Subscribe to our RSS Feed

ဒေါ်စု၊ သမ္မတကြီး၊ တပ်မတော် အဲဒီ သုံးဖွဲ့သာ ဟန်ချက် ညီညီ ပူးပေါင်းသွားခဲ့မယ်ဆိုရင်

From : ...Nay Min



.ပထမဦးဆုံး ပြောချင်တာက ဒေါ်စုနဲ့ လက်ပံတောင်းတောင် အစီရင်ခံစာပါပဲ
အဲဒီနေရာမှ ဒေါ်စုရဲ့ အစီရင်ခံစာဟာပြည့်စုံပြီး တိကျတဲ့အချက်အလက်တွေပါရှိပါတယ် ဒါပေမဲ့ ရွာသားတွေ မဖတ်ခဲ့ကြပါဘူး..

အဲဒီ ကိစ္စနဲ့ပက်သတ်ပြီး ဒေါ်စု ဘက်မှ ကိုင်တွယ်မှု ညံ့တယ်လို့ပဲ ပြောရမယ် ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ နိုဗယ် ဆုရှင် တစ်ယောက်အနေနဲ့ အောက်ခြေသိမ်း
လိုက်လုပ်စရာမလိုဘူး နောက်တစ်ချက်အနေနဲ့ ဒေါ်စုမှာ Second Man မရှိဘူး ဒေါ်စု စိတ်ချရတဲ့သူ ဘယ်သူရှိလဲ အားလုံးဟာ ဒေါ်စုကိုချစ်ကြတာပဲ ရှိတယ် ဒါပေမဲ့ ဒေါ်စု အားကိုးနိုင်မဲ့
အရည်အချင်းရှိတဲ့သူ ဒေါ်စု ဘေးမှာ ကပ်လျက်ရှိမနေဘူး...

ကျွန်တော်လည်း ဒေါ်စုကို ပြောတာဆိုတာ ဝေဖန်တာရှိနေပေမဲ့
လက်ပံတောင်းတောင် ကိစ္စကို ထောက်ခံတယ် ဒေါ်စု ဆုံးဖြတ်ချက်ကို သဘောတူပါတယ်နောက်ပြီး ဒေါ်စုကိုလည်း သနားမိတယ် ........

ခုကိစ္စတွေမှာ ဒေါ်စု အနေနဲ့ အလွန်ပင်ပမ်းပါမယ် စိတ်ပင်ပမ်းမယ်
လူလည်းနွမ်းမယ်..ခု လိုအချိန်မှာ နိုင်ငံရေး တွေမှာ လှည့်ကွက်လေးတွေ
အများအပြာရှိလာတာကိုလည်း တွေ့မြင်နေရတယ် ဒေါ်စု ဘက်တော်သားများ အဖွဲ့၈၈ ဘက်တော်သားများ အဖွဲ့နဲ့ အချင်းချင်း စိတ်ဝမ်းကွဲနေကြတယ် အချင်းချင်း ဖော်ထုတ်နေကြတယ်...
အကယ်လို့ ဒေါ်စုသာ NLD ပါတီမှ ထွက်ပြီး သမ္မတကြီးဦးသိန်းစိန် နဲ့ အတူတူ ပူးပေါင် ပါတီသစ်ထောင်မယ်ဆိုရင်
ဘာဖြစ်မယ်တွေးမိလဲ Nld ပါတီမှာ အမာခံမရှိသလောက်ဖြစ်သွားမယ်........
ခု အချိန်မှာ အိမ်ကြက်ချင်း အိုးမဲ သုတ်စရာမလိုပဲ ခွတ်နေကြတာကိုလည်း တွေ့နေရတယ်...

နောက်တစ်ချက် စဉ်းစားစရာ ဖြစ်လာတာက ၂၀၀၈ ဖွဲ့စည်းပုံပဲ
ပြည်ခိုင်ဖြိုးပါတီက ဖြစ်တဲ့ သူရ ဦးအေးမြင့်က အဆိုတင်သွင်းခဲ့ပြီး
ပြည်ခိုင်ဖြိုးပါတီက ဖြစ်တဲ့ ဦးသိန်းဇော် ဖြစ်နေတာကို တွေ့ရတယ် အဲဒီနေရာမှာ အကြံအစည်တွေမှာဘာတွေရှိနိုင်မလဲ ဒီ် အဆို တင်သွင်းမှုမှာ ထူးခြားချက်ရှိလာနိုင်တယ်

NLD ဟာ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ် ခဲ့တဲ့ ရည်မှန်းချက် တွေထဲမှာ အခြေခံ ဥပေဒ ပြင်ဆင် ရေး ဆိုတာဟာ အဓိက အချက် တခု အဖြစ် ပါဝင် ပါတယ်။

ဒါပေမယ့်လည်း တကယ်တမ်း မှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတဲ့
အဆိုကို ပြည်ခိုင်ဖြိုးက တင်လာတာ ဖြစ်လို့၊ နိုင်ငံရေး လက်ဦး မှုကို
ရယူ သွားတဲ့ ပုံ ရှိနေ ပါတယ်....

အဲဒီနေရာမှ စောစောက ပြောခဲ့သလိုပဲ သမ္မတကြီးနဲ့ ဒေါ်စုနဲ့ တပ်မတော်နဲ့
ပူးပေါင်းလက်တွဲမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ..
နောက်တစ်ခု အနေနဲ့ အရင်က ဒေါ်စု ကိုချစ်လှပါချည်ရဲ့လို့
ပြောခဲ့တဲ့ အော်ခဲ့တဲ့ မီဒီယာ တွေက ဒေါ်စုကို တိုက်ခိုက်လာတာ ကိုလည်း တွေ့ရပြန်တယ်အဲဒါတွေအားလုံးကို ပြန်လည် အနှစ်ချုပ် ရမယ်ဆိုရင် ဒေါ်စု သမ္မတကြီး တပ်မတော်
အဲဒီ သုံးဖွဲ့သာ ဟန်ချက် ညီညီ ပူးပေါင်းသွားခဲ့မယ်ဆိုရင် ....
မြန်မာနိုင်ငံကြီးဟာ ဒီ့ထက်မက တိုးတက်မှာ မလွဲမသွေပါပဲ....

ဒါတွေ အားလုံးဟာ Nay Min ရဲ့ အမြင်ဖြစ်ပါတယ်...
အားလုံးပဲ လွတ်လပ်စွာ တွေးခေါ်နိုင်ကြပါတယ်


 www.MyanmarExpress.net
 

8 comments:

Need 2nd 3rd ...... commended.

နိုင်ငံအကျိုး ပြည်သူ့ကောင်းကျိုး သယ်ပိုးဆောင်ရွက်သူတွေ ဖြစ်လို့ အားလုံးပူးပေါင်းလျှင်အကောင်းဆုံးဖြစ်မှာပါ။

သမ္မတကြီး နှင့် အမေစုခင်ဗျား အခြေံခံ လူတန်းစားတွေ ဆီကနေ ပညာရှိဆန်ဆန် မြန်မာငွေကြေး တန်ဖိုးကျ ဒေါ်လာဈေး တန်ဖိုးတက်အောင် လုပ်ပြီး ဂုတ်သွေးစုပ် အမြတ်ထုတ်နေတဲ့ ခွေးမသား စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လုပ်ရပ်တွေကိုလည်း ပြုပြင်ပေးကြပါခင်ဗျား။ အဲသလိုမှ မဟုတ်ရင် တိုးပေးမယ့်လစာက အရင်စနစ်တုန်းကလို လစာတိုးတာက ခဏတာ အဆင်ပြေပြီး ကြာတော့လည်း ဒုံရင်းဟာ ဒုံရင်းအတိုင်းပဲ ဖြစ်သွားမှာဆိုးလို့ပါဗျာ။ x

ဟန်ချက်ညီညီသွားနိုင်ဖို့ ခုကတည်းက ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ဒါမှ တစ်ဦးကိုတစ်ဦး ဖေးမနိုင်မှာပါ။

မပူပါနဲ့ NLD မှာ နော်အုံးလှ လို တက်ရောင်ကား တော်တော်များများ မရှိတော့ပါ ဝင်းတင်လည်း သေခါနီးပြီ မကြာမီ ဒီမိုကရက်နဲ့ ရီပါပလစ်ကန် လို အမျိုးသားရေးကို ပိုဦးစားပေးတဲ့ ပြိုင်ဘက် တွေဖြစ်လာမှာပါ

ဒေါ် စု NLD ပါ တီ က ထွက် ပြီး အ စိုး ရ အ ဖွဲ့ ထဲ ၀င် ပါ။ president ဖြစ် နိုင် ခြေ အ များ ကြီး ရှိ ပါ တယ်။ မ သေ ချာ တဲ့ အ လုပ် ကို လုပ် နေ မဲ့ အ စား၊ တိုင်း ပြည် ဖွံ့ ဖြိုး တိုး တက် ရေး အ တွက် အ မြန် ဆုံး လမ်း ကို လျှောက် တာ အ ကောင်း ဆုံး ပါ ဘဲ။ မြန် မာ တွေ ဆို တာ လွယ် လွယ် နဲ့ အုပ် ချုပ် လို့ မ ရ မှန်း ဒေါ် စု သိ သ
ြွး ပါ ပြီ။ စစ် တပ် မ ရှိ ရင် လဲ နိုင် ငံ ကြီး ဖ ရို ဖ ရဲ ဖြစ် သြွး မယ် ဆို တာ ဒေါ် စု နား လည် ပါ ပြီ။ ပူး ပေါင်း လိုက် တာ အ ကောင်း ဆုံး ပါ။စစ် တပ် ကို အ မိန့် ပေး ချင် ရင် စစ် တပ် နဲ့ ပတ် သတ် ပြီး အ ကောင်း ပြော ပါ။ ပူး ပေါင်း ပါ။ အား လုံး အ တွက် ရှေ့ က အ သေ ခံ နေ တဲ့ လူ တွေ ကို မ ကောင်း ပြော ရင် ဘယ် သူ က အ သေ ခံ တော့ မှာ လဲ။ သေ နပ် ပြောင်း က ကိုယ့် ဘက် လှည့် လာ မယ် ခင် ဗျာ့။

အန်တီစုက 2015 မှာ သမ္မတလုပ်ချင်တယ်ဆိုတော့ဒီလိုလေး ပြောချင်ပါသေးတယ်.ဒီလို လုပ်ပေးမယ်၊ ဟိုလိုလုပ်ပေးမယ်နဲ့ပျားရည်နဲ့ဝမ်းချ။ဟိုလို ဖြစ်စေရမယ်၊ ဒီလိုဖြစ်စေရမယ်နဲ့အလွယ်စကားတွေပြောပြီး ဆွယ်တရားတွေလည်းဟော။အော်ဇရာထောင်းပေမယ့် မာယာကောင်းတဲ့ ဒေါင်းကဝေကြောင့်ရိုးသားတဲ့ပြည်သူများခမျာကြားဖြတ်မှာသားသတ်ကို ဓါးအပ်မိပြီလား”” ဆိုပီး နောင်တတွေ ရနေကြပါတယ် ခင်ဗျာ။( လုလင်- ပြောသည် )

ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိတ်ခါကျပါတယ်ဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်