Subscribe to our RSS Feed

မိုဘိုင်းလ်ဖုန်း အရစ်ကျသွင်းငွေများ ဆက်သွင်းရန် မလိုတော့

From : ..OE

ဧပြီလဆန်းတွင် မိုဘိုင်းလ်ဖုန်းများကို ငွေကျပ်ထောင်ဂဏန်းအထိဈေးလျှော့ရောင်း ချပေးမည်ဖြစ်ရာ မြန် မာ့ ဆက် သွယ်ရေးလုပ်ငန်းကနို င်ငံ့ဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများသို့ အရစ်ကျ စနစ်ဖြင့် ရောင်း ချ ထားသော မိုဘိုင်းလ်ဖုန်းများအတွက် အရစ်ကျ လစဉ်ကြေးများ ပေးသွင်းရန် လိုအပ်တော့မည် မဟုတ်ကြောင်း အရစ်ကျပေးချေ သည့်စနစ်ဖြင့် ရောင်းချသည့် သဘောတူ စာချုပ်ပါ ဖော်ပြချက်အရ သိရသည်။
မိုဘိုင်းလ်ဖုန်း ကနဦး တပ်ဆင်ခနှုန်း ထား ပြောင်းလဲလျှော့ချ သတ်မှတ်ခဲ့ပါက သတ်မှတ်သော နှုန်းထား အသစ်ကို ခံစားခွင့် ရရှိမည် ဖြစ်သည်ဟု ယင်းစာချုပ်တွင် ဖော်ပြထားပြီး အရစ်ကျ ဖုန်းများအတွက် စာချုပ် ပါ အချက်အလက်များအတိုင်း ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြန်ကြားရေး တာဝန်ခံ ဦးကျော်စိုးက ပြောကြားသည်။
မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းများကို ဇန်နဝါရီလတွင်ဈေးလျှော့ရောင်းချမည်ဟု ကနဦး သတင်း ထွက်ပေါ်ချိန်က စတင်ကာ အရစ်ကျ ဝယ်ယူသူအချို့က လစဉ် အရစ်ကျငွေ ပေးသွင်းခြင်း မပြု၍ လိုင်းခေတ္တ ပိတ်သိမ်းထားခြင်းများ ရှိခဲ့ပြီး ယင်းမိုဘိုင်းလ်ဖုန်းများကို လိုင်းပြန်ဖွင့်ပေးရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ဆက်သွယ်ရေးရုံး တာဝန်ခံ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်ဖုန်း ရောင်းချရာ တွင် နိုင်ငံ့ဝန်ထမ်းများ၏ အရစ်ကျ လစဉ်ပေးသွင်းငွေမှာ ၄င်း တို့၏ ဝန်ထမ်းလစာအတွင်းမှဖြတ်တောက်သည့် စနစ်ဖြစ်၍ မည်သည့်အချိန်တွင် ဖုန်းအတွက် အရစ် ကျပေး သွင်းငွေ ဖြတ်တောက်မှု ရပ်တန့်မည်ကို မသိရှိရသေးကြောင်း အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်ဖုန်း ဝယ်ယူ အသုံးပြုသူ ဝန်ထမ်းများက ရှင်းပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ် တွင် ဖော်ပြထားပါသည်။ 

.. www.MyanmarExpress.net
 
8 comments:

ကျုပ်တို့က ပညာနည်းတော့ စနစ်ဆိုးလို့ ပြောတာတောင် ဘာကိုပြောလို့ ပြောမှန်း မသိခဲ့ပါဘူးဗျာ။ အမေစုရေ အရမ်းကျေးဇူး တင်တယ်ဗျာ။ ရွှေပြည်တံခွန်ကိုလည်း အတူတူပါဘဲ။ ရွှေပြည်တံခွန်သာ မပြောခဲ့ရင် အမေစုသာ လွှတ်တော်ထဲ မရောက်ခဲ့ရင် သူတို့ဒီလို လုပ်ပေးပါ့မလား။ အမေစု လွှတ်တော်ထဲရောက်မှ ဖုန်းဈေးတွေကျ ကားဈေးတွေကျ လစာတွေ ဆက်တိုက်တိုးနဲ့ အရမ်းကျေးဇူး တင်မိပါတယ်ဗျာ။ တစ်ချိန်တုန်းက စနစ်ဆိုး ဆိုတာ အခုမှပဲ ဘယ်လိုဆိုးခဲ့တယ် ဆိုတာ နားလည် သဘောပေါက်တော့တယ်ဗျာ။ စနစ်ကောင်း လူကောင်းများနဲ့ မြန်မာပြည်ကြီး တိုးတက်ပါစေဗျာ။ x

စောက် ပေါ ကောင် ။

တော်တော်တော်တဲ့မြန်မာအစိုးရပါဗျာ
သူဌေးတွေကို၁၅သိန်းနဲ့ ရောင်းတယ်
လူလတ်တန်းစားတွေကို ၅သိန်းနဲ့ ရောင်းတယ်
ဝန်ထမ်းတွေကို ၂ သန်းနဲ့ အရစ်ကျချုပ်ပြီးရောင်း
တယ်
နောက်ဆုံးကျမှကူလီတွေ လက်လုပ်လက်စားတွေ
ဆီကမရှိမဲ့ရှိမဲ့လေးတွေကိုညှစ်ယူတယ်
လေးစားပါတယ်ဗျာ

လက်ရှိဈေးထက် ပိုသွင်းထားမိသူများကိုရော ပြန်အမ်းဖို့ အစီအစဉ်လေးများ ကြားမိရင်ပြောပါဦးဗျာ။နေ့တိုင်းမိန်းမနဲ့က တကျက်ကျက်မို့ပါ။

စောက်ရူးဘာတွေပေါက်ကရလျှောက်ပြောနေတာလဲ...ဖုန်းဈေးကျကားဈေးကျလစာတိုးဆိုတဲ့မင်းပြောတဲ့ကိစ္စတွေအားလုံးမင်းမိထွေးကြိုးပမ်းမှုဘာတစ်ခုမှမပါဘူးမင်းမိထွေးကလွှတ်တော်ထဲရောက်ရင်အိပ်ငိုက်နေတာကုလားထိုင်ပေါ်ကဘယ်နေ့ပြုတ်ကျပြီးကျိုးပဲ့လို့ဒုက္ခိတဖြစ်မလဲမသိဘူး

အစီအစဉ်ရှိဘူး..လင်မယား၂ယောက်နေ့တိုင်းနောင်ဂျိန်ပေးကြပေတော့

အစီအစဉ်ရှိဘူး..လင်မယား၂ယောက်နေ့တိုင်းနောင်ဂျိန်ပေးကြပေတော့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်