Subscribe to our RSS Feed

“ဖက်ဒရယ်ဆိုပြီး ကိုယ်ပိုင်စစ်တပ်ထူထောင်မယ် ဆိုတာကိုတော့ လက်မခံဘူး´´ပြည်ခိုင်ဖြိုး ဒုဥက္ကဌ ဦးဌေးဦး နှင့်တွေ့ဆုံခြင်း

From :HotNewsJournal

လက်ရှိဖြစ်ပွားလျက်ရှိနေသော ကချင်ပြည်နယ်အတွင်းရှိ KIA နှင့် အစိုးရတပ်မတော်ကြား ဖြစ်ပွား လျက်ရှိနေသော တိုင်းပွဲများအရေး၊ ယင်းတို့နှင့်ပတ်သက်၍ ပါတီများ၊ အဖွဲ့အစည်းများမှ သဘောထား ကြေညာချက်များအသီးသီး ထုတ်ပြန်နေကြခြင်းများ၊ တိုင်းရင်းသားအဖွဲ့များတောင်းဆိုသော ဖက်ဒရယ်နှင့် ယင်းသို့သော ကချင်အရေးကိစ်္စများအပေါ် ပြည်ခိုင်ဖြိုးတာဝန်ရှိသူတစ်ဦးဖြစ်သော်လည်း လွှတ်တော်နိုင်ငံသား အခွင့်အရေးနှင့် ဒီမိုကရေစီရေးကော်မတီဥက်္ကဋ္ဌ ဦးဌေးဦးအား Hot News သတင်းထောက်မှ ဆက်သွယ်၍ သဘောထားချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။
မေး- လတ်တလောဖြစ်နေတဲ့ ကချင်အရေးကိစ္စတွေနဲ့ပတ်သက်
ပြီး နိုင်ငံရေးအဖွဲ့အစည်းတွေက ကြေညာချက်တွေ၊ သဘောထား ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတဲ့ အပေါ်မှာရော ဘယ်လိုသုံးသပ် ပါသလဲ။
ဖြေ-ကြေညာချက်ထုတ်တယ်ဆို တာကတော့ ကောင်းစေချင်လို့ ဖြစ်မှာပါ။ ဒီကိစ္စ ကျွန်တော် အငြင်းမပွားချင်ပါဘူး။ ဒါပေမဲ့ ပြောရရင် အလွယ်ဆုံးအလုပ်က သူများလိုအပြစ်တာနဲ့ ကိုယ်ပြော ချင်တာ ပြောတာပဲ။ ဟုတ်တာ လည်းပါမယ်၊ မဟုတ်တာလည်း ပါမယ်။ ခု ကချင်ကိစ္စ ကြေညာ ချက်တွေ၊ သဘောထားတွေ ထုတ်ပြန်နေကြတယ်။ အဲဒီထုတ် တဲ့သူတွေအနေနဲ့က ကိုယ်ထုတ် တဲ့ ကြေညာချက် သဘောထား မှာပါတဲ့ အချက်အလက်၊ အကြောင်းအရာ၊ အကြောင်း အရာ ရည်မှန်းချက်တွေလို အောင်မြင်အောင် ဘယ်လိုလုပ် ကြမလဲ။ ကိုယ့်ရဲ့ရည်မှန်းချက်ကြ့ပည်သူအတွက် ဘယ်လောက် အကျိုးရှိမလဲ၊ ဒါတွေကို ကြည့်ရ မယ်။ နောက်ဆက်တွဲ အကောင် အထည်ဖော်မှုမပါတဲ့ ဘယ်ထုတ် ပြန်ချက်မှ တန်ဖိုးမရှိဘူး။ လုပ် ဆောင်မှုဆိုတာမှာလည်း မှန်ကန် တဲ့လုပ်ဆောင်မှုကို ပြောတာနော်။
မေး-ဒီလိုထုတ်ပြန်မှုတွေနဲ့အတူ ပြည်ခိုင်ဖြိုးအနေနဲ့ကရော ပါဝင် ထုတ်ပြန်ခြင်း ဘာကြောင့် မပြုရ တာပါလဲ။
ဖြေ-ပါတီအနေနဲ့ပြောရရင် ကချင်ကိစ္စတစ်ခုတည်း မဟုတ်ပါ ဘူး။ တစ်အချက်က တည်ငြိမ် အေးချမ်းမှုရှိရမယ်၊ ဖွံ့ဖြိုးတိုးတက် မှုရှိရမယ်၊ တည်ငြိမ်အေးချမ်းမှု ဆိုကတည်းက ကချင်ကိစ္စလည်း ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တည် ငြိမ်မှုရှိအောင် လုပ်ရမယ်။ တည် ငြိမ်မှု အေးချမ်းမှုဆိုတာရလာမှ အဲဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ရမယ်။ အဓိကအကျဆုံးက တော့ ဒီနှစ်ချက်ပါပဲ။ ဒီနှစ်ချက် ကိုပဲ အကောင်အထည်ဖော်လုပ် ဆောင်သွားရမှာပါ။
မေး-ကိုယ့်သွေးချင်းညီအစ်ကို အချင်းချင်းဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ကရော ဘယ် လိုနည်းလမ်းတွေက အဓိကကျ ပါသလဲ။
ဖြေ-ဖက်ဒရယ်ကိုယ်ပိုင် လွတ် လပ်ခွင့်လို့ ပြောကြတယ်။ အဲဒီ ဖက်ဒရယ်မှာ လုပ်သားတွေရှိ တယ်။ မလုပ်သင့်တာတွေရှိတယ်။ ဥပမာပြောရင် စစ်တပ်ဆိုတာ ဖက်ဒရယ်တိုင်းမှာ တစ်ခုပဲရှိ တယ်။ အမေရိကန်မှာလည်း စစ် တပ်တစ်ခုပဲရှိတယ်။ တရုတ်မှာ လည်း စစ်တပ်တစ်ခုပဲရှိတယ်။ အိန်္ဒိယမှာလည်း တစ်ခုတည်းပဲ။ ဖက်ဒရယ်ဆိုပြီး ကိုယ်ပိုင်စစ်တပ် ထူထောင်မယ်ဆိုတာကိုတော့ လုံးဝလက်မခံဘူး။ ခုကချင်မှာ ဆိုလည်း သူ့ကချင်ပဲ အုပ်ချုပ်တာ လေ။ ရှမ်းဆိုလည်း ရှမ်းအမျိုး သားပဲ အုပ်ချုပ်တာလေ။ ကျန် တဲ့လူမျိုး အုပ်ချုပ်နေတာမှ မဟုတ်တာ။ ခုဆို ကိုယ့်ပြည်နယ် တွေမှာ ကိုယ့်တိုင်းရင်းသားတွေပဲ အုပ်ချုပ်တဲ့ Structure ရနေပြီ။ နောင် ဒီ Structure ကို ပိုကောင်း အောင် ကြိုးစားရတော့မှာ၊ ကိုယ် ပိုင်စစ်တပ် တည်ထောင်မယ်ဆို တာကိုတော့ လုံးဝလက်မခံဘူး။
မေး-တိုင်းရင်းသားတွေဟာလည်း သူတို့တွေရဲ့ လွတ်လပ်ခွင့်အတွက် ဖက်ဒရယ်တောင်းကြတဲ့အခါ နှစ် ဖက်လုံးအတွက် အကျိုးရှိမယ့် ဖက်ဒရယ်မျိုးဖြစ်လာဖို့ကရော ဘယ်လိုတည်ဆောက်ယူရမယ်လို့ ထင်ပါသလဲ။
ဖြေ-ကိုယ့်မြေကိုယ့်ယာအတွက်ပဲ အလုပ်လုပ်နေကြတာပါ။ သို့ သော်လည်း အဲဒီ ကိုယ့်မြေကိုယ့် ယာဆိုတာ အကြောင်းပြပြီး သေနတ်နဲ့ပစ်နေလို့ကတော့ လုံးဝ အကျိုးမရှိဘူး။ ကျည်ဆံပဲကုန် မယ်။ ဒီလိုမျိုး နှစ်ဖက်အပြန် အလှန် ဥပဒေဘောင်တွင်းက ညှိနှိုင်းတဲ့အခါမှာတော့ အစိုးရက အရေးပါတာပေါ့ဗျာ။ ကျည်ဆံ တွေ တိုက်ပွဲတစ်ခါဖြစ်ရင် အများ ကြီးကုန်တယ်။ အသံနည်းနည်း ဆို ပိုက်ဆံနည်းနည်းပဲ ကုန်မယ်။ ကျည်ဆံဆိုတာ အသံကျယ်လေ လေ ပိုက်ဆံကုန်လေလေ တိုက်ပွဲ တစ်ပွဲဆို သူ့ဘက်လည်း ကျည်ဆံ တွေအများကြီးကုန်၊ ကိုယ့်ဘက် လည်း ကျည်ဆန်တွေ အများကြီး ကုန်၊ ဒီတော့ နှစ်ဖက်လုံးငွေတွေ အများကြီးကုန်တာပေါ့။ အဲဒီမှာ ကုန်မယ့်ငွေတွေ တံတားတွေ ဆောက်၊ လမ်းတွေဖောက်လိုက် ရင် ပိုမကောင်းဘူးလား ဟုတ် တယ်လေ။ ကျည်ဆံဆိုတာ ကိုယ် လည်း မလုပ်နိုင်ဘူး။ သူများနိုင်ငံ ကထုတ်တာ ပယ်သုံးရတာ။ ကျည်ဆံစက်ရုံလည်း မဆောက် နိုင်ဘူး၊ ဆောက်နိုင်တယ်ထားဦး။ အဲဒီအတွက် ပံ့ပိုးစရိတ်ကလည်း နည်းတာမှမဟုတ်တာ။ မတတ် နိုင်ဘူး။ နှစ်ဖက်လုံးအတွက် အကျိုးရှိမယ့် ဖက်ဒရယ်မျိုးဖြစ်ဖို့ ခုနပြောတာတွေကို နှစ်ဖက်လုံး နားလည်သဘောပေါက်ရမယ်။ ဒါတွေကို နှစ်ဖက်လုံးနားလည်ရင် အားလုံးငြိမ်းချမ်းသွားမယ်။ သေ နတ်ထက် ပေါက်ပြားကတောင် ပိုအကျိုးရှိဦးမယ်လေ။ ဒီလိုဖြစ် နေတော့ နှစ်ဖက်စစ်သားတွေ အတွက်လည်း မကောင်းဘူး။
ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

www.MyanmarExpress.net
 

5 comments:

Hal,chaw lite tar!nar myi ka bal thu lal hin?

If u all wanna b admired by the public,make reject n take action on cronies invading fields,the order man at latpadaung, n authorities having backward attitude.Then u can rival with NLD. OR. ..............

ခင်ဧျား အ ယူ အ ဆ နဲ့ ကျ နော့် အ ယူ အ ဆ တူ တယ် ဗျာ

ဖယ် ဒ ရယ် ဆို ပြိး ကိုယ် ပိုင် တပ် ထောင် ချင် လို့ က တော့ ဖြစ် မ လား ဗျာ ဘယ် နိုင် ငံ မှာ တပ် မ တော် ဆို တာ အ များ ကြိး ရှိ နေလို့ လား တ တပ် ဘဲ ရှိ တာ ပါ မ ရှိ တာ တောင် ပြည် တွင်း စစ် က ဖြစ် နေ ကြ တယ် ကိုယ် ပိုင် တပ် တာ ရှိ လို့ က တော့ ပျက် ပြိ တာ မှတ်

After 2015,we will b tired of noticing who was from what ministry as NLD take most percent of seating in election.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်