Subscribe to our RSS Feed

တိုက်ပွဲများကို ပြန်လည်သုံးသပ်သည့် ကေအိုင်အေ မသုံးသပ်မိသည့် ရှုံးနိမ့်ရသည့် အကြောင်းအရင်း

From : myanmardailystar.com


KIA တပ်ဖွဲ့သည် အစိုးရ တပ်ဖွဲ့တို့နှင့် ဖြစ်ပွားနေသော တိုက်ပွဲများကို ပြန်လည် သုံးသပ်ရေး အခမ်းအနား တရပ်ကို KIA ဗဟို ဌာနချုပ် အနီးရှိ လဝါယန်စခန်းတွင် ပြုလုပ်ခဲ့သည်။
 “တိုက်ခဲ့တဲ့တိုက်ပွဲကို ပြန်ပြီးတော့ သုံးသပ်တဲ့ အခမ်းအနားကို ဒီနေ့ လုပ်ဖြစ်တာပါ။ ဒီတိုက်ပွဲမှာ လေယာ ဉ် နဲ့ ပစ်တယ်။ လက်နက်ကြီးသုံးပြီး ပစ်တယ် အပါဝင်ပေါ့လေ လူအင်အားတွေ လည်း များများ သုံးထားတဲ့ အတွက် ကြောင့် ကျနော်တို့ရဲ့ တောင်ကုန်းတွေ ဆုတ်ပေး ခဲ့ရတယ်။ ဒါပေမဲ့ ဘယ်လိုဘဲ ဆုတ်ရဆုတ်ရ သော် လည်းဘဲ ကျနော် တို့ရဲ့ စိတ်ဓါတ်ဟာ ခိုင်မာသထက်ခိုင် မာနေတယ် ဆိုတာတွေ့ရတဲ့အတွက် ဒါ ဟာ ဒီတိုက် ပွဲရဲ့ အဓိက အားသားချက်တွေလို့ သုံးသပ်ပါတယ်။” ဟု ABSDF  တပ်ဖွဲ့မှ ဗိုလ်မှူး ကျော်ကျော် က ပြော ပါသည်။

ယင်းအခမ်းအနားသည် နံနက် ၁၀ နာရီအချိန်တွင် စတင်ပြီး ညနေ ၂ နာရီအချိန်တွင် ပြီးဆုံးသွားပါသည်။ အခမ်းအ နားကို KIA ဗျူဟာမှုး ဗိုလ်မှုးကြီးဇော်ဂေါင် ဦး ဆောင်ကျင်းပခဲ့ပြီး အခမ်းအနားသို့ KIA တပ်မှူး ၂၇ ဦး၊ နှင့်ကျောင်းသားတပ်မ တော်မှ တပ်မှူး ၃ ဦး တို့ တက်ရောက်ခဲ့ကြပါသည်။ 

“ယခုဖြစ်နေတဲ့ တိုက်ပွဲဟာ ကျနော်တို့ဘက်က နိုင်ငံရေး တွေ့ဆုံးဆွေးနွေးရေး လမ်းစပေါ်လာအောင် တိုင်း ရင်း သား အား လုံးအတွက် အနစ်နာခံတိုက်ခဲ့တဲ့ တိုက်ပွဲလို့သဘောထားပါတယ်။ ဒါကြောင့်လဲဘဲ ကျနော် တို့ အပေါ် တိုင်းရင်းသားအားလုံး ရဲ့ အားပေးမှုတွေကို ရရှိခဲ့ပါတယ်။ အခုတော့ နိုင်ငံရေးတွေ့ ဆုံေ ဆွးနွေးရေး လမ်းစ တ ခုတော့ ပေါ်လာပြီးဖြစ်တယ်လို့ ယူဆ ရတဲ့ အတွက်ကြောင့် မို့လို့ အခုလို တိုက်ပွဲ ရဲ့ သုံးသပ်ချက် အခမ်းအနားကို ကျင်းပခြင်းဖြစ်တယ်။” ဟု ဗျူဟာမှုး ဗိုလ်မှုကြီး ဇော်ဂေါင်က ပြောကြားသွားပါသည်။

KIA မှ ချမှတ်ထားသည့် နိုင်ငံရေးလမ်းစဉ်များကို တပ်မှူးများက အပြည်အဝ ယုံကြည်မှုရှိကြောင်း၊ ဤဖြစ် ပွား ခဲ့သည့် တိုက်ပွဲများသည် ထူးခြားသည့် စစ်ပွဲများဟု သုံးသပ်မိပါကြောင်း၊ မပြီးဆုံးသေးသည့် တာဝန် များ ကို စိတ်ဓါတ် ခိုင်မာစွာဖြင့် ဆက်လက်တိုက်ပွဲဝင်သွားကြမည် ဖြစ်ကြောင်း တက်ရောက်သူ တပ်မှူး များက တညီ တညွတ် ပြောကြားသည်ဟု ဆိုပါ သည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် KIA တပ်မဟာ (၅) လိုင်ဇာဗဟိုဌာနချုပ် တဝိုက်တွင် အစိုးရ တပ်ဖွဲ့  တို့ နှင့် ပြင်း ထန်စွာတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ (၂၅) ရက်နေ့နောက်ဆုံးထားပြီး မိုးလဲေ ချာင်းတ လျှောက် လဂျားယန် အနီး တဝိုက်ရှိ KIA တပ်စခန်းများ ဆုတ်ခွာပေးရန် အစိုးရတပ်ဖွဲ့မှ ရာဇ သံပေးခဲ့သည်။

ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် အစိုးရဘက်မှ စစ်အင်အား (၃၀၀၀) ခန့် နှင့် စစ်မျက်နှာပြင် ၃ ခုဖွင့်ပြီး KIA ကို တိုက် ခိုက် လာခဲ့ပါသည်။ လက်နက်အင်အား လူအင်အားမမျှတမှုကြောင့် KIA တပ်များ တောင် ကုန်း များမှ ဆုတ်ခွာပေးခဲ့ရပါသည်။

ဤတိုက်ပွဲများ အပြင်းထန်ဖြစ်နေချိန် ၂၀၁၃ ခုနှစ် ဇန္နာဝါရီလ (၁၉) ရက်နေ့တွင် အစိုးရသည် တဖက် သတ် အပစ်ခတ်ရပ် စဲကြောင်း ထုတ်ပြန်ခဲ့ပါသည်။ သို့သော် ဤကဲ့သို့ နိုင်ငံတကာကြားလောက်အောင် တဖက်သတ် အပစ် ရပ်ကြောင်း ကြေ ညာသော်လည်း အခြားတဖက်တွင် လက်နက်ကြီးအင်အား၊ လူအင် အားများ အသုံး ပြုပြီး ပြင်းပြင်းထန်ထန် ဖိတိုက်လာ သည်ကို တွေ့ရှိခဲ့သည်။ ယင်းအခြေ အနေကြောင့် အစိုးရ ၏စစ်ရေး ပရိ ယာယ် များကို KIA တပ်မှူးများဘက်မှ နိုင်ငံရေးအ တွေ့အကြုံအပါဝင် စစ်ရေး အတွေ့အကြုံများစွာ ရရှိခဲ့သည်။ 

ထို့အပြင် အစိုးရသည် တိုက်ပွဲများနှင့်အတူ စိတ်ဓါတ်စစ်ဆင်ရေးတိုက်ပွဲများလည်း ဆင်နွှဲခဲ့ပါသည်။ ကချင် လူ ထု အား ဒုက္ခ သည်အဖြစ်ရောက်ရှိစေခြင်း၊ ကျေးရွာအား မီးရှို့ခြင်းဖြင့် မြေလှန်ခြင်း၊ ကချင်နှင့် တခြား တိုင်းရင်းသား များအား သွေးခွဲခြင်း၊ ကျေးရွာထဲ လက်နက်ကြီးများပစ်သွင်းခြင်း၊ေးသခံများအား အကြောင်း မဲ့ ပစ် သတ် ခြင်း၊ က ချင်ဒုက္ခသည်စခန်းသို့ ပံ့ပိုး ပစ္စည်းများ ကန့်သတ်မှု၊ လူထုအားမောင်းထုတ်မှု၊ အစာ အငတ် ခံထားမှု၊ စသည့် ကချင်လူထု အားညှင်းဆဲနည်းအမျိုးမျိုး တိုက်ပွဲများနှင့် အစိုးရကပေါင်းစပ်ပြီး ဆင်နွှဲ ထား သည်ကို လည်း အတွေ့အကြုံရခဲ့ကြသည်ဟု ဆိုပါသည်။ 

အလားတူ KIA မှဖေါက်ခွဲခြင်းမရှိဘဲ KIA ဟု စွပ်စွဲထားသည့် ရထားဖေါက်ခွဲခြင်းကိစ္စ၊ တံတားဖေါက်ခြင်း၊ မြစ်ကြီး နား တာဝါ တိုင်ဖျက် ဆီးခြင်းကိစ္စ၊ ကျေးရွာလူကြီးများအား သတ်ပစ်ခြင်းကိစ္စ(ဤသည်ကို အကြောင်း ပြကြပြီး ပြည်သူ့စစ်ဖွဲ့ရန်ဝါဒဖြန့် ခဲ့သည်)၊ လည်းအတွေ့အကြုံရခဲ့ပါသည်။

ထို့အပြင် အစိုးရသည် မီဒီယာကို ထိရောက်စွာ အသုံးပြုခဲ့ပါသည်။ ခရိုနီမီဒီယာများကို လိမ္မာစွာ အသုံးပြု ခဲ့ပါ သည်။ တိုက်ပွဲ များသည် ပြင်းထန်သလောက် ပြည်တွင်းမီဒီယာတွင် အနည်းငယ် သာရေး သားကြ ပါသည်။ ရေးသား မှု များသည်လည်း အစိုးရ အကြီးအကဲများ၊ ထုတ်ပြန်ချက်များလောက်သာ ၀ါဒဖြန့်ကြ ပါသည်။ နောက် ဆုံး တွင် ကာကွယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်သည် အစိုးရမကြေနပ်မှုထဲမှ အထင် အရှား ဆုံးဖြစ် ပါသည်။ 

KIA နှင့်အစိုးရတို့သည် တိုက်ခိုက်မှုအရှိန်လျှော့ချရန် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၄)ရက်နေ့ တရုတ်နိုင် ငံရွှေလီမြို့ ဆွေးနွေးပွဲ တွင် တရုတ်အစိုးရ၏ ကြားဝင်ဖြန်ဖြေမှုဖြင့် သဘောတူခဲ့ကြပါသည်။ ဤသဘော တူညီချက်သည် KIA အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ရလာဒ် ရည်မှန်းချက် မဟုတ်သေးသလို အစိုးရ ၏ အပစ်အခတ်ရပ် စဲရေး ရရှိခဲ့ကြောင်း ရည်မှန်းချက် လည်းမဟုတ်သေးဟု အကဲခတ်များက ဆိုပါသည်။

အဆိုပါ သုံးသပ်ချက်များမှ စစ်ပွဲကာလအတွင်း ကေအိုင်အေ၏ အကြမ်းဖက်မှု အချို့ကို ငြင်းချက်ထုတ်ခြင်း၊ တန်ပြန် စွပ်စွဲခြင်းများသည် သောင်းကျန်းသူများ လုပ်နေကြမို့ မပြောလိုပါ။ တပ်ရင်း ၁ ရင်းအင်အား၊ တပ်မ ၁ မ အင် အား ဘယ်လောက် ရှိမှန်း မသိဘဲ ရမ်းသမ်းပြီး ကျဆုံး စာရင်းကို ပိုပြောသည်လည်း ဟာ သ တစ်ခုမို့ ထပ်မံ မရှင်းတော့။

ဒီဇင်ဘာ ၂၇ မှ စ၍ ၃ ရက်အတွင်း လဂျားယန် ကျ၊ ၂ ပတ် အတွင်း လိုင်ဇာကို ၀ိုင်းပြီး ဖြစ်သည့် အနေအ ထားတွင် ကေအိုင်အေတို့ လုံးဝ နားမလည်၊ မသုံး သပ်သည့် အချက်မှာ တစ်ချက်သာ ရှိသည်။ တိုက်ပွဲအ စတွင် ကီးဘုတ်ကိုင်၍ တိုက်ပွဲ အပြီးတွင် စစ်ရေး သုံးသပ်သည့် ကေအိုင်အေနှင့် ခြားနားစွာ အရည်အချင်း ပြည့်ဝ သော မြန်မာ့ တပ်မတော်သည် မတိုက်ခင် စစ်ရေး သုံးသပ်ခြင်းပင် ဖြစ်ပေသည်။

www.MyanmarExpress.net

4 comments:

ဟ မ အေး လိုး KIA ABSDF က ကောင် တွေ မင်း တို့ ဘာ သာ အ ကုန် လုးံ မိုင်း ခဲ့ ပစ် ပြိး တော့ ဘယ် သူ လွှဲ လျ တာ လဲ ရွာ မီး ရို့ ထယ် ဆို တာ မင်း တို့ က မ တိုက် ခင် အဲ ဒိ ရွာ သား တွေ ဘဲ ကိုး ကွ သူ ပုန် ရွာ ဆို တော့ လုပ် မှာ ဘဲ သူ ခိုး ကြိး တွေ ရဲ့ တ ရုတ် နဲ့ပေါင်း ပြိး တိုင်း ပြည် ပစ္စည်း ခိုး စား တတဲ့ ကောင် တွေ မသိ ဘူး များ ထင် နေ လား

သောတောင် သေသွားဦးမယ် မင်းတို့ကံ ကောင်းတယ်မှ မဟုတ်ရင် အပြုတ်တိုက် ခံရတော့မယ် အခုလို သုံးသပ်ပွဲ လေးတောင် မလုပ်လိုက် ရပဲနေမယ်။

kia ကို တပ်မတော်က ဘာလို့ အပြုတ်မတိုက်တာလဲ အဲလို မထိတထိလုတ်ခဲ့လို ပြည်တွင်းစစ် သက်စိုးရှည်လာတာနော် နောက်အဖွဲတေက အများကြီး ၀ဒေသ မိုကိုး တွေးလျင် တိုင်းပြည်အတွက် ရင်လေးစရာ...သူတို့က လက်နှက်အင်းအား ထူတောင်လာတာနှင့်အမျှ ဖြေရှင်းရတာခက်မယ်...အပြုတ်သာတိုက်လိုက်ပါ..

Taw lite tar hal. China Ko taung thain o hmar lar hiElevenn?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်