From : ခေတ်လူငယ်
အီဂျစ်နိုင်ငံ ပေါ့ဆက်ဒ်မြို့ရှိ ဘောလုံးပြိုင်ပွဲတစ်ခု၌ ပရိတ်သတ်များကြားတွင် ပဋိပက္ခဖြစ်ပွားသောကြောင့် သေဆုံးသူဦးရေသည် ၇၄ ဦးအထိ ရှိခဲ့ပြီး ဒဏ်ရာရသူဦးရေသည် ၁၀၀ ကျော်ထိရှိခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုက ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ပရိသတ်များသည် အယ်လ်-အလီနှင့် အယ်ဖာသရီအသင်းတို့ ယှဉ်ပြိုင်ကစားသောကွင်းအတွင်းသို့ တုတ်များကိုင်ဆောင်၍ အတင်းဝင်ရောက်ခဲ့ကြကြောင်း၊ ထို့နောက် ပြိုင်ဘက်အသင်းနှစ်သင်းမှ ပရိသတ်များသည် အပြန်အလှန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းပဋိပက္ခတွင် အလီအသင်းမှ ကစားသမားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အလီပရိတ်သတ်များက တစ်ဖက်အသင်းအား စော်ကားသော ပိုစတာများကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကစားသမားများ၊ ပရိသတ်များနှင့် ဒဏ်ရာရရှိသူများကို မြို့တော်ကိုင်ရိုသို့ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်နှစ်စင်းဖြင့် ပို့ဆောင်ရန် အီဂျစ်အာဏာရကောင်စီက အမိန့်ထုတ်ပြန်ခဲ့သည်။ ယင်းအဖြစ်အပျက်နှင့်စပ်လျဉ်း၍ လွှတ်တော်တွင် အရေးပေါ်အစည်းအဝေးပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်