Subscribe to our RSS Feed

ထင်ခုတ်သူများထံမှ KIA အခွန်ငွေကောက်ခံ

From :http://www.kachindailynews.com/2013/02/kia_7411.htm


        မိုးကောင်း၊ မံရွက်ရွာမှ အိမ်တွင် မီးဖိုရန်အတွက် ရွာ အနီးအနားတွင် ထင်ခုတ်နေသော ရွာသားများကို လှည်းတစ်စီးလျှင် ၅ထောင်ဖြင့် ယမန်နေ့က KIA အဖွဲ့ တစ်ဖွဲ့မှ ကောက်ခံခဲ့ကြောင်း သိရပါသည်။ အိမ်တွင် မီးဖိုရန်အတွက် ထင်းခုတ်တာပါဘဲ၊ ရောင်းစားဖို့အတွက်လဲ မဟုတ်ပါဘူး၊ ဟိုအရင်အတည်းက ခုတ်ပြီးအသုံးပြု နေတာပါ။ အခုမှ အခွန်ငွေကောက်ခံတာ တခါမှမကြားဖူး မကြုံ ဖူးကြောင်း ငွေပေးခဲ့ရသော ထင်းခုတ်သမား တစ်ဦးကပြောပါသည်။

 အခုဆိုရင် KIA က ဘာလုပ်လုပ်ကို အခွန်လိုက်ကောက်နေတာဘဲ၊ ထင်းခုတ်တာတောင် ရဲရဲသွား မခုတ်ရဲပါဘူး KIA ထောင်ထားတဲ့မိုင်းရန်ကလည်းရှိသေးတယ်။ သူတို့ ထောင်သည့် မိုင်းနင်းမိလို့   ခြေပြတ်လက်ပြတ်ထိခိုက်ဒဏ်ရရင်တောင် သူတို့က ဆေးဝါးဖိုးပေးဖို့နေနေ သာသာ သူတို့   ထောင်ထားတဲ့မိုင်းကိုသွားနင်းလို့ဆိုပြီး လျှော်ကြေးက ပေးရသေးတယ်။ ငြိမ်းချမ်းရေးဆွေးနွေးနေတယ် ဟု သတင်းတွေကြားနေရပေမယ့်လဲ သူတို့အဖွဲ့က အခွန်ငွေတွေကို   ခေါင်းစဉ်အမျိုးမျိုးတွေ တပ်ပြီး   ကောက်ခံနေကြောင်း ၎င်းက ဆက်လက်ပြောကြားသွားခဲ့ပါသည်။
 . www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်