Subscribe to our RSS Feed

မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းလိုင်းလေးခုကို အောက်တိုဘာလတွင် စတင်ပျံသန်းတော့မည်ဖြစ်ကြောင်းသိရသည်


From : popular

မြန်မာနိုင်ငံနှင့်တိုက်ရိုက်လေကြောင်း လိုင်းလေးခုကိုအောက်တိုဘာလတွင် စတင်ပျံသန်းတော့ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းလိုင်းများမှာ အောလ်နီပွန် (ဂျပန်လေကြောင်းလိုင်း)၊ ကေအီး(ကိုရီးယားလေကြောင်း) ၊ကာတာ (ကာတာလေကြောင်း)၊ အီဗာ (ထိုင်ဝမ်လေကြောင်း) တို့ဖြစ်ပြီး လေယာဉ်လက်မှတ်များကို သြဂုတ်လ ၁၅ ရက်မှ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်းသိရသည်။

အောလ်နီပွန်မှာ တစ်ပတ်လျှင် ၃ ရက် အောက်တိုဘာလ ၁၅ ရက်တွင်စတင် ပျံသန်းမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် Business Class ကိုသာရောင်းချသွားမည်ဖြစ်ကြောင်း၊ ကေအီးလေကြောင်းလိုင်းမှာ တစ်ပတ်လျှင် ၄ ရက် စက်တင်ဘာ ၁၃ ရက်တွင် စတင်ပျံသန်းသွားမည်ဖြစ်ကြောင်း၊ ကာတာလေကြောင်းလိုင်းမှာ တစ်ပတ်လျှင် ၃ ရက် အောက်တိုဘာလ ၄ ရက်တွင် စတင်ပျံသန်းသွားမည်ဖြစ်ကာ နိုဝင်ဘာလတွင်နေ့စဉ်ပျံသန်းသွားမည်ဖြစ်ကြောင်း၊ အီဗာလေကြောင်းလိုင်းမှာ တစ်ပတ်လျှင် ၃ ရက် အောက်တိုဘာလ ၉ ရက်တွင် စတင်ပျံသန်းသွားမည်ဖြစ်ပြီး စတင်ပျံသန်းမည့်လအတွက် ပရိုမိုးရှင်းများရှိကြောင်းသိရသည်။

Myanmar Express

1 comments:

if the air line in they picture is flying to Myanmar, i will take flight every week :D

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်