Subscribe to our RSS Feed

ဗြိတိန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ လန်ဒန်တွင် လူ့အခွင့်အရေးကိစ္စများ ဆွေးနွေး

From :7day

ဗြိတိန်အစိုးရ၏ နိုင်ငံခြားရေးရာနှင့် ဓနသဟာယအဖွဲ့ဆိုင်ရာရုံး (FCO)၏ အကြီးအကဲ နိုင်ငံခြားရေးရာနှင့် ဓနသဟာယရေးရာဝန်ကြီး ၀ီလီယံဟော့ဂ်သည် လန်ဒန်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဗြိတိန်ဝန်ကြီးများဖြစ်သော ဟူဂိုဆွိုင်ရာ၊ အလန်ဒန်ကန်တို့နှင့်အတူ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ဗြိတိန်အစိုးရက သတင်းထုတ်ပြန်သည်။

ဆွေးနွေးပွဲတွင် ၀န်ကြီးဝီလီယံဟော့ဂ်က "တစ်ကမ္ဘာလုံး၏ အကြည့်များသည် မြန်မာနိုင်ငံအပေါ်တွင် ကျရောက်နေပါကြောင်း၊ ကာလတိုအချိန်အတွင်း အများက မဖြစ်နိုင်ဟု တွေးထင်ခဲ့သည်များ ဖြစ်ပေါ်တိုးတက်မှုရှိခဲ့၍ မိမိတို့ကြိုဆိုပါကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ဗြိတိန်နိုင်ငံတွင် လက်ခံတွေ့ဆုံရ၍ ၀မ်းသာမိကြောင်း" ပြောကြားသည်။

ထို့အပြင် ၎င်းက ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်မှုများနှင့်အညီ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများ ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ၂၀၁၄ မတိုင်မီအထိ ဖွံ့ဖြိုးရေးထောက်ပံ့ငွေ ပေါင် ၁၈၇ သန်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးပြောင်းလဲမှုများ ရှေ့တိုးတက်နိုင်ရန် ရခိုင်ကဲ့သို့သော ပြည်နယ်များတွင် လူသားချင်းစာနာသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ရိုဟင်ဂျာလူမျိုးစုအတွက် နိုင်ငံသားအဆင့်အတန်း အလျင်အမြန်ပေးအပ်ရေးတို့ကို တောင်းဆိုလိုကြောင်း၊ ကချင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်စပ်လျဉ်း၍လည်း တိုက်ခိုက်မှုများမှာ ဒေသတွင်း တင်းမာမှုများဖြစ်စေ၍ တိုက်ခိုက်မှုများ အပြည့်အ၀ ချက်ချင်းရပ်ဆိုင်းရေးအတွက် အရေးပါသည်ဟု အလေးပေးပြောလိုကြောင်း၊ ကချင်နှင့် မြန်မာအစိုးရတို့သည် အဓိပ္ပာယ်ရှိသော နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်လုပ်နိုင်ရေးအတွက် အလေးပေးပြောလိုကြောင်း၊ ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးဆောင်ရွက်မှုနှင့် စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရေးအတွက် ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော FCO ၏ အာရှပစိဖိတ်ရေးရာဝန်ကြီး ဟူဂိုဆွိုင်ရာကလည်း မိမိသည် မကြာသေးမီက မြန်မာနိုင်ငံတွင်းသို့ သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဗြိတိန်အစိုးရ၏ ကယ်ဆယ်ရေး ဆောင်ရွက်ချက်များကို ပူးပေါင်းဆောင်ရွက်ကြပါရန် အလှူရှင်များနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့ကို ပန်ကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးသို့ မိမိတင်ပြခဲ့သကဲ့သို့ပင် ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့အကြား ဒုက္ခသည်များအား ကူညီရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမှာ မိုးရာသီသို့ ချဉ်းကပ်လာတော့မည့် ယခုအချိန်များတွင် မရှိမဖြစ် အရေးပါကြောင်း ပြောကြားခဲ့သည်။


 . www.MyanmarExpress.net
 

3 comments:

Myanmar government protest UK Foreign Minister for using Rohingya words. He support illegal Bangails.

ရိုဟင်ဂျာကို နိုင်ငံသား အခွင့်အရေး ပြောသော English တွေ မင်းတိုပဲ ရိုဟင်ဂျာ အမည်ခံ ဘကုန်းတွေကို England နိုင်ငံသား အခွင့်အရေး ပေးလိုက်ပါလားကွ

ခွေးမသား English ဘကုန်းကို ချစ်ရင် မင်းတို့ပဲ ခေါ်သွားကွ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်