Subscribe to our RSS Feed

ဖွဲ့ထားတာ (၁) နှစ် မပြည့်ခင် နှုတ်ထွက်ပေးရန် တိုင်ကြားခံရသည့် ရုပ်ရှင်အစည်းအရုံး ဥက္ကဌ နှင့် အဖွဲ့ဝင်များ



ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးက ရုပ်ရှင်အစည်းအရုံးဥက္ကဌအပါအ၀င် အဖွဲ့ဝင်အချို့အား နှုတ်ထွက်ပေးရန် လွှတ်တော်သို့တိုင်ကြားထားကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

"သူတို့က မြန်မာနိုင်ငံဗီဒီယို အခြေခံအစည်းအရုံး ဆိုပြီးခွဲထွက်မယ်လို့ခြိမ်းခြောက်လာပါတယ် စည်းလုံးညီညွတ်နေတဲ့  အစည်းအရုံး တစ်ခုပြိုကွဲမှာကြောက်လို့ အတွင်းစည်းအနေနဲ့ဒီပြဿနာ ကိုညှိနှိုင်းခဲ့ပါတယ် မရတဲ့အတွက်ဒီလို သတင်းစာရှင်းလင်းပွဲလုပ်ရတာပါ ကျွန်တော်ပါအ၀င် ရုပ်ရှင်အစည်းအရုံးက အတွင်းရေးမှုးကိုပါ နှုတ်ထွက်ဖို့တိုင်းကြားစာမှာထည့်သွင်းတိုင်းကြားထားတယ် " ဟု ဦးဇင်ဝိုင်းကပြောသည်။

မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေး ပိုင်ရှင် ဖြစ်သူ ဦးဝင်းကိုက ရုပ်ရှင်အစည်းအရုံးဥက္ကဌနှင့်အဖွဲ့ဝင်တစ်ချို့အား
တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်တွင်လည်း ဖော်ပြထားသောကြောင့် ရုပ်ရှင်အစည်းအရုံးမှ ပြန်လည်ဖြေရှင်းခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအ ရုံးအား ယခင်က ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် ထားရှိကာ စည်းစနစ်တကျ ဖွဲ့စည်းခဲ့သော်လည်း ၂၀၁၂ မတ်လ ၂၃ ရက်နေ့ က သီးခြားဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။  အများဆန္ဒသဘောထားအား ရယူခဲ့သော်လည်း အနုပညာရှင် ၅၀% ကျော်က မဲမပေးပဲနေခဲ့ကာ လူတစ်စုက မဲပေးပြီး လူတစ်စုမှ ဥက္ကဌများ၊ အဖွဲ့ဝင်များဖြစ်လာခဲ့သည်။

 ဥက္ကဋ္ဌရာထူးကို သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်း၊ ဒုဥက္ကဌ (၁) ဒါရိုက်တာညီညီထွန်းလွင်၊ ဒု ဥက္ကဌ (၂) သရုပ်ဆောင် လူမင်း၊ အတွင်းရေးမှူး စိန်ဌေးဗီဒီယို ထုတ်လုပ်ရေးမှ ဦးဝင်းကြည်၊ တွဲဖက်အတွင်းရေးမှူး(၁)ဒါ ရိုက်တာ ဦးမျိုးဇော်အောင်၊ တွဲ ဖက်အတွင်းရေးမှူး (၂)ဦးဖြူး၊ ဘဏ္ဍာရေးမှူး ဦးဇော်မင်း၊ စာရင်းစစ် ဇော်မင်း (ဟံသာမြေ)၊ ဦးဖုန်းမော်၊ ပြန်ကြားရေးမှူး ဦးအေးကြူလေးနှင့် ဦးကျော် ညွန့်၊ စည်းရုံးရေးမှူးအဖြစ် အ ရိုင်းနှင့်မတူးတို့ကို ရွေးချယ်ခဲ့ ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန အောက်တွင်ရှိချိန်က စုစုစည်းစည်းဖြင့် အနုပညာကိုသာ သီးသန့်လုပ်ခဲ့ကြသော် အနုပညာရှင်များသည် သီးခြားရပ်တည်ပြီးနောက် နိုင်ငံရေးယောင်ယောင်၊ ဒီမိုကရေစီယောင်ယောင် လူများ များပြားလာကာ မြန်မာ့ရုပ်ရှင်အဆင့်အတန်းလည်း တဖြည်းဖြည်း ပိုမိုနိမ့်ကျလာကြောင်း သိရသည်။

16 comments:

ဇင်ဝိုင်း က သရုပ်ဆောင် အရမ်းကောင်းတာကွ စစ်တပ် အစိုးရခေတ်က တပ်မတော် ကောင်းကြောင်း ပြော ပေါ်လစီကား များများရိုက်
သမတ အစိုးရခေတ် ရောက်တော့ ဒီမိုကရေစီ စကားပြောတာ ဇာဂနာ ထက်တောင် အသံကျယ်သေးတယ် ပြီးခဲ့တယ် နှစ် အကယ်ဒမီပွဲကို မတက်တာ ဆင်ဆာလွတ်လပ်ခွင့် မရှိလို့ ဆိုပြီးပြောသေးတယ်ကွ
လူကြီးနေရာ ရတော့ တိုးတက်အောင် မလုပ်တက် မြန်မာ ကားကို မကြည့်မှာ စိုးလို့ နိုင်ငံခြားခွေဖမ်း ပြီတော့ လက်ဖက်ရည်ဆိုင်မှာ မြန်မာကား မပြရလို့ ပြောတယ်
လူတွေ အမြင်ကပ်ပြီး မြန်မာကား မကြည့်ရင် ဘာဖြစ်မယ်ဆိုတာ မသိဘူးလားကွ

ဇင်ဝိုင် မထွက်ရင် မြန်မာကား မကြည့်ဘူး ဆိုပြီ ဆန်ဒ ဖော်ထုတ်ရင် ကောင်းမလား ဆိုတာ ဝိုင်းဆွေးနွေးပေးပါ

Man Htet Chi!Hain Wai Yan's company!so hair-splitting,so superstitious,so selfish & a frog in a small pond.Though acting is rather bad,he persuades the girls with his youth.We hate him.This company is a crony in vedio world?

ရုပ် ရှင်လောကသားတွေကလဲ အနုပညာ ဝါသနာပါလိုသာ တော်တော့တယ်။ နိုင်ငံရေးရေးဝါသနာပါရင် မလွယ်ဘူး။

မြန်မာကားတွေက အဆင့်မှမမီတာ ဘယ်သူကြည့်မှာလဲ ဇတ်လမ်းက
မစရသေးဘူး အားလုံးသိနေရပြီ တိုက်ရိုက်ကူးချဇတ်လမ်းတွေချည်းဘဲ
ဒီကြားထဲ ကားပေါ်မှာမပြရ နယ်မကျော်ရလုပ်နေသေးတယ်

ဇင်ဝိုင်းက ၈၈ တုန်းကစစ်တပ်ကိုဆဲတယ်။ စစ်တပ်လည်းတက်ရော ရိုက်လိုက်တဲ့စစ်ကား ရထားလမ်းဖောက်တဲ့ ကားတောင်ပါသေးတယ်။ အခုခေတ်ကျတော့ သူတာဝန်ယူမှပဲ MYANMARWOOD ( HOLLYWOOD နှင်ုအဆင့်တူ) ဖြစ်တော့ မလိုလို လွတ်လပ်မှု မရှိလို့ ပြောလိုပြော ရိုက်တော့လည်း sex ဆန်ဆန် တွေရိုက် မြန်မာကား ဆိုလို့ 5 stars အငြိမ့်ခွေပဲကောင်းတယ်။ ဘာမှန်းကို မသိဘူး။ သောက်ကြီးသောက်ကျယ် တွေပြော သောက်တလွဲလုပ်၊ ထွက်သင့်ပါတယ်။ သောက်ဖြစ်မှ မရှိတာ။ နောက်တစ်ကောင်ရှိ သေးတယ် ရင်တွင်းညှစ် ဆိုတဲ့ကောင် ကိုယ့်အလုပ် ကိုယ်မလုပ်ဘူး နှိင်ငံရေး အယောင် ဘာယောင်ယောင် ထဘီတန်းအောက် တိုးဝင်နေတယ်။

ဟုတ်တယ်။ထွက်သင့်တယ်။စောက်ရူးတွေ။

အရည်အချင်းမရှိသူတွေ အတွက် အနာဂါတ်နိုင်ငံတော်မှာနေရာ မရှိပါ။

မျက် နှာ မာ တယ် နော်

မျက် နှာ မာ တယ်နော်

အများ ဆန လိုက်တာပါ။ ဒီမိုကရေစီလေ ... ဒီမိုကရေစီ( ဘာလုပ်ရမှန်း မသိလို့ သူများခိုင်းတာလိုက်လုပ်တာ)

ဒါဆိုလည်း မြန်မြန်လေး အကောင်ထည်ဖော်ကြဗျာ.. တော်ကြာအချိန်ကြာရင်
မြန်မာ sexy movie ကိုမကြည့်ချင်ပဲကြည့်ချင်လာအုန်းမယ်..။
ရိုက်ရင်လည်း.... အချွတ်ရိုက်ကျ။။။။ ဟိုလူဒီလူ ဆိုတာထက် သောက်ကျင့်ကောင်းဖို့ကအဓိကပဲ။

အကယ်ဒမီပေးတဲ့ ရုပ်ရှင်ကားထဲမှာ Music Copy သုံးထားတာ မသိဘူးလား
အဲ့ဒီလို Copy ထည့်သုံးရင်ကော အကယ်ဒမီပေးတာပဲလား

မင်းတို့က ဘာနားလည်လဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်