Subscribe to our RSS Feed

Communications Consultancy စိစစ်ရွေးချယ်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

From : မြဝတီ

ပြည်သူများ၏ လူမှုစီးပွားဘဝတိုး တက်မြင့်မားမှုကိုဦးတည်ပြီး ဆက်သွယ်ရေးကဏ္ဍ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများကို ပွင့်လင်းမြင်သာပုံစံဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် အတွက် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် ပြုပြင် ပြောင်းလဲရေးအစီအစဉ်များ နှစ်တို၊ နှစ်ရှည်စီမံချက်များကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

အခြားအိမ်နီးချင်းနိုင်ငံများကို နမူနာယူပြီးအမှားနည်းစေရန် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများအတွက် JV တင်ဒါခေါ်ယူရာတွင် စနစ်တကျဖြစ်စေရန် နိုင်ငံတကာအတွေ့အကြုံရှိသည့် Telecommunications Tender Consultant ကုမ္ပဏီ၊ အဖွဲ့အစည်းများကို အဆိုပြုလွှာများခေါ်ယူခဲ့ပြီးဖြစ်ကြောင်း၊ ဤသို့ခေါ်ယူရရှိထားပြီးဖြစ် သည့် အဆိုပြုလွှာများကို ရွေးချယ်ဆောင်ရွက်ရန် အတွက် နိုင်ငံတော်သမ္မတရုံး၏ အတည်ပြုချက်နှင့် ဖွဲ့စည်းထားပေးသော တက်ရောက်လာကြသည့် ဌာနအသီးသီး၏ သက်ဆိုင်ရာပုဂ္ဂိုလ်များက ဆွေးနွေး ပေးကြရန် လိုကြောင်း။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် စံချိန်စံညွှန်းပြည့်ဝသော ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍများကို ဆောင်ရွက်ပေးနိုင်သည့် ပြည်တွင်း ပြည်ပကုမ္ပဏီ အဖွဲ့အစည်း များကို တင်ဒါခေါ်ယူနိုင်မည့် အခြေပြုပုံစံတစ်ခုကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ ITU အဖွဲ့အစည်းမှ ကျွမ်းကျင် ပညာရှင်များ၏ နိုင်ငံတကာအတွေ့ အကြုံတွေအရ တင်ဒါပြင်ဆင်၊ ခေါ်ယူ ရွေးချယ်ခြင်းဆောင်ရွက်မှု ပုံစံအဆင့်ဆင့်ကိုလည်း ဆွေးနွေးချပြမည်ဖြစ်၍ တက်ရောက်လာသည့် စိစစ်ရေးကော်မတီ ဝင်များနှင့် ဌာနအကြီးအကဲများက လေ့လာသိရှိအတုယူနိုင်မည်ဖြစ်ကြောင်း။

Communications Consultancy စိစစ်ရွေးချယ်ရေးကော်မတီဝင်များနှင့် တက်ရောက်လာကြသည့် ဌာနအကြီး အကဲများက Communications Tender Consultancy ရွေးချယ်ရာတွင် မိမိတို့၏ကဏ္ဍအလိုက်အတွေ့အကြုံများနှင့် အတူ ပေါင်းစပ်ဆွေးနွေး တင်ပြပေးကြရန် လိုအပ်ပါကြောင်းနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလို ကြောင်းဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် Communications Consultancy စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးက Communications Tender Consultancy ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ အထွေထွေမန်နေ ဂျာမှ Reform Plan နှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ITU (International Telecommunications Union) မှကျွမ်း ကျင်ပညာရှင်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဌာနအကြီးအကဲများက အမြင်ချင်းဖလှယ်၍ ဆွေးနွေးညှိနှိုင်းခဲ့ ကြကြောင်း သတင်းရရှိသည်။
Photo: Communications Consultancy စိစစ်ရွေးချယ်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ  နေပြည်တော် သြဂုတ် ၁၄  ပြည်သူများ၏ လူမှုစီးပွားဘဝတိုး တက်မြင့်မားမှုကိုဦးတည်ပြီး ဆက်သွယ်ရေးကဏ္ဍ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများကို ပွင့်လင်းမြင်သာပုံစံဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် အတွက် ဆက်သွယ်ရေး၊  စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် ပြုပြင် ပြောင်းလဲရေးအစီအစဉ်များ နှစ်တို၊ နှစ်ရှည်စီမံချက်များကို  ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။  အခြားအိမ်နီးချင်းနိုင်ငံများကို နမူနာယူပြီးအမှားနည်းစေရန် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများအတွက်  JV တင်ဒါခေါ်ယူရာတွင် စနစ်တကျဖြစ်စေရန် နိုင်ငံတကာအတွေ့အကြုံရှိသည့် Telecommunications  Tender  Consultant ကုမ္ပဏီ၊ အဖွဲ့အစည်းများကို အဆိုပြုလွှာများခေါ်ယူခဲ့ပြီးဖြစ်ကြောင်း၊ ဤသို့ခေါ်ယူရရှိထားပြီးဖြစ် သည့် အဆိုပြုလွှာများကို ရွေးချယ်ဆောင်ရွက်ရန် အတွက်  နိုင်ငံတော်သမ္မတရုံး၏ အတည်ပြုချက်နှင့် ဖွဲ့စည်းထားပေးသော တက်ရောက်လာကြသည့် ဌာနအသီးသီး၏ သက်ဆိုင်ရာပုဂ္ဂိုလ်များက ဆွေးနွေး ပေးကြရန် လိုကြောင်း။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင်  နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် စံချိန်စံညွှန်းပြည့်ဝသော ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍများကို ဆောင်ရွက်ပေးနိုင်သည့် ပြည်တွင်း ပြည်ပကုမ္ပဏီ  အဖွဲ့အစည်း များကို တင်ဒါခေါ်ယူနိုင်မည့် အခြေပြုပုံစံတစ်ခုကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ ITU အဖွဲ့အစည်းမှ ကျွမ်းကျင် ပညာရှင်များ၏ နိုင်ငံတကာအတွေ့ အကြုံတွေအရ တင်ဒါပြင်ဆင်၊ ခေါ်ယူ ရွေးချယ်ခြင်းဆောင်ရွက်မှု ပုံစံအဆင့်ဆင့်ကိုလည်း ဆွေးနွေးချပြမည်ဖြစ်၍  တက်ရောက်လာသည့် စိစစ်ရေးကော်မတီ ဝင်များနှင့် ဌာနအကြီးအကဲများက လေ့လာသိရှိအတုယူနိုင်မည်ဖြစ်ကြောင်း။ Communications  Consultancy စိစစ်ရွေးချယ်ရေးကော်မတီဝင်များနှင့် တက်ရောက်လာကြသည့် ဌာနအကြီး အကဲများက Communications Tender Consultancy  ရွေးချယ်ရာတွင် မိမိတို့၏ကဏ္ဍအလိုက်အတွေ့အကြုံများနှင့် အတူ ပေါင်းစပ်ဆွေးနွေး တင်ပြပေးကြရန် လိုအပ်ပါကြောင်းနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလို ကြောင်းဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက  ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် Communications  Consultancy  စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးက Communications Tender Consultancy  ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ အထွေထွေမန်နေ ဂျာမှ Reform Plan  နှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် ITU (International Telecommunications Union) မှကျွမ်း ကျင်ပညာရှင်နှင့်  ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဌာနအကြီးအကဲများက အမြင်ချင်းဖလှယ်၍ ဆွေးနွေးညှိနှိုင်းခဲ့ ကြကြောင်း သတင်းရရှိသည်။

. Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်