Subscribe to our RSS Feed

ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်နှင့် လူဇင်ဘတ် နိုင်ငံတို့ အကြား သံတမန် အဆက်အသွယ် ထူထောင်


ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်နှင့် လူဇင်ဘတ် နိုင်ငံ တို့သည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ မူကြီးများ၊ အပြည်ပြည် ဆိုင်ရာ ဥပဒေနှင့် သံတမန် ဆက်သွယ်ရေး ဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း၊ ကောင်စစ်ဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းတို့ နှင့်အညီ နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက် ရေးကို ထူထောင် လိုသည့် ဆန္ဒ ရှိကြသည့် အားလျော်စွာ ၂ဝ၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်မှ စတင်၍ နှစ်နိုင်ငံ အကြား သံအမတ်ကြီး အဆင့်ဖြင့် သံတမန် အဆက်အသွယ် ထူထောင် ကြသည်။

ယင်းကဲ့သို့ နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ပြုလုပ်ရန် သဘော တူညီချက် ကို ဘယ်လ်ဂျီယံ နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး နှင့် လူဇင်ဘတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီး တို့သည် ၂ဝ၁၂ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ဘရပ်ဆဲလ်မြို့ ၌ လက်မှတ် ရေးထိုး ခဲ့ကြသည်။

မြန်မာ နိုင်ငံသည် ကမ္ဘာ့ နိုင်ငံများ နှင့် သံတမန် ဆက်ဆံမှု တိုးချဲ့ရေး အတွက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ လူဇင်ဘတ် နိုင်ငံသည် မြန်မာ နိုင်ငံ၏ နိုင်ငံ ၁ဝ၇ နိုင်ငံ မြောက် သံတမန် ဆက်ဆံရေး ထူထောင် သည့်နိုင်ငံ ဖြစ်ကြောင်း သတင်း ရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်