Subscribe to our RSS Feed

ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် (၉)ဆင့်တက်လာခဲ့သည့် မြန်မာအသင်း

From : ..http://singaporefeelfeel.blogspot.com/2013/03/blog-post_4563.html

မတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များကို ဖီဖာမှ ယနေ့ ထုတ်ပြန်လိုက်ရာ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ရပ်တည်ခဲ့သည့် အဆင့်မှ (၉)ဆင့် တက်လာခဲ့ကြောင်း သိရသည်။ မြန်မာ့ လက်ရွေးစင် အသင်းသည် ဖေဖော်ဝါရီလတွင် ကမ္ဘာ့အဆင့် (၁၆၄)၌ ရပ်တည်ခဲ့ရာမှ မတ်လတွင် ကမ္ဘာ့အဆင့် (၁၅၅)သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။


မတ်လအတွင်းတွင် မြန်မာ့လက်ရွေးစင် အသင်းသည် ပွဲပေါင်း (၃)ပွဲ ကစားခဲ့ပြီး AFC Challenge Cup ခြေစစ်ပွဲများအဖြစ် ကစားခဲ့သည့် အဆိုပါ ပွဲများတွင် မြန်မာ အသင်းသည် (၂)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။ မြန်မာအသင်းသည် အဆိုပါ ခြေစစ်ပွဲစဉ်များတွင် ဂူအမ်နှင့် အိန္ဒိယ အသင်းတို့ကို အနိုင်ရခဲ့ပြီး တိုင်ပေကို သရေကျခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့ရာ အဆိုပါ ရလဒ်ကောင်းများကြောင့် ယခုကဲ့သို့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် (၉)ဆင့် တက်လာခဲ့ခြင်း ဖြစ်သည်။ အာဆီယံ ဒေသတွင်း အသင်းများတွင် ထိပ်ဆုံးအသင်း အဖြစ် ဗီယက်နမ် အသင်းပင် ဆက်လက် ဦးဆောင်ခဲ့ပြီး ထိုင်းအသင်းက ဒုတိယ၊ ဖိလစ်ပိုင် အသင်းက တတိယနေရာတွင် ရှိနေကြကာ မြန်မာအသင်းက စတုတ္ထနေရာသို့ ရောက်လာခဲ့သည်။

အာဆီယံ အသင်းများ၏ မတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်

၁။ ဗီယက်နမ် (၁၂၉)
၂။ ထိုင်း (၁၃၅)
၃။ ဖိလစ်ပိုင် (၁၄၅)
၎။ မြန်မာ (၁၅၅)
၅။ စင်ကာပူ (၁၆၂)
၆။ မလေးရှား (၁၆၄)
၇။ အင်ဒိုနီးရှား (၁၆၆)
၈။ လာအို (၁၆၈)
၉။ ကမ္ဘောဒီးယား (၁၈၅)
၁၀။ ဘရူနိုင်း (၁၈၆)
၁၁။ တီမော (၁၉၈)

.. www.MyanmarExpress.net
 

2 comments:

အ ဆင့် ၉ ကျော် လဲ အ ထင် မ ကြီး ဘူး ကန် ပုံ ကန် နည်း ကန် ကွက် တွေ ကို က အ ဆင့် မ မှီ ပါ ဘူး ရှင်း ရှင်း ပြော ရ ရင် ပြေး တာ တောင် အ ဆင့် မ ရှိ ဘူး ပြေး ပုံ ကန် ပုံ အ မော ခံ နိုင် ပုံ က စ လုးံ ဝ အ ဆင့် မ ရှိ ပါ ဘူး က လပ် အ သင်း တွေ လဲ ကြည့် ကြ ပါ အုးံ

အ ဆင့် မ ရှိ ဘဲ နဲ့ အိ န္ဒိ ယ ကို နိုင် မ လား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်