Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ဂုဏ်ပြုကြိုဆို

From : ..သမ္မတရုံး

နေပြည်တော် ဧပြီ ၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်းယမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က ယနေ့ညနေ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် စန်းယမြို့ရှိ Sheraton ဟိုတယ် မြက်ခင်းပြင်၌ ဂုဏ်ပြု ကြိုဆိုသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပရာသို့ ရောက်ရှိလာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်သမ္မတအား တရုတ်နိုင်ငံသမ္မတဘက်မှ တက်ရောက်ကြသူများ နှင့် မိတ်ဆက်ပေးသည်။ အလားတူ နိုင်ငံတော်သမ္မတကလည်း ၎င်းနှင့်အတူ ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ပြန်လည်မိတ်ဆက်ပေးသည်။

ယင်းနောက် နှစ်နိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။  ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက ပြည်ထောင်စုသမ္မတြ မန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်ကြသည်။

ထို့နောက် နှစ်နိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးကြသည်။

ဆက်လက်၍ နှစ်နိုင်ငံသမ္မတတို့အား ဂုဏ်ပြုတပ်ဖွဲ့က အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။


.. www.MyanmarExpress.net
 

5 comments:

အလွန်ကျက်သရေမင်္ဂလာရှိတဲ့ပုံတွေပါ
တရုတ်-မြန်မာဆွေမျိုးပေါက်ဖေါ်ဆက်ဆံရေးတည်မြဲပါစေ

အခုတို့ သမ္မတကြီးတရုတ်ပြည်သွားတာ
ဘိုအောက် ဖိုရမ်တက်ဖို့ တခုထဲမဟုတ်ပါဘူး

တရုတ်သမ္မတ ရှီကျင့်ဖင်းက တို့သမ္မတကြီးကို မြန်မာနိုင်ငံ
ကိုယ်စားပြု သမ္မတ တယောက်အနေနဲ့ ဖိတ်ကြားလို့သွားတာ
ဒါကြောင့်လည်းဂုဏ်ပြုတပ်ဖွဲ့ နဲ့ တခန်းတနား ကြိုဆိုတာပါ

ဘိုအောက် ဖိုရမ် တက်ဖို့ လာတဲ့ တခြားနိုင်ငံတွေကခေါင်းဆောင်
တွေကို ဒီလို ဂုဏ်ပြုတပ်ဖွဲ့ နဲ့ ကြိုဆိုတာမဟုတ်ဘူး

အခုအချိန်ဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ အရှေ့အာရှမှာ
အခြေနေအလွန်တင်းမာနေချိန်မှာ သမ္မတကြီးင်္းသိန်းစိန်ရဲ့
တရုတ်ပြည်ခရီးစဉ်ဟာအလွန်အရေးပါတယ်လို့ သုံးသပ်မိပါတယ်
.

Some Chinese authorities' eyes seem to b small-minded on our president.Never bow them,president.U r so good-minded man unlike Pyay Ti Oops n admin from meg.

ဗမာပြည်က အဖိုးတန် natural resources တွေ သွား ရောင်း နေ တာ
to his step fada

သမ္မတကြီး တရုတ်ပြည်ရောက် ရင် အဲဒီမှာ သားအဖ ၄ ယောက်ပေါင်း မြန်မာမ တစ်ယောက် .တူဝရီး ၅ ယောက်ပေါင်း မိန်းမတစ် ယောက် စနစ် နဲ့ တရုတ် စောက်ကျင့် ရုတ်တမျ ခေါင်းငုံ့ ခံနေ ကြရှာ တဲ့ စစ်ပြေး မြန်မာမ လေးများ ကို အားမငယ်ကြဖို့နဲ့ ခဏအံကျိတ် ခံထားဖို့ ။ဒီက စောက်ကုလား တွေကို မောင်းထုတ်ပြီးရင် အ ရှေ့ ဘက်က စောက် သူခိုး တရုတ် တွေကို လည်း ငါ့ ညီမ တွေ အတွက် အတိုး နဲ့ ပါ စပ်ပေးမယ့် အကြောင်း ပြောခဲ့။အဖါးလွန် ပြီး ဆွေ မျိုး ပေါက် ဖေါ်တွေ လို့ ခေါ် မ နေ ခဲ့ နဲ့ဦး။ ခင်များ တို့ က ပါးစပ် က လေး နဲ့ ခေါ်ကောင်းတိုင်း ကျုပ် တို့ နှမ တွေက ၄လင် တစ်မယား။ ၅ လင် တစ်မယား ဖြစ်နေရပြီ။ အသက်လည်းကြီးပြီ မိတ် ဆွေ အတု အစစ်တော့ ခွဲတတ် အောင် ကျိုး စားရင်း အချိန် ကို အကျိုးရှိရှိ သုံးသင့် ပြီ။

Before accusing others, find out who is the thief first. It's always easy to be 'A Pyit Kin, te le zin'.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်