ပြင်လိုကပြင်၊ သစ်လိုကသစ်၊ ထုတ်လိုကထုတ်၊ ဖြုတ်လိုကဖြုတ် ဒါ သန်း(၆၀)ရဲ့ ကံတရား အပိုင်း (၂)

မြန်မာနိုင်ငံအရှေ့ ဘက်မှာ တရုတ်နဲ့ ၊ အနောက်မြောက်ဘက်မှာ အိန္ဒိယစတဲ့ ဒေသတွင်း အင်အားကြီး နိုင်ငံတွေရှိတယ်ဆိုတာ လူတိုင်းသိပြီးသားပါ၊ မြန်မာနိုင်ငံဟာ ဒီနှစ်နိုင်ငံကို ထိန်းချုပ် နိုင်တဲ့ မဟာဗျူဟာနေရာတည့်တည့်မှာရှိနေတယ်။ သမိုင်းပညာရှင် ဒေါက်တာ သန်းမြင့်ဦး က သူရဲ့  " တရုတ်၊ အိန္ဒိယ ဆုံမှတ် " ဆိုတဲ့ စာအုပ်ထဲမှာ လူဦးရေအများဆုံး အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့  အခြေအနေကို တစ်စွန်းတစ်စဖော်ပြထားပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ " မြန်မာနိုင်ငံဟာ နိုင်ငံငယ်မဟုတ်၊ ပြင်သစ်နိုင်ငံကဲ့သို့  အရွယ်ပမာဏကြီး၏၊ သို့ သော် လူဦးရေ သန်း ၆၀ သာ ရှိရာ အိမ်နီးချင်းဧရာမနိုင်ငံကြီးနှစ်ခုရဲ့  စုစုပေါင်းလူဦးရေ သန်း ၁၅၀၀ နှင့် နှိုင်းယှဉ်လျင် ပိစိကွေးလေး ဖြစ်နေ၏။ ကံကြမ္မာက မည်သို့ ဖြစ်လာမည်နည်း " စသဖြင့် မေးခွန်းထုတ် ထားခဲ့တာပါ။
အဲဒီတော့ ဒီလိုဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့  နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကျွန်တော်တို့  မြန်မာနိုင်ငံအခြေအနေကိုခဏထားပြီး ထိုင်းနိုင်ငံရဲ့ အခြေအနေလေးကို နည်းနည်းမြည်းစမ်း ကြည့်ရ အောင်ပါ။ 
၁၉၁၀ ခုနှစ်လောက်တုန်းက ထိုင်းနိုင်ငံမှာ တရုတ်လူမျိုးဟာ ၁၀% ခန့် သာ ရှိခဲ့ပြီးတော့ "၂၀၁၂ " စာရင်းတွေအရ ၁၄ % နဲ့ အထက် လူဦးရေသန်းပေါင်း ၉ သန်းနှင့်အထက်ရှိနေခဲ့ ပါတယ်။ တရုတ်တွေအတွက်ကတော့ ထိုင်းနိုင်ငံဟာ ပင်လယ်ရပ်ခြားတရုတ်လူမျိုးတွေရဲ့  အကျယ်ပြန့် ဆုံး နေအိမ်ပါပဲတဲ့။ ထိုင်း-တရုတ်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကစလို့  ထိုင်းယဉ်ကျေးမှုနဲ့  လူနေမှုစနစ်တွေကို ထိုးဖောက်ခဲ့ကြတယ်။ လက်ရှိတော်ဝင်မိသားစုကိုယ်တိုင် "ချာကရီ" မင်းဆက်ဖြစ်ပြီး တရုတ်လူမျိုးတွေရဲ့  တစ်စိတ်တစ်ဒေသ၊ တရုတ်သွေးမကင်းပါဘူးတဲ့၊ "ချာကရီ" မင်းဆက်ရဲ Taksin ဘုရင်ဟာ ဂျန်ဒေါင်းလွင်ပြင်ဒေသက ရွှေ့ ပြောင်းတရုတ်လူမျိုးနဲ့  မိခင် ထိုင်းလူမျိုးတို့ ရဲ့ သား တစ်ယောက်ပါတဲ့။ 
ဝန်ကြီးချုပ်ဟောင်း သက်ဆင်မိသားစုကလည်း တရုတ်သွေးမကင်းပါဘူး၊ အဲဒါကြောင့် တရုတ်ကို အခွင့်အရေးတွေ ပေးခဲ့ရတယ်။ ထိုင်းနိုင်ငံရဲ့  စီးပွားရေးမှာ တရုတ်တွေကြီးစိုးခွင့်ရခဲ့တယ်။ ထိုင်းနိုင်ငံသား တွေကတော့ အောက်ခြေ နင်းပြားဘ၀မှာပါပဲတဲ့။ ဒါက ထိုင်းကို လက်ညိုးထိုးကြည့် မိတာပါ။ ဒါဖြင့်ရင် ကျွန်တော်တို့ ရဲ့  သီပေါမင်း သီတင်းသုံးခဲ့တဲ့ ထီးတည်၊ နန်းတည် ယဉ်ကျေးမှု ခံတပ်ကြီး ရွှေမန္တလေးကို လက်ညိုးထိုးကြည့်ကြရအောင်။ ရွှေခြေကျင်းဝတ်တဲ့ မန်းသူတွေ မတွေ့  ရတော့်ပါဘူး။ ကျုံးပတ်လည်မှာ နဂါးမီးပုံးတွေ နဂါးဟန်နဲ့  အလှဆင်မှုတွေ၊ မြို့ ရဲ့  အကွက်အကွင်း ကောင်းတဲ့နေရာတွေက အဆောက်အဦကြီးတွေဟာ နဂါးပိုင်တွေ၊မန်းမြေတွေကို တတိယပုဂ္ဂိုလ် အနေနဲ့  ကာလပေါက်ဈေးထက် ပိုပေးပြီး ၀ယ်ယူမှုတွေများလာခဲ့တယ်။ မန္တလေးသားတွေက ကိုယ့် မြို့ မှာမွေး၊ ကိုယ့်မြို့ မှာနေထိုင်ရင်း အပြင်ကိုတစ်စနဲ့ တစ်စထွက်ပေးခဲ့ရတဲ့အခြေအနေမျိုးတွေလေ။လူမှုကွန်ယက်စာမျက်နှာတွေမှာ မန္တလေး သားစစ်စစ်ဖြစ်ရင် မြို့ သစ်မှာနေရတယ်ဆိုတဲ့အရေးအသား တွေကိုလည်း မကြာခဏတွေ့ နေခဲ့ရတာပါ။
ကိုင်း ဘယ်ပုံဘယ်နည်း ကာကွယ်ကြမှာတဲ့လဲ၊ ဘယ်လိုတံတိုင်းမျိုးတွေနဲ့ တားဆီးကြမှာတဲ့လဲ။
အင်း-- နဂါးကြီး အကြောင်းနည်းနည်းပြောပြီးတော့ ကုလားကြီးဘက်ကိုခြေဦးလှည့်ကြည့်ကြ ရအောင်ပါ။ ကုလားကြီးအကြောင်းပြောရရင်တော့် နည်းနည်းရှည်ပါတယ်။ တစ်ကယ်တော့ ဒီအန္တရာယ်ကို အနောက်တိုင်းသားတွေပါ ကြောက်ခဲ့တာပါ။ ဒါကြောင့်လည်း သခွတ်ပင်မှာ မီးတကျည်ကျည်ဖြစ်နေရတဲ့ အစ္စရေး၊ ပါလက်စတိုင်းကိစ္စမှာ အစ္စရေးကို လက်သပ်ခဲ့တာ အင်္ဂလိပ်တွေလေ။ ဒါကိုကြည့်ရင် သူတို့တစ်တွေရဲ့ အမျှော်အမြင်ကြီးမားမှုကိုတောင် ကျွန်တော်တို့ လေးစားကြရဦးမယ်။

- ပြင်လိုကပြင်၊ သစ်လိုကသစ်၊ ထုတ်လိုကထုတ်၊ ဖြုတ်လိုကဖြုတ် ဒါ သန်း(၆၀)ရဲ့ ကံတရား အပိုင်း (၁)
http://www.myanmarexpress.net/2014/04/blog-post_28.html

2 comments:

  1. 1-NEED TO WATCH AND TAKING CARE THE ALL
    BORDERS.
    2-ALSO NEED TO TAKING CARE THE TANIN THAR
    YI DIVISION.
    3-AUTHORITY AND RELIGIOUS LEADERS
    KNEW THE SITUATION THAN THE GENERAL PUBLIC.
    4-BETTER EDUCATE OUR PEOPLE ABOUT THE
    CONSTITUTION; IT IS SO IMPORTANT FOR
    MYANMAR AND THE COUNTRY BY RADIO AND TV.
    ;SO THAT PEOPLE CAN DECIDE HOW TO UPDATE
    THE CONSTITUTION FOR THE BENEFIT OF
    MYANMAR.
    5-MYANMAR NEED THREE STRONG POLITICAL
    PARTIES SO THAT PEOPLE HAVE MORE CHOICE
    TO CHOOSE LEADERS TO THE PUBLIC OFFICES.
    6-BETTER OPEN MORE POLITICAL TRAINING
    SCHOOLS FOR FUTURE POLITICAL LEADERS
    BECAUSE SO MANY POLITICIANS ARE NOT
    HAVE ENOUGH EDUCATION AND VISION;AND
    ALSO NEED TO TRAIN THEM THE IMPORTANT
    OF NATIONALISM SO THAT THEY UNDERSTAND HOW TO REJECT ALL THE FOREIGN INFLUENCES,
    PRESSURE AND INTERVENTIONS.
    ALL POLITICIANS BETTER GO BACK TO
    POLITICAL SCHOOL FOR BETTER KNOWLEDGE
    AND TO GAIN UPDATE EDUCATION.

    ReplyDelete
  2. Beginning from early Pagan Dynasty, the kings and the people of Myanmar Country prevented the encroachment of white and black kalar by unwritten law 59(SA). In the 20th. Century, this law or similar laws were made by Bogyoke Aung San and U Ne Win administrations. In 2008, this law was reaffirmed by the people by votes in the referendum.
    We will not let a self serving woman Su Kyi and her idiotic followers throw it into the dust bin..

    ReplyDelete

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်