From :popular
မြန်မာ့ဆက်သွယ်ရေး၏ လုပ်ပိုင်ခွင့်များအား တဖြည်းဖြည်းဆွဲထုတ်သွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က ပြောသည်။
”MPT ကို တဖြည်းဖြည်း ဆွဲ ထုတ်တော့မှာပါ။ သူပါလာတဲ့အ တွက် ပြဿနာတွေအများကြီး ဖြစ် တယ်။ ဒါပေမဲ့ချက်ချင်းကြီး လုပ် လို့မရဘူး။နိုင်ငံမှာ ဖိုင်ဘာတွေခင်း ထားတာတွေရှိနေတဲ့အတွက် တ ဖြည်းဖြည်း လုပ်သွားမှရမှာပါ”ဟု နေပြည်တော်၌ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။ ယင်းအပြင်ဆက်သွယ်ရေး ကဏ္ဍ အော်ပရေတာများ ပေးရာတွင်လည်း ရွေးချယ်ထားသည့်ကုမ္ပဏီ ၄ ခု သည် အင်အားတောင့်တင်းပြီးတန်း တူအနေအထားတွင် လုပ်ကိုင်နိုင် သည့် ကုမ္ပဏီမျာြး ဖစ်ရန် လိုအပ် ကြောင်း၊ ယင်းကြောင့် လက်ရှိဆက်သွယ်ရေးကဏ္ဍအား လုပ်ကိုင်နေ သည့် မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့တို့သည် ကုမ္ပဏီ များနှင့် ပူးပေါင်းလုပ်ကိုင်သွားရ မည်ဖြစ်ကြောင်း၎င်းကပြောသည်။”ကုမ္ပဏီ ၄ ခုမှာ ၂ ခုက အင်တာနေရှင်နယ်စနစ်နဲ့ ရွေးချယ် ထားတဲ့အတွက် ကျေးလက်ဒေသ တွေမှာ ငွေ လဲနိုင်တဲ့စနစ်၊ အင် တာနက်သုံးနိုင်တဲ့စနစ်၊ စာသင်နိုင် တဲ့စနစ်ကိုပါ ဆောင်ရွက်မှာပါ။ ဒါ ကြောင့် တစ်ဖက်မှာရှိနေတဲ့ရတနာ ပုံနဲ့ MPT ကိုလည်းတန်းတူအင် အားမျိုြး ဖစ်အောင် ကုမ္ပဏီလေးငါး ဆယ်ခုနဲ့ လုပ်သွားမှာပါ။ကုမ္ပဏီ ၄ ခုမှာ ၃ ခုအားကောင်းပြီး တစ်ခုက အားမကောင်းဘဲ ဖြစ်လို့မရဘူး။ လေးခုလုံးအားကောင်းမှ လည်ပတ် လို့ရမှာပါ”ဟု ၄င်းက ဆက်လက် ပြောသည်။ အသစ်ခေါ်ယူမည့် အော်ပရေ တာ ၂ ခုအနေဖြင့် ယခုနှစ်ဆက် သွယ်ရေးကဏ္ဍ မိုဘိုင်းအလုံးရေ ၁ သန်းနှုန်းမျှသာ လုပ်ကို င်ခွင့်ရမည် ဖြစ်ကြောင်း ယင်းသို့ဖြစ်ရခြင်းမှာ အော်ပရေတာများ အနေဖြင့် ဖုန်း များထုတ်လုပ်ရောင်းချရန် တာဝါတိုင်စိုက်ထူမှုများပြုလုပ်ရမည့် အ ချိန်များ ရှိနေသည့် အတွက် စမ်း သပ်သည့်သဘောဖြင့် လုပ်ကိုင်ခွင့် ပေးခြင်းဖြစ်ကြောင်း ၄င်းကဆက် ပြောသည်။ လက်ရှိတွင် နိုင်ငံတော် အစိုးရအနေဖြင့် ဆက်သွယ်ရေး ကဏ္ဍအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် မြန်မာ့ဆက်ရေး ပိုင် မြန်မာ့တယ်လီကွန်း၊ ရတနာပုံ တယ်လီပို့ပိုင် ရတနာပုံတယ်လီကွန်း ကုမ္ပဏီ ၂ ခုကိုရွေးချယ်၍ ကျန် ရှိနေသည့် အော်ပရေတာ ၂ ခုကို တင်ဒါခေါ်ယူထားကြောင်း သိရ သည်။
www.MyanmarExpress.net

1 comments:
ခုလဲ စစ်တပ်နှင့် ZTE company ပေါင်းပြီးလုပ်ထားတဲ ဂိုတာဖုန်းတွေကို အော်ပရေတာမယူပဲ ခပ်တည်တည်နှင့် ဈေးကွက်ထဲမှာ ၈သောင်းနှင့် ရောင်းမလို့ လုပ်နေပါတယ်။
အရင်က စစ်တပ်က အော်ပရေတာမယူပဲ ၈ိုတာဖုန်းရောင်းမှာကို ကန့် ကွက်ခဲ့တဲ့ ဆက်သွယ်ရေးကလူတွေတော်တော်များများ လည်း ပြုတ်ကုန်ပြီ၊
သိန်းစိန်တို့  မင်းအောင်လှိုင်တို့ အတွက် အရေးကြီးတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် ယုံကြည်စိတ်ချရသူ လူယုံတော်ကြီး မြတ်ဟိန်းကို စစ်တပ်ရဲ့ ဂိုတာဖုန်းတွေ ကို အော်ပေ၇တာ မယူပဲ ရောင်းနိုင်အောင်လုပ်ခိုင်းလိုက်တယ်ဆိုတာ သတင်းရပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်