From :
..popular
ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာတပ်ဖွဲ့ဝင်များ ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု မီဒီယာအချို့တွင် ဖော်ပြထားချက်များ မှားယွင်းနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပွန် တိုဝီချတ်ချိုင်းကူ က ယနေ့ပြောသည်။
ယင်းသည် မြန်မာအာဏာပိုင်တို့ နားလည်မှုလွဲမှားခြင်းဖြစ်ကြောင်း သူက ထပ်လောင်းပြောကြားသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ တောမီးလောင်သည့်နယ်မြေတစ်ခု တွင်းသို့ရောက်သွားကြသည့် မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦးသည် တောထဲတွင် လမ်းပျောက်ပြီး ဆက်သွယ်ရေး ရေဒီယိုစက်ဖြင့် ဆက်သွယ်ခဲ့ကြောင်း မစ္စတာ ဆူရာပွန်ကပြောသည်။
တောမီးလောင်သည့်အခါ မီးလောင်ပေါက်ကွဲသည့်အသံများသည် သေနပ်ပစ်ခတ်သံများနှင့်တူသဖြင့်၊ မြန်မာတပ်ဖွဲ့ဝင်များ ဆက်သွယ်ရေးစက်မှ အကူအညီတောင်းခံသည့်အခါ ကြားရသည့်နောက်ခံအသံများကို သေနပ်ပစ်သံများဟု တစ်ဖက်မှယူဆမိသွားပြီး၊ အဆက်အသွယ်ပြတ်သွားသည့်အခါ တိုက်ပွဲတွင် ကျဆုံးကုန်ကြပြီဟု နားလည်မှုလွဲမှားသွားခြင်းဖြစ်ကြောင်းသူက ရှင်းလင်းပြောကြားသည်။
သတင်းရင်းမြစ်အချို့ကို ကိုးကား၍ ပြည်တွင်းမီဒီယာအချို့တွင်လည်း မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့အနီးတွင် အသတ်ခံရသည်ဟု ဖော်ပြခဲ့ကြသည်။
ထိုင်း-မြန်မာနယ်စပ်ရွာတစ်ရွာတွင် ယမန်နေ့က မြန်မာတပ်ဖွဲ့များ နှင့် မည်သည့် အဖွဲ့အစည်းမှန်းမသိရသော လက်နက်ကိုင်တပ်ဖွဲ့ များအပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြန်မာတပ်သား ၁၃ ဦးသေဆုံး၍ နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်းပင် အဆိုပါ သတင်းရင်းမြစ်အချို့ကဖော်ပြခဲ့ကြကြောင်းသိရသည်။
.. www.MyanmarExpress.net

3 comments:
၉၆၉ ဗုဒ္ဓအစွန်းရောက်တွေ၊ရခိုင်တွေ ဖွတဲ့သတင်းတွေပါ။
According to this Thai news, so where are they? Where are
those Myanmar soldiers? The Media said that 13 dead and 2
are missing, did you see those bodies? This is good if they
are not dead and lost in the jungle, can find them soon.
Where is the rescue team to find them? If nobody knows
they are dead or alive rescue team must do it now, don't
be too late.
ထိုင်း-မြန်မာနယ်စပ် ရနောင်းပြည်နယ် အနီးတွင် ဧပြီလ ၆ ရက်နေ့က အမည်မသိ လက်နက်ကိုင်တပ်နှင့် တိုက်ခိုက်မှုကြောင့် မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု မှားယွင်းစွာ သတင်းပို့မိခဲ့ကြောင်း မြန်မာစစ်တပ်က ထိုင်းစစ်တပ်သို့ ပြန်လည်အကြောင်းကြား လိုက်ကြောင်း သိရသည်။ဖြစ်ရပ်မှန်မှာ မြန်မာစစ်သားများ ကင်းလှည့်နေချိန်တွင် တောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံများကို ကျန်ရစ်သည့် အဖွဲ့၏ ရေဒီယိုစက်တွင် သေနတ်သံများ အဖြစ် ထင်မှတ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၃ ဦးမှာလည်း လမ်းပျောက်သွားခဲ့သောကြောင့် တပ်ရင်းသို့ ပြန်လည်သတင်းပို့ခဲ့ရာ ထိုင်းအာဏာပိုင်များထံမှ အကူအညီပေးရန် မြန်မာစစ်တပ်က ဆက်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။“နားလည်မှုလွဲမှားပြီး သတင်းပို့ခဲ့တာပါလို့ မြန်မာအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ နယ်စပ်မှာ ဘာတိုက်ပွဲမှ မဖြစ်ခဲ့သလို သေဆုံးမှုလည်း မရှိခဲ့ပါဘူးလို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ပျောက်ဆုံးနေခဲ့သော မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦးကို ၎င်းတို့၏ တပ်ဖွဲ့က မြန်မာပိုင် တောနက်အတွင်း ပြန်လည်ရှာတွေ့သွားပြီ ဖြစ်ကြောင်း ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ယူထားသည့် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး Uthit Anantananont က ပြောကြားခဲ့သည်။ကင်းလှည့်တပ်ဖွဲ့ဝင် ၁၅ ဦး အနက် နှစ်ဦးမှာ ပျောက်ဆုံးနေသူ ၁၃ ဦးကို ပြန်လည်မတွေ့ခင် တပ်ရင်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီဟု ယူဆကြောင်း Uthit က ပြောကြားခဲ့သည်။မြန်မာတပ်ဖွဲ့ဝင်များ သေဆုံးသည်ဆိုသော သတင်းကြောင့် အဆိုပါ ဒေသသို့ သွားရောက်စုံစမ်းရန် စီစဉ်ထားသည့် အမှတ် (၄) တပ်နယ်မှ တပ်ရင်းမှူး၏ ခရီးစဉ်ကိုလည်း ယခုအခါ ပြန်လည်ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း Uthit က ပြောကြားခဲ့သည်။သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံကို ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာကင်းလှည့် တပ်ဖွဲ့ဝင်အချို့က နားလည်မှု လွဲခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Towichukchaikul က မတ်လ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ယခုဖြစ်စဉ် ဖြစ်ပွားသည့် နေရာသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ထိုင်းနိုင်ငံသား ၉၂ ဦးကို နယ်မြေခိုးဝင်မှုဖြင့် ဖမ်းဆီးခဲ့သည့် ရနောင်းပြည်နယ် ကရာဘူရီခရိုင်နှင့် မြန်မာနိုင်ငံ ကော့သောင်း နယ်စပ်တွင် ဖြစ်သည်။ဖမ်းဆီးထားခဲ့သူများ အနက်မှ ၈၈ ဦးကို လွှတ်ပေးခဲ့ပြီး ကျန်လူများကို လက်နက်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့ဖြင့် ဖမ်းဆီးထားဆဲ ဖြစ်သည်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်