From :
..mwd
..
www.MyanmarExpress.net
ရန်ကုန်မြို့တော်တွင် မြို့ပတ်ရထားစနစ်အား
တိုးချဲ့ခြင်းနှင့် ရန်ကုန်မြို့ ဗဟိုစီးပွားရေးဇုန် (Central Business
District CBC Area)အတွင်း ယာဉ်သိပ်သည်းမှု လျှော့ချနိုင်ရန် CBD အတွင်း ပတ်၍
ပြေးဆွဲနိုင်သော မိုးပျံရထား စနစ်များ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်း
ဒေသကြီး၏ ဒေသန္တရ စီမံကိန်းဥပဒေတွင် ဖော်ပြထားကြောင်း အဆိုပါ တိုင်းဒေသကြီး
အစိုးရ အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဌမပုံမှန်
အစည်းအဝေးမှ ဒေသန္တရ စီမံကိန်းဥပဒေကြမ်း တင်ပါတယ်။ အဲဒီမှာ မိုးပျံရထား
စနစ်တွေလည်း ပါပါတယ်။ နေရာအတိအကျတော့ မသိရသေးပါဘူး။ မြို့ထဲနဲ့ အချက်အခြာ
ကျတဲ့နေရာ တွေမှာ လုပ်မယ်လို့ ထင်ပါတယ် ဟု သင်္ကန်းကျွန်းမြို့နယ်
တိုင်းဒေကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။
ဗဟန်းမြို့နယ် တိုင်းဒေကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးမြင့်ကြည်က အဆိုပါ စီမံကိန်းကြီးများသည် ရင်းနှီးမှု
တန်ဖိုး ကြီးသည့်အတွက် ပြည်ထောင်စု အစိုးရကသာ ဆောင် ရွက်နိုင်ကြောင်း
ပြောကြားခဲ့သည်။
မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက
မိုးပျံရထားနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ဌာနကို ဘာမှ မပြောသေးပါဘူး။
လုပ်ဖြစ်ရင်လည်း ကုမ္ပဏီတွေက လုပ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့
ဌာနအနေနဲ့က မြို့ပတ်ရထားလမ်း အဆင့်မြှင့် တင်ရေးရယ်၊ မြို့ပြင် တိုးချဲ့
ဆောက်လုပ်ရေးတို့သာ ပါရှိပါတယ်…..ဟု ပြောကြားသည်။
အဆိုပါ ဒေသန္တရ စီမံကိန်း ဥပဒေ ကြမ်းတွင်
မြို့တွင်း မြို့ပတ် ရထားလမ်းအား တိုးချဲ့ခြင်း ၊ ရန်ကုန်မြို့ပြင်မှ ပတ်၍
အမြန်မြို့ပတ်လမ်းနှင့် ရထားလမ်းတို့အား ဖောက်လုပ်ခြင်း တို့ကို ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်မှ
မြို့တွင်းသို့ နေ့စဉ် မီးရထားဖြင့် အလုပ်ဆင်းနေသူတစ်ဦးက ရထားစီးရတာ
ကားထက် အချိန်ကုန် သက်သာပါတယ်။ ပိုပြီး ချောင်ချိစွာ စီးရပါတယ်။ ဒါပေမယ့်
ရထားတွဲတွေက သန့်ရှင်းမှု မရှိဘူး။ အနံ့က မကောင်းဘူး။ မိုးပျံရထားတွေ
လုပ်ရင် ကောင်းပါတယ်။ သက်တောင့်သက်သာ စီးရမယ်လို့ ထင်ပါတယ်ဟု ပြောကြား
သွားပါသည်။
ရန်ကုန်မြို့ပတ် မီးရထားလမ်းအား ၁၉၅၉ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိပြီ ဖြစ်ကြောင်း သိရသည်။

.jpg)

2 comments:
လုပ်၇င်လည်းမြန်မြန်လုပ်ကြကွာ။ဘကြီးမသေခင်မြင်သွား
ချင်လို့။
ဟုတ်မှလဲ လုပ်ပါ မောင်ကာဋု ၇ာ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်