Subscribe to our RSS Feed

ရတနာပုံဆိုင်ဘာစီးတီး နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်မည်

From : popular

နိုင်ငံတကာ ဆိုင်ဘာတက္ကသိုလ်များနှင့် ပူးပေါင်းချိတ်ဆက်သည့် တက္ကသိုလ်အဖြစ် ရတနာပုံဆိုင်ဘာစီးတီးကို ဆောင်ရွက်သွားမည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောသည်။

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်အနီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော အဆိုပါတက္ကသိုလ်ကို တောင်ကိုရီး ယား သမ္မတနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်မှု လုပ်ငန်းများ စတင်နေပြီဟုလည်း ၄င်းက ဆိုသည်။

ROK-CLMV Cyber University Project အစီအစဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ကမ္ဘောဒီး ယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် တို့ပူးပေါင်းကာ ဆောင်ရွက်နေပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အောက်ရှိ
နည်းပညာတက္ကသိုလ် နှနှစ်ခုနှင့် ကွန်ပျူတာတက္ကသိုလ် နှနှစ်ခုတို့နည်းတူ အဆင့်မြင့် တက္ကသိုလ်အဖြစ် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ စုစုပေါင်း ရမှတ် ၄၂ဝ နှင့် အထက်ကို ဝင်ခွင့်လက်ခံပြီး ၆နှစ်တာသင်ယူရမည့် ရတနာပုံဆိုင် ဘာစီးတီးမှာ B.E ဘွဲ့ ၅ မျိုးကို ပေးအပ်လျက်ရှိသည်။စတင်ဖွင့်လှစ်ချိန်မှစ၍ နှစ် စဉ် ကျောင်းသားဦးရေ ၁ဝဝဝ လက်ခံခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသား ၅ဝဝ ကိုသာ လက်ခံခဲ့သည်။

နိုင်ငံတကာနှင့် ချိတ်ဆက် မည့် တက္ကသိုလ်ဖြစ်သောကြောင့် သင်ကြားမှုနည်းစနစ်များ တိုး တက်လာခြင်းနှင့်အတူ ကျောင်းဆင်းများ၏ အလုပ်ရရှိမှုနှင့် အရည်အသွေး တိုးတက်မှုမှာ အိမ်နီးချင်းနိုင်ငံတို့နှင့် တန်းတူ
ဖြစ်လာမည်ဟု နည်းပညာ ကျွမ်းကျင်သူအချို့က မှတ်ချက် ပြုသည်။
ဒုတိယမြောက် သတင်း အချက်အလက်၊ နည်းပညာတက္က သိုလ်ကို အိန္ဒိယ အထောက်အပံ့ ဖြင့် မန္တလေးတွင် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ၌ စတင်ဖွင့်လှစ်နိုင်ရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက လုပ်ဆောင်နေကြောင်း သိရ သည်။

 
www.MyanmarExpress.net

 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်