Subscribe to our RSS Feed

ဒေါ်စုကို အရှက်ကွဲအောင် လုပ်ခဲ့သည့် အဖိုးအိုအား NLD မှ တရားစွဲလျှင် မဘသ နဲ့ ထိပ်တိုက်တွေ့မည်

From : .. Myanmar National Network


ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောဆိုခဲ့သော ပြည်သူတစ်ဦး အဖိုးကြီးအား NLD မှ တရားစွဲဆိုမည်ဆိုလျှင် အဖိုးကြီး ဦးစု နှင့် ဆက်သွယ်၍ တရားစရိတ် ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း ဦးနေမျိုးဝေက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လုပ်ဆောင်ရာတွင် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလုပ်ဆောင်ရန် အဖိုးအိုမှ ပြောဆိုခဲ့ပြီး ဥပဒေကို နားမလည်ဘဲ ပြည်သူကို လမ်းပေါ်စွဲမတင်ရန် ပုဒ်မ(၄၃၆)ကို အဖိုးကြီးမှ ထောက်ခံကြောင်း ဆိုင်းဘုတ် ကိုင်၍ ဒေါ်အောင်ဆန်း စုကြည်တို့လာရာ လမ်းမှ စောင့်ကြိုနေခဲ့ကြခြင်းဖြစ်သည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ လုပ်ဆောင်ရန် အဖိုးအိုမှ ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က ကျွန်မက အစိုးရလား ၊ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် အစိုးရက လုပ်ရမှာလေ လို့ ပြောဆိုရာ အဖိုးအိုမှ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ အားလုံးနဲ့ဆိုင်တယ် ၊ မတည်ငြိမ်ရင် ထိုင်းမှာ ဖြစ်နေတာကို ကြည့် တပ်က အာဏာသိမ်းသွားလိမ့်မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဖိုးအို ပြောဆိုသည့်အထဲတွင် ယခုအချိန်အထိ ဘယ်နိုင်ငံရေးပါတီကိုမှ လက်မခံဘဲ အမျိုးသားနိုင်ငံရေးသက်သက်လုပ်နေတာ ဟု ထည့်သွင်းပြောဆိုထားသည်ကိုလည်း သိရှိရသည်။ အဖိုးအို၏ ပြောဆိုမှုမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုအတွက် အဓိက ဦးတည် ပြောဆိုခြင်းဖြစ်သော်လည်း ယခုကဲ့သို့ NLD မှ တရားစွဲဆိုမည် ဆိုခြင်းမှာ ပြည်သူတစ်ယောက်၏ ပြောရေးဆိုခွင့်ကိုပင် မလေးစားသည့် သဘောသက်ရောက်နေသည်။

၈၈ တုန်းကလည်း ပြည်သူတွေ ခံခဲ့ရပြီးပြီး တိုင်းပြည်မှာ ဆူဆူပူပူမဖြစ်အောင် အဓိက ရည်ရွယ်၍ ပြောဆိုခဲ့သော အဖိုးအိုကို NLD ပါတီမှ တရားစွဲမည်ဆိုက အဖိုးအို၏ တရားရေးစရိတ်များအတွက် ကူညီထောက်ပံ့ရန် ဆက်သွယ်ပြောဆိုလာသူများ ရှိသည့် အကြောင်း ဦးနေမျိုးဝေထံမှ သိရသည်။

သူတို့နှစ်ယောက် အခြေအတင် ပြောပြီးတဲ့ ညကတည်းက အဖိုးကြီးကို လှူချင်လို့ ထောက်ပံ့ဖို့ အစီအစဉ်ရှိလားလို့ လှမ်းမေးသူ ရှိတယ်။ မဆိုင်ဘူးလေ မလုပ်ရဘူးလို့ ပြန်ပြောလိုက်တာ။ အခုလို NLD က တရားစွဲမယ်ဆိုရင်တော့ ဆိုင်ပြီပေါ့ ဟု ဦးနေမျိုးဝေက ဆိုသည်။

ပြည်သူတစ်ယောက်နဲ့ ရန်ဖက်ဖြစ်ပြီး ပြည်သူကို တရားစွဲအုံးမယ်ဆိုတာ ယုတ်တိမရှိတဲ့ ခေါင်းဆောင်ကောင်း မဆန်တဲ့လုပ်ရပ်ကို ပေါ်လွင်သွားတာပေါ့ဗျာ။ သူတို့ကမှ တရားစွဲအုံးမယ်ဆိုရင် ကျွန်မတို့ကလည်း အဖိုးကြီးဒုက္ခမရောက်အောင်တော့ ကူညီရမှာပဲဟု ထောက်ပံ့ကူညီလိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

 .. www.MyanmarExpress.net
 

7 comments:

You guys are disgusting. He accused Bo Gyoke Aung San as murderer. How come you are supporting to this stupid old dirty man? If General Aung San is murderer, how about Than Shwe???

အရည်​အချင်းမရှိတဲ့ ကုလားမယား ဖာစုက ဒါနဲ့​တောင်​ သမတလုပ်​ချင်​​သေးတယ်​ သမတ​တော့ မဖြစ်​နိုင်​ဘူး သမတရုပ်​ရှင်​ရုံ​ဘေးမှာ ငါးစိမ်းသွား​ရောင်း​လိုက်

ပြည်​သူကို ဒေါ်စု​ ကတ်​ကတ်​လန်​ ရန်​​တွေ့​နေတာ အဆင့်​မရှိ ​ဈေးသည်​မ လိုဘဲ ။ ဒီ​ခေါတ်​မှာ ဆက်​သွယ်​​ရေးနည်းပညာပိုင်းတိုးတက်​လာ​တော့ လူ​တွေကိုလိမ်​​လေ အရှက်​ကွဲ​လေဘဲ။ ​ဒေါ်စု​နောက်​မှာ ပြည်​သူသန်း ၆၀ ရှိတယ်​လို့ ထင်​ခဲ့သမျှ နဖူး​တွေ့ဒူး​တွေ့ကြုံ ရ​တော့ ​တော်​​တော်​​လေးတုန်​လှုပ်​သွားလား။ တပ်​ကုန်းက အဘ ကို​လေးစားပါတယ်​ ။ ကိုယ့်​ယူဆချက်​ကို ရဲရဲ​တောက်​ ​ပြောလိုက်​တာကြိုက်​တယ်​။

အဲဒါကို Record လုပ်ထားပါ

၈၈ မတိုင်မီက
စုကြည်က မြန်မာတွေကို
မျောက်သာသာကောင်တွေလို့သဘောထားတာ

၈၈ မတိုင်မီက
စုကြည်က အဖြူကောင်ကိုလင်လုပ်
တခြားအဖြူကောင်တွေကို ဖင်ခံ
အဖြူကောင်တွေနဲ့ပေါင်းပြီး
အဖြူကောင်တွေက မြန်မာတွေကို
အသားအရောင်ခွဲခြား အထင်အမြင်သေးပြီး
မျောက်သာသာကောင်တွေလို့သဘောထားသလို
စုကြည်ကပါ မြန်မာတွေကို မျောက်သာသာကောင်တွေလို့သဘောထားတာ

၈၈ မတိုင်မီက
စုကြည်က မြန်မာတွေနဲ့ တွေ့ဖို့နေနေသာသာ
စုကြည်က သူ့ကိုသူတောင် မြန်မာလို့ပြောရမှာတောင်
ရှက်သလေး ဘာသလေးနဲ့

အခုမှ
စုကြည်က မြန်မာပြည်သူတွေကို တွေ့တယ်လို့
လာပြောမနေနဲ့
နိုင်ငံခြားမှာအနေကြာသူတိုင်း
အဖြူကောင်တွေ ကုလားတွေကိုပဲ ဖင်ခံတဲ့
မြန်မာဆိုရင် မကုန်းတဲ့
၈၈ မတိုင်မီ စုကြည်အကြောင်းကိုသိတယ်

စုကြည်က ဒေးဗစ်လှမြင့် ကို ကုန်းတာ
စုကြည်က တခြား NLD နဲ့ ဒီမိုအကောင်မျိုးစုံကို ကုန်းတာက
၈၈ နောက်ပိုင်းမှ

အဲဒါကို Record လုပ်ထားပါ

အဲဒါကို Record လုပ်ထားပါ ok

မြန်မာအမြန်သတင်းခင်ဗျား

တပ်ကုန်းက အဖိုး ဦးစန်းလွင်က ဒေါ်စုကို စကားတုံ့ပြန် ပြောဆဆုံးမိုခဲ့မှု၊ ဝေဖန် အငြင်းထုတ်ခဲ့မှုတို့ကြောင့် ဒေါ်စု နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မခံမရပ်နိုင်ဖြစ်ပြီး မကျေမချမ်းဖြစ်နေကာ ဒီ အရပ်သား အဖိုးကို တရားစွဲဖို့ ကြိုးစားနေကြတယ်ဆိုတဲ့ သတင်း နှင့် တပ်ကုန်းရဲဌာနကိုလည်း အဖိုးကို ဖမ်းဆီဖို့ ဖိအား ပေးနေတယ်ဆိုတဲ့ သတင်းဟာ မယုံနိုင် စရာပါဘဲခင်ဗျာ။ ဟုတ်မှ ဟုတ်ရဲ့လားခင်ဗျာ။ အမှန်သတင်းသာဆိုယင်တော့၊ ဒေါ်စု နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးစံနစ် ကျင့်သုံးနေပြီဆိုတာ မေ့နေကြပုံရတယ်လို့ထင်ပါတယ်။ ကျွန်တော်ဟာ ၁၉၈၀ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှ တရားဝင်နိုင်ငံကူးလက်မှတ်နှင့် ဩစတြေလျားကို အခြေချဗီဇာနှင့် လာရောက်ပြီး မရှေးမနှောင်းကာလမှာဘဲ ဩစတြေးလျားနိုင်ငံသားအဖြစ် နေထိုင်လာခဲ့ပါတယ်။ ဒီလို ကိုယ်ရေးအချက်အလက်ကလေး ထည့်ရေးလိုက်ရတာကတော့ ကျွန်တော်ဟာ အနောက်တိုင်းဒီမိုကရေစီ နိုင်ငံသားတယောက် အဖြစ်နှစ်ပေါင်း ၃၀ ကျော်နေလာခဲ့ကာ ပြည်ထောင်စုရွေးကောက်ပွဲ (Federal Election) အသီးသီး၊ ပြည်နယ်၊ နယ်ပယ် ရွေးကောက်ပွဲအသီးသီး (State / Territorial Election) တို့မှာ (မပေး မနေရ) မဲတွေ ပေးလာခဲ့ရတဲ့ အတွေ့အကြုံရှိနေတာကို သိစေချင်လို့ပါ။ ဩစတြေးလျားမှာ ရွေးကောက်ပွဲရှိယင်၊ မဲ မပေးမနေရ စံနစ်ကို ကျင့်သုံးပါတယ်။ မဲပေးဖို့ပျက်ကွက်ပါက ဒဏ်ဆောင်ရပါတယ်။ ၁၉၉၂ ခု တိုင်းနယ်ရွေးကောက်ပွဲမှာ ကျွန်တော် တမင် မဲ မပေးဘဲနေခဲ့လို့ ဩစီဒေါ်လာ ၇၀ ကျော်လားမသိ ဒဏ်ဆောင်လိုက်ရပါတယ်။ ဒဏ် မဆောင်ယင် အမှုလုပ်မယ်၊ ထောင်ချမယ်တဲ့ခင်ဗျ။ အဲဒီလို အတွေ့အကြုံရနေတဲ့ ဒီမိုကရေစီနိုင်ငံသား မဲပေးသူတယောက်အနေနှင့် ကျွန်တော် ဘာတတ်လာခဲ့သလဲဆိုတော့ ကိုယ်နှင့် သဘောမတူတဲ့သူတွေက ပြောချင်တာပြော၊ ဝေဖန်ချင်တာ ဝေဖန်၊ ပြန်အငြင်းသန်ချင်သလောက်သန်၊ သည်းခံတတ်လာခြင်း၊ မိတ်မပျက် ဆက်လက်နေတတ် လာခြင်းဘဲ ဖြစ်ပါတယ်ခင်ဗျာ။ အဲဒီတော့၊ ဒေါ်စုကို သဘောမတူကြောင်း ဝေဖန်သွား၊ အပြန်အလှန် အငြင်းပွား စောဒက တက်သွားတဲ့ အဖိုးကြီး ဦးစန်းလွင်လို လူမျိုးတွေကို ကိုယ်နဲ့ သဘောတူတူ၊ မတူတူ သည်းခံပြီး နားထောင်သွား ရမှာဖြစ်ပါတယ်။ ဒါမှသာ ကျန်းမာထက်သန်တဲ့ ဒီမိုကရေစီ ပတ်ဝန်းကျင်တခု (Healthy democratic environment) ပေါ်ပေါက် တည်မြဲလာမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဦးစန်းလွင်လို အရပ်သား မဲပေးသူတယောက်က ဒေါ်စုလို အတိုက်အခံပါတီ ခေါင်းဆောင်တဦးကို ဝေဖန်တယ်၊ အပြစ်ထောက်ပြတယ်ဆိုတာဟာ ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်ရိုး လုပ်စဉ် တရပ်မျှသာ ဖြစ်ပါတယ်။ ဒါကြောင့် အဖိုး ဦးစန်လွင်လို မဲဆန္ဒရှင်များက ဘယ်လိုဘဲ ဝေဖန် ဝေဖန် ဒီမိုကရေစီ နိုင်ငံသားအချင်းချင်း ဗွေယူစရာ မရှိပါ။ ကိုယ့်ကို လာပြီး အငြင်းထုတ်တဲ့သူကို ပြန်လည် ချေပနိုင် ဖို့သာ အဓိကပါ။ ပုဂ္ဂိုလ်ရေး စွပ်စွဲချက်တွေဟာလဲ ဩစတြေးလျား ဒီမိုကရေစီမှာ အမြဲလုပ်နေပါတယ်။ အခုကိုဘဲ ပြည်ထောင်စုလေဘာပါတီ အမတ်ဟောင်း ကရိတ်ဂ် တွမ်မဆန် (Craig Thomson)ဟာ အလုပ်သမားသမဂ္ဂငွေသုံးပြီး ပြည့်တန်ဆာ လိုက်စားမှုနှင့် အပုပ်ချခံနေရဆဲ ဖြစ်ပါတယ်။ အမှန်ကတော့ ဦးစန်းလွင်လို နိုင်ငံရေး အငြင်းထုတ် တတ်တဲ့သူတွေ မြန်မာနိုင်ငံမှာ ပိုပို၍ များလာတာနှင့်အမျှ နိုင်ငံရေးသမားတွေလဲ ပေါ့ပေါ့ဆဆ နေလို့မရကြတော့ဘဲ ကိုယ့်အရည်အချင်း ကောင်းသထက်ကောင်းအောင်၊ သာမန် အရပ်သား ပြည်သူပြည်သားများရဲ့ မေးခွန်းထုတ် ဝေဖန်နိုင်မှု အဆင့်အတန်းကို လိုက်မီ နိုင်အောင် ကြိုးစားလာကြရတော့မှာ ဖြစ်ပါကြောင်း စေတနာနှင့် ရေသားလိုက်ရပါသည်။

မြန်မာနိုင်ငံသားတိုင်း တပ်ကုန်းက အဖိုး ဦးစန်းလွင်လို ဒီမိုကရေစီနိုင်ငံသား အခွင့်အရေးကို ဘောင်အတွင်းမှ စွဲကိုင်ပြီး နိုင်ငံရေးပါတီများ၊ ပါတီခေါင်းဆောင်များကို အပြစ်ထောက်ပြပြီး ဝေဖန်တတ်ကြ၊ ပြန်လည် အကျိုးသင့် အကြောင်းသင့် အငြင်းထုတ်တတ်ကြပါစေကြောင်းလည်း ဆန္ဒပြုလိုက်ရပါသည်။

Aussie Man

အမှန်ကိုက တို့မေမေ မှားနေပြီ၊၊
အဲ့ဒီ movie clip လေး ကြည့်ရတုန်းက သူ့အတွက်တောင် စိတ်မကောင်း ဖြစ်ခဲ့သေးတယ်၊၊ သာမာန်
ပြည်သူတစ်ယောက်က ခုလို လူကြားသူကြားထဲမှာ လူသိရှင်ကြား မကျေနပ်ချက်ကို ထုတ်ပြောတာ ခံနေရပြီလို့ တွေးပြီး သနားတောင် သနားခဲ့သေးတယ်၊၊

တကယ်က
ခွန်းကြီးခွန်းငယ် ပြန်ပြောခဲ့မဲ့ အစား ဖြစ်သင့်တာက "အဘ ပြောပြော ရင်ထဲရှိတာကို ပြော" ဆိုပြီး အရင်ပြောခိုင်းခဲ့ရမှာ၊၊ ပြီးမှ သူပြောတာတွေကို ပြန်ဖြေရှင်းပြချင် ပြ၊ ဒါမှမဟုတ် ကျမ မှတ်ထားလိုက်ပါမယ် ဆိုပြီး လှဲ့ထွက်နိုင်ခဲ့ရင်တောင် ဒီလောက် အရှက် ရခဲ့ရမှာ မဟုတ်ဘူး၊၊

ခုတော့
ဒီမိုကရေစီ ခေါင်ဆောင်ဆိုပြီ လူကြားထဲ ဆင်း၊ ကိုယ်ပြောချင်တာကျတော့ နမဲငစ ပြော၊ မပြောရရင် မြန်မာပြည်မှာ ဒီမိုကရေစီက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့၊၊

ဒါပေမဲ့ ပြည်သူတစ်ယောက်က
ပြောချင်တာကိုတော့ ကိုယ်မကြိုက်ဘူး ဆိုတာနဲ့ ဖမ်းချင် ချုပ်ချင်လောက်တဲ့ထိ မခံမရပ်နိုင် ဖြစ်တာတွေ့ရတော့
စိတ်ပျက်မိတယ်၊၊

နောက်ပြီး ဒီနေရမှာ
အဘဦးစု မှန်တယ်လို့ ထောက်ခံနေတာလည်း မဟုတ်ပါဘူး၊၊

ဒီလို အငြိုးတွေ အတေးတွေနဲ့ လူထုခေါင်းဆောင် ဆိုတဲ့ ဂုဏ်ပုဒ်ဟာ သင့်မှာ သင့်လျှော် ပါတော့မလား ဆိုတာ မေးခွန်း ထုတ်စရာတော့ ဖြစ်ပြီ၊၊

အကယ်၍ ဒီအဘ ဦးစုသာ တစ်စုံတစ်ခု ဖြစ်သွားလို့ကတော့၊ အထူးသဖြင့် ဥပဒေမဲ့ ဖြစ်သွားလို့ကတော့ ဘယ်သူ့မှာ တာဝန် ရှိတယ် ဆိုတာ မေးနေစရာ မလိုတော့ပါဘူး ဆိုတာတော့ သတိရနေ စေချင်ပါတယ်၊၊

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်