From : popular
ပထမ အကြိမ် မြန်မာ့ ကျန်းမာရေးပြပွဲကို ဦးဝိစာရလမ်း ရှိ တပ်မတော် ခန်းမတွင် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက် အထိ ကျင်းပ သွားမည်ဟု သိရသည်။
အဆိုပါ ကျန်းမာရေး ပြပွဲတွင် ဆေးပြခန်း ၈၇ ခန်း၊ ဆေးပစ္စည်း ပြခန်း ၃၂ ခန်း၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိက ဆေးရုံ ဝန်ဆောင်မှု လုပ်ငန်းများ ပြခန်း ၇ ခန်း၊ မြန်မာဆေးဝါး လုပ်ငန်းစက်ရုံ (ပြင်ဦးလွင်)မှ ထုတ်လုပ်သော ဆေးဝါး များပြခန်း၊ မြန်မာနိုင်ငံ ဆရာဝန် အသင်းပြခန်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံ လုပ်ငန်းရှင်များ အသင်းပြခန်း၊ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနပြခန်း စသည်ဖြင့် စုစုပေါင်း ပြခန်း ၁၃ဝ ဖြင့် ကျင်းပ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ သိရ သည်။
ပြခန်းများ အပါအဝင် အများပြည်သူများ ကျန်းမာရေး ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျန်းမာရေး ဆိုင်ရာ ဟောပြောပွဲ များကိုလည်း ပြုလုပ်သွားမည်ဟု သိရသည်။
၎င်းပြပွဲအား မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း မှ ကြီးမှူး၍ ကုန်သည် စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ ဆရာဝန် အသင်းနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံ လုပ်ငန်းရှင်များ အသင်း တို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်