From : MON
မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာနှင့် ကန်တောင်ကျေးရွာရှိ ရွှေတွင်း နှစ်တွင်းတွင် ရွှေတွင်းလုပ်သား ၂၀ ငလျင်ဒဏ်ကြောင့် ပိတ်မိနေရာမှ ပြန်လည် လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိရသည်။ မြေတွင်းထဲတွင် ၄ နာရီကြာ ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ဖာသာ မြေတွင်းထဲမှ လမ်းကြောင်းရှာ တူးဖော်ကာ လွတ်မြောက်အောင် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ ငလျင်လှုပ်ခတ်မှုကြောင့် ယင်းဒေသရှိ ရွှေတွင်းတတွင်းတွင် လူ ၁၁ ဦးနှင့် အခြားတတွင်းတွင် ၉ ဦး၊ စုစုပေါင်း ၂၀ ဦး ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်