Subscribe to our RSS Feed

ဟန်ဝင်းအောင် နှင့် Messenger အင်တာဗျူး

From : messenger


ပထဦးဆုံးအနေနဲ့ ကိုဟန်ဝင်းအောင်အနေနဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဖတ်ပြီးပြီလား၊ ဘာပြောချင်သလဲ။

အဓိက က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ နောက် ဆုံးမှတ်ချက်က စီမံကိန်းဆက်လုပ်ရေးဆိုတဲ့ဟာပေါ့။ အဲ့ဒီအတွက်အစီရင်ခံစာမှာ ရွေးချယ်ခွင့် သုံးခုပေါ့။ စီမံ ကိန်းကို ဒီအတိုင်း ဆက်လုပ်မလား၊ ပြုပြင်ပြီးဆက်လုပ် မလား လုံးဝရပ်ဆိုင်းမလားဆိုတာပေါ့။ ဆက်လုပ် မလား၊ လုံးဝ ရပ်ဆိုင်းမလားဆိုတာပေါ့။ အဲဒီမှာ ပြုပြင်ပြီး ဆက်လုပ်ရမယ့်သဘောကို ပြထားတယ်။ နောက်စီမံ ကိန်း ဆက်လုပ်ရေးဆိုတဲ့ဟာကို အကြံပြုချက် တွေနဲ့ ဖြည့်စွက်တင်ပြထားတယ်။ အဲ့ဒီတော့ ခြုံပြီးပြောရရင် အရင်က အခြေအနေထက်ပိုပြီး တိုးတက်လာတဲ့တင် ပြချက်တွေ ဖြစ်လာတဲ့အတွက် တစ်စုံတစ်ရာ လက်ခံနိုင် စရာရှိပါတယ်။

အစီရင်ခံစာမှာ မကျေနပ်တဲ့အချက်တွေကဘာတွေလဲ။

အဓိကပြောရရင် ကာလကြာရှည်မှ အဖြေပေါ်လာ မယ့်အပိုင်းတွေ စောင့်ကြည့်လေ့လာမှုနဲ့ ကောင်တာချက် ပြန်လုပ်ရမယ့် အပိုင်းတွေမှာ အားနည်းချက်ရှိတယ်။ လက်ရှိ ဒီမှာဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ လက်တွေ့ကိစ္စကိုပဲ ဦးစွာ ဖြေရှင်းသင့်တယ်။ အဲ့ဒါ ဘာလဲဆိုတော့ ဒေသခံပြည်သူတွေရဲ့ ရင်ထဲမှာ စိတ် ဒဏ်ရာတွေ ရထားတယ်။ သူတို့တွေနှစ်နဲ့ချီပြီး ပုဒ်မ ၁၄၄ ထုတ်ခံရတယ်။ မီးလောင်ဗုံးနဲ့ အကြမ်းဖက် ခံရတဲ့ကိစ္စတွေ၊ မြေယာသိမ်းထားတဲ့ကိစ္စတွေ ဖြစ်တဲ့ အတွက် စိတ်ဒဏ်ရာရထားတယ်။ ပြင်းထန်ပြီး ဆန္ဒတွေ ပြင်းပြနေတဲ့ဟာမျိုးတွေရှိတယ်။ ဒါမျိုးကို လက်တွေ့ ကျကျ ဖြေရှင်းသင့်တယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့ပြသနာမှာ အရေးကြီးဆုံး ပဋိပက္ခဖြစ်နေတဲ့ဟာက ပုဒ်မ ၁၄၄ ထပ်ထုတ်ထားရမယ့်ဟာပေါ့။ အဲ့ဒါက ဒေသခံတွေ ရဲ့ စိတ်ဒဏ်ရာကို ကြီးထွားစေတယ်။ နောက်တစ်ခုက မီးခိုးဗုံးလား၊ မီးလောင်ဗုံးလားဆိုတဲ့ ပြဿနာမှာ သုံးစွဲ တဲ့ ပစ္စည်းထက် အကြမ်းဖက်မှုဖြစ်ပွားတယ်။ ဒါကို တစ်စုံတစ်ရာ ဖော်ထုတ်မထားဘူး။ အဲ့ဒီ တစ်ချက် ကလည်း တော်တော်လေး၊ မခံမရပ်နိုင်ဖြစ်သွားတယ်။ နောက်တစ်ခုက စီမံကိန်းဆက်လုပ်ရမယ့်ကိစ္စပေါ့။ လောလောဆယ်ပြဿနာတွေကို ပြေပြေလည်လည် မရှင်းသေးပဲနဲ့ နေ့စဉ်မြေယာသိမ်းတာကို ကန့်ကွက် မယ်။ ကုမ္ပဏီက ရွာအနီးမှာ စွန့်ပစ်မြေတွေလာပုံရင် ကန့်ကွပ်မယ်။ နေ့စဉ်ကန့်ကွက်မှုတွေ ဆန္ဒပြမှုတွေ ဖြစ် နေမှာ။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အခြားအချက်တွေထက် လက်တွေ့ကျတဲ့ အချက်တွေ ပါသင့်တယ်။ လူထုကို ပိုမိုကြီးထွားစေတဲ့အချက်က သုံးချက်ပါ။ ပုဒ်မ ၁၄၄ ဆက်ထုတ်ရေး၊ မီးလောင်ဗုံး တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိတာ၊ စီမံကိန်း ဆက်လုပ် ထားမယ်ဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ စိတ်ဒဏ်ရာကို ပိုမို ကြီးထွားစေတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ကြီးကျယ်ခန်းနားလွန်းနေပြီ။ ကျွန်တော်တို့ နံပါတ်တစ် ဖြေရှင်းရမှာက ဒေသခံသူတွေရဲ့အရှိန်ကို လျော့ချပေးရ မယ်။ ယုံကြည်မှုတည်ဆောက်ရမယ်။ ပြီးမှ အခြား အဆင့်တွေနဲ့ ဆောင်ရွက်ရမယ်။ ဒေသခံပြည်သူတွေရဲ့ စိတ်ဒဏ်ရာလျော့မချပဲ ဘာကိုမှအကောင်အထည်ဖော်လို့ မရဘူး။ ပိုပြီးတော့ ဆိုးသွားစေတယ်။ သူတို့ ပညာ မဲ့ရင်မဲ့မယ်။ ရိုးသားပြီး မဟုတ်မခံစိတ်ရှိတယ်။ ရိုးသား မှုနဲ့ မဟုတ်မခံစိတ်က ဒါကိုစဉ်းစားမှာပဲ။

၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်လာတဲ့အခါမှာ မုံရွာ သပိတ်စခန်းမှာ ဆန္ဒပြခဲ့တာကို ကိုဟန်ဝင်းအောင် နောက်ကွယ်ကနေ လှုံ့ဆော်နေတယ်ဆိုပြီး သတင်း တွေပြန့်နေတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာပြော ချင်ပါသလဲ။
ကျွန်တော်တို့ ၁၄ ရက်နေ့ကအစီရင်ခံစာမှာ စီမံ ကိန်းဆက်လုပ်မယ့်ဟာကို ဆားလင်းကြီးမှာ ဆန္ဒပြကြ တယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်း ပေးရေး၊ ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးရေး မီးလောင်ဗုံး အကြမ်းဖက်သမားတွေ ဖော်ထုတ်ပေးရေးနှင့် ဆန္ဒပြကြ တယ်။ ဒေါ်အောင်ဆန်းစုကြည် လာခြင်း မလာခြင်းနဲ့ မသက်ဆိုင်ဘူး။ ဆန္ဒပြမှုတွေက ရာနဲ့ချီပြီးဖြစ်နေတာ။ ဒေသခံက သူ့နည်းသူ့ဟန်နဲ့ ဆန္ဒပြတယ်။ ဒေါ်အောင် ဆန်းစုကြည် ခရီးစဉ်နဲ့ကြုံကြိုက်ခဲ့တယ်။ ဒါကို ထိပ် တိုက်မတွေ့ကြနဲ့ ဒေသခံပြည်သူလူထုက နားလည်ရင် နားလည်တဲ့အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ကျွန်တော် သတင်းရတယ်။ ထိပ်တိုက်မတွေ့စေနဲ့၊ ကျော်ရွာကျော် ကျော်လောက်မှာ ထိပ်တိုက်တွေ့မယ်လို့ သတင်းရတယ်။ ကိုယ့်လမ်းကိုယ်လျှောက်ကြ၊ တားဆီးတာတွေမလုပ်နဲ့၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လုပ်နေတာက လူတစ်ယောက် ပုဂ္ဂိုလ်တစ်ယောက်ကို ဆန္ဒပြနေတာ မဟုတ်ဘူး။ စီမံကိန်းဖျက်သိမ်းရေးကို ဆန္ဒပြနေတာ၊ ဆန္ဒပြပြီးညနေမှာ ဒေသခံတွေနဲ့ ကျွန်တော်တို့ တွေ့ကြ တယ်။ ဒေါ်အောင်ဆန်းစုကြည် နောက်နေ့မှာ ဒေသခံ တွေကို လိုက်လံတွေ့ဆုံတဲ့အချိန်ကြရင် ဘယ်လိုလုပ် မလဲ။ ကျွန်တော်တို့က တစ်ယောက်တည်း လုပ်တာ မဟုတ်ဘူး။ အားလုံးလုပ်ကြတယ်။ လက်ခံနိုင်ရင် စကားပြော၊ လက်မခံနိုင်ရင်စကားမပြောနဲ့၊ ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးမဟုတ်ဘူး။ သူရဲ့ အမြင်တွေက လုပ်သင့်တာကို လုပ်သင့်တယ်လို့ မြင် ကောင်းမြင်လိမ့်မယ်။ အမျိုးမျိုးကြောင့် မလုပ်သင့်ဘူး ဆိုတဲ့ ပြည်သူတွေကလည်း စိတ်ခံစားချက်ရှိလိမ့်မယ်။ ဒါသဘောထားကွဲလွဲခွင့်ရှိတယ်။ ဒါ မွေးရာပါအခွင့် အရေးပဲ။ အဲဒါဘာမှပြသနာမရှိဘူး။ ဒါဟာ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မုံရွာသပိတ်စခန်းကိုလာတာဆိုတော့ ကျွန်တော်က ရန်ကုန် ကရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအဖွဲ့ချုပ်က လူတွေရယ်၊ လူဘောင်သစ်ဒီမိုကရက်တစ် ပါတီဟောင်း တွေရယ်၊ ABSDF ရဲဘော်ဟောင်း ကိုရဲလင်းတို့နဲ့ တစ် နေရာမှာ အစည်းအဝေးလုပ်နေတယ်။ ကျွန်တော်ဘာမှ လုပ်လို့မရဘူး။ တုံရွာကို ရောက်ပြီလားဆိုတော့ ပို ကောင်းတာပေါ့။ တွေ့ချင်တဲ့လူလည်းတွေ့။ မတွေ့ချင်တဲ့ လူလည်းမတွေ့နဲ့။ အဲဒီအချိန် တုံရွာထဲက ကျောင်း တစ်ကျောင်းမှာ အစည်းအဝေးလုပ်ဖို့ ပြင်ဆင်ထားတယ်။ ဒေါ်စုကရောက်လာပြီး ရွာထိပ်က သပိတ်စခန်းထဲကို ဝင်လာတယ်။ ဝင်တဲ့အချိန်မှာ လုံထိန်းတွေပါလာတယ်။ ဒါကို ကိုဗထူးက ဒါသပိတ်စခန်းဖြစ်တယ်။ မမြင် သင့်တာတွေလည်းရှိတယ်။ ဘုန်းကြီးတွေလည်းရှိတယ်။ တားမြစ်တယ်လို့ ကြားတယ်။ ကျွန်တော် အဲဒီမှာ လုံးဝ မရှိဘူး။ နောက်ဆုံးလုံထိန်းတွေက အားသိပ်ကောင်း တဲ့အခါမှာ သပိတ်စခန်းပေါ်တက်သွားတယ်။ ကိုဗထူးက သပိတ်စခန်းမှာရှိနေတာ။ ဒေါ်အောင်ဆန်းစုကြည်လာမှ သပိတ်စခန်းထဲဝင်လာတာမဟုတ်ဘူး။ အသေးစိတ်တော့ ကျွန်တော် မသိဘူး။ အဲဒီမှာ ကိုဗထူးက မီးလောင်ဗုံး အခြေအနေ ဘယ်လိုရှိလည်းမေးတော့ ဒေါ်အောင်ဆန်း စုကြည်ကသားက ဘယ်ကလဲလို့ မေးတော့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်ကပါလို့ ပြန်ဖြေတယ်။ အန်တီ ဒေသခံတွေနဲ့ တွေ့ဖို့လာတာ။ ရန်ကုန်က လူတွေ ကို တွေ့ဖို့အစီအစဉ်မရှိဘူးလို့ ပြောလိုက်တယ်။ ဒါ သပိတ်စခန်းထဲမှာ ဖြစ်နေတာ။ သပိတ်စခန်း အပြင် ထွက်ပြီး ဒေသခံတွေက မီးခိုးဗုံးလား မီးလောင်ဗုံးလား မေးတော့ မီးခိုးဗုံးလို့ ပြန်ဖြေတော့ ဒေသခံတွေက မကျေမနပ် ဖြစ်သွားတယ်။ ကျွန်တော်ပြောတဲ့ သုံးချက်ဘဲ ပုဒ်မ ၁၄၄၊ မီးခိုးဗုံး၊ စီမံကိန်းဆက်လုပ်မယ့် ပြဿနာ တွေကို လျော့ချဖို့လိုတာ။ အဲဒီမှာ ပေါက်ကွဲပြီးရွာထဲကို အဝင်မခံတော့ဘူးဆိုပြီး သူတို့ဘာသာ ဆုံးဖြတ်တာ။ ဆုံးဖြတ်ချင်တဲ့သူလည်း ဆုံးဖြတ်တယ်။ ပါချင်တဲ့သူ လည်းပါမယ်။ မပါချင်တဲ့သူလည်း မပါဘူး။ ကျွန်တော် က အားလုံးကို ကိုင်ထားလို့မရဘူး။ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းအလိုမရှိ၊ စုံးစမ်းစစ်ဆေးရေး ကော်မရှင် အဖြေအလိုမရှိဆိုပြီး ဆန္ဒပြပွဲဖြစ်သွားတယ်။ ကျွန်တော်နဲ့လည်းမဆိုင်ဘူး။ ကျွန်တော် တာဝန်ယူ သလားဆိုရင် ဒီဒေသမှာ ကူညီနေတဲ့သူတွေအတွက်ရှိရင် ရှိသလောက် သတ်မှတ်ပါ။ ကျွန်တော် တာဝန်ယူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင် ရေးမလုပ်ဘူး။ ဖြစ်သွားတာ ဒါပဲ။

ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြတဲ့သူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ ကြိုးစားတယ်လို့ကြားတယ်။ တစ်ဖက်က လည်း အတွေ့မခံဘူးလို့ ကြားတယ်။ ဘာလို့မတွေ့ တာလဲ။

ဒေါ်အောင်ဆန်းစုကြည် ၁၃ရက်နေ့ ရောက်ပြီး မနေ့က ၁၄ ရက်နေ့ ပြန်သွားရတဲ့အချိန်ထိ ဒေါ်အောင် ဆန်းစုကြည်ဘေးမှာပါတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သတင်းသမားတွေ၊ လုံခြုံရေးတွေ၊ အကြံပေးတွေ၊ ဆက် သွယ်ခြင်း၊ အကြောင်းကြားခြင်း မရှိဘူး၊ ကျွန်တော် ဖုန်းကို Call Log ကို ပြန်ဖွင့်လို့ရတယ်။ ကြားခံတစ်စုံတစ် ဦးနဲ့ ဖြေရှင်းပေးတယ်။ ကျွန်တော်တို့ဒေသခံတွေ အနေနဲ့ မတွေ့ရဲတာ ဘာများရှိလို့လဲဗျာ။ ဝမ်းပန်းတသာနဲ့ ခုန်ပျံကျော်ပေါက်ပြီး တွေ့ရမယ့်ဟာ။ ဒါဖြင့် မင်းက ကော တွေ့ဖို့မကြိုးစားဘူးလား။ ခင်ဗျားတို့ မေးနိုင် ပါတယ်။ မကြိုးစားဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗထူးနဲ့ ပထမဦးဆုံးဖြစ်စဉ်မှာ အန်တီလာတာက ရန်ကုန်ကလူတွေနဲ့ တွေ့ဖို့မဟုတ်ဘူး။ ဒေသခံတွေနဲ့ တွေ့ဖို့လာတာဆိုတဲ့ စကားရှိပြီးသားဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူလူထု အတွက် ဒေသခံတွေရှင်းပြဖို့က အဓိကဖြစ်တယ်။ ကျိန်းသေတာ တစ်ခုက လုံးဝ အဲ့ဒီဘက်ကနေ ဆက်သွယ်မှု၊ ကမ်း လှမ်းမှု မရှိခဲ့ဘူး။ ဒါဟာ ကျိန်းသေဘဲ။

လက်ပံတောင်းကိစ္စမှာ ကိုဟန်ဝင်းအောင်တို့ကို နိုင်ငံခြား တိုင်းပြည်တစ်ခုကနေ အဖွဲ့အစည်းတစ်ခုက ပိုက်ဆံထောက်ပံ့တယ်လို့ သတင်းတွေထွက်တယ်။ ဒီငွေတွေနဲ့ လက်ပံတောင်းတောင် ရပ်စဲရေးဖြစ်အောက် လုပ်ခိုင်း တယ်။ နဂိုအစိုးရလက်ထက်က ထိုင်း-မြန်မာ နယ်စပ် ဟိုဘက်ကမ်းကနေ မြန်မာအစိုးရကို ဝေဖန်ပြီး ဆဲရင် ပရိုပို့ဆယ် တင်ပြီး ပိုက်ဆံရတယ်။ အခု ဒီလိုပုံစံ လုပ်နေတယ်လို့ သတင်းတွေပျံ့နေတယ်နော်။

ကျွန်တော်သိသလောက် ကျွန်တော်တို့ကို ထိုင်း နိုင်ငံအခြေစိုက် ဒေါက်တာနိုင်အောင်၊ ဒေါ်ခင်ဥမ္မာ၊ ထောက်ပံ့တယ် ဆိုတဲ့ စကားသံတွေရှိတယ်။ နောက် တစ်ခါ AAPP က ကိုဘိုကြည်တို့ ထောက်ပံ့တယ်။ ကိုမိုးသီးဇွန်၊ တခြားအဖွဲ့အစည်း ပြည်တွင်းကဆိုရင် ဒေါက်တာကျော်သူ ထောက်ပံ့တယ်လို့ပြောတယ်။ နိုင်ငံရေးအမည်ခံတဲ့ အဖွဲ့အစည်းတွေ ထောက်ပံ့မှုပေး တယ်လို့ ထွက်နေတာ မဟုတ်ပါဘူး။ ခင်ဗျားက ကျွန်တော် ကို ညီအစ်ကိုလိုခင်လို့ ပိုက်ဆံပေးတာကိုတော့ လာ မပြောနဲ့လေဗျာ။ ကျွန်တော်အမေ ပိုက်ဆံပေးတာ။ ထောက်ပံ့တာမဟုတ်ဘူး။ ဒါကမဆိုင်ဘူး။ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုက နိုင်ငံရေးရည်ရွယ်ချက်တစ်ခုနဲ့ ထောက်ပံ့တယ်လို့ ပြောကြတာပေါ့။ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ ဟန်ဝင်းအောင်ရှင်းလို့ရတယ်။ စိန်ခေါ် တယ်။ ကိုဘိုကြည် မြန်မာပြည်ကို AAPP ကိစ္စနဲ့ လာတယ်။ ကျွန်တော်က နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက်ဖြစ်လို့ ရောဂါဖြစ်နေရင် အကျဉ်းသားတစ် ယောက်ကို အကူအညီပေးလို့ရတဲ့ ဆေးဖိုး ငါးသိန်း ပေးလို့ရတယ်လို့ ပြောတယ်။ ကျွန်တော် လက်မခံဘူး။ ကျွန်တော်နဲ့တွဲပြီးလုပ်တဲ့ ရဲဘော်တွေရှိတယ်။ ကြိုက်တဲ့ အချိန်မေးကြည့်။ ကျွန်တော်ပြောတာကို တရားဝင် ကြေညာပေးပါ။ ဒေါက်တာနိုင်အောင်၊ ဒေါ်ခင်ဥမ္မာတို့နဲ့ ငါးပြားမှ မပတ်သက်ဘူး။ မယူဖူးဘူး။ ဒေါက်တာနိုင် အောင် ကျွန်တော်ကို တစ်ခါတစ်လေ Online မှာတွေ့ရင် ညီလေးတော့ ဒီလိုမျိုးဆောင်ရွက်နေတယ်။ ကိုယ်တို့ လည်း ဒီမိုကရေစီအရေး ဆောင်ရွက်နေတာဖြစ်လို့ ဘာအကူအညီလိုပါသလဲ မေးတယ်။ ကျွန်တော် မလို ပါဘူး။ လက်လည်း မခံပါဘူး၊ သုံးကြိမ်တိတိ ကျွန်တော့် ကို ပြောတယ်။ လုံးဝ လက်မခံဘူး။ AAPP အဖွဲ့နဲ့လည်း လုံးဝ မရှိပါဘူး။ ယူထားတာလည်း မရှိပါဘူး။ ပေါင်းကူး ဒေါက်တာကျော်သူ ငါးပြားမှ မယူဘူးဖူး။ အမေရိကန် သံရုံးဆို ပိုတောင်ဆိုးပါတယ်။ ကျွန်တော်မှာ မွေးချင်းနှစ် ယောက်ရှိတယ်။ ကျွန်တော့်အမေက ရွှေဆိုင်ဖွင့်တယ်။ ကျွန်တော်ညီမလည်း ရွှေဆိုင်ဖွင့်ထားတယ်။ ကျွန်တော် ထောင်နှစ်ကြိမ်ကျတာ အိမ်က သိန်း ၄ဝဝ ကျော် ကုန်သွားတယ်။ အိမ်ကိုသွားတယ်၊ မုန့်ဖိုးယူတယ်။ တစ်ခါတစ်လေကျရင် ငယ်ပေါင်းကြီးဖော် သူငယ်ချင်း တွေက ခင်မင်လို့ ပေးတာမျိုးတွေရှိတယ်။ အရက်တိုက် ရင် တိုက်တယ်။ ဘီယာတိုက်ရင် တိုက်သွားတယ်။ နိုင်ငံရေးအမည်ခံတဲ့ အဖွဲ့အစည်းတွေကမယူဘူး။ NLD ဆီကလည်း မယူဘူး။ ဒေါက်တာနိုင်အောင်ကို အဆက် အသွယ်ရှိရင် မေးကြပါ။ ကျွန်တော့်ကို ကိုမိုးသီးဇွန် ထောက်ပံ့ပါတယ် ပြောတယ်။ မိုးသီးဇွန်နဲ့ တစ်ခါမှ မဆုံဖူးဘူး။ Online ပေါ်မှာ တွေ့ဖူးတယ်။ ပြည်သူ့ လှုပ်ရှားမှု သပိတ်စခန်းကနေ တစ်သောင်းတောင်းလို့ ဆန္ဒထပ်မပြရင် ငါးထောင်စီတောင်းတာ ဒီမှာ အကုန် လုံးရှိတယ်။ ရွာသားတွေကို မေးကြည့်ပါ။ ကျွန်တော် တရားဝင် အကူအညီတောင်းပြီး သပိတ် စခန်းဖြစ်နေတာ။ အလှူရှင်တွေရှိတယ်။ ကိုဇော်ထွန်း ပြည်တွင်းခရီးစဉ်လာ တုန်းက လာလှူသွားတာရှိတယ်။ လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီ ပြည်တွင်းကိုလာတုန်းက လာလှူသွား တာရှိတယ်။ တရားဝင်စာရင်းဇယားရှိတယ်။ မဟုတ်ရင် ပြောတဲ့လူ အကုန်တာဝန်ယူရမယ်။

ကိုဟန်ဝင်းအောင် ၂ဝ၁ဝ မှာ ထောင်ကလွတ်လာပြီး ဘာအသက်မွေးဝမ်းကျောင်းမှု အလုပ်လုပ်လဲ။ ဘယ် လို ရပ်တည်သလဲ။ လက်ပံတောင်းတောင်မှာ ဘယ်လို ပုံစံမျိုးနဲ့ နေထိုင်တာလဲ။

ကျွန်တော် ၂ဝ၁ဝ ဒီဇင်ဘာမှာ ထောင်ကနေ လွတ် လာပြီး အိမ်မှာနေတယ်။ စာဖတ်တယ်။ ကျွန်တော့် အမေဆီက ပိုက်ဆံတောင်းတယ်။ ညီမဆီက တောင်း တယ်။ ဦးလေးဆီက တောင်းတယ်။ အရင်တုန်းက ရွှေဆိုင်ထိုင်ပြီး ပန်းတိမ်လုပ်တယ်။ ကျွန်တော်က နိုင်ငံ ရေးလှုပ်ရှားမှု၊ လယ်သမား၊ အလုပ်သမား၊ လူတန်းစား တွေရဲ့ အခွင့်အရေးလှုပ်ရှားမှု တတ်နိုင်သလောက် ပါ ဝင်ခဲ့တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေ ထောင် ဝင်စာ တွေ့ဖို့လိုရင် အချင်းချင်း ချိတ်ဆက်ပြီးတော့ ငါးပိတို့၊ ငါးခြောက်တို့ သွားပို့တာမျိုးတွေရှိတယ်။ ရန်ကုန်မှာ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတုန်းက ကျွန်တော် မြန်မာငွေ ငါးရာပဲ ကုန်တယ်။ ပြည်သူတွေက ဖယောင်းတိုင်ယူလာကြတယ်။ အပြန်ကျတော့ သူတို့ ပါလာတဲ့ကားနဲ့ လိုက်ပို့တယ်။ ကျွန်တော်နဲ့ သိတဲ့အိမ် ရှိတယ်။ ကျွန်တော် ငွေရေးကြေးရေး မသုံးစွဲဘူး။ လက်ပံတောင်းကို ၂ဝ၁၁ မေလမှာ စရောက်တယ်။ ကျွန်တော် လှုပ်ရှားမှုနဲ့ သွားလာမှုတွေက ဟိုတယ်ကြီး အခမ်းအနားကြီးတွေ လုပ်တာမဟုတ်ဘူး။ သာမန်ပြည် သူတွေလိုပဲ ငွေရေးကြေးရေး သုံးစွဲတယ်။ သူငယ်ချင်း တွေလည်း လူမှုရေးအရ ကူညီတာရှိတယ်။ မိသားစု ကလည်း ကူညီတယ်။ ဒီရွာလာတုန်းက သူငယ်ချင်း တစ်ယောက်က အသုံးစရိတ် မြန်မာငွေ သုံးသောင်း သုံးချင်တာ သုံးလို့ ပေးလိုက်တယ်။ အဲဒီစရိတ်နဲ့ လက်ပံ တောင်းတောင်ကို ကားစီးလာတယ်။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးဖို့ စီမံကိန်းကြီးတွေ လိုအပ်တယ်။ ဒီစီမံကိန်းရပ်လိုက်ရင် အခြားစီမံကိန်းတွေပါ လိုက်ရပ် ပေးရမယ့်ပုံစံ ဖြစ်နေတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံ တွေကလည်း ဝင်ရမှာ ကြောက်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် စီမံကိန်းကို ဆက် လုပ်သင့် မလုပ်သင့်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို နှစ်နိုင်ငံ စာချုပ် ချုပ်ထားတဲ့အတွက် ရပ်ဆိုင်းလိုက်ရင် ဒီဖြစ်စဉ် ပေါ်မူတည်ပြီး အခြားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ တွန့် ဆုတ်သွားနိုင်တယ်ဆိုတာ ပြီးပြတ်နိုင်တဲ့ ဆင်ခြေမဟုတ် ဘူး။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် ဥရောပသမဂ္ဂ အမေရိကန် နိုင်ငံလိုဟာမျိုးတွေ မြန်မာပြည်ကို စင်ကာပူ၊ ဂျပန်၊ ကိုရီးယား အစရှိတဲ့ နိုင်ငံတွေကလည်း စိတ်ဝင် စားကြတယ်။ တစ်နိုင်ငံက တစ်နိုင်ငံကို ပြန်လည် ပြည့် ဖြိုးမြဲမဟုတ်တဲ့ စွမ်းအင်ထုတ်လုပ်ရေး၊ ရေနံ၊ ကျောက် မျက် ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကုန်သွယ်ဖက် လုပ် ဖို့ဆိုရင် ပြည်သူတွေက ကန့်ကွက်တာ ဘာမှ စိုးရိမ်စရာ မရှိဘူး။ ပြည်သူတွေအနေနဲ့ အဆင့်အတန်းရှိတဲ့ ကုန် ထုတ်လုပ်မှု၊ မညှာမတာ ဈေးပေါပေါနဲ့ လုပ်တာတွေကို ကန့်ကွက် ရဦးမယ်ထင်တယ်။ ဥပမာ အမေရိကန်ဆိုရင် ဒီလိုဟာမျိုးတွေ မထုတ်ဘူး။ ဒါ Open မိုင်းချည်းပဲ။ လက်ဝါးကြီးအုပ်ထားတာ ဖြစ်နေတယ်။ သဘာဝ ပတ်ဝန်းကျင် ညစ်ပတ်တယ်။ ကျွန်တော်တို့က ကန့် ကွက်ရင် ပြည်သူလူထုကို ပွင့်လင်းမြင်သာအောင် လုပ်ပေါ့။ အဲဒီတော့ အခြားလူတွေက ကြောက်သွား လို့ရှိရင် ကြောက်သွားကောင်း ကြောက်သွားလိမ့်မယ်။ မြန်မာပြည်ကနေ ခရိုနီတချို့ လက်ဝါးကြီးအုပ် ဝင်နှိုက် မယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ကြောက်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့ မတရား အမှောင်ချပြီးတော့ တစ် သက်လုံး မြှုပ်နှံမှုတွေ ဆက်လုပ်နေရင် မလုပ်တာကမှ ပိုကောင်းဦးမယ်။ ဘာကြောင့်လဲဆိုရင် ဟိုးရှေးက လုပ်ခဲ့တဲ့ စီမံကိန်းတွေ၊ မဆလ လက်ထက်ကတည်းက စီမံကိန်းတွေ လုပ်တာ၊ ဘယ်သူအတွက် အကျိုးအမြတ် ရမလဲ။ သာဓကတွေ ရှိတယ်။ ထုတ်လုပ်တိုင်း ပြည် သူတွေ အကျိုးမခံစားရဘူး။ ပွင့်လင်းမြင်သာမှုနဲ့ ထုတ် လုပ်ရေး ပေါ်လစီ နိုင်ငံတော်က ဘယ်လောက်ရမှာလဲ။ အစိုးရ ဘယ်လောက်ရမလဲဆိုတဲ့ ပေါ်လစီတွေ ဆက် လုပ်ဆောင်နေရင် အလကား ပြီးစီးနေမှာပဲ အဲဒီဆင်ခြေ ကို ကျွန်တော် လုံးဝ လက်မခံဘူး။

တကယ်လို့ စာချုပ်ချုပ်တဲ့ထဲမှာ ကိုဟန်ဝင်းအောင်လိုမျိုး ကူညီပေးနေတဲ့ လူမျိုးပါလာခဲ့မယ်ဆိုရင် ဒီစီမံကိန်း ရပ်ဆိုင်းသင့် မသင့်ဆိုတာက တစ်စုံတစ်ရာ ပြောင်းလဲ လာနိုင်သလား။

ကျွန်တော်အမြင်ပြောရရင်တော့ အစီရင်ခံစာ ဖော်ပြချက်မှာ အစီရင်ခံစာရဲ့ အပိုင်းပေါ့ဗျာ။ စီမံကိန်းလုပ် မယ်ဆိုရင် ဒီအတိုင်းကြီးတော့ မလုပ်ပါနဲ့။ မကောင်းဘူး။ ဖျက်သိမ်းတာလည်း မကောင်းဘူး။ ပြင်ဆင်ပြီးလုပ်တဲ့ အကြံပြုချက်တွေမှာ စီမံကိန်း မစတင်ခင် ဖြည့်ဆည်း ဆောင်ရွက်ရမယ့်ကိစ္စတွေရှိတယ်။ စီမံကိန်းလုပ်ဆောင် နေတဲ့နှစ် ၂၈ နှစ်လောက် တောက်လျှောက်ဖြည့်ဆည်း ပေးရမယ့်ကိစ္စတွေရှိတယ်။ စီမံကိန်းလုံးဝပြီးသွားပြီ။ တောင်ကြီးလည်း လုံးဝ ပျောက်သွားပြီဆိုတဲ့ ကာလမှာ ပြန်လည်ဖြည့်စွက်ပေးရမယ့် ကိစ္စသုံးပိုင်းလောက် ရှိတယ်။ အဲဒီအကြံပြုချက်ကို တကယ်ဖြည့်ဆည်း ပေးနိုင်မလား။ ဘယ်သူက စောင့်ကြည့်မလဲ။ ဘယ်သူကရော အာမခံမလဲ ဆိုတဲ့ ပြဿနာရှိတယ်။ ဒါက မဖြစ်နိုင်တာကို မေးခွန်း ထုတ်နေတာ မဟုတ်ဘူး။ ပွင့်လင်းမြင်သာမှုနဲ့ တကယ် တာဝန်ခံမှု ရှိတယ်ဆိုရင် မလုပ်ရသေးတဲ့ ဒီတောင်ကို မပြောနဲ့။ လုပ်ပြီးလက်စ စံပယ်တောင်၊ ကြေးစင်တောင် ကိုပဲ အရင်ဖြည့်ဆည်းကြည့်ပါလို့။ ကြေးစင်က ရန်စီ ကုမ္ပဏီ၊ လက်ပံတောင်းတောင်က ဝမ်ပေါင်ကုမ္ပဏီ အတူတူပဲ အရင်ဖြည့်ဆည်းပေးပါလို့ မေးခွန်းထုတ်ချင် တယ်။ စာချုပ်ပါ အချက်အလက်တွေကို ပြင်ဆင်ဖို့ အရင်လုပ်မယ်ဆိုရင် ဒီကိစ္စဟာ ဒေသဆိုင်ရာ ပြဿနာ မဟုတ်တော့ဘဲ တည်ငြိမ်ရေးကိုပါ တဖြည်းဖြည်းနဲ့ ထိပါးလာတဲ့ ပြဿနာတွေ ဖြစ်တဲ့အတွက် တိုင်းပြည် မှာ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ တကယ်ဒေသခံခေါင်းဆောင်တွေ တိုင်းပြည်ကို တကယ် ချစ်မြတ်နိုးသူတွေနဲ့လုပ်တာ တကယ် အဆင်ပြေပါ တယ်။ ကျွန်တော်တို့ကတော့ ပြည်သူအများစု လက်ခံ တယ်။ သဘောတူတယ်ဆိုရင် ပြည်သူတွေရဲ့သဘော ဆန္ဒအတိုင်းပဲ လိုက်မှာပါ။

သပိတ်ဖြိုခွင်းတဲ့နေရာမှာ အသုံးပြုသွားတဲ့ ဗုံးကို အစိုးရက ထုတ်ပြန်တဲ့အခါမှာ မီးခိုးဗုံးလို့ထုတ်ပြန်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာမှာလည်း မီးခိုးဗုံးလို့ပဲ သတ်မှတ်ထားတယ်။

တစ်ကြောင်းဆွဲကောက်ချက်နဲ့တော့ အပိတ် ပြော လို့မရဘူး။ နှစ်ပိုင်းတော့ရှိတယ်။ အကြမ်းဖက်ဖြိုခွင်း လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စဉ်းစားရမယ့်အချက်က နံပါတ်တစ်၊ နံပါတ်နှစ်က ကန့်သတ်လက်နက် သုံးစွဲမှု ဟုတ်မဟုတ်ဆိုတဲ့ အဖြေရှာရမယ့်အပိုင်း နှစ်ပိုင်းရှိတယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ တင်ပြသလို အဆင့်ဆင့်ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအရ အသိပေး ပြီးမှ ကျင့်ထုံးအရ ဝင်ရောက် ဖြိုခွင်းတယ်ဆိုရင် ဥပဒေနဲ့ညီတယ်ပေါ့ဗျာ။ ဒါဆိုရင် ကန့်သတ် ပစ္စည်းသုံး မသုံးဆိုတာ လေ့လာရမယ်။ ဒါနဲ့ပတ်သက်ပြီး အမေရိ ကန်နိုင်ငံက ဒေါက်တာရောလ်မန်တို့ ခွဲစိတ် သုတေသန လုပ်တာ၊ ထိုင်းနိုင်ငံက ဆင်းလာတဲ့အဖြေတွေကို စတဲ့ ကျွမ်းကျင်အလွတ်ပညာရှင်တွေ၊ နိုင်ငံတော် တာဝန်ပေး ချက်မဟုတ်တဲ့ ဟာတွေကတော့ ဖော့စဖရိတ် ဗုံးလို့ သတ်မှတ်ထားတယ်။ ဒီကတော့ မဟုတ်ဘူးလို့ ပြော တယ်။ ဒါကတော့ သေသေချာချာ စုံစမ်းပြီးတော့ ပြော ရမှာပေါ့။ ကပစ ကနေ ထုတ်ပေးလိုက်တယ်လို့လည်း ပြောကြတယ်။ ဒါက အငြင်းပွားစရာရှိတယ်။ ကျွန်တော် ပြောချင်တာက လူထုရှုထောင့်ကနေ ပြောတာတွေ၊ အော် တာတွေ၊ တစ်ခုတည်းကိုကြည့်လို့ မရဘူး။ သပိတ်စခန်း တွေဖွင့်တယ်။ အကြိမ်ကြိမ်ဆန္ဒပြခွင့် ရှစ်ကြိမ်တောင်း တယ်။ တစ်ကြိမ်မှ မရဘူး။ ကုမ္ပဏီဘက်ကျတော့ လယ်မြေတွေသိမ်းတယ်။ ခွင့်ပြုချက်မကျတော့ ဆန္ဒပြဖို့ လိုတယ်။ မပြလို့ကလည်း မဖြစ်နိုင်ဘူး။ ကုမ္ပဏီက မြေသိမ်းတော့ ဒေသခံတွေက လမ်းမပေါ်ထွက်လာတဲ့ အကြောင်းကို ထည့်စဉ်းစားရတယ်။ အဲဒါတွေက ပြဿနာ တွေကြီးထွားလာတဲ့အခါကျတော့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးက စီမံကိန်းနဲ့ ပတ် သက်ပြီးကြွေးကြော် တောင်းဆိုနေတဲ့ကိစ္စတွေကို ဆန္ဒပြမှုတွေနဲ့ ပတ်သက်တာတွေကို သူ့အနေနဲ့ မဖြေ ရှင်းပေးနိုင်ဘူးလို့ပြောတယ်။ ပြည်ထောင်စုအဆင့်ကပဲ ဖြေရှင်းပေးနိုင်တာလို့ပြောတယ်။ ပြည်ထောင်စုအဆင့် Level ကလည်း လုံးဝမလာဘူး။ နိုဝင်ဘာ ၂၃ ရက်မှာ တော့ တစ်ကြိမ်လာတယ်။ ဦးအောင်မင်းရယ်၊ ပြည် ထောင်စုကြံ့ခိုင်ရေးအမတ် ဦးသန်းမြင့် အဲတာပဲလာ တယ်။ ဒါတောင် ဖြေရှင်းသွားတာမဟုတ်ဘူး။ ဒေသခံ တွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ မကြာကြာအောင် အချိန်ဆွဲ ထားတဲ့ကိစ္စက မကြီးထွားရင် ကြီးထွားလာအောင်လုပ်ခဲ့ တဲ့ကိစ္စတွေ ဖြေရှင်းသင့်တယ်။ ဘယ်သူ့မှာတာဝန် ရှိသ လဲ။ စည်းမဲ့ကမ်းမဲ့ လမ်းပေါ်တက်လာတာမျိုးတော့ မဟုတ်ဘူး။ ဥပဒေအရမဟုတ်တော့ဘဲ တက်လာ အောင်ခွင့် မပြုပေးတာက ဘယ်သူတွေလဲ။ အဲဒါကြောင့် ဒါမျိုးတွေဖြစ်လာတာ။ သပိတ်စခန်းတွေ ဖွင့်ကြတယ်။ အဲဒီမှာ ကုမ္ပဏီနဲ့ ပြည်သူ တိုက်ရိုက်ဆက်ဆံခိုင်း ပြီးမှ မြေသိမ်း မှုတွေလုပ်တယ်။ ပြည်သူက တိုက်ရိုက်မြေသိမ်း တာကို ဆန့်ကျင်တယ်။ အဲဒီလိုမျိုး ကုမ္ပဏီ၊ အစိုးရနဲ့ တိုက်ရိုက် ဖြစ်ပေါ်လာတဲ့ ပြဿနာမှာ ကြားခံပါ။

ဒေါ်အောင်ဆန်းစုကြည်က (၁၄)ရက်နေ့က သပိတ်စခန်း မှာ ဆရာတော်ကို လျှောက်ပါတယ်။ အစီရင်ခံစာက ကျွန်မပဲလုပ်တာပါ။ ကုမ္ပဏီနဲ့လည်းမဆိုင်ပါဘူး။ ဒေသ ဆိုင်ရာ အာဏာပိုင်နဲ့လည်း မဆိုင်ပါဘူး။ ဆန္ဒပြချင် တယ်ဆိုရင် ကျွန်မကိုပြလို့ရပါတယ်။ ခွင့်ပြုချက်ယူပြီး တရားဝင် ကျွန်မအိမ်ရှေ့မှာလာပြီး ဆန္ဒပြနိုင်ပါတယ်လို့ ပြောသွားတယ်။ အစ်ကိုတို့အနေနဲ့ ဆန္ဒပြမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြသလို ဖြစ်နေမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်ဆို တော့ ဒေသတွင်းပြဿနာတွေ ကြီးထွားနေတဲ့ ဒေသမှာ မလိုလားအပ်တဲ့ နိုင်ငံရေးအရ ပေါက်ကွဲမှုတွေ၊ ပယော ဂတွေမပါလာအောင် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပြော လိုက်တဲ့ စကားတွေလို့ နားလည်တယ်။ လက်တွေ့ ဆန်ဆန်ကြတော့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဒါကြီး ဖြစ် နေတယ်။ သူတို့က မြင်တာမဟုတ်ဘူး။ ဒေါ်အောင် ဆန်းစုကြည်နဲ့လည်း မဆိုင်ဘူး။ နှစ်ပေါင်းများစွာ ကတည်းက ဦးပိုင်က လုပ်ခဲ့တယ်။ Wanbao နဲ့ ဖြစ် ခဲ့တယ်ဆိုတာပဲ သူတို့နားလည်ထားတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းမယ်ဆိုရင် တကယ်ကုမ္ပဏီပိုင်း နဲ့ တာဝန်ရှိသူပိုင်းကပဲ တာဝန်ယူပြီး ဖြေရှင်းရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကြံပြုတဲ့အပိုင်း စုံစမ်း တဲ့အပိုင်းမှာပဲ တာဝန်ရှိတယ်။ စေတနာနဲ့ ပါဝင်ခဲ့တာ ပါ။ ကျွန်တော်နားလည်တာကတော့ ဒေါ်အောင်ဆန်းစု ကြည်ကို ဆန္ဒပြစရာမလိုပါဘူး။ ပြတယ်ဆိုတာကတော့ တခြားအပိုင်းတွေပဲ ရှိလိမ့်မယ်။ ကျွန်တော်တို့က ဒေါ် အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောစရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့က စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ မလိုအပ်ဘူးဆိုရင် ဖျက်သိမ်းဖို့ လုံးဝ Perfect ဖြစ်နေရင် ပြည်သူလူထုက လက်ခံလို့ ဆိုရင် လုပ်ချင်နေ မလုပ်ချင်နေ ဒါကတစ်ပိုင်း။ ကျွန်တော်တို့က စီမံကိန်းဖျက်သိမ်းရေး ပွင့်လင်းမြင်သာမှုရှိရေး၊ လူထု အကျိုးစီးပွားပိုင်းကပဲ သွားနေတဲ့အတွက် ဒေါ်အောင် ဆန်းစုကြည်အပိုင်းကို ဘာမျှပြောမှာမဟုတ်ပါဘူး။ စီမံကိန်းနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ သူရဲ့အပိုင်းကို ပြောရမှာပါ။

နောက်ဆုံးအနေနဲ့ ဆည်တဲရွာကို ဒေါ်အောင်ဆန်းစု ကြည်နဲ့ လုံခြုံရေး ငါးဦးကိုပဲ လမ်းလျှောက်ပြီး ပေးဝင် ခိုင်းတာ ဘာကြောင့်လဲ၊ လုံခြုံရေးအပြည့်အဝနဲ့ ဘာ ကြောင့် ပေးမဝင်တာလဲ။

ဆည်တဲရွာက ဇီးတောရွာ၊ ဝက်မှေးရွာတို့က ပုဒ်မ ၁၄၄ အထုတ်ခံထားရတာ။ ရွာက ခြံစည်းရိုးတွေ ကာထားတယ်။ အမြဲတမ်း သတိနဲ့နေတဲ့ ရွာပေါ့ဗျာ။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က ဆည်တဲကို ဝင်တယ်။ ဝင်တဲ့အခါကျတော့ ကျွန်တော်က အဲဒီဘက် မှာ မရှိဘူး။ ရွာသားတွေက အခြေအနေ လှမ်းပြော တယ်။ လုံထိန်းကား သုံးစီးပါတယ်။ အားလုံးလည်း သက်သေရှိတယ်။ ထောက်လှမ်းရေးတွေလည်း ပါလာ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စကို လာ ရောက်ရှင်းလင်း အဖြေရှာတာပဲ။ ဒါက ပြဿနာ မဟုတ်ဘူး။ လုံထိန်းတွေက ပါနေတဲ့အတွက် လုံထိန်းတွေကို ရွာထဲ အဝင်မခံတာ။ ရွာလမ်းကြောင်းတွေကို သိပြီး နောက်တစ်ခါကျရင် လုံထိန်းတွေက ဒီရွာကို လာဖြိုရင် လုံထိန်း လမ်းကြောင်း သိနိုင်တယ်။ ဒါမျိုးကို သူတို့တွေ စိုးရိမ်မှုရှိတယ်။ ရွာသားတွေက တံခါးကို ပိတ်လိုက်တယ်။ ရွာသားတွေက စပြောတယ်။ ဒေါ် အောင်ဆန်းစုကြည် ဝင်ပါ။ လုံခြုံရေး လေးငါးခြောက် ယောက် ဝင်ပါ။ ထောက်လှမ်းရေးတွေ မပါ ပါစေနဲ့။ သတင်းထောက်တွေထဲမှာလည်း ထောက်လှမ်းရေးတွေ ပါနေမှာကို သူတို့ အရမ်းကြောက်တယ်။ ကားနဲ့ ဝင်ပါ၊ လမ်းလျှောက်ဝင်ပါ၊ ဘာမှမပါဘူး။ ရွာသားတွေ ပြော တာက ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ခွင့်မပေးတာ မဟုတ်ဘူး။ လုံထိန်းနဲ့ ထောက်လှမ်းရေးကို ပိတ်တာ။ အဲဒီမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ နောက်ဆုံးတော့ လုံထိန်းတွေ ပါမသွားဘူးပေါ့ဗျာ။ သတင်းထောက် တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဝင်ခွင့်ရခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆည်တဲရွာ မဝင်ပါနဲ့လို့ ရွာသားတွေက အမိန့်ပေးလို့ မရဘူး။ ဘယ်သူမှ အမိန့် ပေးလို့ မရဘူး။ ကျွန်တော်လည်း အမိန့်ပေးလို့ မရပါ ဘူး။ ရွာသားတွေပြောတာက လမ်းလျှောက်ခြင်း မလျှောက်ခြင်း တစ်ခုမှ မပါပါဘူး။ လုံထိန်းတပ်ဖွဲ့တွေ ရွာထဲ အဝင်မခံနိုင်ဘူး။ ထောက်လှမ်းရေးတွေ အဝင် မခံနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လိုအပ်တဲ့သူတွေ ဝင်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွာသားတွေလည်း ပြေလည်တာလည်း ရှိတယ်၊ မပြေလည်တာလည်း ရှိ တယ်။ ကျွန်တော့်သဘောအရ ရွာသားတွေပြောတာ ရှင်းရှင်းလင်းလင်း သဘောပေါက်တယ်။ ဖြစ်စဉ်က ဒီအတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်း ဆောင်တစ်ယောက်အနေနဲ့ ဒီဒေသက ပြည်သူတွေ မမုန်းဘူး။ မကန့်ကွက်ကြဘူး။ သူတို့ကန့်ကွက်နေတာက တစ်ဖက်သတ် နိုင်ထက်စီးနင်းလုပ်နေတဲ့ စီမံကိန်းအပေါ် မှာ စိတ်ပျက်နေကြတာ ဖြစ်တယ်။ အဲဒါကို ကွဲကွဲပြား ပြား နားလည်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒေါ်အောင် ဆန်းစုကြည်ကြောင့် စီမံကိန်းကြီး ပုံဖော်မှုက ပင်မ အကြောင်းအရာဖြစ်တဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ အဖြေ ရှာရေး၊ အကြမ်းဖက်မှုတွေ ဖော်ထုတ်ရေး၊ ဒေသတည် ငြိမ်ရေးနှင့် တိုင်းပြည်စီးပွားရေးနဲ့ ပတ်သက်တဲ့ ပြဿနာ တွေ လမ်းကြောင်းလွှဲမှာဖြစ်တဲ့အတွက် ကျွန်တော် ကိုယ်တိုင်လည်း အဲဒါကို မပြောဘူး။ အားလည်း မပေး ဘူး။ ကျွန်တော ဆက်မရှင်းဘူး။ တိုင်းပြည်အတွက် အကျိုးမရှိတဲ့ ခေါင်းစဉ်တွေဖြစ်နေတဲ့အတွက် ပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြဿနာတွေ တက်တယ် ဆိုတာတွေ မဖြစ်သင့်ဘူး။ အဓိက က စီမံကိန်းကြောင့် ပြဿနာကို ဖြေရှင်းဖို့ဆိုရင် စီမံကိန်းခေါင်းစဉ်အောက် ကဖြစ်နေတဲ့ ခေါင်းစဉ်ကိုပဲပြောကြတာ အဖြေရှာကြပါ။
 
.. www.MyanmarExpress.net
 

11 comments:

ပြည်ဖျတ်မယ့် မင်းကိုနိုင်

ဟန်ဝင်းအောင်
ရမလားလို့ လုပ်ကြည့်တာပေါ့ကွာ။မရတော့လည်း တစ်ချို့ဟာတွေ သားမသိပါဘူးပေါ့။မင်းက ခပ်ညံ့ညံ့ကောင်ဆိုတော့ ခုထက်ထိ ကန့်လန့်ကန့်လန့်နဲ့ ရှင်းနေရတုံ။လူလည် တစ်ချို့ကတော့ ကော်မရှင် စ ကတည်းက လက်ရှောင်သွားတာ။ဒေါ်စုလို သတ္တိမရှိတာပေါ့ကွာ။အစီရင်ခံစာ ထွက်လာရင် တစ်ခုခုဖြစ်လာနိုင်တ်ာဆိုတာ သူကြိုမတွေးဘဲ နေမှာမဟုတ်ဘူး။သိလျက်နဲ့ သူတာဝန်ခံပြီးလုပ်ခဲ့တာ။သူ့ပုံရိပ်က မင်းတို့ ထင်တာထက်ကြီးတယ်။သူတွေးသလောက် မင်းတို့မတွေးနိုင်သေးဘူး။အစီရင်ခံစာ အပြီး ခဏမငြိမ်တာလောက်ကို ထိန်းပြီး နောက်ကွယ်က ကိစ္စတွေပေါ်လာအောင် လုပ်သွားတာ။မင်းရော ရန်ကုန်ပြန်ရောက်ပြီလား။ဟိုမှာရော နေစရာရှိရဲ့လား။

ဟန်ဝင်းအောင်ဆိုတဲ့မအေလိုးလီးပဲ ငါလိုးမကိုယ်မေကိုယ်လိုး
မင်းနှမငါလိုး ကိုယ်အမေကိုယ်လခပေးလိုးတဲ့အကောင်

မအေလိုး ဟန်ဝင်းအောင် နားမလည် ရိုးသားဖြူစင်တဲ့ တောသူ
တောင်သားတွေကိုမြှောက်ထိုးပင့်ကော်လုပ်
ထမင်းတလုပ်အတွက် နိုင်ငံရေးသတ်မလျှိုနဲ့
ဘေးကညှေင့်ရမှထမင်းဝတယ်ဆိုရင် ခွေးမတကောင်နဲ့ခွက်စုပ်တလုံး
ပေးလိုက်မယ် ဘုရားကြီးရှေ့ကခြင်္သေ့လအုနားကနေရာမင်းနေရာပဲ
၄၂၂၈၀၆

မအေလိုး ဟန်ဝင်းအောင်
မသေသေးဘူးလား

ထောင် ထဲ မှာ ဘဲ နေ ပါ ကွာ ။ အ များ အ ကျိုး ရှိ ပါ တယ် ။မင်း အမေ မင်ငး အမ နှမ တွေ ငါ,,,, စောင် မ ကြည့် ရှု လိုက် ပါ့ မယ်။

ဟန်ဝင်းအောင် ဖြေကြည့်ပါ......

၂၀၁၃ မတ်လ ၁၃ ရက်နေ့ ည ၁၁ နာရီကျော်လောက်က သပိတ်စခန်းတွေကို ရဲတွေဝင်စီးနေပါပြီ၊ ဒေါ်စုစကား နားမထောင်လို့  ရိုက်တာလို့ ပြောပြီး ရိုက်နှက်နေပါပြီ ဆိုပြီး သတင်းသမားတွေကို ခေါ်တာတွေ၊ အွန်လိုင်းပေါ်တင်တာတွေ နောက် ဆည်းတည်းရွာမှာ သတင်းသမားတွေနဲ့  လူထုကို ရန်တိုက်ပေးတာတွေကို ဘယ်လိုဖြေမလဲ......

ဒါဖြင့် မင်းကကော တွေ့ဖို့ မကြိုးစားဘူးလား။ ခင်ဗျားတို့ မေးနိုင်ပါတယ်။ မကြိုးစားဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗထူးနဲ့ ပထမဦးဆုံးဖြစ်စဉ်မှာ အန်တီလာတာက ရန်ကုန်ကလူတွေနဲ့ တွေ့ဖို့မဟုတ်ဘူး။ ဒေသခံတွေနဲ့ တွေ့ဖို့လာတာ ဆိုတဲ့စကား ရှိပြီးသားဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူလူထုအတွက်၊ ဒေသခံတွေရှင်းပြဖို့က အဓိကဖြစ်တယ်လို့ ဆိုတယ်.... ဗထူးကိုပြောတဲ့ စကားကြောင့် ဆိုပြီး လုံးမချပါနဲ့ ..... ဗထူးနဲ့ တွေ့ တာ ၁၄ ရက်နေ့  မနက်မှ တွေ့ တာပါ..... အဲ့ဒါကိုကော ဘယ်လိုရှင်းမလဲ.....

ABSDF ကတော့ မပြောလိုဘူး....... လက်ရှောင်တယ်..... မနေနိုင် သူ့ဟာသူ ရှင်းလိမ့်မယ်..... လူ့ဘောင်သစ်က မိုးသီးဇွန်ရဲ့ အဖွဲ့ဟောင်း...... ဒါဆိုရင် မိုးသီးဇွန်နဲ့ အဆက်အသွယ် မရှိပါဘူး ဆိုပီး ဗျောင်လိမ်တယ်.....

နောက် လူ့ဘောင်သစ်ကနေ လှူတဲ့ အလှူငွေ ရတဲ့ဟာက မိုးသီးဇွန်နဲ့ ကင်းတယ်လို့ ရဲရဲတင်းတင်း ဖြေရဲသလား........

၁၃ ရက်နေ့ ၁၄ ရက်နေ့က ကိစ္စတွေမှာ မသွဲ့ သွဲ့ ဝင်း မပါလို့ ဟန်ဝင်းအောင် ဝှက်မှေးရွာထဲ ဝင်သောင်းကျန်းတဲ့ ကိစ္စကိုကော ဘယ်လိုဖြေရှင်းမလဲ.....

လူတွေကို သွေးမဆူဆူအောင်လုပ်တာ၊ သွေးဆူနေတဲ့ လူတွေကို ကိုယ့်ဟာကိုယ် နိုင်အောင်မထိမ်းတာ၊ ဝမ်ပေါင်ရုံးရှေ့ မှာ ဟန်ဝင်းအောင် တပည့်တွေ မူးပြီး အော်တာ၊ ဆဲတာ ဆိုတာတွေကို ဘယ်လိုဖြေရှင်းမလဲ.......

ဟန်ဝင်းအောင် ဖြေကြည့်ပါ...... နိုင်ငံရေးအရ နာမည်သေဖို့ ဖြစ်လာလို့ ပြန်အဖတ်ဆယ်ဖို့ ကြိုးစားပေးမယ့် ခင်ဗျား လုပ်ခဲ့တာတွေက သမိုင်းတွေ ဖြစ်နေပြီ..... အခုမှ ဘွာတေး ခတ်လို့ မရတာကို ဘယ်လိုဖြေရှင်းမလဲ.........

James Mint
19-3-13

(မိုးသီးဇွန်) နဲ့ တစ်ခါမှ မဆုံဖူးဘူး။ Online ပေါ်မှာ တွေ့ဖူးတယ်။
ပြည်သူ့ လှုပ်ရှားမှု သပိတ်စခန်းကနေ တစ်သောင်းတောင်းလို့ ဆန္ဒထပ်မပြရင် ငါးထောင်စီတောင်းတာ ဒီမှာ အကုန်လုံး ရှိတယ်။ ရွာသားတွေကို မေးကြည့်ပါ။ ကျွန်တော် တရားဝင် အကူအညီတောင်းပြီး သပိတ်စခန်းဖြစ်နေတာ။ အလှူရှင်တွေရှိတယ်။ (ကိုဇော်ထွန်း) ပြည်တွင်းခရီးစဉ်လာ တုန်းက လာလှူသွားတာရှိတယ်။


(လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ) က ပြည်တွင်းကိုလာတုန်းက လာလှူသွားတာ ရှိတယ်။ တရားဝင်စာရင်းဇယား ရှိတယ်။

ရန်ကုန်မှာ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတုန်းက ကျွန်တော် မြန်မာငွေ ငါးရာပဲ ကုန်တယ်။

လက်ပံတောင်းကို ၂ဝ၁၁ မေလမှာ စရောက်တယ်။

(((ဒါဆိုရင်တော့ ရှင်းပြီ ထင်ပါတယ်။ ၂၀၁၁ မေလကစပြီး ဟန်ဝင်းအောင် လက်ပံတောင်းကို ၀င်ပြီး မွှေနေတယ် ဆိုတာ)))

ကျွန်တော် လှုပ်ရှားမှုနဲ့ သွားလာမှုတွေက ဟိုတယ်ကြီး အခမ်းအနားကြီးတွေ လုပ်တာမဟုတ်ဘူး။ သာမန်ပြည် သူတွေလိုပဲ ငွေရေးကြေးရေး သုံးစွဲတယ်။

သူငယ်ချင်း တွေလည်း လူမှုရေးအရ ကူညီတာရှိတယ်။ မိသားစု ကလည်း ကူညီတယ်။ ဒီရွာလာတုန်းက သူငယ်ချင်း တစ်ယောက်က အသုံးစရိတ် မြန်မာငွေ သုံးသောင်း သုံးချင်တာ သုံးလို့ ပေးလိုက်တယ်။ အဲဒီစရိတ်နဲ့ လက်ပံတာင်းတောင်ကို ကားစီးလာတယ်။

**************************************************

(((စရိတ် ၃ သောင်းနဲ့ ရောက်လာတဲ့ ဟန်ဝင်းအောင်ဟာ အခုဆိုရင် iPad တွေ၊ လက်ပ်တော့တွေ၊ Sky Net တွေ၊ ဟန်းဖုန်းတွေနဲ့ Control Room ကြီး ဖြစ်အောင် လုပ်နိုင်လာတာဟာ ဘယ်ကမှ ငွေမရဘဲ လုပ်တယ် ဆိုတာ ဖြစ်နိုင်သလား.....ဟန်ဝင်းအောင် လိမ်နေပြီ !!!!)))

(((သူပြောတဲ့အထဲမှာ ခင်ဥမ္မာကို ဘာဖြစ်လို့ ချန်သွားရသလဲ....စဉ်းစား စရာပါ.....)))

**************************************************

ရွာသားတွေက အခြေအနေ လှမ်းပြောတယ်။ လုံထိန်းကား သုံးစီးပါတယ်။

လုံထိန်းတွေက ပါနေတဲ့အတွက် လုံထိန်းတွေကို ရွာထဲ အဝင်မခံတာ။ ရွာလမ်းကြောင်းတွေကို သိပြီး နောက်တစ်ခါကျရင် လုံထိန်းတွေက ဒီရွာကို လာဖြိုရင် လုံထိန်း လမ်းကြောင်း သိနိုင်တယ်။

ရွာသားတွေပြောတာက လမ်းလျှောက်ခြင်း မလျှောက်ခြင်း တစ်ခုမှ မပါပါဘူး။ လုံထိန်းတပ်ဖွဲ့တွေ ရွာထဲ အဝင်မခံနိုင်ဘူး။ ထောက်လှမ်းရေးတွေ အဝင် မခံနိုင်ဘူး။

**************************************************

(((ကဲ ... ဒီမှာ ရှင်းနေပါပြီ....တယ်လီဖုန်းတွေနဲ့ ကွပ်ကဲညွှန်ကြားနေတဲ့ ဟန်ဝင်းအောင်ဟာ ရွာထဲက လူတွေနဲ့ Real time Communication ရနေတာနော်။ ရွာသားတွေပြောတာက လမ်းလျှောက်ခြင်း မလျှောက်ခြင်း တစ်ခုမှ မပါပါဘူး....... တဲ့ ဟန်ဝင်းအောင် ပြောထားတာ... ဆိုတော့ ဒေါ်စုကို လမ်းလျှောက်ခိုင်တာက ဘယ်သူ့ကြောင့်လဲ ဆိုတာ ရှင်းနေတယ်)))

**************************************************

(((နောက် ရှင်းနေတာက ဟန်ဝင်းအောင်ဟာ သတ္တိ မရှိဘူး...... အမျိုးမျိုး လှီးလွှဲ ပြောနေပေမယ့် ရှေ့-နောက် မညီဘူး........ စကားထဲကပဲ ဇာတိတွေ ပြနေပြီ။)))


ပလေတို ဒီမို
MyanmarExpress

ဟန်ဝင်းအောင်ေ၇ာ ဟန်ဝင်းအောင်ကို လက်ပတောင်းမှာဆူပူဖို့ အစီအစဉ်ချပေးပီး ပိုက်ဆံပေးပီး ကြိုးကိုင်နေတဲ့ ပြည်ဖျက်ဒီမိုလုပ်စားကောင် ABSDFလူသတ်ကောင် နိုင်အောင်ေ၇ာ သတ္တိမရှိဘူး

ဟန်ဝင်းအောင်ေ၇ာ ABSDFလူသတ်ကောင် နိုင်အောင်ေ၇ာ အမျိုးမျိုး လှီးလွှဲ ပြောနေပေမယ့် ရှေ့-နောက် မညီဘူး စကားထဲကပဲ ဇာတိတွေ ပြနေတယ်

နိုင်အောင်က အမြဲတန်းဗြောင်လိမ်ဗြောင်စားလုပ်နေတာဘဲ့ နိုင်အောင်က ပြည့်တန်ဆာမလောက်တောင်အ၇ှက်မ၇ှိပဲဗြောင်လိမ်နေတာ နိုင်အောင်စကားကို ပြည့်တန်ဆာမစကားလောက်တောင်အလေးအနက်ထားလို့မ၇ဘူး

မြောက်ပိုင်းABSDFမှာ လူသတ်မှု ဖြစ်ပီးစ နိုင်အောင် ကိုယ်တိုင်လက်မှတ်ထိုးပီး စာထုတ်ခဲ့တာဘဲ့ အဲ့ဒီ ၁၉၉၂ မေလ ၃၁ ၇က် နေ့စွဲပါ နိုင်အောင် ၇ဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ မြောက်ပိုင်းABSDFမှာအစိုး၇ထောက်လှမ်းေ၇း(၁၅)ယောက်ကိုသတ်ခဲ့ခြင်းသည် မှန်ကန်ပါသည် ထိုကိစ္စအတွက်ကျနော်တာဝန်ယူပါသည် လို့ နိုင်အောင်ေ၇းထားတာဘဲ့

၂၀၁၂ မှာ မြောက်ပိုင်းABSDFမှာ ဖက်ဆစ်ဂျပန်ထက်ဆိုးတဲ့နည်းပေါင်းစုံနဲ့ နှိပ်စက်ခံခဲ့၇ပီးထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ အေဘီဟောင်းတွေက နိုင်အောင် ကိုတ၇ားစွဲတော့မယ်ဆိုတဲ့အသံတွေဆူညံလာတော့ နိုင်အောင် ဗြောင်လိမ်တော့တာဘဲ့ ၂ဝ၁၂ မတ်လ ၂၅ ၇က် နေ့စွဲနဲ့ထုတ်တဲ့ နိုင်အောင် ၇ှင်းလင်းချက်မှာ မြောက်ပိုင်းABSDFသတ်ဖြတ်မှုတွေကို ဖြစ်ပီးမှကျနော်သိ၇တာပါ ဆိုပီး နိုင်အောင် ကဗြောင်လိမ်ထားတယ်

အခုလဲ လူမှု ကွန်ယက်တွေမှာပျံ့နှံ့နေတဲ့ လက်ပံတောင်းဆန္ဒပြမှုတွေကိုဦးဆောင်နေသည့် မသွဲ့သွဲ့ဝင်း ၇ဲ့အနောက်မှာ မိုးသီးဇွန်၊ နိုင်အောင်နှင့် ခင်ဥမ္မာတို့ ရှိနေတယ် ဆိုတဲ့သတင်းဟာမဟုတ်ပါဘူးလို့ နိုင်အောင် က ဗြောင်လိမ်နေပြန်ပီ

သွဲ့သွဲ့ဝင်းကို ချင်းမိုင်မှာ အမျိုးသမီးနှီးနှောဖလှယ်ပွဲတက်ဖို့ နိုင်အောင် ခင်ဥမ္မာ လင်မယားက ခေါ်လိုက်ပီး အခု တစ်ပြည်လုံးကဒီအကြောင်းကိုသိသွားမှ နိုင်အောင်က ဗြောင်လိမ်နေတာ မသွဲ့သွဲ့ဝင်းတို့ ဆိုတာနဲ့ သိလည်း မသိဘူး၊ မြင်လည်းမမြင်ဖူးဘူး၊ အဆက်အသွယ်လည်းမရှိပါဘူး၊ အဲဒီလို မသွဲ့သွဲ့ဝင်း ချင်းမိုင်မှာ အမျိုးသမီးနှီးနှောဖလှယ်ပွဲလာသွားမှန်းတောင် ကျွန်တော်တို့မသိလိုက်ရဘူး ဆိုပီး နိုင်အောင် က ဗြောင်လိမ်နေတာ

ဟန်ဝင်းအောင် စကားထဲကပဲ ဇာတိတွေ ပြနေပီ ဟန်ဝင်းအောင် ငြင်းနေတဲ့စကားထဲကပဲ ပေါ်နေပီ ဒေါက်တာနိုင်အောင်က ဟန်ဝင်းအောင်ကိုပိုက်ဆံပေးတာ ထင်၇ှားနေပီ


ဟန်ဝင်းအောင်က ABSDFလူသတ်တ၇ားခံ နိုင်အောင် ခင်ဥမ္မာ ဒီမိုလုပ်စားလင်မယားဆီကပိုက်ဆံမယူဘူးဆိုပီးငြင်းထားတဲ့စကားတွေက ပိုက်ဆံယူပါတယ်ဆိုပီး ဝန်ခံပီးသားဖြစ်နေတာလေး အေးဆေးပြန်ဖတ်ကြည့်ကြပါအုံး

ဟန်ဝင်းအောင် - ကျွန်တော့်ကို ညီအစ်ကိုလို ခင်လို့ ပိုက်ဆံပေးတာကိုတော့ လာ မပြောနဲ့လေဗျာ။


ဟန်ဝင်းအောင် - ဒေါက်တာနိုင်အောင်က ကျွန်တော့်ကို တစ်ခါတစ်လေ Online မှာတွေ့ရင် ညီလေးတော့ ဒီလိုမျိုး ဆောင်ရွက်နေတယ်။ ကိုယ်တို့လည်း ဒီမိုကရေစီအရေး ဆောင်ရွက်နေတာဖြစ်လို့ ဘာအကူအညီ လိုပါသလဲ မေးတယ်။ ကျွန်တော် မလိုပါဘူး။ လက်လည်း မခံပါဘူး၊ သုံးကြိမ်တိတိ ကျွန်တော့်ကို ပြောတယ်။ လုံးဝ လက်မခံဘူး။

နိုင်အောင်လို လူသတ်ကောင်နဲ့ပေါင်းနေမှတော့ ဟန်ဝင်းအောင်က ကောင်းတဲ့ကောင်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်