Subscribe to our RSS Feed

ပြည်တွင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူရမယ်လို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကပြော


From : ရတနာပုံသတင်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သဘင်ဆောင်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ပထမအကြိမ် အစည်းအဝေးမှာ “မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတ ပေါများကြွယ်ဝတဲ့နိုင်ငံဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ်၊ လူဦးရေ သင့်တင့်မျှတစွာရှိတဲ့ နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ တစ်ချိန်က အာရှမှာ စီးပွားရေး ထိပ်တန်းက ပါဝင်ခဲ့တဲ့ နိုင်ငံကနေ ယခုစီးပွားရေးချွတ်ခြုံကျပြီး ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ LDC ဖြစ်နေရတာဟာ ပြည်တွင်း လက်နက်ကိုင် ငြိမ်းချမ်းရေး မရရှိတဲ့အချက် တစ်ချက် ပါဝင်နေတယ်လို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ပါတယ်။

ပကတိ အခြေအနေအရ နိုင်ငံတော်ရဲ့ ကံကြမ္မာဟာ ငြိမ်းချမ်းရေး ရရှိမှု၊ မရရှိမှု အပေါ်မှာ လုံးဝ မူတည်နေတယ်ဆိုသည့် သဘောပါရှိနေတဲ့ အတွက် ပြည်တွင်း ငြိမ်းချမ်းရေးကို ဘယ်လိုပင် ဖြစ်ပါစေ မဖြစ်မနေ ရအောင်ယူရမှာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကလွဲပြီး အခြားရွေးစရာ လမ်းမရှိ ဖြစ်နေကြောင်း၊ ဒါကြောင့်မို့ ငြိမ်းချမ်းရေးဟာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုက်ရိုက် အချိုးကျနေကြောင်း၊ ဥပမာအားဖြင့် တိုးတက်နေတဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်သလို လက်နက် ကိုင်ပဋိပက္ခများဟာ တိုင်းပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျမှုနဲ့လည်း ယေဘုယျအားဖြင့် ပတ်သက် ဆက်နွယ်နေတယ်လို့ ပြောဆိုနိုင်ကြောင်းကိုလည်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြောင်း အမျိုးမျိုးကြောင့် ငြိမ်းချမ်းရေး မယူခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နဲ့ ပြည်နယ် အဆင့်နဲ့သော်လည်းကောင်း၊ ပြည်ထောင်စု အဆင့်နဲ့သော်လည်းကောင်း သဘောထား တူညီတဲ့ အချက်တွေကို နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းနဲ့ နောက်ဆုံး ကျန်ရှိနေသေးတဲ့ ကချင်ပြည်နယ်က KIO/KIA နဲ့လည်း သဘောတူညီချက် ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိနေတယ်လို့ ပြောကြားသွားပါတယ်။


Myanmar Express

1 comments:

ဟုတ်ပါတယ် ငြိမ်းချမ်းရေးပြသနာဟာ တစ်ဆင့်ခြင်း သူ့ဘက်ကိုယ့်ဘက် မျှမျှတတနဲ့ စည်းလုးံညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်ရမယ့်ကိစ္စပါ တဖို့ကောင်းတစ်ယောက်ကောင်း ကြည့်လို့မရပါဘူး နိုင်ငံတော်နဲ့နိုင်ငံ သားအားလုးံရဲ့မျက်နှာကို ကြည့်ရပါမယ် နောက်တစ်ခုက နိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ ဘင်္ဂလီပြသနာပါ ဒီပြသနာဟာ တိမ်မရောင်နဲ့နက်ပါတယ် ပြည်ပမီဒီယာတို့၏ သွေးထိုးလှုံ့ဆော်မူ မဆင်မခြင်သတင်းလိမ်မူကြောင့် ကုလသမ္မဂဆိုင်ရာ အဖွဲ့အစည်းတွေ လက်အောက်ခံအဖွဲ့စည်းတွေကြား စိုးရိမ်စရာစောင့်ကြည့်ရမယ့် အခြေအနေထိရောက်ခဲ့ပါတယ် ဒီမိုကရေစီ လမ်းကြောင်းနဲ့လည်းအညီ ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရပီပီ ဘင်္ဂလီတွေ နိုင်ငံသားဖြစ်ရေး မဖြစ်ရေးဟာ ပြည်သူတွေနဲ့ တိုက်ရိုက်သက်ဆိုင်တာကြောင့် ပြည်သူ့သဘောထားကို ဆန္ဒမဲပေး ရွေးချယ်ရပါမယ် ဘာကြောင့်လဲ ဆိုတော့ အစိုးရတစ်ခုရဲ့ ဆိုးမွေ ကောင်းမွေဟာ နောင်လာနောက်သားတွေအတွက် ဖြစ်နေလို့ပါ ပြည်သူ့ဆန္ဒခံယူတယ် ဆိုတာ ဒီမိုကရေစီလမ်းစဉ်ပါ ဘယ်နိုင်ငံမှ မငြင်းနိုင်ပါဘူးလို့ထင်ပါတယ် ဥာဏ်မှီသလောက်တင်ပြတာမို့ အမှားပါရင် ခွင့်လွတ်ကြပါခင်ဗျား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်