သာသနာ့အလံထိပ်မှ ဒေါ်အောင်ဆန်းစုကြည် ယတြာချေလေသလား...

ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ နောက်ဆုံးခံတပ်ကြီးဖြစ်တဲ့ မြန်မာနိုင်ငံ၊ အမျိုးဘာသာ သာသနာ ကို အမြတ်တနိုးကာကွယ်စောင့်ရှောက်နေတဲ့မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပါတီဆိုင်းဘုတ်ထောင် မဲဆွယ်နေသောကာလတွင် NLD ပါတီရဲ့ ဥက္ကဌ အမေစုကတော့ ဗုဒ္ဓဘာသာနိုင်ငံတိုင်း စံပြုသတ်မှတ်ထားတဲ့ သာသနာ့အလံထိပ်မှာတော့ မိန့်မိန့်ကြီးရှိနေပါတယ်။ တနင်္သာရီတိုင်းဒေသကြီးရှိ နယ်မြို့လေးတစ်မြို့တွင် သာသနာ့အလံများထောင်ထားတဲ့ ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဆိုင်းဘုတ်ဘေးတွင် NLD ရဲ့မဲဆွယ်ဆိုင်းဘုတ်ဟာ သာသနာ့အလံများထက် ၅ ပေခန့် မြင့်မားအောင်စိုက်ထားတာ တွေ့ရပါတယ်။ ကျွန်တော်စဉ်းစားမိတယ်..ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ကို နာမ်နှိမ်ပြီး ယတြာချေနေတာလား... သာသနာ့အလံအထက်မှာ သူတို့အမေကိုတင်၊ လူမြင်လို့မှမတော်၊ အနှစ် ၂၅၀၀ ကျော်ပြီဖြစ်တဲ့ သာသနာထက် ပိုမြင့်အောင် သူ့အမေဓာတ်ပုံကပ်တာတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ဒီကိစ္စကို မကျေနပ်တဲ့အတွက် ကော့သောင်းမြို့မှ မဘသ ဆရာတော်များက ဆိုင်းဘုတ်ကိုပြင်ပြီး ခပ်နိမ့်နိမ့်စိုက်ရန်ပြောကြားထားသော်လည်း ယနေ့ထိ NLD ပါတီအနေဖြင့် အရေးယူဆောင်ရွက်မှုမရှိသေးကြောင်း မဘသ ဆရာတော်ကြီးမှပြောပြလို့သိရပါတယ်။
  https://www.facebook.com/MyanmarExpress

No comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်