From : the voice
တိုင်းရင်းသား ပါတီများ အပါအဝင် ဆယ်ပါတီ ပူးပေါင်း ထားသည့် ဒီမိုကရေစီ မိတ်ဆွေ ပါတီများနှင့် လက်တွဲ လုပ်ဆောင်ရန် ပါတီ သုံးခုက ကမ်းလှမ်း ထားကြောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ပြန်ကြားရေး တာဝန်ခံ ဦးလှမြင့်က The Voice Weekly သို့ ပြောကြား သည်။
ဗိုလ်ကလေး ဈေးလမ်းရှိ ခရစ်ယာန် အမျိုးသမီးများ အသင်း (YWCA) ၏ ခန်းမတွင် ဒီမိုကရေစီ မိတ်ဆွေ ပါတီများ ပူးတွဲ ပြုလုပ်သည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တွင် ၄င်းက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ယင်းပါတီ သုံးခုအနက် မန္တလေး အခြေစိုက် ပါတီ တစ်ခုနှင့် ရန်ကုန် အခြေစိုက် ပါတီ တစ်ခုတို့ ပါဝင်ကြောင်း ဦးလှမြင့်က ပြောသည်။
"ပါတီတွေရဲ့ နာမည် ကိုတော့ လက်တွဲ၊ မတွဲ မသေချာ သေးလို့ မပြောချင်သေး ပါဘူး" ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ဆိုသည်။
ကမ်းလှမ်း ထားသော ပါတီ သုံးခုအား ဒီမိုကရေစီ မိတ်ဆွေ ပါတီများက လက်ခံ၊ လက်မခံကို ဆယ်ပါတီ ခေါင်းဆောင်များ အစည်းအဝေး ထိုင်ပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဗဟို ကော်မတီဝင် ဦးစောသန်းမြင့်က ပြောကြားသည်။
ချင်းအမျိုးသား ပါတီ၊ ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီတို့ ပူးပေါင်း ထားသည့် ဒီမိုကရေစီ မိတ်ဆွေ ပါတီများ အဖွဲ့ကို ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီက ဒီမိုကရေစီ ပြန့်ပွားရေး ကို ရည်ရွယ် ဖွဲ့စည်း ခဲ့သည်။
www.MyanmarExpress.net

.jpg)

2 comments:
good group
good group
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်