Subscribe to our RSS Feed

ယနေ့အထိ ဒဏ်ရာမကျက်သေးသော Eleven Media ကို အထိနာစေခဲ့သည့် ဦးရဲထွဋ် ၏ သာသာလေး နှင့် နာနာလေး ရိုက်ချက်

From : ..https://www.facebook.com/notes/ye-htut/eleven



ယနေ့ညနေ Eleven ၀က်ဘ်ဆိုက်တွင် ကျနော့်ပုံပါနေကြောင်းမိတ်ဆွေတစ်ဦးကပြောသည်။ ဒီနေ့ထုတ်ဂျာနယ်မှာဖတ် တော့မတွေ့သဖြင့်အင်တာနက်တွင်တက်ဖတ်ရသည်။ ထိုဆောင်းပါးတွင် စစ်အောင် အမည်ခံ Face Book စာမျက်နှာ၌ ကျွန်တော့်ပုံကိုတင်ထားကြောင်းရေးသားထားသည်။ Face Book ပေါ်တွင်တင်ထားသော ပုံကိုလည်း ပုံကြီးချဲ့တင်ပြထား သည်။ စစ်အောင် စာမျက်နှာတွင်သွားဖတ်တော့ ဆောင်းပါးထဲကလိုပင် ပုံပြောင်းထားသည်ကိုတွေ့ရသည်။ တကယ်တော့ စစ်အောင်အမည်နဲ့ ကျွန်တော့်ကို ချိတ်ဆက်ပြီးပြောသည်မှာ အခုမှမဟုတ် လွန်ခဲ့သည့် နှစ်ပတ်လောက်က ဂျာနယ်တစ် စောင်၏ အယ်ဒီတာချုပ်တစ်ဦးက စစ်အောင်နံမည်နဲ့ရေးသလားဟု ဖုန်းဆက်မေးသည်။ အွန်လိုင်းပေါ်ရှိ အစိုးရ ဘက်သား ဟု သမုတ်ခံရသော ဘလော့ဂ်အများစုကို ပြန်ကြားရေးကလုပ်သည်ဟု မကြာခဏစွတ်စွဲခံနေရနေသဖြင့် မဟုတ်ကြောင်းသာ ပြောခဲ့သည်။ ဘာမှဆက်မလုပ်ဖြစ်ခဲ့။ အခုသွားဖတ်မှ ကောင်းတာရော၊ ဆိုးတာရော စုံနဖာစီရေးထား တာတွေ့ရသည်။ နောက်ပြီး Eleven နဲ့လည်း အချီအချ စကားစစ်ထိုးထားတာတွေ့ရသည်။ ရေးတာတွေမှန်တာ၊မှားတာ ခဏထား ဒီကိစ္စမှာ ကျွန်တော်က ကန့်လန့်ကန့်လန့်ဝင်ပါနေသဖြင့် ရှင်းဖို့တာဝန်ရှိလာသည်။

ပထမဆုံးက ကလောင်နံမည်ကိစ္စဖြစ်သည်။ ကျွန်တော့်တွင် ဗညားအောင်နှင့် ရဲထွဋ် ဆိုသည့် ကလောင်နံမည်နှစ်ခုသာ ရှိ သည်။ ဗညားအောင် နံမည်က ပိုစောသည်။ မှတ်မှတ်ရရ ဗိုလ်ကြီးဘ၀က ၁၉၈၉ ခုနှစ်ကုန်ခါနီးတွင် လုပ်သားပြည်သူ့နေ့ စဉ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့သည်။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ လူပြိန်းကြိုက်ပဲပြောနေတာတွေကို ဖော်ပြပြီး အခြေခံဥပဒေရေးဆွဲရေးလို အရေးကြီးတဲ့ကိစ္စကို မပြောသည့်အကြောင်းထောက်ပြသည့်ဆောင်းပါး ဖြစ် သည်။ အတော်ကြာအောင် စိစစ်ခံအနည်းငယ်ဖြတ်တောက်ပြီးမှ ထည့်ခွင့်ရသည်။ ကလောင်နံမည်ရွေးတော့ ကျွန်တော့် ညီမ၏ သားအကြီးဆုံး ဗညားအောင်၏ နံမည်ကိုရွေးခဲ့သည်။ သူက ကျွန်တော်တို့မိသားစုမှာ မြေးဦး ဖြစ်သောကြောင့် အချစ်ဆုံးအဖြစ် ဂုဏ်ပြုသည့်အနေဖြင့်ရွေးခဲ့ခြင်းဖြစ်သည်။ နောက်တော့  စစ်ပညာဂျာနယ်မှာရေးသည့်အခါ ရဲထွဋ်အမည် နဲ့သာရေးဖြစ်သည်။ ပြန်ကြားရေးရောက်ပြီး Eleven အပါအ၀င် ဂျာနယ်တွေမှာရေးတော့ ရဲထွဋ်အမည်နဲ့သာရေးဖြစ် သည်။

ဗညားအောင်ကလောင်အမည်ဖြင့် သတင်းစာဆောင်းပါးတစ်ချို့နှင့် လျှပ်တပြက်ဂျာနယ်မှ သုံးလေးပုဒ်ရေးဖူးသည်။
အခုလည်း Face Book မှာ နံမည်ရင်း ရဲထွဋ်၊ ပြန်ကြားရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်သည်ဟု ဖော်ပြထားသည်။ မူလက ကျွန်တော့်တွင် Face Book Account မရှိ။ ၀န်ကြီးက ၀န်ကြီးဌာန၏ ပြန်ကြားရေးအရာရှိအဖြစ်တာဝန်ပေးသည့် အခါမှ ဌာနပိုင်ဝက်ဘ်ဆိုက်မရှိသေးသဖြင့် Face Book ဖွင့်ပြီး သတင်းအချက်အလက်များပေးနိုင်အောင်လုပ်ခဲ့ခြင်းဖြစ် သည်။ မိမိတာဝန်အရ မီဒီယာများကို ပြောဆိုရသည့်အခါတွင် ကိုယ်ကျိုးစီးပွားပတ်သက်မှုကင်းစေရန်အတွက် Eleven အပါ အ၀င် ပြင်ပဂျာနယ်များတွင် ဆောင်းပါးမရေးတော့ကြောင်းလည်းတရားဝင်ပြောခဲ့သည်။ Face Book ပေါ်က မိမိ ရေးသားချက်တွေကို ယူသုံးပါကလည်း ဆောင်းပါးခပေးရန်မလိုကြောင်း၊ ဂျာနယ်မူအရမဖြစ်မနေပေးရမည်ဆိုပါကလည်း မိမိ၏ နံမည်ဖြင့် ဆရာအော်ပီကျယ်တို့၏ one more အဖွဲ့တွင်လှုနိုင်ကြောင်းအသိပေးထားသည်။ လက်ရှိလည်း မြစ်မခ သတင်းဌာနက ကျွန်တော့်နံမည်နဲ့ ၁၄လစာ၊ ဇနီးအမည်ဖြင့် ၁၄ လစာလှုထားပြီးဖြစ်သည်။

ထို့ကြောင့် တာဝန်အရ မီဒီယာများ အပေါ် ရေးသားရန်လိုအပ်လာပါက နံမည်ရင်းဖြင့်သာပြောမည်ဖြစ်သည် ။ ပြောလည်း ပြောရဲသည်။ လက်တွေ့ တွင်လည်း Eleven ဂျာနယ်၏ရေးသားချက်နှစ်ခုနှင့်ပတ်သက်ပြီး နှစ်ကြိမ်ထောက်ပြရေးသားခဲ့ပြီး ဖြစ်သည်။အလားတူပင်အချို့သူများ၏မှတ်ချက်များတွင် အချက်အလက်များမှားယွင်းသည်ဟုထင်ပါက တရားဝင်တုန့်ပြန် ရေးသားခဲ့ပြီးဖြစ်သည်။ မိမိအနေဖြင့် မိမိ၏ တာဝန်ဝတ္တရားကို ထမ်းဆောင်ရာတွင် အခြားနံမည်ဝှက်တစ်ခုဖြင့် ရေးသားဖို့ အကြောင်းမရှိပါ။ ထို့ကြောင့် စစ်အောင်သည် မိမိ၏ရေးသားချက်များနှင့် သက်ဆိုင်ခြင်းမရှိကြောင်းပြောလိုပါသည်။ တကယ်လို့ သွေးကြောင်ပြီးနံမည်ဝှက်နှင့် ရေးခဲ့လျှင်လည်း မိမိမှန်းသိနိုင်သော ဓာတ်ပုံကို သုံးရဲမည်မဟုတ်ပေ။

ဒုတိယအချက်က ဓာတ်ပုံကိစ္စဖြစ်သည်။ ဓာတ်ပုံက မှုန်ဝါးဝါးဖြစ်သည့်တိုင် ကျွန်တော့်ပုံဖြစ်သည်။ သို့သော် ကျွန်တော့ ကင်မရာကမဟုတ်။ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ဥရောပခရီးစဉ်တစ်ခုသွားရင်း ရှေးဟောင်းရဲတိုက်ကြီးတစ်ခုသို့ သွားရောက် လေ့လာခွင့်ရသည်။ လူတွေခွဲပြီး လျှောက်ကြည့်ရင်း ရဲတိုက်ထိပ်တွင်လူတွေစုပြီး ဓာတ်ပုံရိုက်နေတာကိုတွေ့သဖြင့် သွား စပ်စုတော့ ရဲတိုက်ထိပ်အမြင့်ဆုံး အစွန်းနေရာလေးမှာ ခပ်ကဲကဲလူငယ်တွေက မတ်တပ်ရပ်ပြီး ပုံစံအမျိုးမျိုးလုပ်ပြ၊ မတက် ရဲသောသူများက အော်ဟစ်ပြီး ဓာတ်ပုံရိုက်ကြလုပ်နေတာကိုတွေ့သည်။ ကျွန်တော့်လည်း သူတို့လို လုပ်ရဲကြောင်း ပြလို သဖြင့် အစွန်းလေးမှာ ရပ်ပြီး ကင်မရာကို သူများကိုပေးပြီး ဓာတ်ပုံအရိုက်ခံခဲ့သည်။ ကျန်တဲ့သူတွေကလည်း ဝိုင်းရိုက်ကြသည်။ စစ်အောင် Face Book တွင် တင်ထား သောပုံမှာ ထိုအချိန်က ပုံဖြစ်သည်။ ကျွန်တော့်ကင်မရာကပုံကို ကျွန်တော့် Photo များထဲတွင်တင်ပေးထားသည်။ စစ်အောင် သုံးထားသောပုံနှင့် အလင်းအမှောင် အဖြတ်အတောက်မတူသည်ကိုတွေ့နိုင်ပါသည်။

စစ်အောင်က ဘာသဘောနဲ့ ဒီပုံကို သုံးသည်။ သူဘယ်က ရသည်ကိုတော့ သူဘဲ သိပါလိမ့်မည်။ ဘယ်သူမှန်း မသိ သဖြင့် အမှတ်တမဲ့ သုံးခြင်း လည်းဖြစ်နိုင်သည်။ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်တာလည်းဖြစ်နိုင်သည်။ ယာလည်း ညက်၊ ကြက်လည်းမော လုပ်တာလည်းဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်မသိခင်ကပင် Eleven က ဒီအကြောင်းကို ကာယကံရှင်ကိုထောက်ပြခဲ့သဖြင့် ဓာတ်ပုံပြောင်း သွားသောကြောင့် ထောက်ပြသူများကို ကျေးဇူးတင်ပါသည်။ ထိုသို့မဟုတ်ပါက ဒီသံသရာကဘယ်လောက်ကြာဦးမည် မသိ။ တစ်ခုပဲရှိသည်။ ယခုဆောင်းပါးတွင်သာ ကျွန်တော်ကို ဆက်သွယ်ပြီး ဓာတ်ပုံနှင့်နံမည်ကိစ္စမေးမြန်းခဲ့လျှင် သတင်း ဆောင်းပါး၌ ကျွန်တော့်ရှင်းလင်းချက်တစ်ခါတည်းပါသွားပြီး သတင်းဆောင်းပါးအင်္ဂါရပ်နှင့်လည်း ပိုညီညွတ်သွားမည်ဖြစ် သည်။ကျွန်တော်လည်း သီးခြားရေးသားရန်လိုတော့မည်မဟုတ်။  သို့သော် ကာယကံရှင်ကိုမေးမြန်းပြီး သက်ဆိုင်သူ၏ တုန့်ပြန်ပြောကြားချက်များကို ထည့်သွင်းရေးသားခြင်းကို Eleven ဂျာနယ်က လုပ်လေ့လုပ်ထမရှိလှသောကြောင့် အပြစ်တင်ရန်လည်းမရှိပါ။ သတင်းဆောင်းပါးကြောင့် အမှန် ဖြေရှင်းခွင့်ရခြင်းအတွက်ပင် ကျေးဇူးတင်ရဦးမည်ဖြစ်သည်။

နောက်ဆုံးတစ်ချက်ကတော့ ဘယ်လို့ တုန့်ပြန်မလဲဟု မေးလာသောမိတ်ဆွေများအတွက်ဖြစ်ပါသည်။ ဘာမှ ဆက်လုပ် ရန်မရှိပါ။ ဒီကိစ္စမျိုးသည် လူမှုရေးကွန်ယက်များ၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သကဲ့သို့ မီဒီယာကျင့်ဝတ်တွေအထိုင် မကျသေးခင်မှာ ဖြစ်လေ့ဖြစ်ထ ရှိသော၊ မလွှဲမသွေကြုံတွေ့ရမည်ဖြစ်သော ကိစ္စများပင်ဖြစ်သည်။ ကျွန်တော်ထက် ရာထူး၊ ဂုဏ်သိက္ခာ များစွာမြင့်မားသောပုဂ္ဂိုလ်များပင်လျှင် မီဒီယာအမျိုးမျိုးပေါ်တွင် ယခုထက်ဆိုးသော ကိစ္စများကို ကြုံတွေ့ နေရသည်ဖြစ်ရာ ကျွန်တော့်အတွက် ဓာတ်ပုံကိစ္စအပေါ် ဆက်လုပ်ရန်အကြောင်းမရှိပါ။ လူတွေရင့်ကျက်လာသည်နှင့် အမျှ၊ မီဒီယာပွင့်လင်းမှုတွင် အသားကျလာသည်နှင့်အမျှ ကိုယ်စီကျင့်ဝတ်များကို ပိုပြီး ထိန်းသိမ်းလာကြမည်ဖြစ်သည်။ ထို့ အတူ ရင့်ကျက်လာသည့် ပြည်သူများ၊ စာဖတ်ပရိသတ်များကလည်း အကောင်းအဆိုးခွဲခြားလာတော့မည်ဖြစ်ရာ ဒီလို ကျင့်ဝတ်နှင့်မညီသောကိစ္စများတစ်ဖြေးဖြေးပျောက်ကွယ်သွားမည်သာဖြစ်သည်ဟုသာ အကောင်းမြင်မျှော်လင့်မိပါသည်။ (ရဲထွဋ်)
.

James Mint : မိုက်တယ်ဗျ..... အဲ့လို လူကြီးဆန်ဆန် တုံ့ပြန်တော့ ဟိုဘက်က ဘာပြန်ပြောမလဲ စောင့်ကြည့်တာပေါ့..... ကြည့်ရတာ ဖေ့ဘွတ်မှာ Eleven က စလို့ လေကြောင်းတိုက်ပွဲ စလာတော့မယ် ထင်ပါရဲ့

Richard Htun : အလကား မန်တက် နေ တာ ဒီ Eleven က.

Thet Thet Tun : အလဲဗင်းကို လေးစားခဲ့ပါတယ်။ ခု ဒီကိစ္စတွေ့တော့ ပြန်စဉ်းစားရမလိုပဲ။

Khin Aye : တခေါက်ဖတ်ပြီး..ဆရာဦးရဲထွဋ်ရဲ့ ခွင့်လွှတ်တတ်တဲ့.. သဘောထားကို...လေးစားသွားပါတယ်... နှစ်ခေါက်ပြန်ဖတ်မိတော့.. ရမ်းလွန်းတဲ့ အလဲဗင်းကို အံ့သြအထင်သေးသွားမိတယ်..။ ငါတို့နိုင်ငံမှာ အလဲဗင်း လို hot news လို ခတ်ရမ်းရမ်း ဂျာနယ်တွေ ကြီးစိုးနေတာပါလား လို့တွေးမိသွားတော့ ရှက်လည်းရှက် ၀မ်းလည်းနည်း သွားမိပါလေရော..။

Lwin Aung Soe : မီဒီယာကျင့်ဝတ်ကို တာဝန်အရ ပြုမူကျင့်သုံးနိုင်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရဖို့ ရှိမှာကတော့ သေချာပေါက်ပါပဲ။ မီဒီယာ ဥပဒေ ပြဋ္ဌာန်းထားပြီးတောင်မှ လူတချို့ဟာ စိတ်ခံစားချက်နဲ့ တုန့်ပြန်နေကြဦးမှာ ဖြစ်ပါတယ်။ နောက်ဆုံး တရားတဘောင် ရင်ဆိုင်ရဖို့အထိ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ မီဒီယာ ဥပဒေနဲ့ လုံလောက်မှု မရှိတာကို ဖော်ပြပါတယ်။ တရားရေးမဏ္ဍိုင်က ကြံ့ခိုင် ဖြောင့်မတ်လို့ အရေးယူ အပြစ်ပေးတာတွေ မှန်ကန်ပြီး လူအများက မိမိတို့အသိတရားနဲ့ ဆင်ခြင်တတ်လာမှာပဲ ဆိုပြီး မမျှော်လင့်စကောင်းပါ။ မီဒီယာကျင့်ဝတ်ကို ထိန်းသိမ်းနိုင်တဲ့ စံနမူနာယူစရာ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်ဖို့ လိုအပ်နေဦးမယ် ထင်ပါတယ်။ လက်ရှိခေတ်ကာလဟာ ပြုပြင်ပြောင်းလဲရေးတွေအပေါ် အရှိန်အဟုန် ပြင်းထန်နေလို့ ဦးရဲထွဋ်လို သည်းခံ နားလည်ပေးနိုင်သူတွေလည်း များများ ရှိလာစေချင်ပါတယ်။

Lin Thu Zaw : Eleven ကို သိပ်မကြိုက်ဖူးဗျာ့။ တချို့ သတင်းတွေက သူတို့ ဘတ်တအားလိုက်တယ်။ သူတို့ ထည့်ချင်တဲ့ သတင်းတွေ သူတို့ အာဘော်တွေကို သိပ်ထည့်တယ်။

ကလေး ချစ်တဲ့မောင် : တော်တော်ကြာကြာလေး အားပေးခဲ့ပါတယ် Eleven ကိုပေါ့။ နည်းနည်း ဇရှိတယ်ဟ.. ပြည်သူ့အတွက် ဘာပဲဖြစ်ဖြစ် ပြောရဲဆိုရဲရှိတယ်ဟ.. စသဖြင့်ပေါ့။ အဲ.. မြစ်ဆုံကိစ္စပြီးလို့ Campaign မှာ နာမည်တက်လာပြီးနောက်ပိုင်းလို့ သုံးသပ်မိတယ်။ ရေးသားတာတွေက အစိုးရရဲ့ လုပ်ကွက်မှန်သမျှကို စော်ထုတ်နေတာချည်းပဲ။ စော်တာစော်ပါ။ မပြောပါဘူး။ တစ်ချို့ကောင်တွေ ရေးထားတဲ့ Comment တွေကျတော့ လျစ်လျူရှုထားပြီးတော့ သူတို့နဲ့ အမြင်မတူတဲ့ Comment ဆိုရင် ဖျက်ပစ်တာတွေ လုပ်လာတယ်။ ထားပါဦး သူတို့ သိက္ခာရေးကို ထိခိုက်တာမျိုး Personal ဆိုရင်ထားပါတော့။ မိုးမွှန်အောင် ဆဲထားတဲ့ (စောက်တွေ.. ဖေတွေ.. @#$) ကိုင်တုတ်ထားတာတွေတစ်ချို့တစ်ဝက်ကို လျစ်လျူပြုခဲ့တယ်။ အဖွဲ့အစည်းလိုက် စော်ကားမော်ကားပြုနေတဲ့ Comment မျိုးတွေကျတော့ အရေးမယူဘူး။ သတင်းသမားဆိုတာ ပြည်သူလူထုသိသင့်သိထိုက်ရင်တောင်မှ တစ်ခါတစ်ခါ Violent ဖြစ်သွားစေမယ့် သတင်းမျိုးဆို သွေဖည်၍သော်လည်းကောင်း၊ အာဘော်ပြောင်း၍သော်လည်းကောင်း တင်တတ်ရတယ်၊ ရှောင်ရှားတတ်ရတယ်။ Hot ဖြစ်ရင်ပြီးရော နိုင်ငံသားအချင်းချင်း ဝိဝါဒကွဲကွဲ၊ မကွဲကွဲ တို့အရေးလား အထာမျိုးတွေ ဖြစ်လာရင် မကောင်းပါဘူး။ အားထည့်တာ ကြိုးစားတာ သတင်းကို အများပြည်သူ Update ဖြစ်ဖို့အတွက် တကယ့်ကိုကောင်းပါတယ်။ အားလည်းပေးပါတယ်။ ဒါပေမယ့် "ဖွ"တဲ့အပိုင်းရောက်လာရင် မီဒီယာ Pride ကို ကိုယ်ပိုင် Idea လေးနဲ့ ပြန်ထိန်းညှိဖို့လိုပါလိမ့်မယ်။ ဓာတ်ပုံတင်ပြီး ရေးရလောက်အောင် တိကျသေချာ ခိုင်မာမှုမရှိတဲ့ Raw Data တစ်ခုကို Information ဖြစ်အောင် လုပ်လိုက်တာတော့ တစ်ဘက်သားမှာ သိက္ခာကျစေတတ်ပါတယ်။ သူတို့ဆီမှာ ဖတ်လိုက်ရင် သိန်းသောင်းချီနေပေမယ့် ခုလိုဖြေရှင်းချက်ကို ဖတ်ဖို့က ပရိတ်သတ်နည်းပါတယ်။ ဒါမျိုးဆို ခင်ဗျားတို့ ပြန်ဖြေရှင်းပေးသင့်တယ်။ တာဝန်ယူသင့်တယ်။ မဟုတ်ရင် ခင်ဗျားတို့ရဲ့ Prestige ဟာ ဘယ်သူသတ်လို့မှ မသေပါဘူး။ ကိုယ်တိုင်ပြန်သတ်လို့ သေပါလိမ့်မယ်။ မပြောမရှိနဲ့။ Policy လေးတွေ နည်းနည်းလေး ပြင်ရင် အချိန်ရှိပါသေးတယ်။ ဒီနေရာက စေတနာနဲ့ အကြံပြုလိုက်တာပါ။

Myat Kyaw : Gentleman ဆန်စွာ ဖြေရှင်းတာ အင်မတန်ကောင်းပါတယ် ၊၊ ကြိုလည်း ကြိုဆိုပါတယ် ၊၊ ကောလဟလ ဆိုရင် မကြာခင် ပျောက်သွားမှာ ဖြစ်ပါတယ်၊၊ ထိုမီဒီယာ ဂရုသည် ဒီမိုကရေစီ စာပေလွတ်လပ်ခွင့် တွင်တွင်အော်ပြီး ကိုယ်တိုင်တော့ အကောင့်တော်တော်များများကို ပိတ်ထားပါသည် ၊၊ ဖေ့ဘွက်စာမျက်နှာတွင်တင်မက ၀က်ဆိုက်တွင်ပါ ကော့မန့်မရပါ၊၊ ယခုလည်း ပြောပြချင်ပါသည် ဆောင်းပါတွင်.. ကားများတင်သွင်းခွင့် ပေးသဖြင့် လမ်းများကျပ်တော့မည် ဖြစ်ကြောင်း ပြောနေပြန်ပါသည် ... ကားတင်သွင်းခွင့် ပေးပြီး နောက်တစ်ရက်တွင် မြောက်ဥကလာတွင် ကားလမ်းပိတ်သည့် သတင်းကို တင်ရင် ဖွပါသည် ... တကယ် စေတနာ မမှန် သော အဖွဲ့ဖြစ်ပါသည် ... စာတည်းချုပ်ဆိုသူသည် အမြဲတမ်း ကျွှန်တော်တို့ CEO ကြီးသည် ကွှန်တော်တို့ CEO ကြီးသည် နှင့် ဘောမ ပါသည် ... တော်တော်လည်း ရယ်စရာကောင်းသည်ဟုတ်ထင်ပါသည် .. သူတို့ စာမျက်နှာတွင် မန့်ခွင့်မရသဖြင့် ဒီနေရာမှာ ရေးပါသည် ..P:)

Kaung Myat Soe : eleven ကတော့ သူတို့ ကို အသေ၇ ဖြတ်လျှင် တ၇ားစွဲမည်ဟု အမြဲတမ်းကြွေးကြော်နေသည့် ဂျာနယ်ဖြစ်ပါသည်။ မှတ်မှတ်၇၇ Royal Eleven ဆို သည့် အ၇က်နာမည်တူကိတ်စ၊ ဒေါ်ပန်ဒို၇ာအောင်ကြီးနှင့် ဖြစ်ခဲ့သော ဘောလုံး အတ်ုပတိ ကိတ်စ၊ so many problem များနှင့် eleven ဖြစ်နေပါသည်။

ကလေး ချစ်တဲ့မောင် : ဒီနေ့ပဲ အဲ့ဒီ Page မှာ သွားရေးတယ်.. အထိမခံရွှေပန်းကန်က ကျုပ်ကို Ban သဗျာ.. ဟော့ဒီမှာသာ ရှုကြကုန်လော့ အရပ်ကတို့ရေ.. http://www.facebook.com/photo.php?fbid=442237629137555&set=a.314922988535687.88344.100000539642870&type=1&theater

 Naing Htun Lin : သို့သော် ကာယကံရှင်ကိုမေးမြန်းပြီး သက်ဆိုင်သူ၏ တုန့်ပြန်ပြောကြားချက်များကို ထည့်သွင်းရေးသားခြင်းကို Eleven ဂျာနယ်က လုပ်လေ့လုပ်ထမရှိလှသောကြောင့် အပြစ်တင်ရန်လည်းမရှိပါ။ လန်ထွက်နေတာပဲ... ။

May Thingyan Hein : နောက်ဆုံးတစ်ချက်ကတော့ ဘယ်လို့ တုန့်ပြန်မလဲဟု မေးလာသောမိတ်ဆွေများအတွက်ဖြစ်ပါသည်။ ဘာမှ ဆက်လုပ် ရန်မရှိပါ။ ဒီကိစ္စမျိုးသည် လူမှုရေးကွန်ယက်များ၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သကဲ့သို့ မီဒီယာကျင့်ဝတ်တွေအထိုင် မကျသေးခင်မှာ ဖြစ်လေ့ဖြစ်ထ ရှိသော၊ မလွှဲမသွေကြုံတွေ့ရမည်ဖြစ်သော ကိစ္စများပင်ဖြစ်သည်။ ကျွန်တော်ထက် ရာထူး၊ ဂုဏ်သိက္ခာ များစွာမြင့်မားသောပုဂ္ဂိုလ်များပင်လျှင် မီဒီယာအမျိုးမျိုးပေါ်တွင် ယခုထက်ဆိုးသော ကိစ္စများကို ကြုံတွေ့ နေရသည်ဖြစ်ရာ ကျွန်တော့်အတွက် ဓာတ်ပုံကိစ္စအပေါ် ဆက်လုပ်ရန်အကြောင်းမရှိပါ။ လူတွေရင့်ကျက်လာသည်နှင့် အမျှ၊ မီဒီယာပွင့်လင်းမှုတွင် အသားကျလာသည်နှင့်အမျှ ကိုယ်စီကျင့်ဝတ်များကို ပိုပြီး ထိန်းသိမ်းလာကြမည်ဖြစ်သည်။.... လေးစားပါတယ်ရှင်။


. www.MyanmarExpress.net
 

8 comments:

စောက်ကျင့်မကောင်းသော တစ်ပူးမီဒီယာအကြောင်းကတော့ပြောမနေပါနဲ့. သန်းထွဋ်အောင် နဲ့ဝေဖြိုးက ခွေးငတ့် နဲ့ ချီးသိုးလိုပဲ လိုက်လဲလိုက်ပါတယ်. ကျပ်မပြည့် မီဒီယာဂိုဏ်းချုပ် သောက်ရူးသန်းထွဋ်အောင်

Media should do for public. not for selfish or own intrest.
I stay in singapore. I remind to them singpore press and law. But CEO refuse to accept that .He mentioned that singapore is just city state. Not follow , they mention. But singapore is most develop country and stable.Why, they don't have rubbish media as EMG.
Please understand that EMG.This country is not your own country. My farther , grand farther and me too had built myanmar nation. I am 57 years old.We know your group doing rubbish.We got enough experience international level.

လူကြိးလူကောင်း
ဆန်တဲ့ဖြေရှင်းရေသားချက်ကိုလေးစားပါသည်။

EMG
They are not the best media in Myanmar and then they destroy our country.
They always said that freedom of press that is stupid and rubbish.

eleven အယ်ဒီတာချုပ် ဆိုတဲ့ ခွေးစုတ်ခွေးပဲ့ကောင်ကို
လမ်းကြုံ လမ်းဆုံလို့ကတော့ ခေါင်းခွဲပစ်ချင်နေတာ။

ဘောဂျာနယ်ကကောင်တွေ ဘောအကြောင်းဘဲသိမှာပေါ့ကွာ။မတန်မ၇ာနိင်ငံေ၇းအကြောင်းတွေ လျောက်ေ၇းမနေနဲ့။ချီးပန်းလိမ့်မယ်။

လူကြီးလူကောင်းပီပီ မှားတဲ့ကောင် တောင်းပန်လိုက်။

Eleven ဘာပြောမလဲ။ ပညာရှင် ဆို တာ အဲ ဒီ လို မျိုး ဆို တာ သိပြီ မဟုတ် လား နွား သေး ကွက် ထဲ က ချီး ပိုး ထိုး တွေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်