Subscribe to our RSS Feed

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် ကော်မတီ ဥက္ကဋ္ဌများ၊ ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့တို့၏ တွေ့ဆုံညှိနှိုင်း အစည်းအဝေး


From : မြဝတီ

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ယနေ့ နံနက် ၁ဝ နာရီ မိနစ် ၅ဝ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ဇမ္ဗူသီရိ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် ကော်မတီ ဥက္ကဋ္ဌများ၊ ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့တို့၏ တွေ့ဆုံ ညှိနှိုင်း အစည်းအဝေး သို့ တက်ရောက်၍ အမှာ စကား ပြောကြား သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကား ပြောကြား ရာတွင် လွှတ်တော်သည် ဥပဒေပြုရေး တာဝန်ကို အဓိကဆောင် ရွက်ရပါ ကြောင်း၊ ပြဋ္ဌာန်း ထားသည့် ဥပဒေ များသည် နိုင်ငံနှင့် နိုင်ငံသားများကို ကာကွယ် စောင့်ရှောက်ပေး နိုင်ရန်နှင့် လက်တွေ့အသုံးချ ရာတွင်လည်း လိုက် လျောညီထွေ မှုရှိရန် တည်ဆဲ ဥပဒေများကို ပြန်လည်လေ့လာ သုံးသပ်နိုင်ရန် အတွက် လွှတ်တော်မှ ဥပဒေရေးရာ ကော်မရှင် ကိုဖွဲ့စည်းခဲ့ ပါကြောင်း၊ အဆိုပါ ကော်မရှင်တွင် လွှတ်တော် ကိုယ်စားလှယ် များအပြင် ဘက်စုံကဏ္ဍ စုံမှ ပါဝင် နိုင်ရန် ဌာနဆိုင်ရာ အသီးသီးမှ အငြိမ်းစား အရာရှိကြီးများ၊ တရားလွှတ်တော် ချုပ်ရုံးနှင့် ရှေ့နေ ချုပ်ရုံးတွင် တာဝန်ထမ်း ဆောင်ခဲ့သူများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ၊ ဌာနမှူး၊ ဆရာမများ၊ လက်တွေ့ နယ်ပယ်မှ ပုဂ္ဂိုလ် များဖြင့် ဖွဲ့စည်းခဲ့ ပါကြောင်း၊ လွှတ်တော် ကြီးထဲက လွှတ်တော်လို့ သတ်မှတ် ရမည့် ကော်မတီ များ၏ ဆောင်ရွက်မှုများ ဥပဒေနှင့်အညီ ဖြစ်စေရန် ကော်မရှင်၏ အကြံဥာဏ်ကို ရယူရ ပါကြောင်း၊ လွှတ်တော်မှ တာဝန်ပေး ထားသည့် Check & Balance အပြန်အလှန် ထိန်းကျောင်း ခြင်းဖြစ်ရန်နှင့် တရားဥပဒေ စိုးမိုးရေးတို့ အတွက် ကော်မရှင်၏ အကြံဥာဏ်လို အပ်ပါကြောင်း၊ လွှတ်တော်များ ခိုင်မာစွာ မရှိသည့် အတွက် ဒီမိုကရေစီ စနစ်မကျင့်သုံး နိုင်ခဲ့ပါကြောင်း၊ လွှတ်တော်များ ခိုင်မြဲစေရန် အတွက် ကောင်းမွန်သည့် အရည် အချင်း များအပြင် ဘာသာစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ပါတီစွဲမထားသည့် စိတ်သည် လွှတ်တော်၏ စိတ်ဓာတ်၊ ယုံကြည်ချက်၊ ခံယူချက် ဖြစ်ပါကြောင်း၊ လွှတ်တော်တွင် လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေး နိုင်ပါကြောင်း၊ လွှတ်တော်၏ စွမ်းရည်နှင့် အရည်အချင်း ကောင်းရန် အတွက် ဥပဒေနှင့် ညီညွတ်ရန် လိုအပ် ပါကြောင်းဖြင့် အကျယ် တဝင့် ရှင်းလင်း ပြောကြား သည်။

ယင်းနောက် ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ် ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာက ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ များနှင့် ပတ်သက် ၍ ရှင်းလင်း တင်ပြပြီး ကော်မတီ ဥက္ကဋ္ဌများနှင့် ကော်မရှင် အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍ အလိုက် လုပ်ငန်းများ ဆောင်ရွက် နေမှုကို ရှင်းလင်း တင်ပြ ကြသည်။

ဆက်လက်၍ အစည်း အဝေး တက်ရောက် လာကြသူများက တင်ပြချက်များ အပေါ် အကြံပြု ဆွေးနွေး တင်ပြ ကြသည်။

ထို့နောက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက တင်ပြချက်များ အပေါ်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြား သည်။

ယနေ့ ကျင်းပသည့် ညှိနှိုင်း အစည်း အဝေးတွင် ဥပဒေကြမ်းများ ရေးဆွဲခြင်း နှင့် တည်ဆဲ ဥပဒေ များအား စိစစ် သုံးသပ်ခြင်း တို့ကို သွက်လက် မြန်ဆန် ထိရောက်စွာ ဆောင်ရွက် နိုင်ရန် အဓိကထား ဆွေးနွေး ခဲ့ကြ ကြောင်း သိရ သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်