Subscribe to our RSS Feed

ရွေးကောက်ပွဲ ကော်မရှင် အင်အား ၁၀ ဆ တိုးချဲ့

From : ဒီဗွီဘီ
၂၀၁၀ ဒီဇင်ဘာလ အတွင်းက ဖွဲ့စည်းပုံ အရာရှိနဲ့ ၀န်ထမ်း အင်အား ၂၀၀ နဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ၁၀ ဆ တိုးကာ အရာရှိ ၀န်ထမ်း အင်အား ၂,၄၀၀ ကျော်နဲ့ တိုးချဲ့ ဖွဲ့လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက် အရ သိရပါတယ်။

အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်အရ ပြည်နယ်နဲ့ တိုင်း ၁၄ ရုံး၊ နေပြည်တော်နဲ့ ခရိုင် ၆၇ရုံး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသ ၆ ရုံး၊ မြို့နယ်အဆင့် ရုံးပေါင်း ၃၃၀ ဖွဲ့စည်းခဲ့တဲ့ အတွက် ခုလို ၀န်ထမ်းအင်အား ၁၀ ဆ တိုးမြှင့် ခန့်ထားခဲ့တာ ဖြစ်ကြောင်း ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟာ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဖြစ်ပါတယ်။



 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်