From :မြ၀တီ
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလော မြို့နယ် ဝက်ဖြူရေ ကျေးရွာ အုပ်စု နမ့်ပန်တက် ကျေးရွာ ကလော- သာစည် နယ်ခြား တံတား၌ မတ် ၁၄ ရက် နံနက် ၆ နာရီခွဲခန့်က နစ်ဆန်း အမျိုးအစား ၁၂ ဘီးယာဉ်ပေါ်မှ အေးခဲ အမဲသား ၉၈၈၅ ပိဿာအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့မှ မန္တလေး မြို့သို့ ဦးတည်၍ ယာဉ်မောင်း ဦးကံမြင့် ၅၄ နှစ်(ဘ) ဦးလှမင်း နှင်းပန်းလမ်း ရပ်ကွက်(၁) ပင်လုံမြို့ နေသူနှင့် ယာဉ်နောက်လိုက် ကျော်ဌေး
၃၅ နှစ် (ဘ)ဦးလောပွေ နယ်မြေ(၄) အေးသာယာမြို့ နေသူတို့ မောင်းနှင်လာသော နစ်ဆန်း အမျိုးအစား အဝါရောင် ၁၂ ဘီးယာဉ် အမှတ် ၈စ/-----ပေါ်၌ အေးခဲ အမဲသားများ သယ်ဆောင် လာသော သတင်းအရ တောင်ကြီး ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအုပ် စန်းလွင်အောင်နှင့် တပ်ဖွဲ့ဝင် များသည် ကလောမြို့နယ် ဝက်ဖြူရေ ကျေးရွာ အုပ်စု နမ့်ပန်တက် ကျေးရွာ ကလော- သာစည် နယ်ခြား တံတား၌ စောင့်ဆိုင်း နေစဉ် မတ် ၁၄ ရက် နံနက် ၆ နာရီခွဲတွင် အဆိုပါ ကားကို ရှာဖွေရာ ယာဉ်ပေါ်၌ အေးခဲ အမဲသား ၉၈၈၅ ပိဿာ သယ်ဆောင် လာကြောင်း သိရသည်။
အေးခဲ အမဲသား သယ်ဆောင်ခြင်းနှင့် ပတ်သက်၍ ခွင့်ပြု စာရွက်စာတမ်း များကို စစ်ဆေးရာ တောင်ကြီးမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တောင်ကြီး ခရိုင် အတွင်းသာ ရောင်းချ သယ်ယူခွင့် ပြုထားကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် စည်ပင် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်နိုင်ရေး ကလောမြို့နယ် စည်ပင် သာယာရေး အဖွဲ့သို့ လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။
.
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်