From :
..YPI
မော်ကွန်း မဂ္ဂဇင်းအမှတ်(၄) မှသရော်စာကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

ကျုပ် ဘစီက အဖော်ကောင်းရင် အရက်ဆိုင်အထိ လိုက် တယ်ဆိုတဲ့ ကောင်မျိုးဗျ။ အခုလည်းကြည့်လေ။ မြန်မာပြည်မှာ ပထမဆုံး သတင်းဦးစားပေးမဂ္ဂဇင်း(အယ်ဒီတာတွေ အဆိုပေါ့ လေ) ဖြစ်တဲ့ မော်ကွန်းက အယ်ဒီတာသုံးယောက်နဲ့ တစ်နေ့တုန်း က စကားစပ်မိတယ်။ သူတို့က တွေ့တွေ့ချင်း ဘာပြောတယ်မှတ် သလဲ။
““ကိုဘစီ၊ ခင်ဗျား ဒီအတိုင်းနေတော့မှာလား”” တဲ့။
ကျုပ်ဟာ ကျုပ်နေတာ ဒီမောင်တွေ ဘာမနာလိုဖြစ်သလဲ တော့ မသိဘူး။ ““ဟ...မောင်ရင်တို့၊ ကျုပ်က ဒီအတိုင်းမနေလို့ ထောင်ထဲ သွားနေရမှာလား””လို့ စိတ်ပေါက်ပေါက်နဲ့ ပြန်ပြီး အငေါ်တူးမိတယ်။
ဒီမှာတင် ဇေယျာလှိုင်ဆိုတဲ့ မောင်က ““ဟုတ်တယ်၊ ကျွန် တော်တို့ကလည်း ခင်ဗျားကို အဲလိုဖြစ်စေချင်တာ””တဲ့ဗျာ။ ဒီလူ တွေကို ကျုပ်က လူတော်သတင်းသမားကလေးတွေလို့ အောက် မေ့ပြီး ပေါင်းနေတာ။ အခုတော့ နောက်ကျော ဓားနဲ့ထိုးမယ့် ငနဲ တွေပါကလား။
““မဟုတ်ဘူးဗျ၊ တစ်မျိုးမထင်နဲ့ ကိုဘစီ။ ကျွန်တော်တို့ မဂ္ဂဇင်းမှာ သရော်စာကလေး ဘာလေးရေးစမ်းပါ””ဆိုပြီး သွား လေသူ ပြန်ကြားရေးဝန်ကြီးနဲ့ ရုပ်အဆင်းတူတဲ့ မောင်ဉာဏ်လင်း က အညာမျက်နှာပေးနဲ့ လေပြေကလေးထိုးတယ်။ မက်လုံး ကလေးလည်း ပါသေးတယ်ဗျ။ သူက ဒီခေတ်မှာ ကြီးပွားမယ့် သန္ဓေ ပါလာပုံရတယ်။ အပေးအယူ တတ်တယ်။ အ၀င်အထွက် ညက်တယ်။ စာမူခလည်း မြိုးမြိုးမြက်မြက်ပေးပါမယ်တဲ့လေ။ ဒါ တော့ ဘစီတို့က ကြိုက်တာပေါ့ဗျာ။ မြန်မာပြည်မှာ စာရေးပြီး သူဌေးမဖြစ်နိုင်တာသိပေမယ့် နည်းနည်းပါးပါး သုံးရစွဲရလည်း မနည်းဘူးမှတ်လား။
““ကဲ...အောရိုက်ပေါ့ဗျာ””
ဒါနဲ့ ပွဲကမပြီးသေးဘူး။ ““နေဦး””ဆိုပြီး ၀င်းဇော်လတ် ဆို တဲ့တစ်ယောက်က စကားစပြန်တယ်။ ဒီလူတွေ အလုပ်အပ်တာလဲ ဗျာ၊ အဆင့်ဆင့်ပါကလား။
တစ်ယောက်တည်းပြောလိုက်လည်း ပြီးတဲ့ဟာကို အဆင့်ဆင့် တစ်လှည့်စီ ပြောနေတော့ ကျုပ် ဘစီဆို တဲ့ကောင်ကလည်း အစကတည်းမှ စိတ်က သိပ်ရှည်ချင်တာ မဟုတ်ဘူး။ နည်း နည်းတော့ အချဉ်ပေါက်နေပြီ။
““မင်းတို့ကလည်းကွာ၊ ငါ့ကို စာမူအပ်တာ လွှတ်တော် အထာတွေ လာလုပ်နေတယ်။ အဆိုတစ်ခုကို အဆင့်ဆင့်တင်နေ ရသလိုမျိုးပဲ။ ခွီးမှ...””လို့ ကျုပ်လည်း လွှတ်ပြောမိတယ်။ အံမယ် ...မောင်တွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငါးရံ့ ပြုံးလေးတွေနဲ့။ သြော်...ငါးရံ့အပြုံးဆိုတာလား။ မှိုရတဲ့ မျက်နှာ မျိုးနဲ့ အတူတူပဲဗျ။ ငါတို့အကွက်ဝင်ပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ တစ်အောင့်နေတော့ ၀င်းဇော်လတ်ဆိုတဲ့ ငနဲဆီက ညောင်နာနာ အသံထွက်လာတယ်။
““ဟုတ်တယ် ကိုဘစီ၊ ကျွန်တော်တို့ကလည်း အဲဒီ လွှတ် တော်နဲ့ ပတ်သက်တာလေးပဲ နည်းနည်းသရော်ပေးစေချင်တာပါ။ မော်ကွန်းက သတင်းမဂ္ဂဇင်းဆိုတော့ သတင်းနဲ့ ဆိုင်တာလေး တွေ သရော်တော့ လိုက်ဖက်တာပေါ့ဗျာ၊ ဟဲ ဟဲ””
ကျုပ် နည်းနည်းတော့ စိတ်တိုသွားတာ အမှန်ပဲ။ ဘယ့်နှယ် ဗျာ။ ခိုင်းစရာရှားလို့ လွှတ်တော်ကိုမှ သွားသရော်ခိုင်းတယ်။ လွှတ်တော်က သူ့အလုပ်သူ နေပြည်တော်မှာ လုပ်နေတာလေ။ ပုံမှန်စည်းဝေးတယ်။ အဆိုတင်တယ်။ မဲခွဲတယ်။ အတည်ပြုတယ်။ ဒါပဲလုပ်နေတာ။ ဘာအမှားပါတာမှ မဟုတ်ဘဲဗျ။ မဟုတ်မှလွဲ ရော၊ ဒီငနဲ တွေ ကျုပ်ကို ချောက်ချချင်တာပဲဗျ။ သေချာတယ်။
““ဒီမယ် မောင်ရင်တို့၊ ကျုပ် ဒါမျိုးမလုပ်နိုင်ဘူး။ အများ ပြည်သူက ဆန္ဒသဘောညီမျှစွာနဲ့ ရွေးကောက်ထားတဲ့ လွှတ် တော်အမတ်မင်းများကို ကျုပ်မဝေဖန်နိုင်ဘူး။ ဝေဖန်ဖို့လည်း မသင့်ဘူး။ လွှတ်တော်ဆိုတာ ကျုပ်တို့ အခု ရထားပြီဖြစ်တဲ့ ဒီမို ခရေစီ အဲ...အဲ လျှာလိပ်သွားလို့ကွာ။ ဒီမိုကရေစီရဲ့ အသက်ကွ၊ ဦးနှောက်ကွ၊ နှလုံးသားကွ။ ဒီလောက်တိုင်းပြည်မှာ အရေးကြီးတဲ့ လွှတ်တော်ကို ငါက သွားဝေဖန်ရမယ်ဆိုတာ ဒီမိုကရေစီကို စော် ကားတာကွ။ လူထုဆန္ဒကို မျက်ကွယ်ပြုတာကွ။
““နေဦး၊ ကျုပ်ဆက်ပြောဦးမယ်။ ကျုပ်က နိုင်ငံသားတစ် ယောက်။ လွှတ်တော်ထဲမှာရှိတဲ့ အမတ်တွေဆိုတာက ကျုပ်တို့ နိုင်ငံသားတွေရဲ့ ဆန္ဒမဲတွေနဲ့ တညီတညွတ်တည်း တက်လာကြ တာတဲ့ကွ။ ဟုတ်တယ်။ ငါတို့တစ်တွေ အသည်းကြားက မဲတစ် ပြားနဲ့ အမတ်ဖြစ်လာတဲ့သူတွေကို ငါတို့က ဘာကြောင့် ဝေဖန်ရ မလဲကွာ။ သူတို့ရဲ့ ဆုံးဖြတ်ချက်က မမှားနိုင်ဘူး မဟုတ်လားကွာ။ အဲဒီတော့ “တည်မိတဲ့ ဘုရား လင်းတ နားနား”ဆိုသလိုပဲ။ မင်း တို့မကြိုက်ဘူးဆိုလည်း နောက်ရွေးကောက်ပွဲကျ မဲမပေးနဲ့ပေါ့။ အခုတော့ မဝေဖန်ကြပါနဲ့””
ကျုပ်က မဟာလွှတ်တော်ချီးမွမ်းခန်းကြီးကိုပြောတော့ ဒီ အယ်ဒီချာတွေခင်ဗျာ ပါးစပ်အဟောင်းသားနဲ့ ကျုပ်ကို ငေး ကြည့်နေတာများ ရုပ်ရှင်ရိုက်ထားဖို့တောင်ကောင်းတယ်။ သြော် ...“အယ်ဒီ ချာ”လို့ပြောရတာက ကျုပ်လောက်မတော်လို့ နှိမ်တာ မဟုတ်ပါဘူးဗျာ။ သူတို့က အယ်ဒီတာဆိုတဲ့ မဟာတာဝန်တော် ကြီးကို ထမ်းနေပေမယ့် လူကလေးတွေက ချာတိတ်အရွယ်ရှိ သေးတာကိုး။ ဒါကြောင့် မြန်မာစကားကို သံခိပ်(အကျဉ်းချုပ်) လုပ်ပြီး “အယ်ဒီချာ”လို့ ခေါ် လိုက်တာပါ။
ကျုပ်အဲလိုပြောတော့ ဇေယျာလှိုင်ဆိုတဲ့ မုတ်ဆိတ်မွေးနဲ့ မောင်က ခပ်ကုပ်ကုပ်ကလေးဗျ။ မောင်ဉာဏ်လင်းဆိုတာတော့ ပြောမနေနဲ့ အရပ်ပုရတဲ့အထဲ ကျူပ်ရဲ့ ချက်ကျကျ ဟိတ်လုံး၊ ဟန့်လုံးတွေကြောင့် ရှိန်တယ် ထင်ပါရဲ့။ ကုပ်ကလေးကို ပုလို့။ ၀င်းဇော်လတ်ဆိုတဲ့ မောင်ကလည်း မျက်နှာသေကလေးနဲ့ နှုတ် ခမ်းကို လျှာနဲ့ မကြာမကြာ သပ်နေတယ်။
““မဟုတ်ဘူး အစ်ကိုကြီးဘစီ၊ ဒါ အစ်ကိုကြီး ၀ါဒဖြန့်ခံထား ရတာ””ဆိုပြီး မောင်ဇေယျာလှိုင့်ဆီက အက်ကွဲကွဲအသံ ထွက် လာတယ်။ ဟာ...တစ်ခါလာပြန်ပြီ။ ကျူပ် သူ့မျက်နှာကို တည့် တည့်ကြည့်ပစ်လိုက်တယ်။ အစ်ကိုကြီးလို့ ကျုပ်ကိုခေါ်လို့ နည်း နည်းကျေနပ်သွားလို့သာ။ နို့မဟုတ်ရင် သင်းရဲ့ မုတ်ဆိတ်မွေးကို တစ်စစီဆွဲနုတ်ပစ်မိမှာ။ ဉာဏ်လင်းနဲ့ ၀င်းဇော်လတ်ကတော့ အခြေအနေကို အကဲခတ်နေပုံပဲ။
““ဒီလိုပါဗျာ။ အစ်ကိုကြီးကိုဘစီဟာ အမှန်တရားကို ချစ်တဲ့သူ လို့ ကျွန်တော်တို့ ယုံပါတယ်။ အုပ်ချုပ်သူမျက်နှာထက် ပြည်သူ့မျက်နှာကို ကြည့်မယ့်သူပါ။ တရားမှုနဲ့ မတရားမှုမှာ တရားတဲ့ဘက်က ရပ်တည်မယ့်လူပါ။ ပြီးတော့ ဒီမိုကရေစီကို လို လားတဲ့သူ။ လူ့အခွင့်အရေးကို စုံမက်တဲ့သူဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ မှန်တာပြောတဲ့အတွက် ဘယ်သူ့အမုန်းကိုမဆို ခံယူရဲတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အဲတော့ မတရားတာ၊ မမျှတတာ၊ မဖြစ်သင့်ဘူးထင်တာတွေကို ရေးစမ်းပါလို့ ကျွန် တော်တို့က တိုက်တွန်းတာပါ””
သူတို့က အဲလို ရှည်ရှည်ဝေးဝေးနဲ့ ရိုရိုကျိုးကျိုးပြောနေ တော့လည်း ကျုပ် စိတ်နည်းနည်းပြေပါတယ်လေ။ ကျုပ်ကို အစ် ကိုကြီးလို့ တလေးတစားခေါ်တာလည်း ဘ၀င်တွေ့တယ်ပေါ့ ဗျာ။ ကဲ...ငါ့ညီတို့ရာ၊ မင်းတို့က ကျုပ်ကို ဘာရေးစေချင်တာတုံးဟ။
ဒီတင် မောင်ဉာဏ်လင်းက သူ့အကွက်ဝင်ပြီဆိုတဲ့ ဟန် ကလေးနဲ့ ပါးစပ်ပြင်လိုက်တယ်။ ပြီးတော့ ““ကိုဘစီ၊ ဟိုကိစ္စကြား ပြီးပြီလား။ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိစ္စလေ””တဲ့။
ခက်တယ်ဗျာ။ ဒီမောင်တွေနဲ့ စကားပြောရတာ ရှင်းရှင်း ဘွင်းဘွင်းမရှိဘူးဆိုတာ အဲဒါပြောတာ။ သတင်းစာဆရာတွေ လုပ်ပြီး ဒိုးဒိုးဒေါက်ဒေါက်မရှိဘူး။ သူတို့ စကားပြောနေတာ သူကြီးသမီးကို ရွာက ကာလသားတွေ လူပျိုလှည့်သလိုပဲဗျ။ သူကြီးသမီးလည်း ကြိုက်သေးတယ်။ သူကြီးသေနတ်လည်း ကြောက်သေးဆိုတော့ ဟိုက လှည့်ချောင်း၊ ဒီက လှည့်ချောင်း လုပ်တဲ့ အပေါက်မျိုးပဲ။
““ကဲ...တည့်တည့်ပြောကြစမ်းပါကွာ။ အခု စုံစမ်းစစ်ဆေး ရေးကော်မရှင်ဆိုတာ ဘာကိုစုံစမ်းမယ့် ကော်မရှင်တုံး။ အခု ကာလမှာ ထစ်ခနဲရှိ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တယ်ဆိုတာချည်းဖြစ်နေတော့ ကော်မရှင်တွေကလည်း အများသားမှတ် လား။ ကော်မရှင်ဖွဲ့တာ ခေတ်စားနေလို့ ငါ့ရွာက ညီဝမ်းကွဲတစ် ယောက်က “အစ်ကိုကြီး၊ ကျုပ် ၀မ်းချုပ်နေတာ လေး၊ ငါး ရက်ရှိပြီ ဗျ။ အဲဒါ ဆေးလေးတစ်ဖုံလောက် ၀ယ်ပြီး လူကြုံပါးစမ်းပါ”ဆိုလို့ မင်းဟာက ရိုးရိုးဝမ်းချုပ်တာလား၊ လိပ်ခေါင်းများဖြစ်နိုင်သလား ဆိုတာ သေချာဖို့ အိမ်က ကြီးတော်တွေနဲ့ စုံစမ်းစစ်ဆေးရေးကော် မရှင်ဖွဲ့ပြီး အရင်သေချာအောင်လုပ်လို့ ပြောလိုက်မိသေးတယ်။ ကဲ...အခု ဘာစုံစမ်းစစ်ဆေးရေးကော်မရှင် ပေါ်ပြန်တာတုန်းဟ””
ဒီတင် မဆီမဆိုင် ၀င်းဇော်လတ်က မောင်ဉာဏ်လင်းဘက် လှည့်ပြီး မေးငေါ့တယ်။ ဘာတွေမှန်းတော့ ကျုပ် တကယ် မသိရိုး အမှန်ပါ။
““ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင်တဲ့လေ ဗျာ””တဲ့၊ ဇေယျာလှိုင်ကပြောတယ်။ ကျုပ်က သေချာနားမလည် လိုက်ဘူး။ ဘယ်က ဒေါက်တာဆိတ်ဖွားတုန်းဟ။ မင်းသိင်္ခ၀တ္ထု တွေထဲက ဇာတ်ကောင်လားပေါ့ဗျာ။ မင်းသိင်္ခ၀တ္ထုထဲက ဒေါက် တာဆိတ်ဖွားနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ဘာများပတ်သက် သတုံး။ ကျုပ် တကယ်နားမလည်ဘူးဗျာ။ ဒီတော့မှ အယ်ဒီတာသုံး ယောက်က ရှင်းပြတယ်။ ဒါပေမဲ့ ကျုပ်တော့ ဇာတ်ရည်မလည်ဘူး။ ယုံလည်း မယုံနိုင်ဘူး။
ဒီလိုတဲ့ဗျာ။ ဒေါက်တာဆိတ်ဖွားဆိုတဲ့လူက လွှတ်တော် ဟာ ဥပဒေရဲ့အထက်မှာရှိတယ်ဆိုပြီး ရေးလို့တဲ့ဗျ။ ရေးတာက လည်း အိမ်သာနတ်၊ အဲလေ...ဆောရီး၊ အင်တာနက်စာမျက်နှာ ပေါ်က ဘလော့ဂ်ဆိုတာကြီးမှာ ရေးတာတဲ့ဗျာ။ ဘလော့ဂ်ဆိုတာ ကျုပ်တော့ သေချာမသိပေါင်ဗျာ။ ထားပါတော့။ အဲဒါ ဒီလိုရေး တာဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်။ အသရေ ပျက်စေတယ်ဆိုပြီး လွှတ်တော်အမတ်တစ်ယောက်က အဆိုတင် သတဲ့။ တင်တဲ့အဆိုကို လွှတ်တော်က မဲခွဲအတည်ပြုတဲ့အခါ ဒေါက်တာဆိတ်ဖွားကို အရေးယူဖို့ ဖြစ်လာတော့တာတဲ့။
ခက်တာက အရေးယူမယ်သာဆိုတာ ဒေါက်တာဆိတ်ဖွား ဆိုသူက ဘယ်သူမှန်းလည်း သိကြတာမဟုတ်ဘူးတဲ့။အဲဒါ ဒေါက် တာဆိတ်ဖွား ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိရမှ အရေးယူ လို့ရမှာဆိုတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီးတော့ စုံစမ်းဖို့ စီစဉ်ကြတာပါတဲ့လေ။
ဒါတွေ ကျူပ်ကို မော်ကွန်းအယ်ဒီတာ သုံးယောက်က တစ် ယောက်တစ်ပေါက်ရှင်းပြတယ်။ ပြီးတော့ ကျုပ်ကို မေးခွန်းနည်း နည်းမေးမယ်ဆိုပြီး လုပ်ပြန်ရောဗျာ။ ကဲ...လုပ်ဆိုလည်း လုပ် ပေါ့ကွာ။ မေးခွန်းက သုံးခုတည်းပါ။ ပရိသတ်များ အောက်တွင် ရှုစားတော်မူပါ။
မော်ကွန်း။ ။ ကိုဘစီဟာ အိမ်က မိန်းမရဲ့ အထက်မှာ ရှိသလား၊ အောက်မှာရှိသလား။
ဘစီ။ ။ ဘစီရဲ့ မိန်းမ မဒမ်ဘစီဟာ ကျုပ် ဘစီရဲ့ အထက်မှာ ရှိသလား၊ အောက်မှာ ရှိသလားဆိုတာ အတွင်းရေးတွေပါ။ ဘယ် သူမှ မသိနိုင်ပါ ဘူး။
မော်ကွန်း။ ။ အဲ...မဒမ်ဘစီဟာ ဘစီရဲ့ အထက်မှာ ရှိနေတယ်လို့ ဝေဖန်ရင် စိတ်ဆိုးမှာလား။
ဘစီ။ ။ဘာလို့ စိတ်ဆိုးရမှာလဲ။ အမှန်တော့ မဒမ်ဘစီဟာ ဘစီရဲ့ အထက်မှာ မရှိပါဘူး။ ဘစီရဲ့ အောက်မှာလည်း ရှိတာ မဟုတ် ပါဘူး။ ဘေးချင်းယှဉ်ပြီး ရှိနေတာပါ။ ဘေးတိုက်ကြီးပေါ့။
မော်ကွန်း။ ။ ဒီတော့ ကိုဘစီ ခင်ဗျား၊ နောက်ဆုံးမေးခွန်းကလေးပါ။ ကိုဘစီဟာ မဒမ်ဘစီကို ကြောက်ရသလား။
ဘစီ။ ။ ဘစီက မဒမ်ဘစီကို သိပ်ချစ်ပါတယ်။ ဒါကြောင့် စိတ်နဲ့ တောင် မပြစ်မှားပါဘူး။
မော်ကွန်း။ ။ ဒီတစ်ခါလည်း နောက်ဆုံးပါပဲ။ ဘာများဖြည့်စွက်ပြီး ပြောဦးမလဲ။
ဘစီ။ ။ မောင်ရင်တို့ရယ်...ဒီလိုကွယ်၊ မဒမ်ဘစီဟာ ဘစီနဲ့ သား သမီးများအတွက် စီမံရတယ်၊ ခန့်ခွဲရတယ်။ ဒီနေ့ဖြင့် ဒီအ၀တ်ကို ၀တ်၊ ဒီနေ့တော့ ငါးပိရည်နဲ့ တို့စရာနဲ့သာ စား။ ဒီနေ့တော့ လိုင်း ကားစီးသွား၊ တက္ကစီမစီးနဲ့နော်။ အရက်ဆိုင်က စောစောပြန် လာ။ အနှိပ်ခန်းလည်း မသွားနဲ့ စသဖြင့် အဲသလို ကိစ္စများမြောင် လူတို့ဘောင်၊ အဲလေ...ဘစီတို့ဘောင်ကို စီမံခန့်ခွဲပေးနေရတဲ့ သူပါ။
အဲတော့ မဒမ်ဘစီဟာ ဘစီတို့အတွက်တော့ မရှိမဖြစ်တဲ့ လွှတ်တော်ကြီးနဲ့ ပုံစံတူပါတယ်။ ကိစ္စတွေအားလုံးကို သူ့လက်သူ့ ခြေ ဆုံးဖြတ်လုပ်ကိုင်ခွင့်ရနေတော့လည်း မဒမ်ဘစီသည် တစ်ခါ တလေမှာ အနည်းငယ် သွေးနားထင်ရောက်တတ်ပါတယ်။ ဆောင့်ကြားကြားလည်း နိုင်ပါတယ်။ လူ့သဘာဝလို့ ဆိုရမှာပေါ့။ ဒါပေမဲ့ ဘစီက ခွင့် လွှတ်ပါတယ်။ ချစ်ခင်ပါတယ်။ မြတ်နိုးပါတယ်။ တွယ်တာပါတယ်။ ဒါကြောင့် လွှတ်တော်နဲ့တူတဲ့ မဒမ်ဘစီကို ကျုပ် မောင်ဘစီက စိတ်နဲ့တောင် မပြစ်မှားရက်ပါဘူး။ အလွန် ရိုသေပါတယ်။ ဒါကြောင့် မောင်ရင်တို့လည်း အိမ်က မောင်ရင်တို့ ရဲ့ လွှတ်တော်တွေကို စိတ်နဲ့တောင် မပြစ်မှားကြပါနဲ့။
ဒီလိုနဲ့ အဲဒီနေ့က မော်ကွန်းအယ်ဒီချာ(တာ)များနဲ့ တွေ့ တာ ပွဲသိမ်းသွားရော။ ဒီငမိုက်သားတွေ ကျုပ်ကို ဘီယာတိုက်ပြီး ပြုစုပါ့ မယ်လုပ်လို့ မနည်းငြင်းခဲ့ရသေးတယ်။ မငြင်းလို့ မရဘူးဗျ။ မဒမ်ဘစီ က ဒီရက်တွေမှာ ညရှစ်နာရီထက် အိမ်ပြန်နောက်ကျရင် ရိက္ခာဖြတ်မတဲ့၊ ကိုယ်ရိက္ခာကိုယ်ဖန်တီးတဲ့ဆိုလို့လေ။ သြော်...တစ်လွဲမတွေးနဲ့ဦး။ ရိက္ခာဆိုတာ ညထမင်းပွဲ ကိုယ့်ဟာကိုယ်ခူး စားလို့ ဆိုလိုတာပါဗျာ။ ဒါကြောင့် ကျုပ်လည်း အိမ်ကို စောစော ပြန်လာတာပေါ့။
ဒါနဲ့ တစ်ရက်ကျတော့ ဖေ့ဘွခ်ဆိုတာကြီးကို ကျုပ် ဖွင့် ကြည့်မိတယ်ဗျာ။ အဲဒီမှာ မကြာမီ မော်ကွန်းမှာ ဘစီရေးမယ့် သရော်စာနာမည်ကို ကြေညာထားတာ တွေ့ရတော့တာပဲ။ တွေ့ တွေ့ချင်း ကျုပ် အတော်ဇဝေဇ၀ါနိုင်သွားတာပါ။ နာမည်ကလည်း ကြည့်ဦး၊ ““လွှတ်တော်ကို “ဆိတ်”နဲ့တောင် မပြစ်မှားနဲ့””ဆိုပဲဗျာ။ ဟာ...သွားပြီပေါ့ ။ ဒီ အယ်ဒီတာတွေ အခုတစ်ခါ တကယ် ချာပြီ။
သိပ်မကြာပါဘူး။ ဇေယျာလှိုင်ရဲ့ ညောင်နာနာ အက်ကွဲ သော ၀ီစကီအသံနဲ့ ကျုပ်ဖုန်းနံပါတ်ဆီ ဆက်သွယ်လာမှုကို လက်ခံရရှိပါရောဗျာ။ သူပြောတာ ကျုပ် အရင်းအတိုင်း ပြန်လည် ဖော်ပြပါ့မယ်။
““ဟဲလိုး...အစ်ကိုကြီးဘစီ၊ နေကောင်းထိုင်သာရှိပါသလား ခင် ဗျ””
““ဟိုင်း...ညီလေး ဇေယျာ ပြောဗျ၊ ကောင်းသပ””
““အစ်ကိုကြီးကို ညီလေးတို့ တောင်းပန်ချင်လို့ပါ””
““အလို...ဘာများ ကိုယ့်ညီတို့က အမှားလုပ်လို့တုံး””
““ကျွန်တော်တို့ စာလုံးပေါင်းသတ်ပုံမှားသွားတဲ့ ကိစ္စ ကလေးပါ””
““သြော်...သိပြီ၊ “စိတ်”နဲ့ “ဆိတ်” ကိစ္စမဟုတ်လား””
““ဟုတ်တယ် ကိုဘစီ။ ကျွန်တော်တို့ အနူးအညွတ်တောင်း ပန်ပါတယ်။ ဒီကိစ္စ ဟိုအညာသားကြောင့်ဖြစ်ရတာပါ””
““နို့၊ နေပါဦး ဘယ်က ဘယ်လို အညာသားက ပါလာတာ တုံးကွ””
““ဉာဏ်လင်းလေဗျာ။ ပျော်ဘွယ်သားပေါ့””
““ဟုတ်ပါပြီ၊ ဆိုစမ်းပါဦး””
““အစ်ကိုကြီးက လွှတ်တော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့လို့ ပြောတာကို ဉာဏ်လင်းက သိပ်ကြိုက်သွားတယ်တဲ့ဗျာ။ ဒါဟာ သတင်းစာပညာသဘောတရားအရ ဂွတ်ကုပ်(ွသသျှိကသအန) ပဲဆိုပြီး အားရ၀မ်းသာ ရေးလိုက်တာပါ””
““အယ်...နေစမ်းပါဦး၊ ငါပြောတာ ဘာများ ဖောင်းသွား လို့တုံး””
““ဒီလိုလေ အစ်ကိုကြီးရဲ့၊ လွှတ်တော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့ ဆိုတဲ့စကားဟာ ကာလဒေသ ပယောဂနဲ့ ညီညွတ် သွားပြီးတဲ့နောက် မဟာသတင်းဉာဏ်တော်စူးရောက်တဲ့ ဉာဏ် လင်းရဲ့ ဖန်တီးလိုက်ခြင်းက စတာပါပဲ””
““ငါ မရှင်းဘူးကွာ၊ တည့်တည့်ပြောစမ်းပါ””
““အစ်ကိုကြီးက လွှတ်တော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့ ပြောခဲ့ပါတယ်။ ဒါကို အညာသားဉာဏ်လင်းက ငါတို့ပိုင်ပြီဆိုပြီး ရေးလိုက်ရာမှာ “ဆိတ်” ဖြစ်သွားတာပါပဲဗျာ။ ဒေါက်တာဆိတ်ဖွား က လွှတ်တော်ကို စော်ကားမော်ကားရေးထားလို့ အခုတလော ပွက်လောထနေတဲ့ သတင်းဂယက်ကလည်း ရှိနေတာကိုး။ စိတ် စွဲတာလည်း ဖြစ်မှာပါ။
““ဒါကြောင့် ဉာဏ်လင်းရဲ့ မဟာသတင်းသမားဉာဏ်က စူး စူးရှရှဖြစ်ပြီး ကွန့်မြူးဖော်ပြလိုက်တာပါပဲ။ ဒါပေမဲ့ ဒီလိုရေးလိုက် တာကို စာဖတ်ပရိသတ်တွေက အကြိုက်တွေ့တဲ့အတွက် အခုဆို မော်ကွန်းမဂ္ဂဇင်းရဲ့စောင်ရေဟာ နောက်တစ်လအတွက် အမှာ စာတစ်သောင်းကျော်လောက် ထိုးတက်သွားပါတယ် အစ်ကို ကြီး။ ကျွန်တော်တို့မဂ္ဂဇင်းရဲ့ အနာဂတ်ကို အစ်ကိုကြီးဘစီရဲ့ ပြောင်မြောက်တဲ့စကားတစ်ခွန်းက ကယ်တင်လိုက်တာပါပဲ။
ဒါပေမဲ့ အစ်ကိုကြီး စိတ်ချပါ။ ဘစီဆိုတာ ဘယ်သူဘယ် ၀ါဖြစ်ကြောင်း အာဏာပိုင်တွေကို ကျွန်တော်တို့ ဖော်ထုတ်ပြော ဆိုမှာ မဟုတ်ပါဘူး။ ပြီးတော့ အစ်ကိုကြီးလည်း ကျွန်တော်တို့ မဂ္ဂဇင်းမှာ လစဉ်ပင်တိုင် စာမူချီးမြှင့်ပေးပါ””
ကျုပ်ဒီစကားကြားတော့ ငိုရမှာလား၊ ရယ်ရမှာလား မသိ နိုင်အောင်ဖြစ်သွားတယ်ဗျာ။ လေလည်ချင်သလို၊ ၀မ်းသွားချင် သလို၊ ဆီးအောင့်သလို မအီမလည်ကြီးခံစားနေရတာပါ။ ကျုပ် မှာ အခုတလော ကျီးလန့်စာစားနေရတာလည်း အမှန်ပါဗျ။ ကိုယ်မသိတဲ့ တယ်လီဖုန်းနံပါတ်နဲ့ ဖုန်းသံမြည်လာရင် ကျုပ်ရဲ့ သက်ထားဒေ၀ီ မဒမ်ဘစီကိုပဲ ဖုန်းကိုင်ခိုင်းထားရတယ်။ ကျုပ် ကိုမေးရင် ကိုဘစီ ခရီးသွားနေတယ်လို့ ပြောဆိုပြီးလည်း သင် ထားရတာပေါ့။
ဟုတ်တယ်။ သိပ်မကြာခင် “ဘစီ စုံစမ်းစစ်ဆေးရေးကော် မရှင်” ဆိုတာကြီးများပေါ်လာမလားဆိုပြီး ကြေးမုံနဲ့ မြန်မာ့ အလင်းသတင်းစာကို နေ့စဉ်နဲ့အမျှ အမောတကြီး လှန်နေရ တော့တယ်။
တကယ်ဆို ကျုပ် လူပေါင်းမှားခဲ့တာပါ။ အခုတော့ ရင် တထိတ်ထိတ်နဲ့နေရတဲ့ဘ၀ ရောက်ရပါပြီဗျာ။ ဒါကြောင့် မှားတာ ရှိရင် ဘစီကို အပြစ်မယူပါနဲ့။ မော်ကွန်းအယ်ဒီတာတွေကိုသာ အရေးယူကြပါ ခင်ဗျား။
.. www.MyanmarExpress.net

1 comments:
ဒီလို အောက်တန်းစား အဆင့် မရှိတဲ့ စာရေးတဲ့ ကောင် ကို
ဘာမှ အ ရေးယူ တိုင် မ နေနဲ့
အပြင် မှာ တွေ့ရင် လက်သီးနဲ့ထိုး ဖိနပ် နဲ့ ပါးရိုက် ပစ်
တရား ရုံး ရောက်လဲ ဒဏ်ငွေ ၁ ထောင် ပဲ
ရဲရဲလုပ်ကြစမ်းပါ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်