Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည် Total Myanmar ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းနယ်မြေသွားရောက်

From : ..rfa

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာရှိတဲ့ ဒေသခံတွေနဲ့ ဒီကနေ့မှာ တွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေးမြန်းခဲ့ပါတယ်။
ရေဖြူမြို့နယ် မီးချောင်းလောင်းကျေးရွာ မူကြိုကျောင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ဒေသခံ မမြင့်မူက RFA ကို အခုလို ပြောပါတယ်။
" ဒေါ်အောင်ဆန်းစုကြည်က မေးတယ်၊ ဒေသခံတွေဘာတွေလိုအပ်လဲ၊ ဒေသခံတွေက လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်လုပ်ပေးပါလို့၊ နောက်ပြီး မီး၊ ရေ၊ ဆေးရုံ၊ ကျောင်း အကုန်လုံးတော့ တောင်းဆိုပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောတယ် အဲ့ဒါတွေအကုန်လုံး နေပြည်တော်ကိုတင်ပြ ပေးမယ်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် သူကနှစ်ချက် တောင်းဆိုမယ်တဲ့၊ ဘာတောင်းဆိုမလဲဆိုတော့ အကုန်လုံးက ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းကြပါတဲ့၊ နောက်ပြီး ရာဘာပင်တွေက တအားများနေတယ် ရာဘာပင်တွေထက် တခြားအပင်တွေလည်း စိုက်ကြပါတဲ့ အဲ့နှစ်ချက်တော့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတယ်"
ဒီကနေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ရေဖြူမြို့နယ် Total Myanmar (တိုတယ်ကုမ္ပဏီ) ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းကို သွားရောက်လေ့လာပြီး ကံပေါက်ကျေးရွာ၊ ဇာဒီကျေးရွာနဲ့ မီးချောင်းလောင်းကျေးရွာတို့မှာရှိတဲ့ ကုမ္ပဏီက ဆောက်လုပ်ပေးထားတဲ့ ဆေးရုံအဆောက်အဦးတွေ၊ လမ်းပြုပြင်ထားမှုတွေနဲ့ စာသင်ကျောင်း ဆောက်လုပ်ထားမှုတွေကို သွားရောက် လေ့လာခဲ့ပါတယ်။
ဒီခရီးစဉ်ကို Total Myanmar ကုမ္ပဏီရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ခဲ့တာ ဖြစ်ပြီး ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

.. www.MyanmarExpress.net
 
7 comments:

ဟုတ်ကဲ့ပါ

ဟုတ်ကဲ့ပါ

အမေစုရေTotalကိုဘာသွားလုပ်ပြန်ပြီလဲဗျာသူ့ဘာသာအေးချမ်းနေတဲ့နေရာအမေစုသွားမှပဲပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်တော့မှာပဲလက်ပန်းတောင်းတောင်ကကိစ္စသင်္ခန်းစာမယူတတ်သေးဘူးလားတစ်ခါသေဘူးလို့မှပျဉ်ဖိုးနားမလည်ဒုက္ခပါပဲ...အခုလိုပြောနေတာအမေစုကိုမုန်းလို့အမြင်ကပ်လို့ပြောတာမဟုတ်ပါဘူးအမေတစ်ယောက်ကိုသားတစ်ယောက်ကချစ်လို့ဂရုဏာဒေါသောနဲ့အသိပေးတင်ပြနေရတာ...အမေစုအနားမှာကလည်းတစ်ချိန်မှာနေရာရနိုးအခွင့်အရေးမျှော်ကိုးပြီးမြှောက်ထိုးပင့်ကော်လုပ်နေတဲ့နိုင်ငံရေးကိုနကန်းတစ်လုံးမှမသိတဲ့ပညာမဲ့လူတန်းစားငမိုက်သားတွေကလည်းများမှများကိုး...အမေရယ်အသက်အရွယ်ကထောက်ပင်ပန်းလှပါပြီဗျာနားနားနေနေလည်းနေပါအုံးကိုယ့်အိမ်ထဲမှာကိုယ်လေလာရာဖင်ပေးထမင်းကြမ်းယပ်ခပ်စားပြီးအေးအေးချမ်းပဲနေပါတော့...အမေစုကျန်းမာချမ်းသာပါစေ
(မှတ်ချက်။ ။ဤcommentအားမိမဆုံးမဖမဆုံးမအဆင့်
အတန်းမရှိသောကလေကချေအောက်တန်းစားမိုက်ရိုင်းသူများနိုင်ငံရေးကိုနကန်းတစ်လုံးမသိအခွငိ့အရေးသာငန်းငန်းတက်လိုချင်နေကြသောသူရူးသူမိုက်များမှဆတ်ဆတ်ထိမခံလက်တုန့်ပြန်ပြောနိုင်ပါသည်။)

Total က ပြသနာ မရှိပါ မြေသိမ်းရာတွလည်း စနစ်ကျပြီး ဒေသခံများ ကျေနပ်ကျသည် ဒေသဖွံ့ ဖြိုးရေးကိုလည်း လုပ်ဆောင်ပေးသည် ထိုကြောင့် သင်ခန်းစာ ယူရန် ဒေါ်စု အပြင် အခြားသော အမတ်များ ပါလေ့လာသင့်ပါသည်

အန်တီစုက 2015 မှာ သမ္မတလုပ်ချင်တယ်ဆိုတော့ဒီလိုလေး ပြောချင်ပါသေးတယ်.ဒီလို လုပ်ပေးမယ်၊ ဟိုလိုလုပ်ပေးမယ်နဲ့ပျားရည်နဲ့ဝမ်းချ။ဟိုလို ဖြစ်စေရမယ်၊ ဒီလိုဖြစ်စေရမယ်နဲ့အလွယ်စကားတွေပြောပြီး ဆွယ်တရားတွေလည်းဟော။အော်ဇရာထောင်းပေမယ့် မာယာကောင်းတဲ့ ဒေါင်းကဝေကြောင့်ရိုးသားတဲ့ပြည်သူများခမျာကြားဖြတ်မှာသားသတ်ကို ဓါးအပ်မိပြီလား”” ဆိုပီး နောင်တတွေ ရနေကြပါတယ် ခင်ဗျာ။( လုလင်- ပြောသည် )

ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိက္ခာကျပါတယ်ဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်