Subscribe to our RSS Feed

နိုင်ငံခြားရောဂါ ထမိတဲ့ ကျွန်မနဲ့ စင်ကာပူနိုင်ငံ


From :

မီးရောင်စုံတွေနဲ့ လှပနေတဲ့ မြို့လည်ကောင်မှာ အ၀တ်သေတ္တာ ခပ်ကြီးကြီးတစ်လုံး ကျောပိုးအိတ်တစ်လုံးကို လွယ်ထားတဲ့မိန်းကလေးတစ်ယောက် ။ အချိန်ကား ည ၁၀ နာရီတိတိ ။ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ရစ်ဝိုင်းကာ အားငယ်ဝမ်းနည်းမှုတွေကို မာန်တင်းဟန်ဖို့နေတဲ့ မိန်းကလေးတစ်ယောက် ။ ခြေစုံရပ် နေသော ခြေထောက်တွေ ဦးတည်ရာ တစ်ခုခုကို တွေ့ရှိလိုက်သလို စတင် ရွေ့လျားပါပြီး အ၀တ်သေတ္တာကို ဆွဲကာ ခြေလှမ်းလှမ်းမှန်မှန်ဖြင့်နေရာ တစ်ခုဆီကို ဦးတည်လို့ ထွက်ခွာလာပါသည် ။ လမ်းမှာ လူတစ်ယောက်ကို တစ်စုံတစ်ခုမေးလိုက်ပါသေးသည် ။ လေးလွန်းတဲ့ သေတ္တာကို ဆွဲကိုင်လာသောလက်တွေ မခံနိုင်အောင် နာကျင်လှသော်လည်း အံကျိတ်ခံကာ လိုရာရောက်အောင် လျှောက်လာခဲ့သည် ။ ဟော ! တွေ့ပါပြီ။

ဆိုင်းဘုတ်လေး တစ်ခု ။ သူမ သွားနေတာကတော့ မြန်မာတည်းခိုးခန်းတစ်ခုကိုပါ ။ ကောင်တာမှာ အခန်းယူကာ အခန်းရှိရာကို ကိုယ်အိတ်ကိုယ်ဆွဲ တတ်လာခဲ့ပါသည် ။ အခန်းထဲရောက်တယ်ဆိုရင်ဘဲ ခြေပစ်လက်ပစ် ကုတင်ပေါ်လဲလျောင်းလိုက်ရင်း အားရပါးရ ငိုချလိုက်မိပါတော့သည် ။

ကျွန်မဘ၀မှာ မိဘ အရိပ်အောက်မှာ အေးချမ်းစွာ နေလာခဲ့သူပါ ။ သိပ်ကို သွားချင်လှတဲ့ နိုင်ငံခြားဆိုတာကြီးကို ကိုယ်ဘာကိုငမ်းငမ်းတက်ရောက်ရှိလာခဲ့သူဆိုလည်း မမှားပါဘူး ။ သူများတွေလို အိမ်အခြေနေကြောင့် ၊ စီးပွားရေးတွေ ကြောင့်လဲ မဟုတ်ဘဲ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ရောက်လာသူပါ ။ ဘ၀ဆိုတဲ့ လောကဇာတ်ခုံကြီးက ဘယ်လောက်ထိ ကျယ်ပြောတယ် ၊ လူတွေက ဘယ်လိုဆိုတာကို ခုမှ ကျွန်မ စတင် သိရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး ။ ကျွန်မ မြန်မာပြည်ကနေစင်ကာပူနိုင်ငံကို တစ်ယောက်ထဲ လာခဲ့ပါသည် ။ လေဆိပ်မှာထဲက ကြိုသူမယ့် တစ်ယောက်ထဲ တည်းမယ့်လိပ်စာကို တက္ကဆီငှားရောက်လာခဲ့ပါသည် ။ တည်းမယ့်အိမ်က ကွန်ဒိုတစ်ခုပါ ။ ကွန်ဒို အဆောင်အဦးရှေ့မှာဘဲ တက္ကဆီက ချပေးခဲ့တာမို့ အခန်းနံပတ်ကိုဂိတ်မှာ ပြောပြကာ ၀င်ဖို့ပြောရပါသည်။ ကံဆိုးစွာ အခန်းမှာ ပြန်ဖြေမယ့်သူမရှိဘူးဆိုတဲ့ secury ရဲ့စကားသံကို ကြားလိုက်ရချိန်မှာကျွန်မဘ၀အတွက် တစ်ယောက်ထဲ ရပ်တည်မှုတွေကို စတင်စေခဲ့ပါတော့သည် ။ ကြီးမားလှတဲ့ ကျွန်မအ၀တ်အိတ်ကို ကြည့်ကာမျက်လုံးအိမ်မှာ မျက်ရည်တွေ ချက်ချင်းရစ်ဝဲလာခဲ့ပါသည် ။ ဒီအချိန်မှာ ကျွန်မ တောင်းတမိလိုက်တာကတော့ ကျွန်မ ဖေဖေကိုပါ ။

ဖေဖေ ကို ဆက်သွယ်ဖို့ မြန်မာပြည်ကို ဖုန်းခေါ်မှ ရမှာမို့ အရင်ဆုံး ကျွန်မ အိတ်တွေနဲ့ ဖုန်းကတ်ဝယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။လက်ကနာ၇ီကို ငုံ့ကြည့်လိုက်တော့ အချိန်က ည ၁၁ နာရီ ထိုးပါတော့မယ် ။ ဘာလုပ်ရမည်ဆိုတာကို ဦးနှောက်ကို ချက်ချင်းအလုပ်ပေးရပါတော့သည် ။ ကျွန်မတည်းခိုဖို့ အတွက် ဟောတည်တစ်ခုကို အရင်ဆုံးရှာရမယ်တိုတဲ့ အသိနဲ့ ဂိတ်ကိုမေးတော့ နည်းလေးလျှောက်လိုက်ရင် ဟောတည် တစ်ခုရှိတယ်ဆိုတာကို လမ်းညွှန်ပေးတာကြောင့် အိတ်ကိုဆွဲကာ ဟော်တည်ကို ရောက်လာခဲ့ပါတော့သည်။ အားရအောင် ငိုပြီးချိန်မှာတော့ ရေချိုးလိုက်ပါသည်။ အားလုံးပြီးစီးချိန် နာရီကြည့်လိုက်တော့ ည ၁၂ နာရီခွဲနေပါပြီ ။ ဟော်တည်အပြင်သို့ထွက်ကာ ဖုန်းကတ်တစ်ခုဝယ်ကာ အဖေဆီ ဖုန်းခေါ်ကာ အကျိုးကြောင်းကို ပြောပြလိုက်ပါသည် ။

ကျွန်မတော်တော်ကြာအောင် တွေးခဲ့ရတာတွေကို ဖေဖေက မိနစ်ပိုင်းလေးနဲ့ မြန်မာပြည်ကနေ စီစဉ်ပေးနိုင်ခဲ့ပါတယ် ။ ဖုန်းဆက်ပြီးနာရီဝက်လောက်ဘဲကြာပါတယ် ကျွန်မဆီကို ဖေဖေ မိတ်ဆွေ ဇနီးမောင်နှံ လာတွေ့ပါသည်။ မနက်ကို လာခေါ်မယ် တည်းမယ့်နေရာကို သေချာလိုက်ပို့မယ် ၊ ဘာမှ ကြောက်စရာမရှိဘူးဆိုတာတွေ သေချာပြောပြ မှာကြားပြီး ပြန်သွားကြပါသည်။ မိဘဆိုတာ အဝေးတစ်နေရာထိ အရိပ်တွေ လိုက်မိုးပေးတယ်ဆိုတာကို ကိုယ်တွေ့ ထပ်မံသိလိုက်ရပြန်ပါသည်။ ဒါကလည်း မကုန်နိုင်တဲ့ မိဘမေတ္တာတစ်ခုပါပဲလေ ။ ဒီလိုနဲ့ ကျွန်မ စင်ကာပူနိုင်ငံရဲ့ ပထမဆုံး ညကို အိပ်စက်လိုက်ပါတော့သည် ။

နောက်နေ့ မနက်မှ တည်းခိုရမယ့် အိမ်ကို ကျွန်မ ရောက်ရှိခဲ့ပါသည် ။ စင်ကာပူနိုင်ငံ ဆိုတာ အားလုံးက အလုပ်ကိုယ်ဆီနဲ့ စက်ရုပ်လူသားတွေလို ရှင်သန်နေကြတယ်လို့ ကျွန်မတင်စားချင်ပါသည် ။ လူတိုင်းကြည့်လိုက်ရင် အလုအယက် လမ်းသွားနေသူတွေ ။

မျက်လုံးပွင့်တယ်ဆိုတာနဲ့ အလုပ်ကို ပြေးကြရသည် ။ ဒါကြောင့်လည်း ခဏလေးအတွင်း အရမ်းကို တိုးတက်လာခဲ့ခြင်း ဖြစ်နိုင်ပါသည် ။ ဒီက လူတွေကို ကြည့်ပြီး စင်ကာပူရောက်မိတ်ဆွေကို ကျွန်မရောက်နေတယ်ဆိုတာကို အကြောင်းကြားဖို့ အားနာ ၀န်လေးနေမိပါသည် ။ ကျွန်မ လျှောက်လည်ချင်သည် ။ mrt စီးကာ မြေပုံ ကိုင်ကာ ကိုယ်ကိုကိုယ် သတ္တိမွေးလိုက်ပါသည် ။ ဒီနိုင်ငံမှာ အရမ်းဈေးကြီးတာကြောင့် ရေဘူးကအစ ကျောပိုးအိတ်ထဲ ထည့်ကာ ကျွန်မ တစ်ယောက်ထဲ လျှောက်လည်တဲ့ ခရီးစဉ်ကို စတင်လိုက်ပါသည်။

စင်ကာပူနိုင်ငံဆိုတာကို ရောက်မှ ကျွန်မအိမ်မှာ အလွယ်တစ်ကူ ရရှိခဲ့သောအရာ အားလုံးသည် ထိုက်တန်သော တန်ဖိုးတွေ ရှိနေပါလားဆိုတာကို ကျွန်မသိရှိနားလည်လာခဲ့ရပါသည် ။ အိမ်မှာ မိုးလင်းတာနဲ့ မျက်စိရှေ့ကို ရောက်ရှိလာတဲ့ ကော်ဖီနဲ့ မုန့်တခုခု (ဒါမှမဟုတ်)ထမင်းကြော် ဒီအစားသောက်တွေဟာ သူများနိုင်ငံမှာ ကိုယ်ပိုက်ဆံနဲ့ ကိုယ် အမှန်တစ်ကယ် ၀ယ်စားရတော့မယ့် အချိန်မှာ ကျွန်မလက်တွေ တွန့်ဆုတ်နေမိပါသည် ။ မိဘ ပိုက်ဆံ ကို လွယ်လင့်တကူ သုံးခဲ့တုန်းက အပြုံးမပျက် ခွင့်လွတ်အပြုံးနဲ့ ကျေနပ်ကြည်ဖြူ ပေးခဲ့တဲ့ဖေဖေ နဲ့ မေမေ ကို အမြဲလို ပြေးမြင်ခံစားမိပါသည် ။ နိုင်ငံရပ်ခြားမှာ အခြေတကျ အလုပ်လုပ်နိုင်ဖို့ဆိုတာ တစ်ကယ်တမ်းကျ အင်မတန်မှ ခက်ခဲလွန်းပါတယ် ။ ကျွန်မ အလုပ်ရှာတဲ့ရက်တွေမှာ စိတ်အားငယ်ခြင်း ၊ စိတ်ပင်ခြင်း ၊ အေးဂျင့်က စိတ်မှ ချရဲ့လား ၊ ငါပေးလိုက်မိတဲ့စရံလေးများ ပလုံသွားမလား ဆိုတဲ့ ယောက်ယက်ခက်တဲ့ အတွေးပေါင်းမြောက်မြားစွာတဲ့ အိပ်မရတဲ့ ညတွေက အများသား ။ အိမ်က vzo ချက်မယ်ပြောရင်တောင် မျက်ကွင်းဟောက်ပတ် ကိုယ်ပုံကို မမြင်စေချင်တာကြောင့် တွေ့ချင်ရက်နဲ့ မတွေ့ရတဲ့ ဒုက္ခကတမျိုး ။

ဒီလို များပြားထွေလီတဲ့ ခံစားချက်တွေကို အံ့တုရင်ဆိုင်ကာ ကြိုးစားနေသော်ညား အလုပ်က အဆင်မပြေ ။ ကဲဘယ်မလဲ ပျော်စရာဆိုတာဘယ်သူကလွတ်ခဲ့တာလဲ ? ကိုယ်သဘောနဲ့ ကိုယ်လာခဲ့တာပါ ။ ဟုတ်ပြီ ဘာလို့ အဆင်မပြေတာလဲ ? ပြင်ဆင်မှု အားနည်းခဲ့လို့ပါ ။ ဒါဆိုဘာလုပ်မလဲ ? ဟုတ်ကဲ့ တွေးနေပါတယ် ဆိုတဲ့ အဖြေနဲ့ အတူ လူက အားအင် ကုန်ခမ်းနေပါပြီ ။ ကျွန်မလက်တွေ့ တစ်ခုကို နမူနာလေးပြောပြချင်ပါသည် ။ ကျွန်မ အလုပ်သွားတင်တဲ့ အေးဂျင့်မှာ အမတစ်ယောက်ကို တွေ့ခဲ့ပါသည်။ သူက မြန်မာပြည်မှာ accounting ကို၁၀ နှစ်လောက်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်လာသူလို့ ပြောပါသည်။ အမှန်တစ်ကယ်ကို လည်း သူတကယ်လုပ်ခဲ့တာပါ ။ အေးဂျင့်ကသူကို admin ကနေ စ၀င်ပြီး ကျင့်သားရမှ accounting ကို ပြောင်းဖို့ ပြောပေမယ့် အဲဒီအမက သူမှာလုပ်ငန်းအတွေ့ကြုံရှိနေပြီးတားမို့မလိုကြောင်းပြောကာ accounting ကနေ စအလုပ်ဝင်ပါသည်။

အလုပ်ဝင်ပြီး တစ်ပတ်အကြာမှာ ဘယ်လိုမှ မတူတာကြောင့် အဆင်မပြေတာတွေ များကာ အေးဂျင့်ဆီ ငိုလို့ရောက်လာချိန် ကျွန်မတွေ့မြင်ခဲ့ရခြင်းပါ ။ ဆိုလိုချင်တာကတော့ နေရာတွေ အထာတွေ ပုံဆံတွေကွာခြားတယ်ဆိုတာကို ပြောချင်တာပါ ။ အင်္ဂလိပ်စကား (သို့မဟုတ် ) တရုတ်စကား (သို့မဟုတ်) မလေးစကားကို ကျွမ်းကျင်စွာပြောတတ်နေဖို့က ပထမဆုံးအရေးကြီးပါသည်။ နောက်တစ်ခုက ဆုံးဖြတ်ချက်ခိုင်မာရမယ် ။ ကိုယ်ကို ကိုယ် ယုံကြည်မှု အပြည့်ဝရှိဖို့လည်းအထူးပင်လိုအပ်ပါသည်။ ကိုယ်ကပြောတတ်ပြီး သူများပြောတာကို နားမလည်သူတွေလည်း တော်တော်များများတွေ့ရပါသည်။ အင်္ဂလိပ်စကားကို ပြောတတ်ဖို့လိုသလို ၊ သူများပြောလာတာကိုလည်း သေချာ သဘောပေါက်နားလည်ဖို့ လည်း လိုအပ်ပါသည်။

လူကဲခတ်တတ်ဖို့လည်း လိုအပ်ပါသေးသည် ။ အရေးကြီးဆုံးအချက်ကတော့ ကိုယ်ကိုကိုယ် အမှန်တစ်ကယ် ရပ်တည်နိုင်ရဲ့လားသူများနိုင်ငံကို သွားဖို့ငါမှာ အချက်လက် ၊ အရည်ချင်းတွေ ပြည့်စုံပြီလားဆိုတဲ့ အချက်က အဓိက အကျဆုံးအချက်ပါဘဲရှင် ။ ဒီတော့ကျွန်မလို နိုင်ငံခြားရောဂါထနေသူတွေ ကို ဒီဆောင်းပါးလေးကို ဖတ်ပြီး သေချာ ပြင်ဆင်နိုင်ပါစေလို့ ဆုတောင်းရင်း လူတိုင်းမိမိလိုရာပန်းတိုင်ကို လျှောက်လှမ်းပျော်ရွင်နိုင်ကြပါစေလို့ စိတ်ရင်းမှန်ဖြင့် ဆုတောင်းပေးလိုက်မိပါတော့သည်။

Myanmar Express

4 comments:

ကျေးဇူး တင်ပါတယ်..

Good. Anyway you will be successful. Because all myanmar have something special.We only need some language, techanical or professional and moral.Orther than that small difficuilty anywhere.Good luck

ကောင်း ပါ သည်

မိန်းကလေးတွေကိုပြောချင်ပါတယ်
ကိုယ့်ဘေးမှာ ကိုယ်မသိတဲ့ကောင်လာအိပ်တာ လက်ခံနိုင်တယ်ဆိုမှ
နိုင်ငံခြားကို သွားကြပါလို့ အကြံလေးပေးချင်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်