From :
..http://www.hotnewsweekly.com/archives/18414

ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကွန်ကရစ်ဓာတ်တိုင်များစိုက်ထူ ဓာတ်ကြိုးအသစ်များ တပ်ဆင် နေပြီး၊ကျောက်ဖြူမြို့ ၂၄နာရီ မီး ရရှိရန်တောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါလုပ်ငန်းကို ၀န် ကြီးဌာနမှ Company များကို ကန်ထရိုက်ပေးပြီး တာဝန်ယူစေ ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့ရှိ ရပ် ကွက် ၁၀ခုနှင့်သောင်ရင်းကျေးရွာအုပ်စု၊ပြင်ဖြူမော်ကျေးရွာအုပ်စ တို့ကိုဓာတ်အားလိုင်းသွယ်တန်း မည်ဖြစ်ကြောင်း သိရသည်။ ယင်း Company များမှာ Tin Gyi Electrical Installation Co.Ltd,Invory Consturction Co.Ltd တို့ဖြစ်ပြီး ဓာတ်တိုင်စိုက် ထူခြင်းနှင့်ဓာတ်အားလိုင်းသွယ် တန်းခြင်းလုပ်ငန်းကို ရက်ပေါင်း ၄၀အတွင်းပြီးစီးအောင်ဆောင်ရွက် ရန် လျာထားကြောင်း သိရသည်။ ဓာတ်အားလိုင်းသွယ်တန်းသည့် ကေဘယ်ကြိုးအမျိုးအစားမှာ ၉၅ mm2 ACSR အမျိုးအစားဖြစ်ပြီး၊ 315KV ထရန်စဖော်မာ ၂၁လုံး ကျောက်ဖြူမြို့ပေါ်သို့ရောက်ရှိနေ ပြီဖြစ်ကြောင်း သိရသည်။
ယခင်က ကျောက်ဖြူမြို့တွင် လျှပ်စစ်ယူနစ် တစ်ယူနစ်လျှင် ၅၀၀ကျပ်ပေးဆောင်ရပြီး လျှပ်စစ် ၀န်ကြီးဌာနအခြေခံ ၈ယူနစ် အတွက် ၁၃၅၀ကျပ်နှင့်နောက်တိုး ယူနစ် ၁၀ယူနစ်အတွက် ၄၀၀၀ ကျပ်၊စုစုပေါင်း တစ်လလျှင် ၅၃၅၀ ကျပ် တစ်လလျှင် ယူနစ် ၁၈ယူ နစ် မသုံးမနေရ ဓာတ်အားခွန်ပေး ဆောင်ရကြောင်း ကျောက်ဖြူမြို့ ခံတစ်ဦးမှပြောကြားသည်။ ဓာတ် အားလိုင်းများသွယ်တန်းပြီးချိန် တွင် အခြားပြည်နယ်တိုင်းများနည်းတူ ဓာတ်အားသုံးစွဲခ လျော့ကျ စေလိုကြောင်း ၎င်းကပြောသည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်