ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ကိုမလာသင့်ဟုဆရာတော် ဦးအိန္ဒာစာရဆို

ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ကိုမလာသင့်ဟုသံတွဲမြို့ ငပလီကမ်းခြေအနီးပုလဲရတနာဘုန်းတော်ကြီးကျောင်း မှ ကျောင်းထိုင်ဆရာတော် ဦးအိန္ဒာစာရ က မိန့်ကြားခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည် ရခိုင်ကိုမလာသင့်ဘူး။ သူလာရင် ဆန္ဒပြမှုတွေ ပြန်ဖြစ်လာမယ်။ ဒေသခံတွေ အကြားမှာ တင်းမာမှုတွေ ဖြစ်လာမယ်။ ပြဿနာတက်ကုန်လိမ့်မယ်။ရခိုင်ပြည်အတွက် အကောင်းဆုံးပါတီကရခိုင်အမျိုးသားပါတီ (ANP) ပါ။ ရခိုင်မှာဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့လူမရှိဘူး” ဟုဆရာတော်ကမိန့်ကြားခဲ့သည်။
“ဒေါ်စုကအရင်တုန်းက ရခိုင်တွေကိုတစ်ခါမှ ဂရုမစိုက်ဖူးပဲနဲ့ အခုမှ ဘာလာလုပ်မှာတုန်း၊ ဒီဒေသကဘုန်းကြီးတွေ အားလုံးက မဘသတွေချည်းပဲ။ ဒကာတွေကလည်းဘုန်းကြီးတို့စကားတစ်ခွန်းပဲ” ဟုဆရာတော်ကဆက်လက် မိန့်ကြားခဲ့သည်။
“သူမလာရင်တော့ ပြည်သူတွေ ပျော်ကြမှာ။ ပြဿနာလည်းနည်းသွားမယ်။ သူလာရင် ဆန္ဒပြဖို့ ရခိုင်ဒေသခံ တိုင်းရင်းသားတွေ စီစဉ်နေတာ ကြားမိတယ်။ မဘသသံဃာတွေ ပါဝင်မှာမဟုတ်ပေမယ့် ရခိုင်အမျိုးသားရေး အင်အားစုတွေက ဒေါ်စုကြည်ကိုတော်တော်ကြီးကိုမုန်းတီးနေတာ။ လာရင်တော့ ပြဿနာတစ်ခုမဟုတ် တစ်ခုတက်မှာတော့ သေချာတယ်” ဟုလည်းမိန့်သည်။
“ရခိုင်မှာသီတာထွေးနဲ့ပတ်သက်ပြီး ဒေါ်စုကြည်က သနားပါတယ်။ စိတ်မကောင်းပါဘူးတစ်ခွန်းပြောတာ ကြားဖူးရဲ့လား။ ဘင်္ဂလီတွေဘက်ကနေလူသိထင်ရှားရပ်တည်ပြီးပြောခဲ့တဲ့ သူ့စကားတွေကို ကျွန်တော်တို့ တစ်သက် မမေ့ပါဘူး။ ရခိုင်ပြည်နယ်မှာရေကြီးလို့ ပြည်သူတွေ ဒုက္ခရောက်နေတုန်းကရောက်လာခဲ့သလား။ အခုမဲလိုချင်လို့ မဖြစ်ဖြစ်အောင် လာမယ် ဆိုတော့ ကျွန်တော်တို့ကမေးချင်တယ်။ ရှက်တတ်ရဲ့လားလို့လည်းမေးချင်တယ်။ မရှက်တတ်ရင် ရှက်တတ်အောင် ရခိုင်ပြည်နယ်ကလုပ်ပေးဖို့အသင့်ပါ” ဟု ရက္ခတိအဖွဲ့ခေါင်းဆောင် တစ်ဦးကပြောသည်။
“တောင်ကုတ်ကိုလာခဲ့ပါ။ တောင်ကုတ်ကနာမည်တစ်လုံးနဲ့ နေလာတဲ့ မြို့ပါ။ တောင်ကုတ်သားတွေ ဘယ်လိုဆိုတာ ဘင်္ဂလီအားပေးဒေါ်စုကြည် သိအောင် ပြလိုက်မယ်။ မကြိုဆိုပါဘူး။ တောင်ကုတ်မြေ သနတယ်။ ဒီလိုအမျိုးသားရေးသစ္စာဖောက်တွေ လာမှာကိုလည်းမလိုလားဘူး။ လာခဲ့ရင်လည်းဆန့်ကျင်မှုနဲ့ပဲတွေ့ရမယ် လို့ ကျွန်တော်တို့ ပြောလိုက်မယ်။ ရခိုင်ပြည်နယ်ဟာဘင်္ဂလီအားပေးအမျိုးသားသစ္စာဖောက်တွေရဲ့ အလိမ်အညာတွေကိုခံနေမယ့် ပြည်နယ်မဟုတ်ဘူး။ ဒေါ်စုကြည်ကိုအသဲထဲကနာတယ်။ တစ်သက်လုံးမကျေဘူး။ ကျွန်တော်တို့ ဆန္ဒပြပွဲတွေ လုပ်မယ်။ သူဟောပြောတဲ့ပွဲသွားတဲ့ ရခိုင်တွေကို ကျွန်တော်တို့ ကြိုပြီးပြောထားမယ်။ သစ္စာဖောက် ဆိုရင် ဒီမြေမှာမနေနဲ့ ဆိုတာပါပဲ” ဟုတောင်ကုတ် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တစ်ဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်ထိရခိုင်ပြည်နယ် သံတွဲနှင့် ဂွမြို့များသို့ မဲဆွယ် စည်းရုံးရေးခရီးသွားရောက်ရန် စီစဉ်ထားပြီးသံတွဲမြို့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိချိန်တွင် သံတွဲမြို့ခံများက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အားကန့်ကွက်သည့် ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်ထားပြီးတောင်ကုတ်နှင့် ဂွမြို့နယ်များ ကလည်းစီစဉ်လျက် ရှိကြောင်းလည်းသတင်းရရှိသည်။
 https://www.facebook.com/MyanmarExpress

No comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်