From : Myit Makha Mediagroup
www.MyanmarExpress.net
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မြန်မာနိုင်ငံလုံးဆိုင်ရာညီလာခံကို ဒီမိုကရေစီညီလာခံဖြစ်မြောက်ရေး
နှင့်အညီ ကျင်းပသွားမည်ဟု ဒီချုပ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး
ဦးဥာဏ်ဝင်းက ဆိုသည်။
“အငြင်းပွားမှုမရှိတဲ့
ညီလာခံမျိုးလည်း ကျွန်တော်တို့ မလုပ်ချင်ဘူး ၊ အဲ့ဒါက ဒီမိုကရေစီမဟုတ်ဘူး။
ဗဟိုချုပ်ကိုင်မှုနဲ့ ညီလာခံ လုပ်သွားရင်တော့ အငြင်းပွားမှုမရှိဘူး ၊
တိုင်းပြည်အတွက်လည်း အကျိုး မရှိဘူး ၊ အနာဂတ်အတွက်လည်း အကျိုးမရှိဘူး ၊
အငြင်းဘယ်လောက်ပဲပွားပွား ဒီနည်းလမ်းနဲ့ပဲ ကျွန်တော်တို့ လုပ်သွားမှာပါ။” ဟု ဒီချုပ်ပါတီ ကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ
ညီလာခံကျင်းပရာတွင် အကြောင်းအမျိုးမျိုးကြောင့် တရားမျှတမှုမရှိဟု
အသံထွက်ပေါ်လာပါက ၄င်းမှာ ဒီမိုကရေစီနည်းလမ်းဖြစ်သောကြောင့်
အရေးပါမှုမရှိဟုယူဆသည့် အတွက် ညီလာခံကိုဆက်လက်ကျင်းပရန်စီစဉ်နေကြောင်း ၄င်းက
ဆက်ပြောသည်။
“ဒီမိုကရေစီနည်းအရ
လုပ်တာ ၊ ငြင်းခုံတာ သဘောမတူတာ ရှိမှာဘဲ။ ရှိနိုင်တယ်လို့ ကျွန်တော်တို့
တွက်ပါတယ်။ ဒါက အရေးမကြီးဘူး အခက်အခဲတွေကြားထဲကပဲ အောင်မြင်အောင်လုပ်မယ်။ ”
ဟု ဦးဥာဏ်ဝင်းက ပြောသည်။
၂၀၁၂ခုနှစ်အတွင်းတွင်
တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကျေးညီလာခံများကျင်းပရာ၌ ဧရာဝတီတိုင်း
ဒေသကြီး ပုသိမ် ၊ မြောင်းမြ နှင့် မအူပင်မြို့နယ်များတွင် ဧရာဝတီတိုင်း
ဒီချုပ်ပါတီညီလာခံ ကျင်းပရေးကော်မရှင်ကို လက်မခံနိုင်မှုမရှိသည့်အတွက် ပါတီ
မှနှုတ်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍
ဒီချုပ်ပါတီ နာ.ယ.က ဦးတင်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့
သွားရောက်ဖြေရှင်းခဲ့သော် လည်း ပြေလည်မှုမရပဲ ပါတီမှ နှုတ်ထွက်ကာ ၂၀၁၂ခုနှစ်
အောက်တို ဘာလအတွင်းတွင် မြို့နယ်၊ ခရိုင်ပါတီရုံးပိတ် ၊ ဆိုင်းဘုတ်ဖြုတ်ခဲ့ပြီး ပုသိမ်မြို့နယ်မှ ဒီချုပ်ပါတီဝင် (၁၃၂)ဦး နှုတ်ထွက်၍ အမျိုးသားဒီမိုကရေစီကွန်ယက်အဖြစ် ဖွဲ့စည်းခဲ့ကြသည်။
၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း မအူပင်မြို့တွင် ညီလာခံကျင်းပရေးကော်မရှင်ကို ကန့်ကွက်ဆန္ဒပြမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။
ယခုကဲ့သို့ ဒီချုပ်ပါတီဝင်အချင်းချင်း သဘောထားမတိုက်ဆိုင်ခြင်းမှာ ဒီမိုကရေစီနည်းကျ၍ မိမိသဘောဆန္ဒအလျောက် ပါတီမှ နှုတ်ထွက်ပါကလည်း ဒီချုပ်ပါတီအနေဖြင့်
မည်သူတစ်ဦး တစ်ယောက်ကိုမှ တားမည်မဟုတ်ကြောင်း အန်အယ်လ်ဒီပါတီအား
လေးစားပါက ဆန္ဒပြခြင်း ပုတ်ခတ်ပြောဆိုခြင်းလည်း ပြုလုပ်မည် မဟုတ်ဟု
ယုံကြည်ကြောင်း ဦးဥာဏ်ဝင်းက ဆက်ပြောသည်။
ဒီချုပ်ပါတီအနေဖြင့်
ညီလာခံကျင်းပခြင်းမှာ ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်၍ တိုင်းပြည် အတွက်
အထောက် အကူပြုနိုင်မည့်အချက်အလက်များကို ဖော်ထုတ်နိုင်ရန်
မျှော်လင့်ကြောင်း ရန်ကုန်မြို့နေဒေသခံတစ်ဦးက ဆိုသည်။
“ညီလာခံကျင်းပတာ
ကောင်းပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ။ တိုင်းပြည်အတွက် တကယ်
လိုအပ်နေတဲ့ အခြေခံအချက်အလက်တွေနဲ့ လက်ရှိအစိုးရနဲ့ပတ်သပ်ပြီး
တကယ့်အပြုသဘော ဆောင်တဲ့ ကူညီမှုတွေဖြစ်စေ မယ့် ဝေဖန်ချက်တွေကိုသာ
အမှန်အတိုင်း ထုတ်ဖော်နိုင်မယ်ဆိုရင် အဆင်ပြေမှာပါ” ဟု စမ်းချောင်းမြို့နယ်နေ ထွန်းမင်းဝင်းက ပြောသည်။
ဒီချုပ်ပါတီမှ
တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကျေးညီလာခံ ၊ မြို့နယ် ညီလာခံများကို
၂၀၁၂ခုနှစ်အတွင်း တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ
ညီလာခံကို လာမည့် ၂၀၁၃ခုနှစ် မတ်လ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ
ကျင်းပသွားမည်ဖြစ်ကြောင်း ဒီချုပ်ပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် အရေးအခင်းပြီးချိန်က
စတင်တည်ထောင်ခဲ့သည့် အင်အားကြီးနိုင်ငံရေး ပါတီတစ်ခုဖြစ်ပြီး ပထမဆုံးအကြိမ်
ညီလာခံကို ၂၀၁၃ ခုနှစ် မတ်လတွင်စတင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ
ညီလာခံကို ပြည်နယ်နှင့်တိုင်းများရှိ ပါတီကိုယ်စားလှယ်ပေါင်း ၁၅၀၀
ဝန်းကျင် ခန့်တက် ရောက်မည် ဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်များအား
ရွေးချယ်ကာ ပါတီဥက္ကဌအသစ်အား ရွေးချယ်တင်မြှောက်သွားမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်
လာမည့် ၂၀၁၅ခုနှစ်တွင်ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကိုလည်း
ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
www.MyanmarExpress.net

.jpg)

6 comments:
Taw lite tar Taw.thay Nat gyi tway nalt so dault nyein Chan hmar pawt. Bal tone ka ar nar shin tway Ko pyan pyaw ye loe lal?Lote so Lote;khan so khan:kone so kone:min maine ma ngar Ko pae so pae ya dar pal ma hote larr!
ဒီမိုကရေစီလား ပရမ်းပတာလား ဆိုတာသေချာမြင်အောင်ကြည့်ဟ ဥာဏ်ဝင်းရ။
ပြည်ခိုင်ဖြိုးက ဘယ်အသံထွက်မလဲ နဂိုကတည်းက ဇာတ်တိုက်ထားတာကို... NlD က အသံထွက်မှာပေါ့ နေရာရချင်သူ တွေ များလာတာကိုး
နိင်ငံတော်အလံတောင်မရိုမသေလုပ်တဲ့
အကောင်တွေကများကွာ။
-၁၉၆၂ ကို သတိရနေတာလား ပါတီတွေရယ်
Bar phyit loe lal?1962 hmar min a may fucked than ya loe larr?
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်