Subscribe to our RSS Feed

တိုင်းရင်းသား ညီအစ်ကိုများ ပဋိပက္ခ များကို စားပွဲ ဝိုင်းတွင် ဖြေရှင်း ညှိနှိုင်း မှုသည် အကောင်း ဆုံး နည်းလမ်းဖြစ်

From :မြဝတီ


နေပြည်တော် ဖေဖော်ဝါရီ ၁၃
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားသို့ တက်ရောက် ခဲ့ကြသည့် ငြိမ်းချမ်းရေး အဖွဲ့အစည်း များမှ တာဝန်ရှိသူ များအား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ တောင်သူ ပညာပေး ဧက ၅ဝဝ စက်မှု လယ်ယာ စံပြ စိုက်ခင်း အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး များနှင့် ဖိတ်ကြား ထားသူများ၊  ဒုတိယ ဝန်ကြီးများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ ဖြစ်ကြသော ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဖဒို မန်းငြိမ်းမောင်နှင့် ဖဒို သမိန်ထွန်း၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင် စီ/ ရှမ်းပြည် တပ်မတော် (RCSS/ SSA) မှ ဗိုလ်မှူးကြီး စိုင်းလှနှင့် ဗိုလ်မှူးကြီး စိုင်းငေး၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်း ပြည်တပ်မတော် (SSPP/ SSA) မှ ဦးစိုင်းခွန်စိုင်းနှင့် ဦးစိုင်းနော်လိတ်၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA)မှ ဗိုလ်ချုပ် စောရင်နုနှင့် ဗိုလ်ကြီး စောလားဒို၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဦးခွန်တိဆောင် နှင့် ဦးခွန်ဇွဲထို၊ မွန်ပြည်သစ် ပါတီ (NMSP) မှ ဦးနိုင် တလညီနှင့်  ဦးနိုင်ကြည်ဆန်း၊ ချင်းအမျိုးသား တပ်ဦး (CNF) မှ ဒေါက်တာ ရွှေခါရ်းနှင့် ဦးပူးထန်ဇဲန်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်မှူးချုပ် စောကျော်သက်နှင့် ဗိုလ်မှူးကြီး စောမောင်လေး၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN(K) မှ ဦးအန်ကန်းနှင့် ဗိုလ်ကြီး အောင်စိုင်းတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမှာစကား ပြောကြားရာတွင် မိမိ၏ ဖိတ်ကြား ချက်အရ ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက် လာကြသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်ပေါင်းများစွာ ကွဲကွာ နေကြသည့် ညီအစ်ကိုများ အချင်းချင်း ယခုလို ပြန်လည် တွေ့ဆုံရသည့် အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ မိမိတို့ တိုင်းရင်းသား ညီအစ်ကို များသည် အမိုးအကာ တစ်ခုတည်း အောက်တွင် အတူတကွ နေထိုင်ကြ သူများဖြစ် ရာ ပေါ်ပေါက်လာသည့် ပဋိပက္ခ များကို ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ စာနာ ထောက်ထား ခြင်းနှင့် အပြန်အလှန် လေးစားတန်ဖိုးထား ခြင်းများဖြင့် စားပွဲဝိုင်းတွင် ဖြေရှင်းညှိ နှိုင်းခြင်းသည်သာ အကောင်းဆုံးနည်း လမ်းဖြစ်ပါကြောင်း၊ ယခုလို ညှိနှိုင်းဖြေ ရှင်းခြင်းဖြင့် ရရှိလာသော ငြိမ်းချမ်းရေး အကျိုးဆက်ကို ပြည်သူများ စတင်ခံစား နေကြရပြီ ဖြစ်ပါကြောင်း၊ ရေရှည်အကျိုး ခံစား နိုင်ရေးသည် မိမိတို့၏ တာဝန် အဖြစ်ခံယူပြီး ယခုလို ယာယီ ငြိမ်းချမ်းရေးမှ ထာဝရ ငြိမ်းချမ်းရေး အဆင့်ရောက်အောင် အဖြေရှာပါက ပြည်သူ လိုလား တောင့်တသည့် ငြိမ်းချမ်းရေးကို မလွဲမသွေ ရရှိလာမည် ဖြစ်ပါကြောင်း၊ ဤနိုင်ငံကို ပြည်သူ အားလုံးက ပိုင်ဆိုင်ပါကြောင်း၊ ဤနိုင်ငံ၏ ကောင်းကျိုး ဆိုးကျိုးသည် မိမိတို့ အားလုံး အပေါ်တွင် မူတည် နေပါကြောင်း၊ နိုင်ငံ သားတိုင်းသည် မိမိနိုင်ငံကို ချစ်မြတ်နိုးသည့် စိတ် ရှိကြ ပါကြောင်း၊ ဒေသစွဲ၊ လူမျိုးစွဲ စိတ်ဓာတ်သည်လည်း ဖျောက်ဖျက်၍ မရ နိုင် ပါကြောင်း၊ သို့ရာတွင် ဒေသစွဲ၊ လူမျိုးစွဲ စိတ်ဓာတ်နှင့် ပြည်ထောင်စု ချစ်စိတ်တို့ ယှဉ်လာပါက ပြည် ထောင်စု စိတ်ဓာတ်ကိုသာ ဦးစားပေးရ မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို သားစဉ်မြေးဆက် ပိုင်ဆိုင်နိုင်အောင် ကာကွယ်သွား ရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်ရေးသည် တိုင်းပြည်၏ ခွန်အား ဖြစ်ပါကြောင်း၊ ယနေ့ကြုံတွေ့ နေရသည့် လက်နက်ကိုင် ပဋိပက္ခ အမွေဆိုးများကို မိမိတို့ လက်ထက်တွင် ချုပ်ငြိမ်း ပြီးပြတ်စေပြီး နောင်လာ နောက်သား များအား ကောင်းမွန်သည့် အမွေကို ပေးခဲ့ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရသည် ဒီမိုကရေစီ နည်းအရ ပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရ ဖြစ်သည့်အတွက် ပြည်သူလူထု၏ ဆန္ဒကို အလေး ထား ဖော်ဆောင်ပေး လျက် ရှိပါကြောင်း၊ ပြည်သူ၏ ဆန္ဒသည် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ် နေထိုင်လိုသည့် ဆန္ဒ ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ဆန္ဒ ပြည့်ဝစေရန် အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အားသွန်ခွန်စိုက် ကြိုးစားခဲ့ခြင်း ဖြစ်ပါကြောင်း၊ တစ်ဦးပေါ်တစ်ဦး ချစ်ခင် ရင်းနှီးပြီး ယုံကြည်မှု ရှိအောင် အချိန်များစွာ လုပ်ဆောင် ခဲ့ရပါကြောင်း၊ စားပွဲဝိုင်းတွင် ရောက်ရှိလာကြပြီး နှစ်ပေါင်း (၆ဝ) ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းအောင် ဆွေးနွေးနိုင် ကြပြီ ဖြစ်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့မှု အပေါ် ကြည့်ပါက နှစ်ဦးနှစ် ဖက် အကျိုးမရှိ ပါကြောင်း၊ နှစ်ဦးနှစ်ဖက် စစ်သည်များ သေဆုံးခဲ့ရပြီး ဇနီး၊ သားသမီး၊ ဆွေမျိုး များ၏ သောကများ၊ ဒေသခံ ပြည်သူများ၏ ကြောက်ရွံ့ စိုးရိမ် မှုများသာ ဖြစ်ပေါ် ခဲ့ရပါကြောင်း၊ ဤဆုံး ရှုံးမှုများသည် တိုင်းပြည်၏ဆုံးရှုံးမှုများ ပင်ဖြစ်ပါကြောင်း၊ ယနေ့ စားပွဲ ဝိုင်းတွင် ဆွေးနွေးမှု များကြောင့် ငြိမ်းချမ်းရေး ရောင်ခြည်များ သန်းလာပြီ ဖြစ်ပါကြောင်း၊ ကျန်ရှိ နေသည့် KIA အဖွဲ့နှင့်လည်း ဖေဖော်ဝါရီ ၄ ရက်နေ့ ရွှေလီ ဆွေးနွေးပွဲမှ ရလဒ်ကောင်း များရရှိပြီး ပြည်သူများ ကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် ရှိပါကြောင်း၊ မိမိတို့ နိုင်ငံ၏ သာယာလှပသည့် အနာဂတ်ကို ဖန်တီးနိုင်ရန် မိမိတို့တွင် တာဝန် ရှိပါကြောင်း၊ ပြည်သူ့ဆန္ဒ များကို အလေးထားသည့် အနေဖြင့် ယခုလက်ရှိ အခြေအနေမှ ထာဝရ ငြိမ်းချမ်းရေး အဆင့် သို့ ရောက်အောင် လက်တွဲလုပ်ဆောင် ကြရမည် ဖြစ်ပါကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှုများ ဆောင်ရွက်နေသည့်  တစ်ပြိုင်တည်းမှာပင် ပျက်စီး သွားခဲ့သည့် လမ်း၊ တံတား၊ လူနေ အဆောက်အအုံ စသည့် ရုပ်ဝတ္ထု ပစ္စည်းများကိုလည်း ပြန်လည် ထူထောင် သွားရမည် ဖြစ်ပါကြောင်း၊ ဥပဒေ ဘောင်အတွင်းသို့ ရောက်လာကြ သူများ၏ စားဝတ်နေရေး ကိစ္စများနှင့် အလုပ်အကိုင် ရရှိရေး တို့ကိုလည်း တစ်ဆက်တည်း လုပ်ဆောင် သွားရမည်ဖြစ် ပါကြောင်း၊ ထို့ပြင် မရှင်းလင်း ရသေးသည့် မြေမြှုပ်မိုင်း များကိုလည်း ရှင်းလင်းရန် လုပ် ဆောင် သွားကြရမည် ဖြစ်ပါကြောင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ပြည်တွင်း အားနှင့် သာမက နိုင်ငံတကာ အကူအညီများ ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြင့် မှာ ကြားသွားသည်။
ထို့နောက် တက်ရောက် လာကြသည့် ငြိမ်းချမ်းရေး အဖွဲ့အစည်း များမှ တာဝန် ရှိသူများက ဒေသ ဖွံ့ဖြိုးရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများ၊ လိုအပ်ချက် များကို ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတက မိမိတို့ဒေသ အလိုက် ဖွံ့ဖြိုးရေးနှင့် စားဝတ်နေရေး ဖူလုံ စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက် သွားကြရန် ဆွေးနွေး မှာကြားပြီး ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ တာဝန် ရှိသူများအား လက်ဆောင် ပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော် သမ္မတက ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူ များအား တောင်သူ ပညာပေး ဧက ၅ဝဝ စက်မှုလယ်ယာ စံပြစိုက်ခင်း အတွင်း သိပ္ပံနည်းကျ စိုက်ပျိုး မွေးမြူထား ရှိမှုများကို လှည့်လည် ရှင်းလင်း ပြသရာ ငြိမ်းချမ်းရေး အဖွဲ့အစည်း များမှ တာဝန် ရှိသူများက သိရှိလိုသည့် မေးမြန်းချက် များကို နိုင်ငံတော် သမ္မတက ရင်းရင်းနှီးနှီး ရှင်းလင်း ဖြေကြား ခဲ့သည်။
 www.MyanmarExpress.net
 

1 comments:

တ ရုတ် ကြိး ပါ ခေါ် မှရ မှာ သူ က ဆ ရာ ကြိး လေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်