Subscribe to our RSS Feed

လူထု မီးအိမ်ရှင် ဒေါ်စု ကို အားကိုးတကြီးမဲထည့်ပြီးမှ ဖယောင်တိုင် နေ့တိုင်းထွန်းနေရ


လူထု မီးအိမ်ရှင်၊ ပြည်သူတွေကို အလင်းရောင်းပေမယ့် ခေါင်းဆောင် လို့ ခေါ်ဝေါ် ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကို အနိုင်ရပြီးပေမယ့် ပြည်သူတွေ မီးမရပဲ ဖြစ်နေပါတယ်။ NLD ကို မဲထည့်ဖို့ အကြိမ်ကြိမ်ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကနေ ပြည်သူတွေကို လျှပ်စစ်မီး ရအောင် ဘာမှမလုပ်နိုင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကောင်းပါတယ် ဆိုတဲ့ အမေရိကန်နဲ့ ဥရောပ နိုင်ငံများကလည်း ဘာမှ မကူညီကြတဲ့ အပြင် စီးပွားပိတ်ဆို့မှုကိုတောင် ဆက်လက်ထားရှိနေတုန်းဖြစ်ပါတယ်။

၈၈ မျိုးဆက် အပါအဝင် အခြား အတိုက်အခံများကလည်း အစိုးရရဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်မှုကို ကန့်ကွက် ခြင်းများ ပြုလုပ်ခဲ့ပေမယ့် သူတို့ ကိုယ်တိုင်လည်း လျှပ်စစ်မီး ရအောင် လုပ်ပေးနိုင်စွမ်းမရှိပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်များကလည်း လျှပ်စစ် ဓာတ်အားပေး စက်ရုံများကို ဗုံးခွဲ ဖျက်ဆီးခြင်း တွေ သာ လုပ်နေကြပြီး လျှပ်စစ်မီးရဖို့ ကိုတော့ အစိုးရ က လွဲပြီး ဘယ်သူကမှ လုပ်မပေးနိုင်တာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်ရင် နေ့ချင်း ညချင်း နတ်ရေကန်ထဲ ပစ်ချသလို နိုင်ငံကြီး ကောင်းစား သွားမယ်လို့ လူအများက မျှော်လင့်ကာ မဲပေးခဲ့ကြပေမယ့် အခု ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသော်လည်း ဘာမှ ထူးထူခြားခြား စွမ်းဆောင်နိုင်မှု မပေးနိုင်သေးဘူး ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ၆% သာ ရှိတဲ့ NLD အမတ်တွေအနေနဲ့ ၉၄% ရှိနေတဲ့ အမတ်တွေနဲ့ ထပ်တိုက်ရင်ဆိုင်ရမှာ ကြောက်ရွံ့နေတယ်လို့လည်း NLD နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကလာတဲ့ သတင်းတွေအရ သိရပါတယ်။

လက်တလောအားဖြင့် ၂၀ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့မှု ရုတ်သိမ်းဖို့ နိုင်ငံအများက တောင်းဆိုနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကတော့ စီးပွားပိတ်ဆို့မှုကို ထောက်ခံနေဆဲ ဖြစ်ပါတယ်။

Myanmar Express

3 comments:

နာမည်ပုံး တွေနဲ့ ရေးနေတုန်းလား.. လူရှေ့သူရှေ့မှာတော့.. မျက်နှာပြပြီး ဗျောင် ပြောဆိုရဲဟန်မတူဘူး.. ရှက်စရာကြီး....

a dar nin doe yet sout tone ma kya tae. boe daw tway young sar tar lay...nin toe pin can nay tae. sit tet bo chote tway kyount..sout tone ko ma kya bu..bel lo a myat gyi sar ya ma lah pel tway tet tae. head tway...sout yuu yet...kway lo pel tway..kway lo sar...kway pin can pe...kg kg nay ..kyar lar..

Commission just declare the MP list of winner only. They haven't start their job yet and what are you expecting to do them? If you can't wait, go to hell with Alibaba Than Shwe together. Think before you post idiot.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်