Subscribe to our RSS Feed

မြန်မာပြည် မှ ငါးလေလံပွဲ

From : ..http://www.simpleviewsonmyland.blogspot.co.uk/2013/03/blog-post.html#more


အခုဖြစ်နေတဲ့ မြန်မာပြည် အရေးကိစ္စကို ဒီလိုပဲ ရှု.မြင်တယ် .....

တောသူတောင်သားဆိုတာ ပညာမတတ်ဘူး ၊ အသိဥာဏ် ဗဟုသုတ မရှိဘူး ၊ ယုံလွယ်တယ် ၊ ဆင်ခြင်တုံ.တရား နည်းပါးတယ် ၊ ရိုးသားတယ်။ ဒီလိုလူတွေက တရားဥပဒေစကားပြောတတ်ပါ့မလား ။ သူများ ဒေါ်အောင်ဆန်းစုကြည် ဆိုလို. လိုက်စုနေကြတဲ့ သူတွေ မင်းသားမင်းသမီးတွေ လို တွေ.ဖူးချင်လို.နောက်ကတောင် ပြေးလိုက်နေကြတဲ့သူတွေက ခုလို ငါးစိမ်းသည်တွေလို ကက်ကက်လန် ပြန်ပြောရဲမတဲ့လား ။ ဒီလိုဖြူစင်ရိုးသားပြီး အသိဥာဏ်မရှိတဲ့ တောသူတောင်သားတွေကို အရောင်ဆိုးပေးနေတဲ့ သူတွေကြောင့်ပေါ့ ။ နည်းနည်းမြှောက်တယ်၊ နည်းနည်းပေးတယ် ။ ဒါကို အဟုတ်မှတ်ပြီး ထောင်ကြွကြတယ် ၊ ဒီ့ထက်များတာလာမယ် ဒီ.ထက်ထင်ပေါ်မယ် ၊ နေရာရမယ် ထင်နေကြရှာတယ် ။
သူတို.ကို အထင်သေးလို. နှိမ်ရေးနေတာမဟုတ်ဘူး ။ ကျွန်မ အမျိုးတွေလဲ တောသူတောင်သားတွေပဲ ။ ဒါကြောင့် ဘယ်လိုအနေအထားမျိုးရှိသလဲဆိုတာ ပြောနိုင်တာ ။ ပြောရရင် ရေဒီယို ၊ တီဗီ ရှိတဲ့လူက သတင်းလေး မတော်တဆ နားထောင်မိလို. ရေနွေးကြမ်းသောက်ရင်း ပြန်ပြောဖြစ်ရင်ေ်တာင် လွှတ်အထင်ကြီးတတ်ကြတာ ။ အဲ့တော့ ဟိုက ဖင်ခေါင်းမြောက်ပြီး ဟုတ်တာရော ၊ မဟုတ်တာရော ရောကြိတ်တော့တာ။ ရွာတွေရဲ့ ထုံးစံအတိုင်း ရွာကြီးမှာပဲ ဆေးမှုးရှိတာမလား ။ ရွာလေးက လူတွေနေမကောင်းဖြစ်ရင် ရွာကြီးမှာ ဆေးမှုးသွားသွား ပင့်ရတယ် ။ ဆေးမှုးမြို.သွားချိန်တို. ဘာတို. မအားရင် အခက်ကြုံပြန်ရော ။ ဒါနဲ.တစ်နေ. ကျွန်မတို. အသိ ဆေးသမား (နံပါတ်ဖိုး အဆင့်ထိရောက်နေသောသူ ) က သူ.အိမ်မှာ အိမ်အကူလာလုပ်သူနဲ.အကြောင်းပါပြီး အိမ်ကနှင်ချလိုက်လို. ရွာလေးကို ရောက်လာတယ် ။ အိမ်မှာ ကုန်စုံဆိုင် ၊ ဆေးဆိုင် လေးဖွင့်ထားတယ် ။ အတန်းပညာလေးက မတောက်တခေါက်တတ် ၊ ပေါင်းသင်းဆက်ဆံရေးကလည်း ပြေပြစ် ၊ အရွှီးအရွှမ်းကလည်းတတ်လေတော့ ရွာသားတွေနဲ.ဟန်ကျနေတာပေါ့ ။ ရွာကလူတွေ နေမကောင်းရင် ဆေးမှုးသွားမပင့်တော့ဘူး ။ သူပဲ ဆေးထိုးပေးတာ ။ ကျွန်မတို. အလည်သွားခဲ့စဉ်က သူက ဆေးလိုက်တယ်ဆိုပဲ ။ ဆေးလိုက်တုန်းတော့ ဟုတ်တာပေါ့ အသက်ပါ လိုက်သွားမှဖြင့် ။ ပို.စ်နဲ.တော့ မဆိုင်ပါဘူး ပြောပြတာပါ ။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်း တောင် ကိစ္စကို စခဲ့တာလည်း မဟုတ် ။ မတရားခံရတယ်ထင်တဲ့ ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် ဒီကိစ္စကို သူတာဝန်ယူခဲ့တာ ။ ခုတော့ ဗီဒီယို ကလစ်တွေကြည့်ရတာ ရုပ်ဆိုးလိုက်တာ ။ ဒေါ်အောင်ဆန်းစုကြည် အပြောကို နားမထောင်ဘူး ငါးစိမ်းသည်တွေလို ကက်ကက်ကို လန်နေတာ ။ ဘာနိုင်ငံတော် သီချင်းလဲ။ ခုတုံးလုပ်နေတာ ။ အရင်ကတောင် ဆိုဖို.သိလို.လား ။ ဖြစ်သင့်တာက ဒေါ်အောင်ဆန်းစုကြည် ဆုံးအောင်ပြော ၊ ပြီးတော့မှ ကိုယ်လိုချင်တာ ၊ ဖြစ်နေတာကို တင်ပြ ။ နှစ်ဦးနှစ်ဖက် ဆွေးနွေး ။ ခုတော့ မပြောခင်က တယောက်တပေါက် အော်ကြတယ်။ ဖတ်ပြီးပြီလားဆိုတော့ မဖတ်ရသေးဘူး ။ ဒါဆို ဘာလို.အော်ရမှန်းသိတာလဲ ။ တယောက်ယောက်က ကြိုပြောထားလို.ပေါ့ ။ ရှင်းနေတာပဲ ။ လူ.တယောက်ချင်းစိတ်ကျေနပ်အောင်တော့ မြတ်စွာဘုရားတောင် လုပ်မပေးနိုင်ဘူး ။ ခုတော့ ရွာသားတွေ ခေါင်းဆောင်ဆိုတာမရှိ ၊ လိုချင်တာ တယောက်တပေါက် ။ ဆဲရရင်တော့ဖြင့် မိုးမွှန်တော့မယ် ။

ဒီကြားထဲ မရဖူးသော နေရာ ၊ မစားဖူးသော အစာ၊ မမြင်ဖူးမရောက်ဖူးသော နေရာတွေ ရောက်ခဲ့ရပြီး ဘေးကပင့်တာ ခံခဲ့ရတဲ့ သွယ်သွယ်ဝင်းဆိုတဲ့ ရွာသူကလည်း ပါးစပ်က မတန်မရာ စကားတွေကထွက် ။ ဒီလို ဥပဒေပညာကို သိ ၊ စဉ်းစားဥာဏ်ရှိနေမှတော့ ရွာမှာ ကောက်စိုက်နေပါ့မလား ။ ဟုတ်တယ် ဟုတ် ။  ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်တယ် ။ ဘေးနားကနေ သံသေး ၊ သံညှောင် ၊ ငှက်ဆိုးထိုးနေတုန်း ပေးထားတဲ့ မျက်နှာပေး ။ ဒီလို မာနမျက်နှာမျိုးမှ ကြိုက်တာ ။ ငါစိတ်ထားအမှန်နဲ.အကောင်းဆုံး ၊ အဖြူစင်ဆုံးလုပ်ပေးခဲ့တာ တစက်မှ မလျော့နိုင်ဘူး။ လိပ်ခေါင်းထွက်အောင် အော်ပစေဆိုပြီး ကျွန်မသာဆို နှုတ်ခမ်းကို တင်းနေအောင် စေ့ထားမှာပဲ ။

ဒီတောင်ကြီးကို အရင်ကလိုဖြစ်အောင် ပြန်လုပ်လို.လဲ မရတော့ဘူး ။ မရှိတော့တဲ့ လယ်ယာတွေကို အခုမှ ချစ်နေကြတယ် ။ ရှိတုန်းက ကြိုးစားပမ်းစား စိုက်မယ့်ပုံလည်းမပေါ်၊ အားနေအိမ်လည်အတင်းပြော ဒါမျိုးလူစားတွေ ။ အခု ငါးပြား တစ်ပဲ ရထားတာကို တန်ရာ တန်ရာ ရဖို.လုပ်ပေးနေတုန်း ယူပြီး ကောင်းရောင်းကောင်းဝယ်လုပ်ကြ ။ တစ်ပြားမှ မရပဲ ကျည်ဆန်ခွံလိုက်ကောက်ရတော့မှ ငိုမနေကြနဲ.။ ပြိတ္တာတို.မျက်ရည် မြေမကျကောင်းဘူး ။ မီးခိုးဗုံးဖြစ်ဖြစ် မီးလောင်ဗုံးဖြစ်ဖြစ် ကိစ္စက သတ်သတ်၊ ဒါက ဖြေရှင်းပေးဖို.တောင်းဆို အစိုးရက လုပ်တဲ့သူကို အရေးယူ ။ အဲ့လိုပဲ သပိတ်စခန်းက ဖယ်ရှားပေးဖို.ကြိုအသိပေးထားပါလျှက် မဖယ်ရှားတဲ့လူတွေကို တာဝန်နှောင့်ယှက်မှု.နဲ. အရေးယူ။ ကဲ အေးရော ။ဆန္ဒမပြနဲ.လို. ပြောနေတာလဲမဟုတ် ၊ ဥပဒေဘောင်တွင်းက ပြကြဖို. တရားဥပဒေစိုးမိုးရေး ဦးဆောင်နေသူတစ်ယောက်အနေနဲ. ပြောပြန်တော့လည်း အထွန်.တက် ။ ရွာခံ မဟုတ်ပဲ ဝင်ဟောင်နေတဲ့ ခွေးကို တွေ.ကတည်းက ပရိတ်သတ်ကြီး သဘောပေါက်ဖို.ကောင်းတယ် ။ ဒေါ်အောင်ဆန်းစုကြည် အကုန်ရှင်းပြပြီးသား ။ ထပ်ကြည့် ။

ဦးပိုင်က ဝင်ငွေ၊ နိုင်ငံတော်ကရငွေ ဒါတွေက တဆင့်ချင်းလာမှာဒေါ်အောင်ဆန်းစုကြည် ဖော်ပြပြီးသား ။ အစိုးရ အကောင်အထည်ဖော်တာကို စောင့် ။ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ခွင့်ပေး ။ ခုတော့ ဟစ်ကြတော့ တွေ.ဆုံဆွေးနွေးပွဲ ၊ ငြိမ်းချမ်းရေးအဖြေရှာပွဲတွေ  လုပ်နေကြတာက ငါးအပြိုင်လေလံဆွဲနေသလိုပဲ ။ ပွက်ပွက်ကို ညံလို. ။
အဲ .. ဒီကြားထဲ ခံရတဲ့ ရွာသူ၊ ရွာသားတွေက မပြောရပဲ ရန်ကုန်က အခြောက်လိုလိုကောင်က တားလား ဆီးလား ။ ဘာတွေလဲဟ လို. တွေးမိတယ် ။ ဘာ လူမှု.ကွန်ယက်လဲ ။ လူမှု.ရေးဗန်းပြ တောင်းစားချင်နေတာ ။ ဟန်ုဝင်းအောင် မင်းသိအောင်ပြောလိုက်မယ် ။ အထောက်အပံ့မျှော်ပြီးလုပ်ရင် ဒီခေတ်မှာ မင်းငတ်လိမ့်မယ် ။ မင်းရဲ့ စီနီယာတွေတောင် အထောက်အပံ့ အဖြတ်ခံနေရပြီ ။ ဘီဘီစီ က တိုက်ရိုက် အင်တာဗျူးဆို. ဘာတို.ဆိုတာ အင် ။ အသံမလွှင့်ခင် စာရင်းပေးထားတဲ့ လူတွေကို ဆက်သွယ်မယ် ။ ဘာပြောမယ်စဉ်းစားထားပါသလဲ ။ အရင်ပြောပြပါ ပြောမယ် ။ သူတို.လိုချင်တဲ့အချက်မပါရင် ပေးပြောမယ်များမှတ်သလား ။ အချိန်ပိုရင် ပြန်ခေါ်ပါမယ်ဆိုတာနဲ. ထားခဲ့မှာ ။

အရောင်ဆိုးတဲ့ အထဲမှာ သူတို.မီဒီယာ သမားတွေက နံပါတ်တစ် ။ အထင်ကြီးစရာ တစက်မှ မရှိ ။
ဒေါ်အောင်ဆန်းစုကြည် ရေ အဲ့ဒါ မြန်မာလူမျိုးဟ ။ မြန်မာလူမျိုးများအတွက် ဘဝစတေး အချိန်ကုန်ခံခဲ့တာ မှားလေခြင်းလို. နောင်တရစေမယ့် အသိဥာဏ် မရှိတဲ့ မြန်မာလူမျိုးတွေ၊ ငနုံငအ ငထုံတွေ ၊ ရေသာခိုအချောင်လိုက်ချင်တဲ့ လူတွေ ၊ မြှောက်ပေးတိုင်း ကြွတတ်အောင်ကတဲ့ မြန်မာတွေ ၊ တိုင်းပြည်ကို ချနင်းပြီး သူတို.အတွက်သာကြည့်တဲ့ သူတွေ ။ မြန်မာဖြစ်ရတာ မရှက်ပေမယ့် ဒီလူ လူစားမျိုးတွေ မြန်မာဖြစ်နေတာတော့ ရှက်မိတယ် ။

ဒေါ်အောင်ဆန်းစုကြည် နားမှာ အသေခံကာကွယ်နိုင်တဲ့ သတိရှိတဲ့ အားကောင်းမောင်းသန်တွေလိုတယ်နော် ။ ဟိုက အရိုင်းအစိုင်းတွေက ဘာမှ သိတာမဟုတ် ။ သတိပေးတာပါ ။


.. www.MyanmarExpress.net
 

8 comments:

ဒီလိုမျိုးဆန္ဒပြသူတွေက ဒီတစ်နေရာထဲရှိတာလား ဟိုးအရင် ဆန္ဒပြကြတဲ့သူတွေကရော ဒီလိုလူတွေမဟုတ်ဘူးလို့ပြောနိုင်လား ဒေါ်ဆုထိလို့နာတဲ့သူတွေလည်း အရင်ကဒီလိုလူတွေပါပဲ။ ၀ဋ်လည်တယ်ဆိုတာ ကိုယ့်အကုသိုလ်နဲ့ကိုယ်ပဲ

ခုချိန်မှာ ကုလားတွေ ပြသနာကို ဖျောက်ချင်လို့
မိုးသီး နဲ့ မြအေး တို့က လက်ပန်းတောင်းဘက်
လှည့် ပေးလိုက်တာ၊ ၉၆၉ အရှိန်ကောင်း
နေတာနဲ့ အံကိုက် ဖြစ်သွားတယ်၊ ၉၆၉ တောင်
နဲနဲတန့်သွားတယ်၊ မီဒီယာဆရာ
တို့အနေနဲ့ လက်ပန်းတောင်း ကိစ္စ ထိန်းထိန်း
သိမ်းသိမ်း လုပ်ပေးပါလို့ အနူးအညွှတ်
မေတ္တာရပ်ခံပါတယ်။ မိုးသီး နဲ့ မြအေး ကတော့
ဒေါ်လာတွေ ပိုက်ပြီးပျော်နေလောက်ပြီ။

အမေ စိတ်မကောင်း မဖြစ်ပါနဲ့ အမေ့ကိုနားလည်ပေးနိုင်တဲ့လူတွေအများကြီရှိပါသေးတယ် ဒီလိုအသိတရားမရှိသူ(ကျေးဇူးမသိတတ်သူ)တွေကိုခွင့်လွတ်လိုက်ပါ

DASSK will know now myanmar IQ level and Democracy.

မှန်လိုက်တာ...အရင်ကအားအားရှိအစိုးရကိုရန်လုပ် လမ်းပေါ်ထွက်ဆန္ဒပြ အသိဥာဏ်ကင်းမဲ့ပြီး
ရမ်းကားချင်တိုင်းရမ်းကားခဲ့ကြတာ အခုဒေါ်စုကို
ဝေဖန်ရင်ဆတ်ဆတ်ထိမခံခွန်းတုန့်ပြန်နေကြတဲ့သူတွေလေ...အခုလက်ပံတောင်းတောင်ကလူတွေဆန္ဒပြတော့သူတို့ကပဲအပြစ်ပြောနေကြပြီ...ရီစရာတော့ကောင်းသားကိုယ့်မျက်ချေးကိုယ်ပြန်မမြင်ကြတဲ့ဒေါ်စုနဲ့nld

အန်တီစုက 2015 မှာ သမ္မတလုပ်ချင်တယ်ဆိုတော့ဒီလိုလေး ပြောချင်ပါသေးတယ်.ဒီလို လုပ်ပေးမယ်၊ ဟိုလိုလုပ်ပေးမယ်နဲ့ပျားရည်နဲ့ဝမ်းချ။ဟိုလို ဖြစ်စေရမယ်၊ ဒီလိုဖြစ်စေရမယ်နဲ့အလွယ်စကားတွေပြောပြီး ဆွယ်တရားတွေလည်းဟော။အော်ဇရာထောင်းပေမယ့် မာယာကောင်းတဲ့ ဒေါင်းကဝေကြောင့်ရိုးသားတဲ့ပြည်သူများခမျာကြားဖြတ်မှာသားသတ်ကို ဓါးအပ်မိပြီလား”” ဆိုပီး နောင်တတွေ ရနေကြပါတယ် ခင်ဗျာ။( လုလင်- ပြောသည် )

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်