ပြည်သူ့အကျိုးပြု ဘလော့အချို့ရဲ့ ကောင်းမှုကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူတွေအကြားမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ မြန်မာပြည်က ရှိုးပွဲကြော်ငြာကို ပြောင်းလဲလိုက်ရတယ်လို့သိရပါတယ်။ ရှိုးပွဲကို ပထမဆုံးလာအားပေးတဲ့ ချစ်သူစုံတွဲ (၅၀၀) ကို အခန်းတွေကံစမ်းမဲ ဖောက်ပေးမယ်လို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပြီး လက်မထပ်ခင် အတူနေဖို့ အားပေးရာရောက်တယ်ဆိုပြီး ရွှေမြန်မာ ဘလော့၊ သဘာဝမြေ ဘလော့ နဲ့ မောင်ကျောက်ခဲ)မြန်မာပြည် ဘလော့တွေက ဦးဆောင်ပြီး ဘလော့စာမျက်နှာများပေါ်နဲ့ facebook စာမျက်နှာများပေါ်ပါမကျန် ဦးဆောင်ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ အဆိုတော် အချို့ဆီမှ ဖြေရှင်းချက်များလည်း ကြားရပြီး ကြော်ညာကိုလည်း လုံးဝ ပြောင်းလဲ လိုက်ရတယ်လို့ သိရပါတယ်။
ယခင်က ပထမဆုံးလာအားပေးတဲ့ ချစ်သူစုံတွဲ (၅၀၀) ကို အခန်းတွေကံစမ်းမဲ ဖောက်ပေးမယ် ဆိုတဲ့ နေရာမှာ ၅ ဦးကိုပဲ ချောင်းသာခရီးစဉ်ကို (အခန်းခ၊စားစရိတ်၊ကားခ) အပါအ၀င် အခမဲ့ ပို့ဆောင်ပေးမယ်လို့ ပြင်လိုက်တာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးဆောင် ကန့်ကွက်ခဲ့တဲ့ ဘလော့စာမျက်နှာတွေကတော့ ရွှေမြန်မာ၊ သဘာဝမြေ နဲ့ မြန်မာပြည်မောင်ကျောက်ခဲ ဘလော့တို့ ဖြစ်ပါတယ်။ ယင်းဘလော့များမှ ဒီမိုကရေစီကို လွဲမှားစွာ အသုံးချနေကြောင်းနဲ့ မသင့်တော်ကြောင်း ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။

ဒီလို ဟိုးလေးတကြော်ကြော် ဖြစ်နေပေမယ့်လည်း ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီ သတင်း ဌာနတွေ နဲ့ ဘလော့စာမျက်နှာတွေက နှုတ်ဆိတ်နေခဲ့ကြပြီး မဆိုင်သလိုပဲ ကြည့်နေကြကြောင်း သိရှိရပါတယ်။
Myanmar Express
အရင်က ရှိုးပွဲကြော်ငြာ
ပြန်ပြင်လိုက်သော ရှိုးပွဲကြော်ငြာ

2 comments:
မြန်မာလူမျိုးတဲ့ အနောက်တိုင်း ယဉ်ကျေးမှုကို အဟုတ်သိတ်ထင်နေကြတယ်။ ဗယ်လင်တိုင်း ဆိုတဲ့ နာမည်လှလှ သုံး နှာယဉ်ကျေးမှုများလည်း ထွန်းကားပါ့။ တဖြေးဖြေးနဲ့ ပြောရမကောင်းတော့ဘူး။
ဖာနိုင်ငံ ကြီးဖြစ်ဖို့တော့ တော်တော် နီးနေပြီ ကယ်ကြပါဦး ဒီမိုကရေစီ မင်းသမီး မင်းသားတို့ရေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်