Subscribe to our RSS Feed

မြန်မာသို့ ကူညီထောက်ပံ့မှုများ အရှိန်မြှင့်ပေး သွားမည်ဟု ယူအက်စ်အိတ်ဒ်အကြီးအကဲပြောကြား

From : ..myanma age


အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသို့ ကူညီ
ထောက်ပံ့မှုများကို အရှိန်မြှင့်ပေးသွားမည်ဖြစ်ကာ မြန်မာ
အစိုးရထံမှလည်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုရရှိနေပြီ
ဖြစ်ကြောင်း မြန်မာသို့ လာရောက်ခဲ့သည့် ယူအက်စ်အိတ်ဒ်
အေဂျင်စီ၏ အကြီးအကဲ ရာဂျစ်ရှားက ပြောကြားခဲ့သည်။

ယူအက်စ်အိတ်ဒ် အကြီးအကဲသည် မြန်မာသို့ရောက်ရှိစဉ် သမ္မတအိုဘားမား နိုဝင်ဘာတွင် အလည်လာရောက်စဉ်က
ချမှတ်ခဲ့သော “ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီနှင့် ကြွယ်ဝချမ်း
သာရေးအတွက် အမေရိကန်-မြန်မာပူးပေါင်းဆောင်ရွက်ရေး” အစီအစဉ်ခေါင်းစဉ်အောက်၌ မြန်မာအတွက် ပရောဂျတ်
သုံးခုကို ချပြခဲ့သည်။

ရိုက်တာသတင်း၏ မေးမြန်းချက်ကို ရန်ကုန်မှ ဖုန်းဖြင့်
ဖြေကြားရာတွင် မစ္စတာ ရှားက ၎င်းသည် မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းအတွက် နိုင်ငံတကာထောက်ခံအားပေးမှု အရှိန်အဟုန်ဖြင့်ပေါက်ကွဲနေခြင်းကို မျက်မြင်သက်သေအဖြစ်
တွေ့ နေရကြောင်း ဆိုသည်။

၎င်းက“မြန်မာအစိုးရနဲ့  ကဏ္ဍပေါင်းစုံမှာ စစ်မှန်တဲ့ တိုက်ရိုက်
ဆွေးနွေးမှု၊ထိတွေ့ ဆက်ဆံမှုတွေ ရှိနေပါတယ်။ ပြုပြင်ပြောင်း
လဲမှုတွေမှာ တကယ် တိုးတက်မှုလည်းရှိနေပါတယ်” ဟု
ပြောကြားသည်။

မြန်မာအတွက် အမေရိကန်၏ ပရောဂျတ်သုံးခုတွင် နည်း
ပညာကုမ္ပဏီ Cisco က ပြည်တွင်း၌ သတင်းနှင့် ဆက်
သွယ်ရေးနည်းပညာ သင် ကြားရန် Cisco Networking Academies နှစ်ခုဖွင့်လှစ်ပေးခြင်း၊ USAID ၏ ဒေါ်လာ
၁၀သန်းတန် "survive and thrive" program အရ
ပြည်တွင်း၌ ကလေးသေဆုံးမှုလျှော့ချရေး ၊ ၂၀၁၅ မြန်မာ့
ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက် ပွဲများ ဖြစ်ပေါ်ရေး အတွက် ကူညီဆောင်ရွက်ပေးရေး(ဒေါ်လာ
၁၁ သန်းတန်)ပရောဂျတ်တို့ ပါဝင်ကြောင်း သိရသည်။

မစ္စတာရှားက ယူအက်စ်အိတ်ဒ်၏ ပေါ်လစီသည် မြန်မာတွင်
အမေရိကန်၏ ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးရန်နှင့်
နိုင်ငံတွင်းရှိ ဝေး လံသော တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ
ဒေသများသို့ အခြားသော ထောက်ပံ့ကူညီရေး အစီအစဉ်များ
ရောက်ရှိနိုင်ရေးဖြစ်ကြောင်း ဆိုသည်။

Ref: Reuters


.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်