Subscribe to our RSS Feed

ယခင်တုန်းက တရားဥပဒေကို မလေးစား မလိုက်နာခဲ့သော်လည်း ယခုအခါ လေးစား တာကြောင့် သပိတ် စခန်းတွေ ရုပ်သိမ်းကြောင်း ဒေသခံများပြော

From : ..rfa
 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို ဒေသခံလူထုက သူတို့သဘောဆန္ဒအရပဲ မနေ့ညက ယာယီ ရုပ်သိမ်းလိုက်ကြပါတယ်။
သပိတ်စခန်းတွေ ရုပ်သိမ်းလိုက်တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဒေသခံရွာသား ဦးအောင်သန်းမျိုးက RFA ကို အခုလို ပြောပါတယ်။
" ကျွန်တော်တို့ သပိတ်စခန်းတွေ ဖျက်ရတဲ့ အကြောင်းအရင်းကတော့ ကော်မရှင်ထဲမှာပါတဲ့ ကျွန်တော်တို့ ဒေသခံပြည်သူတွေက ကိုယ့်ဘာသာကိုယ် တရားဥပဒေနဲ့ အညီ အသိစိတ်ဓာတ်နဲ့ တရားဥပဒေကို လေးစားလိုက်နာတဲ့အနေနဲ့ ယာယီရပ်ဆိုင်းထားတာပေါ့"

ရန်ကုန်မြို့ကနေ လာရောက်ကူညီသူတွေ အနေနဲ့ ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ ဆန္ဒပြပွဲတွေ ထပ်မံပြုလုပ်ခွင့်ရှိမှာ မဟုတ်ဘူးလို့ ဒေသခံ ဦးပဇ္ဇင်း တစ်ပါးက ဆန္ဒပြမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး မိန့်ကြားပါတယ်။

တဆက်ထဲမှာလည်း လက်ပံတောင်းတောင်မှာရှိတဲ့ သပိတ်စခန်းတွေကို ဒေသခံရွာလူထုက သူတို့ဆန္ဒအရ ပိတ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ဒီအရေးကို ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဆားလင်းကြီးမြို့နယ်၊ ဇီးတောရွာ စမ်းမြဝတီကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ အရှင် ဦးစန္ဒာသီရိကို RFA သတင်းထောက် မရတနာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
 
 
.. www.MyanmarExpress.net
 

2 comments:

အန်တီစုက 2015 မှာ သမ္မတလုပ်ချင်တယ်ဆိုတော့ဒီလိုလေး ပြောချင်ပါသေးတယ်.ဒီလို လုပ်ပေးမယ်၊ ဟိုလိုလုပ်ပေးမယ်နဲ့ပျားရည်နဲ့ဝမ်းချ။ဟိုလို ဖြစ်စေရမယ်၊ ဒီလိုဖြစ်စေရမယ်နဲ့အလွယ်စကားတွေပြောပြီး ဆွယ်တရားတွေလည်းဟော။အော်ဇရာထောင်းပေမယ့် မာယာကောင်းတဲ့ ဒေါင်းကဝေကြောင့်ရိုးသားတဲ့ပြည်သူများခမျာကြားဖြတ်မှာသားသတ်ကို ဓါးအပ်မိပြီလား”” ဆိုပီး နောင်တတွေ ရနေကြပါတယ် ခင်ဗျာ။( လုလင်- ပြောသည် )

ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိက္ခာကျပါတယ်ဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်