှာမဟုတ်ပါဘူး။


နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့ ဘယ်နိုင်ငံသားကမှလည်း လက်ခံနိုင်ကြမှာမဟုတ်ပါဘူး။ အစိုးရနဲ့ ပြည်သူတွေဟာ ဒီလို အခြေအနေမျိုးမပေါ်ပေါက်လာစေဖို့ အစွမ်းကုန်ကြိုတင်ကာကွယ်တားဆီး သွားကြမှာ ဖြစ်ပါတယ်။ မစုအနေနဲ့ ဒီလောက် မိုက်တွင်းနက်လိမ့်မယ်လို့တော့ အကောင်းမြင်တတ်တဲ့ ကျွန်တော်တို့ မြန်မာပြည်သူလူထုက မထင်မှတ်ကြပါဘူး။ မစု မိုက်တွင်းနက်ခဲ့ပါလျှင်လည်း ကျွန်တော်တို့ မြန်မာပြည်သူတွေက မစုရဲ့ မိုက်မဲမှုတွေကို လုံးဝလက်ခံနိုင်မှာ မဟုတ်ဘဲ အဲဒီ့မိုက်မဲမှုတွေကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တားဆီးသွားကြလိမ့်မယ်ဆိုတာကို ကျွန်တော် ရိုးသားပွင့်လင်းပြတ်သားစွာ ပြောလိုက်ပါတယ် မစု။


မစု ခင်ဗျား...... ခုအခါမှာ မစုဟာ( ၆၆) နှစ် အတွင်းသို့ ၀င်ရောက်ခဲ့ပါပြီ။ (၆၆) နှစ်ဆိုတာ ဘဝရဲ့ နေဝင်ဆည်းဆာချိန်ပါ။ ဒီတစ်ခါ မစု ပြန်လည်လွတ်မြောက်လာခြင်းဟာ မြန်မာနိုင်ငံတော်နဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးကို မစု သယ်ပိုးဆောင်ရွက်ပေးနိုင်ဖို့ နောက်ဆုံးအခွင့်အလမ်း တစ်ရပ်ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို မစုလက်မလွတ်စေသင့်ပါဘူး။ မစုသာ နိုင်ငံနဲ့ လူမျိုး ချမ်းသာကောင်းစားရေးအတွက် လုပ်ဆောင်မယ် ဆိုပါလျှင် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ သက်ဆိုင်ခြင်းမရှိတဲ့ ကျွန်တော်ငါးမင်းဆွေဟာ အမျိုးသားနိုင်ငံရေးစိတ်ဓာတ်ဖြင့် မစုနဲ့ လက်တွဲဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်။ အနည်းဆုံးတော့ မစုရဲ့ ယာဉ်မောင်းတစ်ယောက်အဖြစ် မစုကို ကူညီဆောင်ရွက်ပေးနိုင်ပါတယ် မစု။


မစု ခင်ဗျား... ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ မစုရဲ့ ဆည်းဆာ မေတ္တာရောင်ခြည်ကို မျှော်လင့်နေကြဆဲပါ။

ရိုသေစွာဖြင့်
ငါးမင်းဆွေ








Myanmar Express

18 comments:

  1. ကျွှန်တော် မေးလ် ကနေ forward မေး ပို့ ချင်ပါတယ်..ရမလား ခင်ဗျာ...အရမ်းကြိုက်လို့ ပါ...

    ReplyDelete
  2. မစု ခင်ဗျား....... မစုလွတ်မြောက်လာလျှင် စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းကို ရုပ်သိမ်းဖို့ မစုတောင်းဆိုလိမ့်မယ်လို့ ကျွန်တော်နှင့်တကွ မြန်မာပြည်သူတွေ မျှော်လင့်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း မစုကို မျှော်လင့်တကြီး မြန်မာပြည်သူတွေက ဆီးကြိုခဲ့ကြပါတယ်။

    ဘယ်ပြည်သူကိုမေးပြီးရေးထားတာလဲ..။ အစိုးရကဖြစ်စေချင်တာကို ပြည်သူတွေကပြောသလိုလိုနဲ့ ရောကြိတ်ချနေတာ..။ ဒေါ်စုမကောင်းကြောင်းရေးလို့ ဒီနေ့အထိ အသက်ရှင်ခွင့်ရနေတာ..။ ဦးသန်းရွှေမကောင်းကြောင်းရေးကြည့်လေ..။ ဘာဖြစ်မလဲဆိုတာ ကြည့်ရအောင်..။

    ReplyDelete
  3. သို့ prd
    စာကိုသေချာဖတ်ပါ...မှိုင်းတိုက်ခံရတဲ့ ဦးဏှောက်နဲ့ လာမပြောပါနဲ့....ငါးမင်းဆွေဟာ ဘယ်ကဘက်တော်သားလဲဆိုတာ သေချာလေ့လာပါ...ဒီသတင်းတွေဟာ အတင်းတွေမဟုတ်တဲ့ အမှန်တရားတွေပါပဲ...ဒီသတင်းက မင်းတို့ပထွေး NLD အဖွဲ့အစည်းက ကောင်တွေတင်သလို အတင်းလို့ အထောက်အထားနဲ့ ဘယ်သူပြောနိုင်ပါသလဲ...အမျိုးဘာသာ သာသနာကိုတောင် မကာကွယ်နိုင်တဲ့ လူတစ်ယောက်...တနည်းအားဖြင့် မြန်မာနိုင်ငံကြီးကို ဖျက်မဲ့ အဖျက်မ မည်သို့မည်ပုံ လုပ်လိုက်သည်မသိ အမည်ခံ ထောင်ကျပြီး ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ခံရတဲ့ လူတစ်ယောက် ကောက်ခါငင်ကာ တိုင်းပြည်နဲ့လူမျိုးကို ချစ်တတ်သွားတဲ့လူတစ်ယောက် မြန်မာနိုင်ငံကြီးအားယုတ်မာသော နည်းလမ်းဖြင့် အာဏာရအောင် ကျိုးစားနေသော လူတစ်ယောက်အား တလေးတစားနဲ့ ရှိခိုးကိုးကွယ်နေကျသောသူများသည် စောက်ရူးများသာ ဖြစ်လေသည်....ကျွန်ုပ်တို့သည် ထိုပုဂ္ဂိုလ်အား လုံးဝ မကြည်ညိုပါ ကြည်ညိုချင်စရာလည်း ကောင်းအောင်လည်း သူမလုပ်ခဲ့ပါ...။

    ReplyDelete
  4. အာဏာကို ဘယ်သူ့အပ်မယ် စဉ်းစားကြလို့တုန်း......... ဘုရင်စနစ်လို သူပြီးရင် သူ့မျိုးဆက်ဘုရင်ဖြစ်မှာ မှမဟုတ်ပဲ..... နိုင်ငံတကာအပေါ်သက်ရောက်မှုရှိပြီး ပြည်သူတွေ ရွေးချယ်ထားတဲ့သူကို အာဏာအပ်ဖို့မစဉ်းစားပဲ တောပြောတောင်ပြော ဘာတွေလျှောက်ရေးထားကြတာတုန်း.........ပြည်သူရွေးပေးထားတာ......... သူမကောင်းရင် လေးနှစ်ကြာရင် ပြည်သူက သူ့ဘာသာသူ ပြန်ရွေးကြမှာလေ.......ဘာတွေစိတ်မချဖြစ်နေလဲ.......သေသေချာချာလေး စဉ်းစာကြပါအုံး......လူရီချင်စရာဖြစ်နေပြီ......

    ReplyDelete
  5. myanmar
    သို့ prd
    ဘယ်ပြည်သူကိုမေးပြီးရေးထားတာလဲ..။ အစိုးရကဖြစ်စေချင်တာကို ပြည်သူတွေကပြောသလိုလိုနဲ့ ရောကြိတ်ချနေတာ.
    စီးပွားရေး ပိတ်လို့ စစ်အစိုးရက ဒုက္ခရောက်နေလား ကြည့်လိုက်ပါအုံး။တကယ် ဒုက္ခရောက်နေတာ ပြည်သူတွေပါ။ငါးမင်းဆွေကို ထောက်ခံလို့ မဟုတ်ဘူးနော်။လက်တွေ့ပဲ မြန်မာပြည်ကြီးကို ကြည့်လိုက်ပါ။

    ReplyDelete
  6. မစုခင်ဗျား............ မစု မြန်မာ့နိုင်ငံေ၇းထဲမှာပါဝင်ပတ်သက်ခဲ့တာ (၂၂) နှစ်ကျော် ကြာခဲ့ပါပြီ။ မစု ကြွေးကြော်ခဲ့တာက မြန်မာပြည်သူတွေ ဒီမိုကရေစီ ရရှိရေးဖြစ်ပါတယ်။ မစု လုပ်ဆောင်ကြိုးပမ်းခဲ့တာကလည်း မြန်မာပြည်သူတွေ ဒီမိုကရေစီရရှိရေးဖြစ်ပါတယ်။ သို့သော်လည်း မြန်မာပြည်သူတွေရဲ့ လိုအင် ဆန္ဒက ဒီမိုကရေစီထက် မိမိတို့ စားဝတ်နေရေး ဖူလုံချောင်လည်ဖို့၊ လူနေမှု အဆင့်မြင့်မားဖို့၊ ဒေသတွင်းနိုင်ငံများလို မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ပါတယ်။ ဒါတွေကိုကြည့်လျှင် မစုရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေနဲ့ တခြားစီဖြစ်နေတာကို ရှင်းလင်းစွာသိမြင်နိုင်ပါတယ် မစု။
    ------
    စက်တင်ဘာလတုန်းက ပြည်သူတွေက လျှပ်စစ်မီးပုံမှန်လာဖို့ နဲ့ ဆီဈေးတွေကျဖို့  စတဲ့ အခတ်အခဲတွေအတွက် ငြိမ်သက်စွာ ဆန္ဒပြခဲ့သည့်အခါ စစ်အစိုးရမှ ရက်စက်စွာအကြမ်းဖတ်ပစ်သတ်ခဲ့ပါသည် ဆိုသည့်လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူတွေ ရဲ့ လိုအင်ဆန္ဒတွေနဲ့  ကိုက်ညီပါသလား ??

    ReplyDelete
  7. မြန်မာပြည်မှာ စာရေးဆရာတွေ အများကြီးရှိတာ..ဘာဖြစ်လို့ ငါးမင်းဆွေပြောတဲ့ စကားတွေပဲ online ပေါ်ရောက်နေတာလဲ... တခြား စာရေးဆရာတွေရော.... ....နောက်တစ်ခု....ငါးမင်းဆွေက ပညာတတ်လား...ဥပဒေပညာရှင်လား...စီးပွားရေးပညာရှင်လား...နိုင်ငံရေးပညာရှင်လား...လူတကာအထင်ကြီးလေးစားရလောက်တဲ့ ပုဂ္ဂိုလ်မျိုးလား...ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးလား...ဦးသန့်လို လူမျိုးလား...အိုဘားမားလိုလူမျိုးလား...တရုတ်သမ္မတ Hu Jinto လိုလူမျိုးလား...စင်္ကာပူသမ္မတဟောင်း Lee Kuan Yew လိုလူမျိုးလား...ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra လိုလူမျိုးလား... ဒါမှမဟုတ်... စာရေးဆရာဆိုတော့....International writer လား.... အာရှ အကျော်အမော်စာရေးဆရာလား.... အရှေ့တောင်အာရှက နာမည်ကြီးစာရေးဆရာလား... မြန်မာနိုင်ငံကျော် Best Seller စာရေးဆရာလား....သူလိုကိုယ်လို..သာမန်စာရေးဆရာလား...သူပြောတာဘာဖြစ်လို့ ဟုတ်တယ်လို့ ထောက်ခံတာလဲ.....မဟုတ်ဘူးလို့ထောက်ခံတာလဲ...ဘာဖြစ်လို့....တစ်ရွာလုံးနဲ့ တစ်ယောက် ဖြစ်နေတာလဲ.... ပြသနာတစ်ခုကို နည်းမှန်လမ်းမှန်နဲ့....စဉ်းစားပြီး...အမှန်အတိုင်းပြောထားတာလား......သင်သာ သူရေးထားတဲ့စာကို စဉ်းစားတတ်တဲ့ လူတစ်ယောက်ဆိုရင် ဘယ်လိုအကဲဖြတ်မလဲ....

    ReplyDelete
  8. သူ့ဘာသူ ပညာမတတ်မတတ်၊ စားစရာမရှိမရှိ ငါမင်းဆွေက ပြည်သူထဲက ပြည်သူတစ်ယောက်ပဲ..။ ပြည်သူထဲက ပြည်သူတစ်ယောက်ရဲ့ ပြောကြားချက်ကို ပြည်သူတွေရဲ့ စကားကို နားထောင်ချင်ပါတယ်ဆိုတဲ့ ဒေါ်စုက ဘာကြောင့်လက်မခံရတာလဲ...။

    ReplyDelete
  9. ငါးမင်းဆွေဆိုတာ ငါးလုပ်ငန်းများ လုပ်ကိုင်လို့ ခေါ်တာများလားခင်ဗျာ

    ReplyDelete
  10. yes, he used to be.

    ReplyDelete
  11. ငါးမင်းဆွေမဟုတ်ပါ -
    --မင်းဆွေပါ

    ReplyDelete
  12. It's such a pain in the a** to see this kinda blog or forum or whatever you gonna name it. But everybody knows that you are over doing it.Anyway this could be the last post that I'd ever participated in such a crappy site..

    ReplyDelete
  13. ko net ma tu koh yan thu lo tway tar democracy way ma hote bu kwa.

    ReplyDelete
  14. Saya ဝေဒ ဖေါ,
    I think most of Myanmar people are not
    interesting Ngar Min Swe or ASSK individual
    because of they are struggling to make the
    ends meet but whether Ngar Min Swe's article
    is realistic ir trustworthy.

    Regarding the said article, I would like to
    comment as stated below;
    - No one else can make or persuade the sanction act because they are not idiots.
    - and Ngar Min Swe or ASSK or whoever, what you sow you shall reap, the time will tell the Myanmar future history.
    - Concerning reverence, any one can be
    worshiper to Jesus Christ or Gautama
    Buddha or Krishna or Mohammed or so do
    Ngar Min Swe or ASSK as a "God or
    Political Leader or Lead Journalist".
    - But again, the time will also tell
    The Myanmar future history "Who Can Be
    Shed Some Light On The Myanmar Political
    And Economic Problem".

    ReplyDelete
  15. ထောင် ထွက် ပါ တီ က တော့ အ ပြော ပဲ ရှိ ပါ တယ်။

    ReplyDelete
  16. အာ ကြီး အ သင်း

    ReplyDelete

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်