From :
..the voice
သတင်းတို့အပေါ် အခြေခံကာ မိမိအရေး၊ တိုင်းပြည်အရေး တို့ကို ဆောင်ရွက်ရသည့် သတင်းခေတ်ကာလတွင် သတင်းတို့ ပြည့်စုံမှန်ကန်ရေး အတွက် Public Relations လူထုဆက်ဆံရေး အရေးကြီး လာခဲ့ပြီ ဖြစ်သည်။
အဖြစ်အပျက်တစ်ခုသည် မည်သို့ ထိန်းချုပ်ထားသည်ဖြစ်စေ ထိုအကြောင်းအရာ သတင်းအချက်အလက် တို့သည် လူတို့ရှိရာ အရပ်သို့ စီးဆင်းမည်မှာ သဘာဝပင်။ ယင်းကို ထိန်းချုပ်လိုက်လျင် အဆီးအတားကြားမှ ဖြတ်ထွက် ကွေ့ကောက်ကျော်လွှားရသော ကြောင့် လူအများထံသို့ ရောက်ချိန်တွင် ပုံပြောင်းသွားတတ်သည်။ အဆီးအတား များလေလေ၊ ပုံပြောင်းလေလေ ဖြစ်တတ်သည်မှာ ဓမ္မတာပင်။ ပုံပြောင်းခြင်း များလွန်းသွားလျင် သတင်းမဟုတ်တော့ဘဲ သတင်းယောင်၊ ကောလာဟလသာသာ အဆင့်သို့ ရောက်ရှိသွားတတ်သည်။
လက်ရှိ ဖြစ်ပျက်နေသော အကြောင်းအရာတို့ကို သိရှိနားလည် မှသာ မှန်ကန်သော ဆုံးဖြတ်ချက်များ ချနိုင်မည် (informed decision-making)။ ပြည်သူပြည်သားတို့ ဆုံးဖြတ်ချက် ထိထိရောက်ရောက် ချနိုင်သလို မူဝါဒချမှတ်သူ များသည်လည်း သတင်းများ၊ အချက်အလက်များ၊ ပြည်သူတို့၏ ဆန္ဒများကို သိရှိပြီး ထိရောက် မှန်ကန်သော မူဝါဒများကို ချမှတ်အကောင်အထည် ဖော်နိုင်မည်။ အဖြစ်အပျက်၊ အကြောင်းအရာ အမှန်အတိုင်း မသိရလျင် မည်သည့်နယ်ပယ်၊ မည်သည့်အဆင့် တွင်မျှ အလုပ် ကောင်းကောင်းလုပ်နိုင်မည်မဟုတ်။ ထို့ကြောင့် နိုင်ငံကြီးပွား တိုးတက်ရေးတွင် သတင်းစစ် သတင်းမှန်များ စီးဆင်းရေးသည် အဓိက လိုအပ်ချက်ကြီးဖြစ်သည်။
ပြည်သူလူထု အကြားတွင် မိမိအဖွဲ့အစည်း၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာ ကောင်းမွန်ရန် အားထုတ်ရသည့် Public Relations သဘောတရား သည် အခြားနိုင်ငံများတွင် အခြေခိုင်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ တွင်မူ အသစ်အဆန်း ဖြစ်နေသည်။
ပြည်သူ့ဆက်ဆံရေးဟု ဘာသာပြန်ဆိုကြသည့် Public Relations တွင် အစိတ်အပိုင်းများစွာ ရှိသည့်အနက် မီဒီယာ ဆက်ဆံရေး (မီဒီယာနှင့် ဆက်ဆံရေးမဟုတ်ပါ) Media Relations သည် အဓိကကျသော အစိတ်အပိုင်းကြီးတစ်ခု ဖြစ်ပြီး အချို့ကဆိုလျင် Public Relations သည် Media Relations သာဟုပင် သတ်မှတ် ကြသည်။ သတင်းကို ရာစုနှစ်ထက်ဝက်ခန့် ထိန်းချုပ်ခဲ့ရာမှ ဖွင့်လွှတ်ပေးလိုက်သည်မှာ လပိုင်းသာ ရှိသေးသည့်အတွက် သတင်း မီဒီယာသဘောနှင့် ပြည်သူ၊ အစိုးရနှစ်ရပ်လုံး စိမ်းနေသေး သောကြောင့် Media Relations သည်လည်း ဖွံ့ဖြိုးရန် အားယူနေရသည်။
သတင်းမီဒီယာကို ဒီမိုကရေစီလမ်းခရီးသို့ လျှောက်လှမ်း နေသော နိုင်ငံပီပီ ဖြေလျှော့လွှတ်လိုက်သောကြောင့် သတင်းမီဒီယာ တို့ အားသစ်လောင်းစ ပြုလာသည်။ အခြားနိုင်ငံများတွင် သတင်းစာစောင်ရေများ ကျဆင်းနေသော်လည်း မြန်မာနိုင်ငံ တွင်းတွင် သတင်းစာ ထုတ်လိုသူတို့ အားတက်သရော ဖြစ်နေကြ သည်။ ပြည်သူတို့ကလည်း သတင်းငတ်ခဲ့သူများ ပီပီ သတင်းမီဒီယာ များကို သတင်းအတွက် အားကိုးလာကြသည်။ မဝေးလှသေးသော အတိတ်က သတင်းမီဒီယာများတွင် သတင်းများ ပါလာချိန်တွင် အရေးကြီးသော သတင်းတို့သည် လူအတော်များများ သိပြီး ဖြစ်ကုန် ကြပြီ။ ယခုမူ သတင်းဂျာနယ်များမှ သတင်းတို့သည် လတ်လတ် ဆတ်ဆတ်ရှိပြီး ထိုသတင်းတို့ဖြင့် မိမိအကျိုး၊ အများအကျိုး ဆောင် ရွက်နိုင်သောကြောင့် ပြည်သူတို့ အားထားရာ ဖြစ်လာသည်။
Media Relations ကို အဓိက လုပ်ဆောင်ရန် မိမိ အဖွဲ့အစည်း အတွင်းတွင် သတ်သတ်မှတ်မှတ် ပုဂ္ဂိုလ်တစ်ဦး လိုအပ်ပြီး ထိုပြောခွင့်ရ ပုဂ္ဂိုလ်သည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ မူဝါဒများ၊ ဖြစ်ပေါ်နေသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး သိခွင့်ရှိသည့် အဆင့်မြင့် အရာရှိကြီးဖြစ်လျင် ပိုကောင်းသည်။ သို့မှသာ လက်ရှိ သတင်း ဖြစ်နေသည့်၊ လူထုစိတ်ဝင်စားနေသည့် အကြောင်းအရာကို ခရေစေ့တွင်းကျ ရှင်းပြနိုင်မည်ဖြစ်သလို မည်မျှအထိ ထိလွယ် ရှလွယ်သည်၊ မည်မျှအထိ ပြောခွင့်ရှိသည်ကိုလည်း ဆုံးဖြတ်နိုင်မည်။
မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍသည် PR ပိုင်းတွင် အထမြန် သည်ကို တွေ့ရသည်။
ကမ္ဘောဇဘဏ် ဖြစ်ရပ်တွင် ဖြစ်ဖြစ်ချင်း ပြည်သူလူထုထံသို့ အချိန်နှင့် တပြေးညီ သတင်းရောက်အောင် သတင်းစာ ရှင်းလင်းပွဲများ၊ ထုတ်ပြန်ချက်များဖြင့် ပို့ဆောင်နိုင်သဖြင့် ပြည်သူလူထု ကျီးလန့်စာစား မဖြစ်ဘဲ အချိန်တိုအတွင်း အခြေအနေ ပြန်လည်တည်ငြိမ်ခဲ့သည်။ ယခုကဲ့သို့သာ Public Relations ထိထိရောက်ရောက် မလုပ်နိုင်ခဲ့လျှင် bank run ခေါ် ဘဏ်အပ်ငွေများ အလုအယက်လာထုတ်ပြီး ဘဏ်ပြို သွားနိုင်သည်။ ဘဏ်တစ်ဘဏ် ပြိုလျှင် အခြားဘဏ်များပါ လိုက်ပြိုပြီး ဘဏာရေးစနစ်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်သည်။
Air Bagan ကိစ္စတွင်လည်း ထိုနည်းလည်းကောင်း။ လေယာဉ် ပျက်ကျခြင်း အကိုင်အတွယ် ခပ်မြန်မြန်ဖြင့် သတင်းများ ထုတ်ပေး၊ ထုတ်ပြန်ချက်များထုတ်၊ သတင်းစာရှင်းလင်းပွဲများ ကျင်းပ၊ နစ်နာသူကို လျော်ကြေးပေးသောကြောင့် စိုးရိမ်ထိတ်လန့်မှု ကြီးမလာဘဲ လေကြောင်းလိုင်း၏ သိက္ခာကိုလည်း အကြီးအကျယ် မထိခိုက်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။
ယခုမကြာသေးခင် ကာလများအတွင်းတွင် Public Relations နှင့်ပတ်သက်ပြီး တိုးတက်မှု များစွာတွေ့ရပြီး မြန်မာနိုင်ငံအတိုင်း အတာဖြင့် ကြည့်လျှင် မကြုံဖူးလောက်အောင်ပင် ဖြစ်သည်။ သို့သော် အစသာ ရှိသေးသောကြောင့် ယခုထက်ပိုပြီး ကောင်းအောင် လုပ်နိုင်ဦး မည်ကိုလည်း မြင်နေရသည်။ Public Relations ကို ပိုမိုသွက်လက်အောင် ဆောင်ရွက်နိုင်လျှင် အားလုံး အကျိုးရှိပါလိမ့်မည်။
.. www.MyanmarExpress.net
သတင်းတို့အပေါ် အခြေခံကာ မိမိအရေး၊ တိုင်းပြည်အရေး တို့ကို ဆောင်ရွက်ရသည့် သတင်းခေတ်ကာလတွင် သတင်းတို့ ပြည့်စုံမှန်ကန်ရေး အတွက် Public Relations လူထုဆက်ဆံရေး အရေးကြီး လာခဲ့ပြီ ဖြစ်သည်။
အဖြစ်အပျက်တစ်ခုသည် မည်သို့ ထိန်းချုပ်ထားသည်ဖြစ်စေ ထိုအကြောင်းအရာ သတင်းအချက်အလက် တို့သည် လူတို့ရှိရာ အရပ်သို့ စီးဆင်းမည်မှာ သဘာဝပင်။ ယင်းကို ထိန်းချုပ်လိုက်လျင် အဆီးအတားကြားမှ ဖြတ်ထွက် ကွေ့ကောက်ကျော်လွှားရသော ကြောင့် လူအများထံသို့ ရောက်ချိန်တွင် ပုံပြောင်းသွားတတ်သည်။ အဆီးအတား များလေလေ၊ ပုံပြောင်းလေလေ ဖြစ်တတ်သည်မှာ ဓမ္မတာပင်။ ပုံပြောင်းခြင်း များလွန်းသွားလျင် သတင်းမဟုတ်တော့ဘဲ သတင်းယောင်၊ ကောလာဟလသာသာ အဆင့်သို့ ရောက်ရှိသွားတတ်သည်။
လက်ရှိ ဖြစ်ပျက်နေသော အကြောင်းအရာတို့ကို သိရှိနားလည် မှသာ မှန်ကန်သော ဆုံးဖြတ်ချက်များ ချနိုင်မည် (informed decision-making)။ ပြည်သူပြည်သားတို့ ဆုံးဖြတ်ချက် ထိထိရောက်ရောက် ချနိုင်သလို မူဝါဒချမှတ်သူ များသည်လည်း သတင်းများ၊ အချက်အလက်များ၊ ပြည်သူတို့၏ ဆန္ဒများကို သိရှိပြီး ထိရောက် မှန်ကန်သော မူဝါဒများကို ချမှတ်အကောင်အထည် ဖော်နိုင်မည်။ အဖြစ်အပျက်၊ အကြောင်းအရာ အမှန်အတိုင်း မသိရလျင် မည်သည့်နယ်ပယ်၊ မည်သည့်အဆင့် တွင်မျှ အလုပ် ကောင်းကောင်းလုပ်နိုင်မည်မဟုတ်။ ထို့ကြောင့် နိုင်ငံကြီးပွား တိုးတက်ရေးတွင် သတင်းစစ် သတင်းမှန်များ စီးဆင်းရေးသည် အဓိက လိုအပ်ချက်ကြီးဖြစ်သည်။
ယနေ့ကာလ သတင်းခေတ်၊
သတင်းကို အခြေခံကာ အလုပ် လုပ်ကြရသည့် ခေတ်ကြီးထဲတွင် ကောလဟာလများနောက်
လိုက်ပါ အာရုံများနေရလျင် တိုင်းရေးပြည်ရေး၊ ကိုယ်ရေးကိုယ်တာများ
မည်သို့မျှ ထိထိရောက်ရောက် မဆောင်ရွက်နိုင်။ အထူးသဖြင့် သတင်းအမှောင်
ကျခဲ့သည့် တိုင်းပြည်များတွင် သတင်းသည် ကောလဟာလ အသွင်ဖြင့် ထွက်လေ့
ရှိခဲ့သောကြောင့် ပြည်သူများ သည် ကောလဟာလကိုလည်း ပိုယုံတတ်သည်။ မဖြစ်နိုင်၊
ကောလ ဟာလသာဟု ထင်ရသည်များ နောက်ပိုင်းတွင် တကယ်ဖြစ်လာတတ် သည့်
အတွေ့အကြုံကြောင့် ကောလဟာလကို တကယ်ထင်တတ်ကြ သည်မှာ မဆန်း။ ထို့ကြောင့်
ကောလဟလနှင့် သတင်းခွဲခြားရန် ခဲယဉ်း သွားပြီး ကောလဟာလ စစ်စစ်ကိုလည်း သတင်း
ထင်တတ်ကြသည်။
ထို့ကြောင့် ကောလဟလများ အလိုကျ နိုင်ငံ့အရေး မဟုတ်ဘဲ သတင်းစီးဆင်းမှု
မှန်ကန်မြန်ဆန်ရေး အရေးကြီးသည်။ သတင်း မှန်ကန်မြန်ဆန်တိကျရေးအတွက်
ခေတ်ပြောင်းကာလတွင် Public Relations (PR) သဘောကို သိမြင်စောကြော
ကျင့်သုံးနိုင်ရန် အပူတပြင်း လိုအပ်နေသည်။ ပြည်သူလူထု အကြားတွင် မိမိအဖွဲ့အစည်း၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာ ကောင်းမွန်ရန် အားထုတ်ရသည့် Public Relations သဘောတရား သည် အခြားနိုင်ငံများတွင် အခြေခိုင်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ တွင်မူ အသစ်အဆန်း ဖြစ်နေသည်။
ပြည်သူ့ဆက်ဆံရေးဟု ဘာသာပြန်ဆိုကြသည့် Public Relations တွင် အစိတ်အပိုင်းများစွာ ရှိသည့်အနက် မီဒီယာ ဆက်ဆံရေး (မီဒီယာနှင့် ဆက်ဆံရေးမဟုတ်ပါ) Media Relations သည် အဓိကကျသော အစိတ်အပိုင်းကြီးတစ်ခု ဖြစ်ပြီး အချို့ကဆိုလျင် Public Relations သည် Media Relations သာဟုပင် သတ်မှတ် ကြသည်။ သတင်းကို ရာစုနှစ်ထက်ဝက်ခန့် ထိန်းချုပ်ခဲ့ရာမှ ဖွင့်လွှတ်ပေးလိုက်သည်မှာ လပိုင်းသာ ရှိသေးသည့်အတွက် သတင်း မီဒီယာသဘောနှင့် ပြည်သူ၊ အစိုးရနှစ်ရပ်လုံး စိမ်းနေသေး သောကြောင့် Media Relations သည်လည်း ဖွံ့ဖြိုးရန် အားယူနေရသည်။
သတင်းမီဒီယာကို ဒီမိုကရေစီလမ်းခရီးသို့ လျှောက်လှမ်း နေသော နိုင်ငံပီပီ ဖြေလျှော့လွှတ်လိုက်သောကြောင့် သတင်းမီဒီယာ တို့ အားသစ်လောင်းစ ပြုလာသည်။ အခြားနိုင်ငံများတွင် သတင်းစာစောင်ရေများ ကျဆင်းနေသော်လည်း မြန်မာနိုင်ငံ တွင်းတွင် သတင်းစာ ထုတ်လိုသူတို့ အားတက်သရော ဖြစ်နေကြ သည်။ ပြည်သူတို့ကလည်း သတင်းငတ်ခဲ့သူများ ပီပီ သတင်းမီဒီယာ များကို သတင်းအတွက် အားကိုးလာကြသည်။ မဝေးလှသေးသော အတိတ်က သတင်းမီဒီယာများတွင် သတင်းများ ပါလာချိန်တွင် အရေးကြီးသော သတင်းတို့သည် လူအတော်များများ သိပြီး ဖြစ်ကုန် ကြပြီ။ ယခုမူ သတင်းဂျာနယ်များမှ သတင်းတို့သည် လတ်လတ် ဆတ်ဆတ်ရှိပြီး ထိုသတင်းတို့ဖြင့် မိမိအကျိုး၊ အများအကျိုး ဆောင် ရွက်နိုင်သောကြောင့် ပြည်သူတို့ အားထားရာ ဖြစ်လာသည်။
သတင်းမီဒီယာသည် ပြည်သူလူထု
အချင်းချင်းအကြား၊ ပြည်သူနှင့်အစိုးရ၊ ပြည်သူနှင့်
စီးပွားရေးလုပ်ငန်းများ အကြား၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ အကြား
ပေါင်းကူးတံတား ဖြစ်သည်။ ထို့ကြောင့် မိမိအကြောင်း
(မိမိအဖွဲ့အစည်းအကြောင်း)ကို အခြားသော အရေးကြီး ပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ
(Stakeholders) အပါအဝင် ပြည်သူလူထုက သိရှိစေရန် သတင်းမီဒီယာတွင် မိမိနှင့်
ဆက်စပ်သော သတင်းများ ပြည့်စုံ တိကျစွာ ပါဝင်စေရန် မိမိဘက်က လည်း အားထုတ်မှု
လိုအပ်သည်။ မိမိလုပ်ငန်း၊ ဌာန၏ သတင်း အချက်အလက်များကို
အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခြင်း၊ မိမိ လုပ်ငန်းနှင့် ပတ်သက်သည့်
သတင်းတစ်စုံတစ်ရာ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထွက်ပေါ်လျှင်
မြန်မြန်ဆန်ဆန် တုံ့ပြန်ခြင်း တို့သည် Media Relations ၏ အခြေခံပင်ဖြစ်သည်။
လိုအပ်လျှင် လိုအပ်သလို သတင်းစာရှင်းလင်းပွဲ လုပ်ခြင်း၊ သတင်း
ထုတ်ပြန်ချက် Press Release များထုတ်ပြန်ခြင်း၊ သတင်းထောက်များက
ဆက်သွယ်မေးမြန်းသည်ကို ဖြေကြားခြင်း တို့ဖြင့် မိမိနှင့် ပတ်သက်ပြီး
ဖြစ်ပေါ်နေသော အကြောင်းအရာကို အများပိုမိုနားလည် သဘော ပေါက်အောင်
ကူညီနိုင်သည်။
အဖြစ်အပျက်တစ်ခုတွင် အနည်းဆုံး ဘက်နှစ်ဘက် ရှိသောကြောင့် အနည်းဆုံး
ဘက်နှစ်ဘက်ကို သတင်းမီဒီယာသမားသည် လေ့လာစုံစမ်း ရေးသားကြရမြဲ ဖြစ်သည်။
အခြားတစ်ဘက်က ပြောပြီး မိမိကမပြောဘဲ ရေငုံနှုတ်ပိတ် နေလိုက်လျင် မိမိဘက်က
ပြောခွင့်၊ ချေပခွင့်၊ လျှောက်လဲခွင့် ဆုံးရှုံးသွားတော့သည်။ နှစ်ဘက်
တရားပြိုင်ရာတွင် တရားရုံးသို့ မိမိဘက်က မသွားဘဲ နေလိုက်လျှင်
လျှောက်လဲခွင့် ဆုံးရှုံးသွားသကဲ့သို့ ဖြစ်သည်။ မိမိ၏ လျှောက်လဲချက် မပါလျင်
တစ်ဖက်လျှောက်လဲချက် ကိုသာ တရားသူကြီးက နားထောင်ပြီး မိမိမျက်ကွယ်တွင်
စီရင်ချပါက မိမိတရားရှုံးမည်။ မိမိကို ဖုန်းဆက် မေးပါလျက်နှင့် မဖြေလျှင်၊
သို့မဟုတ် ဖုန်းပိတ် ထားလျှင်၊ သို့မဟုတ် ဆက်သွယ်ရန် မေးမြန်းရမည့်သူ
မထားရှိလျှင် သတင်းထဲတွင် မိမိစကား မပါဘဲ ဖြစ်သွားလိမ့်မည်။ ထိုအခါ
သတင်းသည် တစ်ဘက်စောင်းနင်း ဖြစ်သွားနိုင်ပြီး စာဖတ်သူ၏ စီရင်ချက်သည်
မိမိဘက်ကို နစ်နာစေလိမ့်မည်။ ထိုအခါတွင် မိမိလုပ်ငန်း သို့မဟုတ်
အဖွဲ့အစည်းကို ပြည်သူက အထင်လွဲသွား လိမ့်မည်။ ပြည်သူသည်လည်း အဖြစ် အပျက်ကို
အမှန်အတိုင်း၊ ပြည့်ပြည့်စုံစုံ သိခွင့်မရသောကြောင့် နစ်နာသည်။ နောက်ဆုံး
lose lose lose “သူနာ၊ ကိုယ်နာ၊ အားလုံးနာ” အဖြစ်မျိုး ရောက်ကြလိမ့်မည်။ Media Relations ကို အဓိက လုပ်ဆောင်ရန် မိမိ အဖွဲ့အစည်း အတွင်းတွင် သတ်သတ်မှတ်မှတ် ပုဂ္ဂိုလ်တစ်ဦး လိုအပ်ပြီး ထိုပြောခွင့်ရ ပုဂ္ဂိုလ်သည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ မူဝါဒများ၊ ဖြစ်ပေါ်နေသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး သိခွင့်ရှိသည့် အဆင့်မြင့် အရာရှိကြီးဖြစ်လျင် ပိုကောင်းသည်။ သို့မှသာ လက်ရှိ သတင်း ဖြစ်နေသည့်၊ လူထုစိတ်ဝင်စားနေသည့် အကြောင်းအရာကို ခရေစေ့တွင်းကျ ရှင်းပြနိုင်မည်ဖြစ်သလို မည်မျှအထိ ထိလွယ် ရှလွယ်သည်၊ မည်မျှအထိ ပြောခွင့်ရှိသည်ကိုလည်း ဆုံးဖြတ်နိုင်မည်။
မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍသည် PR ပိုင်းတွင် အထမြန် သည်ကို တွေ့ရသည်။
ကမ္ဘောဇဘဏ် ဖြစ်ရပ်တွင် ဖြစ်ဖြစ်ချင်း ပြည်သူလူထုထံသို့ အချိန်နှင့် တပြေးညီ သတင်းရောက်အောင် သတင်းစာ ရှင်းလင်းပွဲများ၊ ထုတ်ပြန်ချက်များဖြင့် ပို့ဆောင်နိုင်သဖြင့် ပြည်သူလူထု ကျီးလန့်စာစား မဖြစ်ဘဲ အချိန်တိုအတွင်း အခြေအနေ ပြန်လည်တည်ငြိမ်ခဲ့သည်။ ယခုကဲ့သို့သာ Public Relations ထိထိရောက်ရောက် မလုပ်နိုင်ခဲ့လျှင် bank run ခေါ် ဘဏ်အပ်ငွေများ အလုအယက်လာထုတ်ပြီး ဘဏ်ပြို သွားနိုင်သည်။ ဘဏ်တစ်ဘဏ် ပြိုလျှင် အခြားဘဏ်များပါ လိုက်ပြိုပြီး ဘဏာရေးစနစ်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်သည်။
Air Bagan ကိစ္စတွင်လည်း ထိုနည်းလည်းကောင်း။ လေယာဉ် ပျက်ကျခြင်း အကိုင်အတွယ် ခပ်မြန်မြန်ဖြင့် သတင်းများ ထုတ်ပေး၊ ထုတ်ပြန်ချက်များထုတ်၊ သတင်းစာရှင်းလင်းပွဲများ ကျင်းပ၊ နစ်နာသူကို လျော်ကြေးပေးသောကြောင့် စိုးရိမ်ထိတ်လန့်မှု ကြီးမလာဘဲ လေကြောင်းလိုင်း၏ သိက္ခာကိုလည်း အကြီးအကျယ် မထိခိုက်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။
ယခုမကြာသေးခင် ကာလများအတွင်းတွင် Public Relations နှင့်ပတ်သက်ပြီး တိုးတက်မှု များစွာတွေ့ရပြီး မြန်မာနိုင်ငံအတိုင်း အတာဖြင့် ကြည့်လျှင် မကြုံဖူးလောက်အောင်ပင် ဖြစ်သည်။ သို့သော် အစသာ ရှိသေးသောကြောင့် ယခုထက်ပိုပြီး ကောင်းအောင် လုပ်နိုင်ဦး မည်ကိုလည်း မြင်နေရသည်။ Public Relations ကို ပိုမိုသွက်လက်အောင် ဆောင်ရွက်နိုင်လျှင် အားလုံး အကျိုးရှိပါလိမ့်မည်။
.. www.MyanmarExpress.net

.jpg)

1 comments:
Myawady News
http://www.facebook.com/photo.php?fbid=391974800900357&set=a.351047714993066.76926.351018658329305&type=1
အတိုက်အခံအဖွဲ့အစည်းတွေ ဒီမိုလုပ်စားမီဒီယာတွေကို ယုံလို့မ၇ပါဘူး
Myawady News
2013 March 15
ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့တွေ လူ့အခွင့်အရေးဆိုတဲ့အဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက ပြောတာေ၇းတာ ထုတ်လွှင့်တာတွေကိုယုံလို့မ၇ပါဘူး အဲ့ဒီအဖွဲ့တွေက ပြောတာေ၇းတာတွေထဲမှာ မှန်တဲ့အချက်အလက်တွေ ပါတယ်ဆို၇င်တောင် အဖြစ်အပျက်အပြည့်အစုံတော့မဟုတ်ဘူး
အတိုက်အခံဒီမိုလုပ်စားမီဒီယာတွေက အတိုက်အခံတွေ၇ဲ့ အမှားတွေအပြစ်တွေကို ထိန်ချန်ပီး အစိုး၇ဖက်ကိုဘဲ တစ်ဖက်သတ်အပြစ်တင်ပီးေ၇းလေ့ ထုတ်လွှင့်လေ့၇ှိပါတယ် အဖြစ်အပျက်ကိုသတင်းအဖြစ်ေ၇း၇ာမှာ လုံးဝ ထိန်ချန်ပီးေ၇းလို့မ၇တဲ့ အတိုက်အခံဖက်က အမှားတွေအပြစ်တွေကိုတော့ ဖေါ့ပီး ပုံပြောင်းပီးေ၇းတာက သူတို့၇ဲ့လုပ်၇ိုးလုပ်စဉ်ပါ
အဲ့မို့ ဖြစ်၇ပ်မှန်တစ်ခုကိုတောင် အဲ့ဒီ အတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက သတင်းအဖြစ် ပြန်ေ၇းပီ ထုတ်လွှင့်ပီ ဆို၇င် အပြည့်အဝယုံလို့မ၇တော့ပါဘူး ဒီမိုလုပ်စားမီဒီယာတွေေ၇းတဲ့ ထုတ်လွှင့်တဲ့ သတင်းက အချက်အလက်အမှန်တွေကိုတင်ပြတဲ့သတင်း မဟုတ်တော့ပါဘူး ဒီမိုလုပ်စားမီဒီယာတွေ၇ဲ့ သတင်းကသတင်းနဲ့မတူဘဲ အစိုး၇ကိုအတင်းပြောထားတာဖြစ်နေပါတယ်
ဆောင်းပါးတို့ သုံးသပ်ချက်တို့ဆို၇င်တော့ လို၇ာကိုအတင်းဆွဲေ၇းတော့တာဘဲ့ အဲ့မို့ ဒီမိုလုပ်စားမီဒီယာတွေဖက်ကေ၇းတဲ့ ထုတ်လွှင့်တဲ့ ဆောင်းပါးတွေ သုံးသပ်ချက်တွေက မျှမျှတတမ၇ှိဘဲ အစိုး၇ကိုတစ်ဖက်စောင်းနင်းအပုပ်ချထားတာတွေဘဲ များပါတယ်
အဲ့ဒီအတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေဟာ အစိုး၇ဖက်က အပြစ်တွေ အမှားတွေကို ၇ှာပြ ထောက်ပြ၇ာမှာသာေ၇ှာမွေးကို ဗာ၇ာဏသီ ဖြစ်အောင် ချဲ့ကားပီးေ၇းကြတာပါ သူတို့ချဲ့ကားပီးေ၇းစ၇ာေ၇ှာမွေးလောက် သေးတဲ့အပြစ်မျိုး အမှားမျိုးတောင် အစိုး၇ဖက်ကမလုပ်ထားတဲ့အခြေအနေမျိုးဆို၇င်တောင် ဒီမိုလုပ်စားမီဒီယာတွေက အမွေးမ၇ှိတဲ့ေ -ွး ဥမှာ သန်း၇ှာသလို ပြူးပြဲပီး၇ှာနေကြတာပါ မြန်မာအစိုး၇မကောင်းကြောင်း မပြော၇င် သူတို့ကို ထောက်ပံနေတဲ့ နိုင်ငံတကာအလှူ၇ှင်အဖွဲ့အစည်းတွေက ထောက်ပံငွေတွေ လျှော့ချမှာစိုး၇ိမ်လို့ အတိုက်အခံတွေ ဒီမိုလုပ်စားမီဒီယာတွေက အဲ့လိုေ -ွး ဥမှာ သန်း၇ှာနေကြတာပါ
အတိုက်အခံဖက်ကလူတွေ၇ဲ့ အသုံးမကျတာတွေ အကျင့်စာ၇ိတ်တမကောင်းတာတွေ ကလိမ်ကကျစ်ကျတာတွေ အောက်တန်းကျ ယုတ်မာတာတွေ လူမှုေ၇းဖေါက်ပြန်တာတွေ ၇ာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေကိုတော့ တစ်လုံးတစ်လေမှမေ၇းပါဘူး ဒါမျိုးကျတော့ အဲ့ဒီအတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက ကြောင်တောင်ကန်းနေကြ နှာစေးနေကြ ဆွံ့အ နေကြပါတယ်
အဲ့လိုမို့ အကြောင်းအ၇ာတစ်ခု အဖြစ်အပျက်တစ်ခုနဲ့ပတ်သက်ပီး အတိုက်အခံခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက တစ်လုံးတစ်လေမှ မပြောဘူးမေ၇းဘူး ဆိုတာနဲ့ အဲ့ဒီ အကြောင်းအ၇ာအဖြစ်အပျက်ဟာ မဖြစ်ခဲ့ဘူးလို့သတ်မှတ်လို့မ၇ပါဘူး
ABSDFလူသတ်သမား ဒေါက်တာနိုင်အောင်ေ၇ာ်နယ်အောင်နိုင် တို့ ကချင် ပါဂျောင် မြောက်ပိုင်းABSDF မှာကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကိုကမ်းကုန်အောင်ချိုးဖေါက်ခဲ့တာကို NLDအပါအဝင် ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့အစည်းက ခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက သိ၇က်နဲ့ နှစ်(၂ဝ)ကျော် ဖုံးကွယ်ထားခဲ့တယ်
မြောက်ပိုင်း ABSDFသတ်ဖြတ်မှုတွေနဲ့ပတ်သက်တဲ့ သတင်းစာ၇ှင်းပွဲ (၂)ခုကို (၁၉၉၂)မှာကတဲက နိုင်ငံတော်ကပြုလုပ်ပီး တိုင်းပြည်ကိုတ၇ားဝင် တင်ပြခဲ့ပီးဖြစ်ပါတယ် ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီးစ (၁၉၉၂)မှာကတဲက အဲ့ဒီသတင်းစာ၇ှင်းပွဲ ၂ခုကို နိုင်ငံတော်ပိုင်သတင်းစာတွေမှာဖေါ်ပြခဲ့တာပါ အဲ့ဒီလို နိုင်ငံတော်ကပြည်သူတွေကို တ၇ားဝင်အသိပေးဖေါ်ပြခဲ့တာတောင် အတိုက်အခံခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက မသိချင်ယောင်ဆောင်ခဲ့ကြတာပါ
ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့ လူ(၁ဝဝ)ကျော်ကိုနှိပ်စက်မှု လူ(၄ဝ)ကိုသတ်ဖြတ်မှုတွေကို အတိုက်အခံခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက ဝိုင်းကာကွယ်ပေးခဲ့ကြတာပါ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့ ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ လူ့အခွင့်အေ၇းချိုးဖေါက်မှုကြီးတွေကို အတိုက်အခံခေါင်းဆောင်တွေ လူ့အခွင့်အရေးဆိုတဲ့အဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေအားလုံးက ဝိုင်းဖုံးပေးခဲ့ကြတာပါ
အဲ့လို အတိုက်အခံဖက်က ဒေါက်တာနိုင်အောင် တို့ ကျူးလွန်ခဲ့တဲ့ လူသတ်မှုကြီးတွေ ၇ာဇဝတ်မှုကြီးတွေ လူ့အခွင့်အေ၇းချိုးဖေါက်မှုကြီးတွေကို ထိမ်ချန်ဖုံးကွယ်ပေးတတ်တဲ့ မ၇ိုးမသားလုပ်နေကျ NLDအပါအဝင် ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့အစည်းတွေ ဒီမိုလုပ်စားမီဒီယာတွေကို ယုံလို့မ၇ပါဘူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်