From :Myit Makha Mediagroup on 13 Feb, 2013

. www.MyanmarExpress.net
ရန်ကုန်မြို့တော်အတွင်း
မောင်းနှင်နေသော မော်တော်ယာဉ်များ စည်းကမ်းမဲ့ ရပ်တန့်ပါက မတ်လ(၁)
ရက်နေ့မှစ၍ ကရိန်းကားဖြင့် သယ်ယူဖယ်ရှားတော့မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက
သတိပေးသတင်းထုတ်ပြန်သည်။
မော်တော်ယာဉ်များသည်
အကြောင်းအမျိုးမျိုးကြောင့် လမ်းလယ်တွင် ရပ်တန့်ခြင်း၊ ယာဉ်ကြော နှစ်ထပ်
ရပ်ခြင်း၊ လမ်းပိတ် ရပ်ခြင်း၊ ဖြူနီကျား ရပ်ခြင်းနှင့်
လမ်းထောင့်လမ်းကွေ့များတို့တွင် စည်းကမ်းမဲ့ ရပ်တန့် ခြင်းများကြောင့်
ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေသည့်အတွက် ထိရောက်စွာ အရေးယူတော့မည့်
အစီအစဉ်ဖြစ်သည်။
“ဒီလိုအရေးယူမှုမျိုးကို
ဖြစ်စေချင်တာကြာပြီ အခုလိုဖုန်းနဲ့ဆက်ပြီး အကြောင်းကြားလို့ရတာ တော်တော်
အဆင်ပြေတယ်။ စည်းကမ်းမဲ့ ယာဉ်မောင်းတွေကလည်း များတယ်လေ တစ်ချို့ဆို
ဒါငါ့လမ်း၊ ဒါငါ့အိမ်ရှေ့ ဆိုပြီး စည်းမဲ့ကမ်းမဲ့ရပ်ကြတယ်။
အဲလိုကားနှစ်ထပ်ရပ်တော့ လမ်းတွေပိတ်ကုန်ရော ဒီလိုမျိုး ထိထိ
ရောက်ရောက်အရေးယူတော့မယ်ဆိုတော့ ကောင်းပါတယ်” ဟု အငှားယာဉ်မောင်း ကိုအောင်ဖြိုးက ပြောသည်။
ထိုကဲ့သို့
စည်းကမ်းမဲ့ရပ်တန့်ခြင်းများကိုတွေ့ရှိပါက မြို့နယ်အလိုက်
သတ်မှတ်ပေးထားသော ဖုန်းနံပါတ်သို့ ဆက်သွယ်တိုင်ကြားနိုင်ခြင်းဖြစ်သည်။
“နိုင်ငံတကာမှာက
သူတို့ဘာလုပ်လုပ် ပြည်သူတွေသိအောင် ကြိုတင်အသိပေးပြီးမှ လုပ်တာ။
ဂျပန်မှာဆို ရဲတွေက ဒီနေရာကနေ နာရီဝက်အတွင်း ဖယ်ပေးပါဆိုပြီး
ပထမအဆင့်အနေနဲ့ အရင်သတိပေးတယ်။ သတိပေးလို့မရမှ ဒုတိယအဆင့်အနေနဲ့
အရေးယူတာတွေ ကရိန်းနဲ့သယ်တာတွေလုပ်တာ ဒီမှာလည်း အသိပေးတဲ့အပိုင်းကို ထိထိရောက်ရောက် အရင်လုပ်သင့်တယ်” ဟု ထွန်းဝင်းနေ Trading Co;ltd မှ မျိုးဇော်အောင်က အကြံပေး ပြောကြားခဲ့သည်။
စည်းကမ်းမဲ့ ယာဉ်ရပ်တန့်ထားခြင်းများအား ဖယ်ရှားရန် ဦးကျော်ရင် ကရိန်းလုပ်ငန်းမှ တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကို
အကြောင်းကြားလာရင် ကျွန်တော်တို့က ယာဉ်စည်းကမ်းထိန်သိမ်းရေးအဖွဲ့ကို
ဆက်သွယ်မှာပါ။ အဖွဲ့က ကားဖယ်ဖို့ လိုအပ်တယ်ဆိုမှ သွားဖယ်ရှားပေးမှာပါ”ဟု ဦးကျော်ရင် ကရိန်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကရိန်းသယ်ယူခ
ဈေးနှုန်းကို အတိအကျသတ်မှတ်ထားခြင်းမရှိသော်လည်း ကားအမျိုးအစားနှင့်
လမ်းခရီးအနီးအဝေးပေါ် မူတည်ကာ ဈေးနှုန်းသတ်မှတ်သွားမည်ဖြစ်ကြောင်းနှင့်
အနည်းဆုံး ကျပ် (၁)သိန်းဝန်းကျင်ခန့် ကုန်ကျမည်ဖြစ်ကြောင်း ဦးကျော်ရင်က
ပြောသည်။
တိုင်ကြားခံရသည့် မော်တော်ယာဉ်သည် မော်တော်ယာဉ် နည်းဥပဒေများနှင့် အရေးယူခံရမည့်အပြင် ကရိန်းယာဉ် သယ်ယူပို့ဆောင်ရေးစရိတ်ပါ ယာဉ်ပိုင်ရှင်က ပေးဆောင်ရမည်ဖြစ်သည်။
. www.MyanmarExpress.net


2 comments:
စည်းကမ်းမဲ့ ကားတွေဖမ်းသလို without ကားတွေလည်း ဖမ်းသင့်ပါတယ် မန္တလေးမှာ တိုက်ပြီးထွက်ပြေးတာ without ကားတွေပဲ သေချာတဲ့ သတင်းတခုကတော့ အောင်တော်မူ ဘုရားထောင့်က cafe' blueရှေ့ မှာ without ကားတွေကို မြတ်ကို ဆိုတဲ့ ချာတိတ် တကောင်အရောင်းအဝယ် လုပ်နေပါတယ် သူနဲ့ အပေါင်းအပါတွေက ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက် အလွတ်ကားတွေနဲ့ တဝူးဝူး တဝေါဝေါ လုပ်နေပါတယ် အမြန်ရှင်းလင်းသင့်ပါတယ် တိုင်းရဲရုံးနဲ့ နီးနီးလေးပဲ သေချာလွတ်ပေးထားသလား မသိဘူး
ကိုရီးယားနိုင်ငံကစနစ်လေးလည်းမဆိုးဘူးနော်
စည်းကမ်းမဲ့တွေကိုပြည်သူတွေကဘဲထိန်းသွားတာ
စည်းကမ်းမဲ့ရပ်ထားတဲ့ယာဉ်တွေကိုဓာတ်ပုံရိုက်ပြီးယာဉ်ထိန်းရုံးကိုပို့ရင်
ဆုငွေပြန်ပေးတယ်ပြီးဓာတ်ပုံတွေကိုဒါဏ်ငွေပြန်ရိုက်တယ်
ဥပမာ-ဒါဏ်ငွေ5000ကျပ်ရိုက်ပြီး1000ကျပ်ပြန်ပေးတယ်
ဓါတ်ပုံရိုက်မှတ်တမ်းယူထားတာမှထိရောက်မှုပိုရှိမယ်ထင်ပါတယ်
ဖုန်းဆက်နေရင်တော့လစ်ပြီပေါ့။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်