ကြည့်လိုက်မိ၍ သိလိုက်ရသောကြောင့် ပြောလိုက်ရပါသည် မကြည့်မိလျှင်သိမည် မဟုတ်သော်လည်း ကြည့်မိသောကြောင့် သိလိုက်ရပြီး သိလိုက်သောကြောင့် ရေးလိုက်မိပါသည်။ ကြည့်လိုက်မိသည်က The Lady ဇာတ်ကား ဖြစ်ပြီးတွေ့လိုက်သည်ကအမှားများစွာ…
လူတိုင်း အမှားနှင့် မကင်းကြပါ။ ထိုသို့ အမှားမကင်းကြရာတွင် မှားသင့်သော အမှားနှင့် မမှားသင့်သော အမှား၊ ခွင့်လွှတ်၍ရသော အမှားနှင့် ခွင့်လွှတ်၍မရသော အမှား ဟူ၍ အမှားကို ထပ်မံ ပိုင်းခြားရနိုင်ပါသည်။ website တွင် ပြသနေသော The Lady ဇာတ်ကားကို ကြည့်မိရာမှ တွေ့လိုက်ရသော အမှားဖြစ်သည်။ ဇာတ်ကားကို အကုန်ကူးယူလာ၍ အဆင်မပြေသဖြင့် ဇာတ်ကားအစပိုင်း (၁၅) မိနစ်စာခန့်သာ ကူးခဲ့နိုင်သည်ကို ကြည့်လိုက်ရခြင်း ဖြစ်ပါသည်။
The Ladyဇာတ်ကားတွင် မမှားသင့်သော အမှားတချို့ကို တွေ့လိုက်ရသဖြင့် လွန်စွာစိတ်မကောင်း ဖြစ်သွားရပါသည်။ မှားလိုက်သည့် အမှားကလည်း လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုပ်ကြံခံရသည့်နေ့ကို ရိုက်ထားသည့် ဇာတ်ကားအဖွင့် ဖြစ် ပါသည်။
မြန်မာ့သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ဖြစ်ပြီး မြန်မာမှန်လျှင် မမေ့နိုင်သော နေ့တစ်နေ့ ဖြစ်သည့် ”အာဇာနည်နေ့” ဖြစ်ပေါ်လာပုံ၏ တစ်စိတ်တစ်ပိုင်းကို ပုံဖော်ကြရာ တွင် အမှားများစွာ ပါဝင်နေသည့်အတွက် ရေးသူရော ရိုက်သူကိုပါ အပြစ်တင်ရမလို ဖြစ်နေပါသည်။ သူများနိုင်ငံ သမိုင်းကြောင်း ဖြစ်စေ၊ မိမိနိုင်ငံ၏ သမိုင်းကိုဖြစ်စေ ရိုက်ကြတော့မည်ဆိုလျှင် ဖြစ်ရပ်မှန်နှင့် အနီးစပ်ဆုံးတူရန် အရေးကြီးပါသည်။ သူများနိုင်ငံ၏ သမိုင်းဖြစ်သောကြောင့် နေရာဒေသ အခက်အခဲများရှိသဖြင့် ရိုက်ကူး သည့် နေရာလွဲမှားခြင်းမျိုးက ခွင့်လွှတ်၍ ရနိုင်သော်လည်း လိုအပ်သော ရိုက်ကူးရန်နေရာ (Shooting Location)များ ယနေ့တိုင် ရှိနေသေးသော အဆောက်အအုံ တို့ကို မှားရိုက်သည်က မမှားသင့်သော အမှားများဖြစ်ပါသည်။
ထိုအမှားများကို ရှာဖွေစိစစ် တင်ပြရလျှင်…
(၁) ယနေ့အချိန်တွင် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည်မှာ (၆၄) နှစ်ကျော်ခဲ့ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အသက်က (၆၇) နှစ်ထဲ ရောက်နေပြီမို့ ဗိုလ်ချုပ်ကျဆုံးခဲ့စဉ်က သူမ အသက်နှစ်နှစ်ကျော်ကျော်ခန့်သာ ရှိပါဦးမည်။
-The Lady ဇာတ်ကား အဖွင့်မှာ ဗိုလ်ချုပ်က သမီးလေးကို ပုံပြောပြနေသည်။ ထိုပုံပြင် နားထောင်နေသော ကလေးငယ်မှာ အသက် (၄၊ ၅ ) နှစ်အရွယ်ခန့် ရှိနေပါ ပြီ။ ဒေါ်အောင်ဆန်းစုကြည်၏အရွယ်ကွာနေပါသည်။
-နောက်တစ်ချက်မှာ ဗိုလ်ချုပ်တို့ သားအဖ စကားပြောနေကြသော ခြံမှာ ဗိုလ်ချုပ်နေခဲ့သော တာဝါလိန်းလမ်းအိမ် မဟုတ်ဘဲ ယခု ဒေါ်အောင်ဆန်းစုကြည် နေထိုင်သော တက္ကသိုလ်ရိပ်သာလမ်းမှ အိမ် ဖြစ်နေသည်။
(၂) ထို့နောက် ဗိုလ်ချုပ် သူ့ အော်စတင်ကားကလေးနှင့် အတွင်းဝန်ရုံးသို့ ထွက်လာခဲ့သည်။ အတွင်း ဝန်ရုံးရှေ့အရောက် ကားသည် ရုံးထဲသို့ ချိုးကွေ့ဝင်လိုက်သည်။
-အတွင်းဝန်ရုံးမှာ အနီရောင် အုတ်တိုက်ကြီး ဖြစ်သော်လည်း သူတို့ရိုက်ထားသည့် အတွင်းဝန်ရုံးက အဖြူရောင်ဖွေးဖွေး ဖြစ်နေ၏။
(၃) ဗိုလ်ချုပ်သည် အတွင်းဝန်ရုံး အစည်းအဝေးခန်းတွင်း ဝင်လိုက်ပြီး ”မင်္ဂလာပါ” ဟုပြောလိုက်သည်။
(၄) အတွင်းဝန်ရုံးထဲမှာ မှုံကြီးတို့ သက်နှင်းတို့ ရောက်နေကြပါပြီ။ သူတို့သည် မျက်စပစ်ပြီး လှေကားအတိုင်း တက်သွားကြရာ လမ်းတွင် လည်စီးပုဝါအနီများကို စည်း လိုက်ပြီး အစည်းအဝေးခန်းထဲသို့ ဝင်လိုက်ကြသည်။
-အမှန်က ၄င်းတို့သည် ဗိုလ်ချုပ်တို့ အစည်းအဝေးစနေချိန်မှာ စစ်ရောင်ဂျစ်ကားဖြင့် ရုံးရှေ့သို့ ကမန်းကတန်း မောင်းဝင်လာပြီး ကားပေါ်မှ အပြေးအလွှား ဆင်းကာ လှေကားအတိုင်းတက်၊ အစည်း အဝေးခန်းထဲ တန်းဝင်သွားကြခြင်း ဖြစ်ပါသည်။
(၅) အစည်းအဝေးခန်းထဲ ရောက်သောအခါ ဦးဆောင်လာသူက သူကိုင်ထားသော ပစ္စတိုသေနတ်ကို မောင်းတင်လိုက်ပြီးမှ သူတို့ကို ကျောခိုင်းထားသော ဗိုလ်ချုပ်ကို ချိန်ကာ ပစ်လိုက်သည်။ ပြီးမှ ကျန်သူများကို ပစ်သည်။
-လူသတ်သမားများသည် ပစ္စတိုသေနတ် မကိုင်ကြပါ။ ထိုခေတ်က စက်သေနတ် အသေးစားများ ဖြစ်သော တော်မီဂန်းနှင့် စတင်းဂန်းများကိုသာ ကိုင်ဆောင်ထားကြပါ သည်။ အခန်းထဲဝင်လိုက်သည်နှင့် အချိန်ယူပြီး ချိန်နေခြင်းပြုနိုင်မည် မထင်ပါ။ တွေသမျှလူကို ပစ်ကြပါသည်။
သို့သော် ၄င်းတို့၏အဓိက ပစ်မှတ်ဖြစ်သော ဗိုလ်ချုပ်ကိုတော့ အလွတ်မပေးခဲ့ပါ။ ကျွန်ုပ်တို့ ကြားဖူးသမျှမှာ ဗိုလ်ချုပ်သည် သေနတ်သမားများနှင့် မျက်နှာချင်းဆိုင်ဖြစ်ပြီး တစ်စုံတစ်ခု ပြောရန် ထရပ်လိုက်သော်လည်း ပြောချိန်မရဘဲ သေနတ်ကျည်များ ဒလစပ်ဝင်လာကာ လဲကျသွားခြင်းဖြစ်သည်။ထို့ပြင် လူသတ်သမားသည် သူ၏ ပစ္စတိုကို မောင်းတင်ပြီး ထပ်ပစ်လိုက်ပါသေးသည်။
အထက်တွင် ရေးခဲ့မိသည့်အတိုင်း မကြည့်လိုက်ဖြစ်ရင် ကောင်းသား ကြည့်လိုက်ဖြစ်သောကြောင့် မြင်မိသွားခဲ့ရသည်က ကိုယ့်အမှားဟုပင် ပြောလိုက်ချင်ပါသည်။
နိုင်ငံခြားတိုင်းပြည်က မိမိတိုင်းပြည်နှင့် လူမျိုး၏ အရေးကြီးသော သမိုင်းဆိုင်ရာ ဖြစ်ရပ်တစ်ခုကို အလွန်အကျည်းတန်စွာ မှားနေခဲ့မှုအပေါ် အပြစ်မဆိုသာသော် လည်း ပြောရပါမည်။ အထင်ကရ လုပ်ရပ်များ ဖြစ်ရပ်များကို ရိုက်ကူးပြသတော့မည် ဆိုပါလျှင် အမှားနည်းနိုင်သမျှ နည်းအောင် ဂရုစိုက်ဖို့ အလွန်လိုအပ်ပါသည်။ တစ်ချက်မှားရုံဖြင့် တစ်သက်သွားရပါလိမ့်မည်။ နောင်လာနောက်သားများက အာဇာနည်နေ့ ဖြစ်စဉ်ကို တလွဲတွေ ထင်သွားနိုင်ပါသည်။
သမိုင်းအမှားသည် ပြင်ရ အလွန်ခက်ပါသည်။
နောင်နှစ်တစ်ရာတွင် ကျွန်တော်တို့၏ သားမြေးများ အာဇာနည်နေ့အကြောင်း ရေးသားငြင်း ခုံကြရာတွင် ထိုဇာတ်ကားကို အထောက်အထားပြုပြီး ငြင်းကြဦးမည်ကို ကြိုတင်တွေးကာ စိတ်မအေးနိုင် ဖြစ်နေရပါသည်။ထို့အပြင် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ သမိုင်း၊ ထိုလူမျိုးထိုနိုင်ငံမှ ခေါင်းဆောင်တို့၏ အတ္ထုပ္ပတ္တိတို့ကို ရေးသားဖော်ပြရာတွင် လည်းကောင်း၊ ရုပ်ရှင်အဖြစ် ရိုက်ကူး တင်ပြရာတွင်လည်းကောင်း၊ မမှားသင့်သော အမှားများကို အထူးဂရုစိုက်ပြီး ထိန်းသိမ်းကြစေလိုပါသည်။ သို့မဟုတ်ပါက ထိုနိုင်ငံ ထိုလူမျိုး၏ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိပါးသကဲ့သို့ ဖြစ်နိုင်သောကြောင့် မမှားသင့်သော အမှားမျိုးကို မမှားစေဘဲ မှန်နိုင်သမျှ မှန်အောင် ကြိုးစားအားထုတ်ကာ စာပေသမိုင်း၊ ရုပ်သေသမိုင်းမှ ရုပ်ရှင်သမိုင်း သို့ အဆင့်မြင့် တင်ပြသင့်ပါကြောင်း စေတနာရှေ့ထား ရေးသားလိုက်ရပါသည်။
11 comments:
အဲ ဒီ ကား ဘယ် မှာ ကြည့် ရ မ လဲ အ ကို ကြီး တို့ ။ ကြည့် ချင် ပါ တယ် ။ကျေး ဇူး ပြု ပြီး ပြော ပြ ပါ အုံး
မြန်မာနိုင်ငံ အလံတွေပြောင်းပြန်ဖြစ်နေတယ်။ မိုက်ကယ်အဲရစ်ကို မြန်မာပြည်က မောင်းထုတ်တော့ ဒေါ်အောင်ဆန်းစုကြည်က မကွေးဘက်ကိုခရီးထွက်နေတယ်။ အိမ်မှာမရှိဘူး။ ပြီးတော့ နေအိမ်အကျယ်ချုပ်စကျတဲ့အချိန်မှာ ကလေးတွေက မြန်မာပြည်မှာရောက်မနေဘူးလေ။ ဇတ်ကားထဲမှာ အဲဒီအချက်တွေအားလုံး လွဲနေပါတယ်..။ ကျန်တာတွေ လွဲတာတွေ အများကြီးပါ။
မင်းတို့တွေကငါ့မိန်းမစုကြည်ကိုအမေစုလို့ခေါ်ရင်ငါ့ကိုလည်းဖေဖေ အဲရစ်လို့ခေါ်ရမယ်နော် ငါကမင်းတို့အမေယောက်ျားလေကွာ မင်းတို့အမေစုငါ့ကိုဘယ်လိုပြုစုသလဲဆိုတာသာပြောပြရင် မင်းတို့ထိုင်ငိုနေမှာ
မှန်ပါ့...တော်တော်ကို အရုပ်ဆိုးတဲ့ ဇာတ်ကားပါ။ အရေးထဲ ဟိုတရုတ်မက တရုတ်သံဝဲဝဲနဲ့ ဗမာလို ပြောတော့ ရယ်ရတော့မှာလိုလို ငိုရတော့မှာလိုလို..တော်တော်ကို ညံ့ဖျင်းတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာက ငွေတွေ သောက်သောက်လဲ သုံးတာ မဟုတ်တဲ့ နေရာမှာ သုံးပြီး မြန်မာပညာရှင်တွေကို ကားမရိုက်ခင် ညှိနှိုင်းခြင်း လုံးဝ မပြုခဲ့ပါဘူး။
ဘာလုပ်သင့်လဲဆိုတော့ အခုရိုက်မဲ့ ဗိုလ်ချုပ်ကားက မြန်မာပညာရှင်တွေနဲ့ ရိုက်မှာလေ. သူတို့ကို ဝိုင်းဝန်းထောက်ခံရမှာ..
http://www.thithtoolwin.com/ မှာကြည့်နိုင်ပါတယ်....ရေကျက်အေးကို သောက်ရသလိုမျိုး...သဘာဝမကျတာတွေ အများကြီးနဲ့ ...
Thate tot ma thi buu. But kyi ya tar tot ta myo kyi pae.
မြန်မာ့သမိုင်းကို မြန်မာများ
သာ အသိဆုံးဖြစ်ည်။မညာတတ်သော မြန်မာ့သမိုင်းပညာရှငများနှင့် တိုင် ပင်င်သ့ပါသည်။
အ ရ မ်း ပဲရုပ်ဆိုး တဲ့ မင်း သ မီးကိုသုံးထားတာပဲမကြည့်မိတာပဲကောင်းတယ်
အ ရ မ်း ပဲရုပ်ဆိုး တဲ့ မင်း သ မီးကိုသုံးထားတာပဲမကြည့်မိတာပဲကောင်းတယ်
Ma aye pay lee moh loz lar. Min ka br kg moh loz lal lee pal.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်