From : မေသင်္ကြန်ဟိန် (မြစ်မခ)
NLDရဲ့ တစ်နိုင်ငံလုံးပါဝင်တဲ့ ညီလာခံကို မတ်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ နှစ်ရက်စလုံး တက်ရောက်ပြီးသတင်းယူဖြစ်ခဲ့ပါတယ်။ မြစ်မခ မီဒီယာနဲ့ dpa အတွက်သတင်းလည်း ရေးဖြစ်ပါတယ်။
ဒီ post ကတော့ ထုံးစံအတိုင်း facebook ပေါ်က ကျမရဲ့ မိတ်ဆွေများအတွက်ပါ။အန်အယ်ဒီညီလာခံမှာ ကျမမြင်ရကြားရတာတွေကိုလည်း ကျမမိတ်ဆွေတွေကို ပြန်ပြောတဲ့ သဘောမျိုးနဲ့ ပြောပြချင်ပါတယ်။
အန်အယ်ဒီပါတီရဲ့ ညီလာခံမှာ အခက်အခဲတွေ အဆင်မပြေမှုတွေ ရှိလိမ့်မယ်ဆိုတာကို ကျမတို့အားလုံး ကြိုတင်နားလည်ပြီးသားပါ။ ဘာကြောင့်လဲ ဆိုတော့ အန်အယ်ဒီပါတီဟာ အခက်အခဲပေါင်းများစွာကနေ ထိုးဖောက်လာခဲ့ရတဲ့ ပါတီဖြစ်ပါတယ်။ဒီလို ညီလာခံ ကျင်းပနိုင်အောင်ကို စောင့်ခဲ့ရတာ နှစ်ပေါင်း မနည်းလှပါဘူး ၊ဖြစ်မြောက်လာတဲ့အတွက်လည်း ၀မ်းသာပီတိဖြစ်ရတာပါပဲ။
အန်အယ်ဒီရဲ့ နှစ် ၂၅ နှစ်သက်တမ်းမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ညီလာခံဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ အားလုံးက စိတ်ဝင်စားကြပါတယ်။ သတင်းမီဒီယာတွေကလည်း ဒီညီလာခံအတွက်ကို ကြိုတင်ပြင်ဆင်ကြပါတယ်။ အန်အယ်ဒီအဖွဲ့ဝင်တွေကတော့ မီဒီယာတွေအတွက်နေရာကိစ္စကို စဉ်းစားခဲ့ပုံအားနည်းဟန်တူပါတယ်။
စတိတ်စင်နဲ့ အဝေးကြီး နောက်ဆုံးတန်းမှာ စင်၃ စင်ထိုးပြီး မီဒီယာကိုနေရာပေးပါတယ်။့ စင်နဲ့နေရာက ဝေးလွန်းတော့ အသံကောင်းကောင်းမရသလို၊ ကင်မရာတော်တော်ကြီး ကောင်းမှ အရုပ်ကောင်းကောင်း ရပါတယ်။ သိန်း ဆယ်ဂဏန်းတန်မကိုင်နိုင်တဲ့ သာမန်မီဒီယာလေးတွေအတွက်ကတော့ ဓါတ်ပုံဟာ မှိန်ဝါး သေးငယ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ကြရပါတယ်။
ဒါပေမဲ့ မီဒီယာတွေအားလုံး ဒီချုပ် ညီလာခံမှာ သတင်းယူရတာကို ၀မ်းသာဂုဏ်ယူကြပါတယ်။ ပြည်သူချစ်တဲ့ ခေါင်းဆောင်၊ပြည်သူ ချစ်တဲ့ပါတီနဲ့ ပြည်သူတွေအတွက် အလုပ်လုပ်ပေးရတာကိုး။ တော်ဝင်နှင်းဆီရှေ့က နေပူကျဲကျဲမှာ သတင်းထောက်တွေ အစုလိုက်အပြုံလိုက်စောင့်ပြီး သတင်းယူခဲ့တာပါပဲ။ အကြိုညီလာခံကျင်းပတဲ့ ရက်နဲ့ဆိုရင် စုစုပေါင်း ၃ ရက်မှာ ဘယ်လောက်ပူပူ အားလုံး ၀မ်းသာအားရ သတင်းယူခဲ့တာပါပဲ။
ဖွင့်ပွဲနေ့ကတည်းက အန်တီရဲ့ အဖွင့် မိန်ခွန်းကလည်း တော်တော်ကောင်းပါတယ်။ ပါတီဝင်တွေမပြောပါနဲ့ နားထောင်ရတဲ့ သူတိုင်း အတွက် အကျိုး ရှိစေတဲ့ မိန့်ခွန်းပါ။ ကျမ ဘေးမှာ ထိုင်တဲ့ နိုင်ငံခြားသားကို မကြာခဏ ဘာသာပြန်ပေးတော့ သူကလည်း တော်တော်လေး သဘောကျတယ်။ သူ့ကို ပြောနေရင်း ဒါဟာ မြန်မာပြည်က ခေါင်းဆောင်တစ်ယောက်၊အနေနဲ့ ကျမတော့ ဂုဏ်ယူကျေနပ်မိတာ အမှန်ပါပဲ။
၁၀ နာရီကျော်လောက်မှာ ဖွင့်ပွဲပြီး ညီလာခံက ပြန်ထွက်ရတော့ သတင်းချက်ချင်းတင်နိုင်အောင် ရုံးကို ပြေးပြီး အလုပ်လုပ်ကြတယ်၊ ညနေ ၃ နာရီမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပေးမယ်ဆိုလို့ နေ့လည် ၂နာရီအရောက် တော်ဝင်နှင်းဆီရှေ့ကို အရောက်ပြေးလာကြပြန်ရော။
ကျမတို့ သတင်းသမားတွေတင်မကပါဘူး ပြည်သူအချို့ကလည်း စိတ်ဝင်စားလို့ထင်ပါတယ်။ တော်ဝင်နှင်းဆီရှေ့မှာ တ၀ဲလည်လည်နဲ့ပါ။
ညီလာခံထဲကို ၀င်ခွင့်ရတော့ ညီလာခံမှာ ပါတီဝင်ဖို့ (၄) ဦးရဲ့ လျှောက်ထားခြင်း ကိစ္စကို ညီလာခံကိုယ်စားလှယ်တွေရဲ့ သဘောထားကို မေးမြန်းနေတာနဲ့ ကြုံပါတယ်။
ရှင်းအောင်ပြောရရင်တော့ ၂၀၁၀ခုနှစ်တုန်းက အန်အယ်ဒီပါတီက ရွေးကောက်ပွဲမ၀င်ကြောင်း ဆုံးဖြတ်ပြီးတဲ့ နောက်မှာ အန်အယ်ဒီပါတီထဲက ရွေးကောက်ပွဲဝင်လိုသူ အချို့က ပါတီကနေ နှုတ်ထွက်ပြီး NDF ပါတီကို ထူထောင်ပါတယ်။(ဒါကိုလည်း အများသိပြီးသားပါ)
အဲဒီလို NDF ပါတီထဲမှာ ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ သူ (၄) ဦး(ယခင် အန်အယ်ဒီ ပါတီဝင်ဟောင်း( အချို့က ၁၉၉၀ မှာလည်း အနိုင်ရရှိခဲ့ဖူးတဲ့ သူတွေလို့သိရပါတယ်) က အန်ဒီအက်ဖ်ပါတီက ထွက်ပြီး အန်အယ်ဒီပါတီမှာ ဘယ်နေရာကဖြစ်ဖြစ် သာမန် အဖွဲ့ဝင်အနေနဲ့ ပြန်ဝင်ခွင့်ပြုဖို့ လျှောက်ထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်လည်း ရရှိခဲ့တဲ့ ရန်ကုန်တိုင်းက ဒေါက်တာသန်းဝင်း(လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၊ ဦးကြည်မြင့်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၊ မန္တလေးတိုင်းက ဦးတင်အောင်အောင်၊ ဦးမြင့်တင် တို့က အန်အယ်ဒီပါတီထဲ ပြန်လည် ၀င်ခွင့်ပြုဖို့ လျှောက်ထားတာလည်း တော်တော်ကြာခဲ့ပြီလို့ သိရပါတယ်။
အဲဒါကို ခုလိုညီလာခံမှာ တက်လာတဲ့ ညီလာခံ ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို မေးမြန်းပြီး သူတို့ကို လက်ခံသင့်မခံသင့် ဆုံးဖြတ်ကြတာပါပဲ။
သူတို့ကို လက်ခံပါသလား ခင်ဗျားလို့ ဦးဥာဏ်ဝင်းက စင်ပေါ်ကနေ မေးမြန်းတော့ အများစုက လက်မခံကြောင်း ပြောကြပါတယ်။
အများစုက လက်မခံကြောင်း ပြောကြတာကို ပြန်စဉ်းစားကြည့်မိတယ်။ခုတက်လာတဲ့ ညီလာခံကိုယ်စားလှယ်တွေမှာ ဒီ ၄ ဦးရဲ့ အကြောင်းကို သိတဲ့ သူက အင်မတန် နည်းလိမ့်မယ်လို့ ကျမ တွေးကြည့်မိပါတယ်။
အဲလို လက်မခံကြောင်း ပြောနေချိန်မှာ အမျိုးသမီးငယ်တဦးကတော့ မိုက်ကို ဆွဲယူပြီး`ကျမတို့ ရန်သူနဲ့တောင် လက်ဆွဲနှုတ်ဆက်နေတဲ့ အချိန်မှာ အရင်တုန်းက ရဲဘော်ရဲဘက်ဟောင်းဖြစ်ခဲ့တဲ့ သူတွေနဲ့ဘာကြောင့် ပြန်မတွဲနိုင်ရမှာလဲ၊ ကျမကတော့ လက်ခံပါတယ်`လို့ ဖြေဆိုတာလည်း တွေ့ရပါတယ်။
နောက်တယောက်ကတော့`ဒီလူတွေက အဖွဲ့ချုပ်ကို သစ္စာဖောက်သွားတဲ့ သူတွေဖြစ်တဲ့အတွက် လက်မခံပါ`လို့ ထဖြေပြန်တယ်။
အဲလို သစ္စာဖောက်လို့ ပြောလိုက်တဲ့ စကားကို လက်ခုပ်တဗြောင်းဗြောင်း တီးသံတွေလည်း ထွက်ပေါ်လာပါတယ်။
အဲဒီလို ပါတီပြန်ဝင်ဖို့ လျှောက်ထားတဲ့ (၄) ဦးကို ပါတီဝင်အဖြစ် လက်မခံသူနဲ့ လက်ခံသူတွေ ရှိနေတဲ့အတွက် စင်ပေါ်ကနေ ဦးဥာဏ်ဝင်းက လက်ခံတဲ့ သူတွေ ထပါ၊ လက်မခံတဲ့ သူတွေ ထိုင်ပါ ဆိုပြီး ပြည်နယ်နဲ့ တိုင်းအလိုက် ဆောင်ရွက်ခဲ့ပါတယ်။
ပါတီရဲ့ ခေါင်းဆောင်နေရာမှာ ရှိနေတဲ့ သူတွေအားလုံးက လက်ခံဖို့ သဘောတူကြောင်း မတ်တပ်ထရပ်ပြကြတာလည်း တွေ့ရပါတယ်။
ဒါပေမဲ့ ဒီလူ ၄ ဦးအကြောင်း တောင် သေသေချာချာ သိရဲ့လား မသေချာတဲ့ လူတွေက လက်ခံလိုက်ရင်ပဲ ကိုယ်ကပါ သစ္စာဖောက် ဖြစ်တော့မလိုလို သဘောထားမျိုးနဲ့ မျက်စိမှိတ်ပြီးတော့ ကန့်ကွက်ပါတယ်လို့ အော်နေတဲ့ သူတွေ အများကြီးကိုလည်း တွေ့ရတယ်။
အဲလို ဆောင်ရွက်ရာမှာ ဒီ ၄ ဦးကို လက်ခံကြောင်း သဘောတူသူ ၃၁၉ ဦးရှိပြီး၊ လက်မခံကြောင်း ကန့်ကွက်သူ ၄၆၂ ဦး ရှိတာ တွေ့ရပါတယ်။အဲဒါကြောင့် အန်ကယ် ဦးဥာဏ်ဝင်းက ဒီကိစ္စကို အများစုရဲ့ သဘောနဲ့ လက်မခံကြောင်း ကြေငြာလိုက်ပါတယ်။
အဲဒီနေ့ ညီလာခံပြီး အိမ်ပြန်ရောက်ချိန်ထိ ကျမ ခေါင်းထဲ ရောက်သွားပြီး တနှုံနှုံဖြစ်ရတာကတော့ ဒီကိစ္စပါပဲ။
ကျမက ပါတီဝင်မ ဟုတ်ပါဘူး။ ဒါပေမဲ့ ကျမ စဉ်းစားမိပါတယ်။ ပါတီအနေနဲ့ လက်ခံသင့်မသင့်ဆိုတာကို ကျမ စဉ်းစားမိပါတယ်။
အခု ပါတီဝင်ဖို့ လျှောက်ထားတဲ့ သူ ၄ ဦးမှာ ၂ ဦးက လွှတ်တော်ထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ။
တကယ်လို့သာ သူတို့ကို လက်ခံခဲ့ရင် လက်ရှိ လွှတ်တော်ထဲမှာ အန်အယ်ဒီပါတီက အမတ်ဦးရေ ၂ ဦးပိုလာပါမယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ မဲဟာ ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာကို ထည့်စဉ်းစားပါတယ်။ဒီနှစ်ဦးကလည်း မဲခွဲတဲ့အခါမှာ တစ်တပ်တစ်အားဆိုတာကို ကျမတို့ ထည့်စဉ်းစားရပါမယ်။
နောက်တချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ အန်အယ်ဒီအနေနဲ့ ပြင်ဆင်နိုင်တဲ့ မဲ ရရှိဖို့အတွက် တနိုင်ငံလုံးမှာ မဲအများဆုံး ရဖို့ လိုပါတယ်။ အဲဒီလိုသာ ရေရှည်အတွက် စဉ်းစားမယ်ဆိုရင်တော့ ဒီ ၄ ဦးကို လက်ခံသင့်တယ်လို့ မြင်ပါတယ်။
နောက်တချက်ကတော့ ဒေါက်တာသန်းဝင်းဟာ စိတ်သဘောထားကောင်းမွန်တဲ့ ဆရာဝန်တယောက်လို့ ပြောသံကြားရသလို၊ ဦးကြီးမြင့်ကလည်း စီးပွားရေးပညာရှင်တယောက်လို့ သိရပါတယ်။(သူများ ပြောတာ ကြားရခြင်းဖြစ်ပါတယ်)
ဒီလိုလူတွေ အန်အယ်ဒီထဲကို ၀င်ခွင့်ပြန်လျှောက်ထားတာကို လက်ခံခြင်း အားဖြင့် လွှတ်တော်ထဲမှာရော ပါတီတွင်းမှာပါ အသုံးမတည့်နိုင်ဘူးလား။
တကယ်တော့ ဒီ (၄) ဦးစလုံးဟာ ကျမနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု မရှိပါဘူး။ဒါပေမဲ့ ကျမစိတ်ထဲမှာတော့တချိန်တုန်းက ၂၀၁၀ တုန်းက သူတို့က ရွေးကောက်ပွဲ ၀င်ချင်တယ်။ ပါတီက မ၀င်ဘူးဆုံးဖြတ်တဲ့အခါ၊ သူတို့ဟာ ပါတီကနေ ထွက်ပြီး တခြားပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်တယ်။ အဲဒါဟာလည်း သူတို့ အခွင့်အရေးပဲလို့ ကျမ မြင်ပါတယ်။
နောက်စဉ်းစားမိတာကတော့ နောက်တချက်ကတော့ ဒီ ၄ ဦးဟာ NLD ပါတီရဲ့ မိုးထဲလေထဲ ကာလတွေတုန်းက ဖြတ်သန်းခံခဲ့ရတဲ့ ထောင်ကျခံ စီးပွားပျက်ခံနိုင်တဲ့ မှတ်ကျောက်ရှိပြီးသား သူတွေလို့ သိရပါတယ်။
ယခု အသစ်ဝင်လာတဲ့ အန်အယ်ဒီအဖွဲ့ဝင်တွေထဲမှာ ဒီလို မှတ်ကျောက်တင်ခံနိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိပါသလဲ၊ အန်အယ်ဒီပါတီကို ဖြတ်သိမ်းမယ်လို့ အသံတွေ ထွက်လာတုန်းက အန်အယ်ဒီပါတီဝင်တွေနဲ့ စကားတောင် မပြောရဲတဲ့ သူတွေ၊ ပါတီနဲ့ မပတ်သတ်ရဲ့တဲ့ သူတွေ အခု ပါတီထဲ ရောက်နေတဲ့ ကိစ္စတွေကိုလည်း ထည့်စဉ်းစားကြည့်သင့်ပါတယ်။
နောက် သူတို့ ၄ ဦးဟာ အခြားပါတီဝင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့တာကို မှားခဲ့တယ်လို့ ယူဆမယ်ဆိုရင် သူတို့ဟာ အမှား ပြင်ဆင်ခွင့်မရှိသင့်ဘူးလား။
အမှားပြင်ဆင်ခွင့် ဆိုတာကရော လူ့အခွင့်ရေး မဟုတ်ဘူးလား။ မည်သူမဆို ပြန်လည် ဖြေရှင်းခွင့် ရှိသလို၊ အမှားပြင်ဆင်ခွင့်ဆိုတာလည်း ရှိတယ် မဟုတ်လား။
ကျမ စိတ်ထဲ တနှုံ့နှုံ့နဲ့ပါ။
သူတို့ ၄ ဦး ပါတီအဖွဲ့ဝင် ဖြစ်ခြင်း မဖြစ်ခြင်းဟာ ကျမအတွက်တော့ အရေးမကြီးလှပေမဲ့ တိုင်းပြည်နဲ့ ဒီမိုကရေစီလမ်းကို အတူတူလျှောက်လှမ်းချင်တာခြင်း တူနေသူ အချင်းချင်းအပေါ်မှာ အညှိုးအတေးတွေ မရှိသင့်သလို၊ ကိုယ်နဲ့ အဆင်မပြေပေမဲ့ တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးရှိရင် လက်ခံမယ်ဆိုတဲ့ စိတ်နှလုံးမျိုး ရှိစေချင်တာပါပဲ။
အန်အန်ယ်ဒီ ပါတီဝင်တိုင်းသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ပြနေတဲ့ စိတ်နေသဘောထားကစ မူဝါဒ အတိုင်းသာ ကိုယ့်ကိုယ်ကို လေ့ကျင့်ယူကြမယ်ဆိုရင် တိုင်းပြည်အတွက် သိပ်ကို အကျိုးရှိမယ်ဆိုတာကို ကျမ ယုံကြည်ပါတယ်။
ကျမအနေနဲ့ကတော့ ပါတီဝင်လည်း မဟုတ်၊ သာမန်ပြည်သူသာဖြစ်တဲ့ အတွက် အန်အယ်ဒီပါတီနဲ့ ပတ်သက်ပြီး ထင်မြင်ချက်ကိုတော့ လွယ်လွယ်ကူကူ မပေးရဲပါဘူး။
ဒါပေမဲ့ NLD ပါတီရဲ့ နောက်မှာ တိုင်းပြည်ရဲ့ အနာဂတ် ရှိနေတဲ့အတွက် ဒီလို ကိစ္စရပ်များကစပြီး အလေးအနက်ထားပေးဖို့နဲ့ တိုင်းပြည်အတွက် အကျိုးဖြစ်နိုင်ရေး ကိစ္စရပ်များအပေါ်မှာ ခုထက်ပိုပြီး အရာရာကို သေသေချာချာလေးလေးနက်နက် စဉ်းစားပေးပါလို့ အကြံပြု တိုက်တွန်းချင်တာပါပဲ။
. www.MyanmarExpress.net

.jpg)

9 comments:
ဘာ အခြေခံဥပဒေကိုပြင်ဦးမယ် တစ်ခါလာလည်း ဒါပဲ ဒီလောက်ပြင်ချင်နေရင် ဝပ်ရှော့တို့ ဖွင့်ကြထီးတို့ဖိနပ်တို့ပြင်ကြဟေ့။
အဖွားကြီး ကိုယ်တိုင်မှားနေတာဟေ့
Nyi ma yay,ma yaung yar se ma loo nelt naw. Arr nay yin outsArride htwet swal naw.
ထွန်း ထွန်း ဟိန် နဲ့  စိန် စိန်းသိန်း သ မီး အနေ နဲ့  N L D ကို ဆန်း စစ် ဝေဖန် မယ့် အ စား မိုး သီး ဇွန် ချီး မွမ်း ခန်း ပဲ ရေး ပါ ဟာ။ သိ နေ တာ ခက် တယ် ။
2010 ရွေးကောက်ပွဲကို NLDက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြု ဟု ကျေငြာစဉ်က ကျနော် လေးစား ယုံကြည်ခဲ့ရသော NLD ပါတီအပေါ် စိတ်ပျက်ခဲ့ရသည်။ စစ်တပ် ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီ တစ်ခုတည်းသာဆိုလျှင် အာဏာရှင်စနစ် မပြောင်းလဲ ဟုယူဆကာ ပါတီထောင်၍ ဝင်ရောက်ယှဉ်ပြိုင်ကြသူများအား အားပေးခဲ့သည်။ ရရာနေရာမှာ ပြည်သူအကျိုး ဆောင်ရွက်သူများဟု အမှတ်ပေးသည်။ ထို့နောက် NLDက ကြားဖြတ်ရွေးကောက်ပွဲဖြင့် နောက်ကျမှဝင်လာသည်။ မူလက ဝင်ပြိုင်ခဲ့ပါမူ အမတ်နေရာ ပိုမိုများပြားမည် ဖြစ်သော်လည်း အားပေးမိသည်။ NLDကား ရှေ့ရေးကို မျော်မြင်နိုင်စွမ်း အားနည်းသည် ဟု ယူဆမိပြန်သည်။ ဘင်္ဂါလီအရေးတွင် စိတ်ပျက်ရပြန်သည်။ ရထားသော ဆုတံဆိပ်များကို တိုင်ပြည်ထက် ပိုခင်တွယ်နေခြင်းလော။ အမှန်တကယ်ရော တိုင်းပြည်ကို ချစ်ပါ၏လော။ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို တားသည်။ အကြောင်းပြချက် ခိုင်မာပါသလော။ နိုင်ငံသားဥပဒေ ပြင်ချင်သလို အသံထွက်သည်။ မည်သူ့ အတွက်နည်း။ လမ်းကြမ်းက လက်တွဲဖော်တစ်စု လက်တွဲဖြုတ်သည်။ သေသေချာချာ စဉ်းစား ထားပါသလော။ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်နက်ကို ကိုင်သင်လို့ ကိုင်တယ်ဆိုတဲ့သဘော ဟု ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး ဆုရှင်ပေ။ အခြေခံဥပဒေ ပြင်ချင်တယ် ဟုပြောသည်။ ထောက်ခံလို သော်လည်း ဘယ်အပိုင်းနည်းဟု မေးချင်သည်။ သမ္မတအဖြစ် မြင်ယောင်ချင်သော်ငြား နိုင်ငံခြားသားနှင့်လက်ထပ်ထားသူ အခြားတစ်ယောက်ယောက် ဆိုပါမူ ဘယ်လိုလုပ်ကြမည်နည်း။ ဧည့်သည် အိမ်ရှင်အရေး ရပ်တည်ချက် မသေး။ သံသယဝင်၏။ ဘယ်ပါတီကို ထောက်ခံရမည်နည်း? why?
ကောင်းတယ်ကွာ2015အတွက်ရင်လေးတယ် ဘယ်ပါတီကိုလက်ခံသင့်သလဲ
သူတို့ ပါတီဝင်အချင်းချင်းတောင် နေရာလေးပျောက်သွားမှာကို စိုးရိမ် နေကြရတာဆိုတော့၊ နောက်ပီး အဲဒီ ndf က ပုဂ္ဂိုလ်တွေကလည်း ပြောင်ပါ့၊ ကိုယ့်အရည်အချင်းနဲ့ကိုယ် နေပါ့လား၊ သူတို့ မဲပေးထားတဲ့ မဲဆန္ဒရှင်ပြည်သူတွေ၊ သူတို့အဖွဲ့ဝင်တွေကို မငဲ့ကွက်တော့ဘူးလား၊ 2015 မှာ nld သေချာပေါက် အနိုင်ရမယ် ထင်ထားလို့လား။ အော် တော်တော် မျိုးချစ်စိတ်၊ ပါတီစိတ် ရှိတဲ့သူတွေပါလား
မူဆလင်ဆိုင်တွေမှာဈေးမဝယ်နဲ့
မူဆလင်တွေကိုလူရာသွင်းမဆက်ဆံနဲ့
ကိုယ့်ဗုဒ္ဓဘာသာမြန်မာလူမျိုးနဲ့မူဆလင်တွေအမှုအခင်းဖြစ်လာရင်မူဆလင်တွေကိုဝိုင်းတီးကြမယ်...အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ညီညီညွတ်ညွတ်ဆောင်ရွက်ကြပါစို့
ပါ တီ က အ ဓိ က မ ဟုတ် လူ က အ ဓိ က ပါ ကိုယ် မြို့ နယ် က လူ ဘယ် သူ ကောင်း တယ် ဆို တာ သိ ပါ တယ် သူ ကို ပဲ မဲ ပေး မယ် သူ က လဲ ပြင် ဆင် ထား ပေါ့ 
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်