Subscribe to our RSS Feed

ဧရာဝတီ သတင်းဌာန က သူများဓာတ်ပုံကို ခက်တည်တည်ခိုးယူ

From : by Kyauk Me

ဧရာဝတီ (မြန်မာပိုင်း) သတင်းဋ္ဌာန မှ ရန်ပိုင် နှင့် တာဝန်ရှိသူများ သိရှိစေရန်
ဧရာဝတီ (မြန်မာပိုင်း) သတင်းဋ္ဌာန website ၈ ရက်နိုဝင်ဘာလ ၂၀၁၁ ရက်စွဲဖြင့် " စစ်တပ်သိမ်း ယူထားသည့် မြေများ ပြန်ပေးရန် တောင်သူများ တောင်းဆို " ခေါင်းစဉ်ဖြင့်ဖော်ပြခဲ့သည့် သတင်းတွင် "We love our kyauk me" facebook group မှ Photographer- Kong Mong ၏ ဓါတ်ပုံအား ဓါတ်ပုံပိုင်ရှင် ၏ ခွင့်ပြု ချက်သော်လည်းကောင်း ၊"We love our Kyauk Me" Group's Admin များ၏ ခွင့်ပြုချက်သော်လည်းကောင်း ရယူခြင်းမရှိဘဲဖော်ပြခဲ့သည်။

ဧရာဝတီ (မြန်မာပိုင်း) သတင်းဋ္ဌာန website တွင်ဖော်ပြခဲ့သော ကျောက်မဲမုဒ်ဦး ဗုံးကွဲသည့် သတင်း နှင့် ကျောက်မဲမုဒ်ဦးတွင် ပစ်ခတ် မှုဖြစ်ပွားသည့်သတင်းတွင် လည်းကျောက်မဲမုဒ်ဦး ၏ ဓါတ်ပုံအား Photographer - တွတ်တွတ် ၏ ခွင့်ပြုချက်သော်လည်းကောင်း ၊ Kyauk Me Page's Admin များ၏ ခွင့်ပြုချက်သော်လည်းကောင်း ရယူခြင်းမရှိဘဲဖော်ပြခဲ့သည်။

Kyauk Me Facebook Page နှင့် We love Our Kyauk me group တွင် ဖော်ပြထားသော ဓါတ်ပုံများသည် ကျောက်မဲမြို့ ၏ သဘာဝ အလှ နှင့် လူနေမှု ဘ၀ကို ဖော်ကျူးထားသည့်

ဓါတ်ပုံများဖြစ်သည့် အလျှောက် အခမဲ့ အကျိုးပြုလုပ်ငန်းများ အသုံးပြုရာတွင် လွယ်ကူရန် Logo,Watermark နှင့် ဓါတ်ပုံပိုင်ရှင် နာမည် များကို ထည့်သွင်းထားခြင်းမရှိပါ။

သို့သော် ထိုအချက်ကို အခွင့်ကောင်းယူ ၍ နိုင်ငံတကာထောက်ပံ့ကြေးငွေဖြင့် တည်ထောင်ထားသော
ဧရာဝတီ သတင်းဋ္ဌာန ကြီးအား " မီဒီယာ ကျင့်ဝတ် စည်းကမ်းမဲ့ ဖောက်ဖျက်ကျူးလွန်သည့် သတင်းဋ္ဌာန" အဖြစ် ပြင်းပြင်းထန်ထန်ဝေဖန် ရှုတ်ချလိုက်ပါသည်။




Myat Myatmဒီလိုပဲ..လုပ်စားနေတာကြာလှပေါ့...ဒါလေးများ...

James Mmt Danny Chiu <<<< အင်း သတင်းသမားဆိုတာ နားနှစ်ဘက်၊ မျက်လုံး ၂ လုံးက မြင်သမျှ ကြားသမျှကိုသုံးပီး မြင်မြင်သမျှ ကြားကြားသမျှ ယူသုံးနိုင်တယ်ဆိုတဲ့ သဘောပေါ့နော်.... ကြည့်လုပ်ဦး ကိုယ့်လူရေ့...

ကိုယ့်လူအစ်မတွေ ညီမတွေကိုပါ အဲ့ဒိ သတင်းသမားတွေက တွေ့လို့ဆိုပီး ယူသုံးသွားမှ ဟုတ်ပေ့ဖြစ်နေမယ်.... သတိထားဦးဗျ... ဒါမှမဟုတ်လည်း ကော်ပီရိုက် တံဆိပ်ကပ်ထားပေါ့...... :D

Udp Myanmar
စာပေလွတ်လပ်ခွင့် သတင်း မီဒီယာလွတ်လပ်ခွင့်ကို အော်နေပြီး ကိုယ်တိုင်ကတော့ သူများ ဓာတ်ပုံကို သုံးရင် တရားဝင် ဆက်သွယ်ပြီး ခွင့်ပြုချက် တောင်းရမည်။ ခွင့်ပြုချက် ပေးရင်လဲ သင့်တော်သည့် Creditation ပေးရမည်ဆိုတာ အခြေချ အကျဆုံး အချက်ပါ။ အစိုးရနဲ. နိုင်ငံသမားတွေ စီးပွားရေး သမားတွေကို မီဒီယာက စောင့်ကြည့်ရမယ်ဆိုရင်။ အကျင့် ပျက်တဲ့ သတင်းမီဒီယာ သမားတွေကိုတော့ ဘယ်သူက စောင့်ကြည့်ရတော့မှာလဲ။ Keep them Honest and Hold Accounable.





Myanmar Express




3 comments:

တင်စရာမရှိတော့ အချင်းချင်းခွပ်တဲ့စာတွေ တင်ကြတယ်
ဟား...ဟား ရီးရတယ်
ဘာမှလည်းဟုတ်ဘူး

ခွေးသူခိုးအောင်ဇော်တို့က တခြားဆိုဒ်ကစာတွေပုံတွေကိုဘာခ၇က်ဒစ်မှမပေးပဲအဲ့လိုခပ်တည်တည်နဲ့ခိုးသုံးနေကျပဲ

ခွေးသူခိုးအောင်ဇော်တို့က တခြားဆိုဒ်ကစာတွေပုံတွေကိုဘာခ၇က်ဒစ်မှမပေးပဲအဲ့လိုခပ်တည်တည်နဲ့ခိုးသုံးနေကျပဲ သူခိုးလူမိတာလဲများလှပီ ဒါလဲစောက်၇ှက်မ၇ှိဘူး မျက်နှာပြောင်တိုက်ပီးသူခိုးကျင့်သူခိုးကြံနဲ့ခိုးသုံးတုံး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်