From : 7Day News Journal
ကချင်ပြည်နယ် ဟိုပင်မြို့နှင့် တစ်မိုင်ဝန်းကျင်ဝေးသော သဲဖြူချောင်းတွင် ကျောင်းသားအချို့ အပါအ၀င် နေ့စဉ် လူဦးရေ ၅၀၀ ကျော်အထိ လာရောက်၍ မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအဖွဲ့က ပြောသည်။
... “တစ်နေ့ကို သုံးစွဲတဲ့လူငါးရာကျော်လောက်လာတယ်။ ပွဲတော်ကြီးကို
ဖြစ်နေတာ” ဟု မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ကပြောသည်။
မိုးညှင်းမြို့နယ်အတွင်းရှိသော သဲဖြူချောင်းတွင် မူးယစ်ဆေးဝါး
ရောင်းချသောနေရာ သုံးခုရှိပြီး မူးယစ်ဆေးရှူသည့် အခန်းလည်း သုံးခန်းရှိကာ မူးယစ်ဆေးဝါး အသုံးပြုသူများသည် ချောင်းဘေးတွင် အသုံးပြုနေကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယင်းနေရာတွင် မူးယစ်ဆေးဝါးများအား ကျပ်တစ်ထောင်ဖိုးမှ စတင်ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။ ၂၀၁၂ ခုနှစ်တွင်
ဟိုပင်မြို့၌ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၆၈ မှု ဖမ်းဆီးအရေးယူခဲ့ပြီး ၂၀၁၃ ဇန်န၀ါရီလတွင် သုံးမှု၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင်တစ်မှု ဖမ်းဆီးထားကြောင်း ဟိုပင်မြို့ ရဲစခန်းမှူး ဦးမျိုးမြင့်ဦးက ပြောသည်။
“မူးယစ်ဆေးသုံးတဲ့သူက တစ်နေ့ကို သုံးခေါက်လောက်သွားတယ်” ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသောနေရာ သုံးနေရာသို့ တစ်ရက်လျှင် ဆေးထိုးအပ် အချောင်း ၁၅၀၀ ၀န်းကျင် သွားရောက်
ပို့ပေးနေရကြောင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအဖွဲ့ က ပြောသည်။
“ဆေးထိုးတဲ့သူတွေက ကြာလာတော့ အကြောတွေက ပိတ်ကုန်တာ။ အဲဒီအကြောရှာပေးတဲ့သူက လူတစ်ယောက်ကို ငါးရာတောင်းတယ်။ သူကလည်း ဆရာဝန်ထက် ကျွမ်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
. www.MyanmarExpress.net
ကချင်ပြည်နယ် ဟိုပင်မြို့နှင့် တစ်မိုင်ဝန်းကျင်ဝေးသော သဲဖြူချောင်းတွင် ကျောင်းသားအချို့ အပါအ၀င် နေ့စဉ် လူဦးရေ ၅၀၀ ကျော်အထိ လာရောက်၍ မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအဖွဲ့က ပြောသည်။
... “တစ်နေ့ကို သုံးစွဲတဲ့လူငါးရာကျော်လောက်လာတယ်။ ပွဲတော်ကြီးကိုဖြစ်နေတာ” ဟု မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ကပြောသည်။
ရောင်းချသောနေရာ သုံးခုရှိပြီး မူးယစ်ဆေးရှူသည့် အခန်းလည်း သုံးခန်းရှိကာ မူးယစ်ဆေးဝါး အသုံးပြုသူများသည် ချောင်းဘေးတွင် အသုံးပြုနေကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယင်းနေရာတွင် မူးယစ်ဆေးဝါးများအား ကျပ်တစ်ထောင်ဖိုးမှ စတင်ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။ ၂၀၁၂ ခုနှစ်တွင်
ဟိုပင်မြို့၌ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၆၈ မှု ဖမ်းဆီးအရေးယူခဲ့ပြီး ၂၀၁၃ ဇန်န၀ါရီလတွင် သုံးမှု၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင်တစ်မှု ဖမ်းဆီးထားကြောင်း ဟိုပင်မြို့ ရဲစခန်းမှူး ဦးမျိုးမြင့်ဦးက ပြောသည်။
“မူးယစ်ဆေးသုံးတဲ့သူက တစ်နေ့ကို သုံးခေါက်လောက်သွားတယ်” ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသောနေရာ သုံးနေရာသို့ တစ်ရက်လျှင် ဆေးထိုးအပ် အချောင်း ၁၅၀၀ ၀န်းကျင် သွားရောက်
ပို့ပေးနေရကြောင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအဖွဲ့ က ပြောသည်။
“ဆေးထိုးတဲ့သူတွေက ကြာလာတော့ အကြောတွေက ပိတ်ကုန်တာ။ အဲဒီအကြောရှာပေးတဲ့သူက လူတစ်ယောက်ကို ငါးရာတောင်းတယ်။ သူကလည်း ဆရာဝန်ထက် ကျွမ်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
. www.MyanmarExpress.net


3 comments:
တဘို့တည်းသာကြည့် ကိုယ်ကျိုးရှာ စီးပွာရေးသမား တွေကြောင့် အမျိုးကောင်းသားသမီးတွေပျက်စီးနေ တာကို သက်ဆိုင် ရာကဒီအတိုင်းဘဲကြည့်နေသလား အ ရေးယူဖမ်းဆီးမှုတွေမလုပ်ဘူးလား ငါးတ ကောင် ရထားလို့ကျော်စား ချက်စားရင် အရိုးစူးမှာကြောက်ပြီး အရိုးနူးအောင်ပေါင်းစားနေကြပြီထင် တယ်
Htain Win ka MEG ka kaung Ko htoe pae nay delt pon lar?thay thwar lal aye dar pel.
လုံးဝပျောက်ပျက်အောင် နှိမ်နှင်းပေးစေချင်ပါတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်