"ဥပဒေအထက်တွင် လွှတ်တော်ရှိသလား" ဆောင်းပါးဖြင့် လွှတ်တော်ကို ဝေဖန်ရေးသား ခဲ့သော ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်ရန် ကော်မရှင် ဖွဲ့စည်းဆောင်ရွက်မှုအပေါ် စိုးရိမ်မိသည်ဟု မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တနားက ပြောဆိုလိုက်သည်။
နေပြည်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် ဒေါက်တာဆိတ်ဖွားကို ကော်မရှင်ဖွဲ့ စုံစမ်းမှု အပေါ် စိုးရိမ်ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီတွင် ဝေဖန်မှု များကို လက်ခံရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ပြည်သူရေးရာကိစ္စများတွင် ဝေဖန်မှုများကို လက်ခံသင့်သည်ဟု မစ္စတာကင်တာနားက ပြောသည်။
မစ္စတာကင်တာနားက မြန်မာနိုင်ငံတွင် ဖြစ်ထွန်းလာသော မီဒီယာ လွတ်လပ်ခွင့်အပေါ် ကြိုဆိုလိုက်ပြီး ရုပ်သံဥပဒေတရပ်ပေါ်ထွန်းရေးကို လည်း ဆောင်ရွက်ရန် တိုက်တွန်းပြောဆိုသွားသည်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသားသူ ဒေါက်တာဆိတ်ဖွားအား တရားစွဲရန် အရင်ဆုံး စီစဉ်ခဲ့သူမှာ Eleven Media မှ ဒေါက်တာ သန်းထွဋ်အောင် နှင့် ဝေဖြိုးတို့ဖြစ်ပြီး ယခုအခါ ၎င်းတို့ နှစ်ဦးအား အကြောင်း ဝေဖန်ရေးသား မှုကြောင့် Myanmar Express Website ကို တာမွေတရားရုံးတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
www.MyanmarExpress.net

.jpg)

5 comments:
ကု လ လူ့ အ ခွင့် အ ရေး ကိုယ် စား လှယ် ရေ ခင် များ ပါ စုံ ခုံ ကော် မ ရှင် အ ဖွဲ့  ခံ ရ ဦး မယ်။ လွတ် တော် အ ထက် မှာ မိုး ကောင်း ကင် ကြီး ပဲ ရှိ တယ် တဲ့။သ မ တ ကြီး အ စိုး ရ လည်း လွတ် တော် အောက်။ တ ရား စီ ရငါ ရေး လည်း လွတ် တော် အောက်။ အ များ စု လေ ဗျာ မဲ ခွဲ ရ ယူ မယ် ဟဲ ဟဲ့ ။ တပ် မ တော် ဘက် က သ မ္မ တ ကြီး ဘက် က ရပ် တည် စေ ချင် ပါ သည် ။
Invading fields by cronies,Laptaung,Kachin,Rakhine n corruption,taking bribe r still the proofs of what is this government.The more they speak about democracy,the less human rights the public gains.Why still prevent some idiots?U said those who have backward attitude must b left.But now.......we cannot understand..........why u let those guys!Clean!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!???????????????
right comment
yes
b'coz the only change they said is the change of their cloths.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်