Subscribe to our RSS Feed

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ကန့်ကွက်ကြောင်း လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မ တီ ကြေညာချက်ထုတ်

From : .rfa

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ စီမံကိန်းဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြံပြုချက်ကို သဘောမတူကန့်ကွက်ကြောင်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီ မုံရွာမြို့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ကိုင်စေမယ်ဆိုရင် လက်ပံတောင်းတောင်ကြီး ပျက်စီးပျောက်ကွယ်သွားမှာဖြစ်သလို နေုာက်ဆက်တွဲအန္တရာယ်ဆိုးများ ကြုံတွေ့ရမှာဖြစ်တာကြောင့် စီမံကိန်းကို လုံးဝဖျက်သိမ်းပေးဖို့ တောင်းဆိုတယ်လို့ဆိုပါတယ်။ ကော်မတီဝင် ဦးအံ့မောင်က ခုလိုပြောပါတယ်။
"ကြေးနီစီမံကိန်း ဖျက်သိမ်းမှသာလျှင် (၁) လက်ပံတောင်းတောင်ကြီး တည်ရှိနိုင်မှာဖြစ်ပါတယ် (၂) လူတွေအတွက် ပတ်ဝန်းကျင်ထိခိုက် ပျက်စီးတာတွေအမျိုးမျိုး ချင်းတွင်းမြစ်ကြီးထဲ အဆိပ်ရေတွေရောက်ပြီးတော့ ချင်းတွင်းမြစ်ကြီး ပျက်စီးမယ့်အန္တရာယ်၊ ဆက်လက်ပြီး ဧရာဝတီမြစ်အထိ ပျက်စီးသွားမယ့်အန္တရာယ်၊ မြစ်တလျှောက်မှာရှိတဲ့ မြို့ရွာတွေပျက်စီးမယ့် အန္တရာယ်တွေကို ဒီစီမံကိန်းမလုပ်မှ ဖျက်သိမ်းဖြစ်မှ ဖြစ်ပါတယ်လို့ ကျနော်တို့ထောက်ပြပြီးတော့ စီမံကိန်းဖျက်သိမ်းရေးကို ကျနော်တို့တောင်းဆိုပါတယ်ဗျာ"
တဆက်တည်း အခုတောင်းဆိုချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိင်ရေးအတွက် ဒေသနှင့် တိုင်းပြည်တပြည်လုံးက ပြည်သူတွေလက်တွဲပြီး အောင်ပွဲရတဲ့အထိ သတိကြီးကြီး ကြိုးပမ်းဆောင်ရွက်ဖို့ ပန်ကြားထားပါတယ်။
ဒီစီမံကိန်းကြောင့် သမိုင်းတရားခံ မည်သူမျှမဖြစ်ပါစေလိုကြောင်းလည်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီက ဆုတောင်းပါတယ်လို့ ဖေါ်ပြထားပါတယ်။


. www.MyanmarExpress.net
 

8 comments:

ဘယ်လို သီအိုယီ တွေလဲ

ကျွန်တော် ပြောကြည့် တာပါ
ကျွန်တော်နိုင်ရေးသမားမဟုတ်သလို ပုဂ္ဂိုလ် ဝါဒစွဲ လဲမဟုတ်ပါ ကျွန်တော့်အမြင် တခုကို တင်ပြဆွေးနွေး ကြည့်တာပါ လက်ပံတောင်းတောင်ကိစ္စပါ အားလုံးသိပြီးသားပါပဲ လက်ခံ သူ လက်မခံသူ များကိုလဲ မဝေဖန်ပါဘူးခင်ဗျား ခံယူချက်တွေနဲ့မိမိယုံကြည်ရာကိုလျှာက်
လှမ်းခွင့်ရှိတာပဲဗျ ဘယ်သူ ဘယ်ခေါင်းဆောင်ပြောတာမှလက်ခံရမ်းပြီးလက်သင့်ခံဖို့မလိုဘူးလေ ဟုတ်တယ်နော် မြတ်စွာဘုရားတောင် သူဟောပြောတာတွေအရမ်းမယုံ ဖို့ပြောခဲ့တာလေ တိုတိုပြောကြ စို့ဗျာ ကျုပ်တို့ပြည်သူတွေ သေသေချာချာစဉ်း
စားဖို့တော့လိုပြီထင်ပါတယ် လက်ပံတောင်းအရေးကို ဆောင်ရွက်နေတဲ့ ရဟန်း လူပုဂ္ဂိုလ် ကြိုက်တဲ့ မကြိုက်တဲ့ နှစ်ဘက် ခေါင်းဆောင် တွေရဲ့စကားတွေကိုသေချာလေ့လာ စေချင်တယ် ကျုပ်တို့ပြည်သူတွေ အမှားမခံနိုင် တော့ဘူး ခေါင်းဆောင်တွေကလဲ(ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ပေါ့) ပြောင်းလဲလာပြီဖြစ်တဲ့ မူဝါဒတွေနဲ့အညီ ကျုပ်တို့ တွေရဲ့ဆန္ဒ တွေအတိုင်း အများအားဖြင့် ဆောင်ရွက်ပေးမှာပါပဲ

အဲဒီတော့ကျုပ်တို့တွေကသူများပြောတိုင်း မြှောက်ပင့်ပေး
တိုင်းမလုပ်မိဘို့လိုပါတယ် အဲ ခံစားရမှာ ကျုပ်တို့တွေနော် ကျုပ်တို့သားစဉ်မြေးဆက်နော် ခင်ဗျားတို့်စားကြည့်ပါ ကျုပ်တို့အမှောင် ကမ္ဘာကနေ ထလာတာမကြာသေးဘူး ပြန်သွားသလိုဖြစ်နေမယ်နော် ဒါကြောင့်သေချာလေ့လာ ဆုံးဖြတ်ကြဖို့လိုတယ် တခုပြောမယ်ဗျာ ခင်ဗျားနေတဲ့
အင်မတန်သက်တောင်သက်သာရှိတဲ့ နေရာတခုဗျာ အဲဒီခင်ဗျားနေရာကိုသူများ ကနည်းအမျိုး၂နဲ့ ကောင်းစေချင်လို့ပဲ ဖြစ်၂ လိုချင် / အပ် လို့ ယူသွားရင်ကျေနပ်မလား ရိုး၂လေးပါ ဘယ်ကျေနပ်ဘယ်ကြိုက်မလဲ ရတဲ့နည်းနဲ့ပြန်လိုချင်မှာပဲ အဲဒီတော့ရအောင်ပြန်လုပ်မယ် နောက်ဆုံးမရရင်တော့
နှောက်ယှက်မယ် အပုပ်ချမယ် ဘယ်လိုမှမရယင်တောင် စိတ်ထဲမှာဘယ်ကျေနပ်နိုင်မလဲ ပုထုစဉ်တွေပဲလေ တရားပြည့်ရင်တော့မသိဘူးပေါ့

အဲဒီတော့ကျွှန်တော် ပြောချင်တာက ပြည်သူတွေအနေနဲ့ ဖြစ်သင့် မဖြစ်သင့် စဉ်းစားပါ ဖြစ်ချင် တာထက်ဖြစ်သင့်တာတွေကိုဦးစားပေးပါ တိုင်းပြည်ခေါင်းဆောင် တွေရဲ့စကားတွေကိုလဲ လက်ခံသင့်တဲ့ ကိစ္စမျိုးဆိုရင် နားလည်ပေးပါ အိမ်ထောင်ဦးစီးတယောက် မိသားစုတစုကို တာဝန်ယူရတာ ပင်ပန်းတယ်မဟုတ်လားဗျာ(မိသားစုအတွက် စေတနာအမုန်နဲ့တကယ်အနစ်ခံတတ်တဲ့သူကိုပြောတာနော်) တိုင်းပြည်ခေါင်းဆောင်တယောက် အနေနဲ့တတိုင်းပြည်လုံးကိစ္စဆိုတော့တာဝန်ကိုအထူးပြောဖို့မလိုဘူးထင်ပါတယ်
ရှေ့လူနောက်လူ အပြစ်တွေမပြောပဲ မှန်ကန်တဲ့အစိုးရဆိုယင် ပြည်သူတွေဖြစ်တဲ့ကျွှန်တော်တို့က တိုင်းပြည်ကောင်းကျိုးကိုပူးပေါင်းဆောင်ရွက်
ကြမယ်လို့တိုက်တွန်းပါတယ်

အထူးပြောချင်တာကဗျာ ဆရာလုပ်တာမဟုတ်ပါဘူး မသမာသူတွေရဲ့{နိုင်ငံရေး လှည့်ကွက် မြှောက်လုံး ခြောက်လုံး ပရိယာယ် }တွေရဲ့အောက်တန်းကျတဲ့ မှိုင်းတွေမမိပါစေနဲ့ ။

တိုင်းပြည်ရဲ့ကံကြမ္မာဆိုတာ ခေါင်းဆောင် လုပ်သူတွေရဲ့လက်ထဲမှာပါ ထို့အတူပဲ
တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ ထားရှိတဲ့ ကတိ ခံဝန် ချက်ဆိုတာဟာလဲ အဲဒီတိုင်းနိုင်ငံမှာ နေထိုင် ကြတဲ့ ပြည်သူ ပြည်သားတွေရဲ့ဂုဏ်သိက္ခာနဲ့အဆင့်အတန်းပါပဲ

အစိုးရကိုဆန့်ကျင်သူမှန်သမျှထောက်ခံကြ ထောက်ခံသူမှန်သမျှကိုဆန့်ကျင်ကြနဲ့ သံသရာမဆုံးနိုင် ဆင်းရဲတွင်း နက်အုံးမှာ

ပညာမတတ် တဲ့ သူတွေဆန္ဒပြ တာ ၈ရုစိုက်စရာ မလို တိုင်း ပြည်အနာ၈တ် အတွက် ဆက်လုပ် ကြပါ

တိုင်းပြည် အတွက်လုပ်တာ ဆန္ဒပြတာ ၈ရုမစိုက်နဲ့

ကိုယ့်အိမ်ကိုယ့်ရပ်ကွက်သစ်တပင်စိုက်ဘူးလား.............?ရပ်ကွက်ထဲရေမြောင်းတွေသန့်ရှင်းရေးလုပ်ခဲ့ဘူးလား.....?ကယ်တင်ရှင်ကြီးများခင်ဗျာ

အံ့မောင် မင်းကဘာတတ် လို့လဲ။အစီရင် ခံစာရော ဖတ်တတ် လား။လက်ပံတောင်း တောင် အဲအတိုင်းထားလို့ တိုင်းပြည်
ကတိုးတက်မလာဘူး။ထောင်မြင် ရင် ရာစွန့်ရတယ်။အများ
ကောင်းစားဖို့ အတွက် လက်တဆုပ် စာကို စွန့်ရမယ်။မှတ်
ထား လူ့ငနွားရဲ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်